အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနှင့် အောက်ပိုင်းဟု နှစ်မျိုးခွဲထားပါသည်။ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း၊ နှာခေါင်းလမ်းကြောင်း၊ နှာခေါင်းတွင်း လေအိတ်ခေါင်းများ၊ အာခံတွင်းနှင့် အသံကြိုးအထက်မှ လည်မျိုတို့အထိပါ၏။ အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင်တော့ အသံကြိုးအောက်မှ လည်မျို၊ လေပြွန်ကြီး၊ လေပြွန်ခွဲနှင့် လေပြွန်ငယ်တို့ ပါဝင်ပါသည်။ အဆုတ်ကို အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင် ထည့်နိုင်သလို သီးခြားတစ်ခုအဖြစ်လည်း ယူဆနိုင်ပါသည်။ ၎င်းတွင် လေပြွန်ငယ်များ၊ လေအိတ်ပြွန်များ၊ လေအိတ်ထုပ်များနှင့် လေအိတ်ငယ်များပါဝင်ပါသည်။
အသက်ရှုလမ်းကြောင်းအား ဓါတ်ငွေ့များသယ်ယူခြင်းနှင့် ဖလှယ်ခြင်းပေါ်မူတည်ပြီး ကူးလူးဆက်သွယ်ဇုံနှင့် အသက်ရှုဇုံဟုလည်း ခွဲခြားနိုင်ပါသေးသည်။
လေပြွန်ခွဲများမှထက်ပြီး ပြွန်ငယ် ၂၀ မှ ၂၃ ခုစီထိ ထက်ခွဲသွားကာ လေအိတ်ငယ်တစ်ခုတွင် ပြွန်တစ်ခုစီနှင့် အဆုံးသတ်ပါသည်။
အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများမှာ လေအိတ်ခေါင်းများ၊ လည်မျို၊ လေပြွန်များနှင့် အဆုတ်များဆီသို့ မည်သည့်ပိုးမဆိုဝင်ခြင်းကို ဆိုလိုပါသည်။ များသောအားဖြင့် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပြီး ဘက်တီးရီးယားများကြောင့်လည်း တစ်ခါတစ်ရံ ဖြစ်တတ်ပါသည်။
ကျန်းမာရေးကျွမ်းကျင်သူများမှ အောက်ပါနှစ်ခုကို ခွဲခြားရန်လိုအပ်၏။
ဒီရောဂါသည်အဖြစ်များ၏။ ကလေးများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ပိုးဝင်ပြီးနောက် ၂ ရက် ၃ ရက်အတွင်း လက္ခဏာများ စပြလာပြီးနောက် ၂-၁၄ ရက်ထိ ကြာတတ်ပါသည်။ အဖြစ်အများဆုံးမှာ နှာခေါင်း၊ လည်ချောင်းနှင့် နားတို့ဖြစ်ပြီး လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ငွေ့ဖျားဖျားခြင်း၊ မျက်ရည်ယိုခြင်း၊ အသံအောခြင်း၊ နှာစေး နှာချေခြင်းတို့ ဖြစ်တတ်ပါသည်။ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် မောပန်းသလို ခံစားရခြင်းတို့လည်း ဖြစ်တတ်၏။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
သင်သည် အသက် ၆၅နှစ်အရွယ် ချောင်းဆိုးခြင်းနှင့်အတူ အောက်ပါတို့မှ အချက်နှစ်ချက်အထက် ရှိနေလျှင် သို့မဟုတ် အသက် ၈၀ အရွယ် ချောင်းဆိုးခြင်းနှင့်အတူ အောက်ပါတို့မှ တစ်ချက်ရှိနေလျှင် ဆရာဝန်ဆီသွားသင့်ကြောင်း ညွှန်ထားပါသည်။
အအေးမိခြင်းကိုဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ပေါင်း ၂၀၀ ကျော်ရှိပါသည်။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းမှာ နည်းအမျိုးမျိုးဖြင့် ပျံ့နှံ့နိုင်၏။ သင့်၌ အအေးမိခြင်းလို ပိုးကူးစက်ခံထားရလျှင် နှာချေချောင်းဆိုးရာမှ ထွက်သော အစက်အမှုန်လေးများတွင် ပိုးများပါတတ်သည်။ ထိုအစက်များသည် နေရာတိုင်းသို့ ပျံ့သွားနိုင်၏။ ထိုအစက်အမှုန်များကို တခြားတစ်ယောက်မှ ရှုမိလျှင် ပိုးကူးစက်ခံရမည်ဖြစ်သည်။
တိုက်ရိုက်မထိတွေ့ပဲနှင့်လည်း ပိုးကူးနိုင်၏။ ဥပမာ – သင့်တွင် အအေးမိခြင်းဖြစ်နေသည်။ သင်က မျက်လုံး နှာခေါင်းတို့ကိုပွတ်မိပြီးမှ တခြားအရာများအားကိုင်လျှင် ထိုအရာများကိုကိုင်မိသူများထံ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါသည်။
ရောဂါပိုးပျံ့ခြင်းအား ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရန် ဖြစ်ပါသည်။ ဥပမာ ရေနွေး ဆပ်ပြာတို့နှင့် လက်ကိုမှန်မှန်ဆေးခြင်းမျိုး။
အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်ပွားနိုင်သော ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ရှိပါသည်။ အအေးမိခြင်းသည် ကလေးများတွင် ပိုပြီးအဖြစ်များ၏။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အသက်ရှုလမ်းကြောင်းပိုးဝင်တိုင်း ဆရာဝန်ဆီ သွားစရာလိုသည်တော့မဟုတ်ပါ။ လက္ခဏာများ ပြင်းထန်ပြီး တစ်ပတ်ထက်ပိုလာလျှင်တော့ လည်းချောင်းစထရပ်ပိုးနှင့် လေးအိတ်ခေါင်း ပိုးဝင်ခြင်းအတွက် စစ်ဆေးရမည်ဖြစ်သည်။
အိပ်ယာတွင်အနားယူခြင်း၊ အရည်များသောက်ခြင်း (ရေ၊ သစ်သီးဖျော်ရည်၊ လက်ဖက်ရည်)၊ ဆားရည်နွေးနွေးဖြင့် အာလုတ်ကျင်းခြင်း၊ ခေါင်းကိုက် ဖျားနာခြင်းတို့အတွက် ပါရာစီတမော သောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အစာကို ပုံမှန်သာစားပါ။
အလွယ်ဝယယူနိုင်သော အအေးမိသက်သာဆေးများ (နှာရည်ယိုပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး) များသည် လက္ခဏာများကို သက်သာစေရုံသာဖြစ်သည်။ အအေးမိခြင်းအား ကာကွယ်ခြင်း အရှင်းပျောက်ခြင်းအတွက် မဟုတ်ပါ။ အလွယ်ဝယ်ယူနိုင်သော အန်တီဟစ်တမင်းများကလည်း နှာရည်ယိုခြင်း မျက်ရည်ယိုခြင်းများအတွက် အထောက်အကူဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် အအေးမိပြီးနောက် ဘက်တီးရီးယားပိုးဝင်လာတတ်ပြီး ဆရာဝန်နှင့်ပြသရန် လိုအပ်လာတတ်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။