မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
အရေပြားလေးဖက်နာ ဆိုသည်မှာ နာတာရှည် အရေပြား ချို့ယွင်းမှု တစ်မျိုးဖြစ်ပြီး မကြခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်တက်ပါသည်။ အရေပြားဆဲလ်များသည် လျင်မြန်စွာ မျိုး ပွား၍ စုပြုံလာကာ အရေပြား မျက်နှာပြင်တွင် ငွေရောင် အ ဖတ်များ ဖြစ်လာပါသည်။ မပြင်းထန်သော အခြေအနေမှ ပြင်းထန်သော အခြေအနေအထိ ဖြစ်နိုင်ပါသည်။ ဖြစ်ပွားမှု သည် အသေးစား ထိခိုက်ဒဏ်ရာရမှု၊ စိတ်ဖိစီးမှု ၊ ပိုးမွှား ကူးစက်မှု၊ အေးမြသော ခြောက်သွေ့သော ရာသီဥတု နှင့် ထိတွေ့မှု၊ အဝလွန်မှု၊ အခြားကိုယ်ခံအား ပြန်လည် တိုက်ခိုက်မှု အခြေအနေများဖြင့် စတင်ဖြစ်နိုင်ပါသည်။ သိ သာ ထင်ရှားသော အကြောင်းပြချက် မရှိဘဲဖြင့်လည်း ဖြစ် နိုင်ပါသည်။
အရေပြားလေးဖက်နာသည် အဖြစ်များပြီး များသောအား ဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားပါသည်။ အမျိုးသား များတွင်ရော အမျိုးသမီးများတွင်ပါ တူညီစွာ ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အရေပြား လေးဖက်နာ ဖြစ်နိုင်မှုကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
အရေပြားလေးဖက်နာ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါသည်။ သို့သော် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
ဦးရေပြား၊ မျက်နှာ၊ တံတောင်ဆစ်၊ လက်၊ ခြေထောက်၊ ရင်အုပ်၊ နောက်ကျော အောက်ဘက်၊ တင်ပါးကြားနေရာများ တွင် အများအားဖြင့် ဖြစ်ပွားပါသည်။ လက်သည်းခွံများနှင့် ခြေသည်းခွံများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။
အရေပြားလေးဖက်နာ ရှိသူများ၏ လေးပုံတစ်ပုံသည် အဆစ်အမြစ်ရောင်ရောဂါ လက္ခဏာများရှိပြီး အရေပြား လေး ဖက်နာ ဆိုးရွားလာသောအခါ ထိုလက္ခဏာများလည်း ဆိုး ရွားလာပါသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင်သည် သင့်ကိုယ်သင် အရေပြားလေးဖက်နာ ရှိသည် ဟု သံသယရှိပါက ရောဂါစစ်ဆေးရန် ဆရာဝန်နှင့် ပြသပါ။ သင်၏ အရေပြားလေးဖက်နာ သည် အောက်ပါတို့ ဖြစ်ပွားပါ က ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အကြောင်းရင်းကို သေချာမသိရသေးသော်လည်း အရေ ပြားလေးဖက်နာသည် ကိုယ်ခံစွမ်းအား ပြန်လည်တိုက်ခိုက် ခြင်း ကြောင့် ဖြစ်နိုင်သည်။ ပို၍ သေချာစွာ ပြောရသော် အဓိ ကဆဲလ်သည် T Lymphocyte ဟုခေါ်သော သွေးဖြူဥ အမျိုး အစားတစ်ခုကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဆဲလ်များ သည် ခန္ဓါကိုယ်အနှံ့သွားလာ၍ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် စသော ခန္ဓါကိုယ်ပြင်ပ ပစ္စည်းများကို ဖော်ထုတ်ကာ တိုက် ခိုက်ပါသည်။ သို့သော် သင့်တွင် အရေပြားလေးဖက်နာ ရှိပါ က ထိုဆဲလ်များသည် ကျန်းမာသော အရေပြားဆဲလ်များ အား မှားယွင်းတိုက်ခိုက်ကာ အနာကျက်ရန် သို့မဟုတ် ရော ဂါပိုးကူးစက်မှုကို တိုက်ခိုက်ရန် ခက်ခဲစေပါသည်။ အရေပြား လေးဖက်နာသည် တစ်ဦးမှ တစ်ဦးသို့ မကူးစက်တတ်ပါ။ ကင်ဆာ ရောဂါကိုလည်း မဖြစ်စေပါ။
အရေပြား လေးဖက်နာ ဖြစ်နိုင်ချေကို မြင့်စေသော အ ချို့အချက်များမှာ-
ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား အရေပြားလေးဖက်နာ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် အရေပြား၊ ခြေသည်းလက်သည်းခွံ၊ ဦး ရေပြား ကိုကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာနိုင်ပါသည်။ ရောဂါ အဖြေရှာမှုသည် မရှင်းလင်းပါက အရေပြား တစ်ရှူးစ ထုတ် ယူကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။
အရေပြားလေးဖက်နာသည် ကုသ၍ မပျောက်ကင်းပါ။ သို့သော် ကုသမှုသည် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင် ပါသည်။
အရေပြားလေးဖက်နာ ဖြစ်စေသော အရာများကို ရှောင်ကြဉ်ပါ။ သောက်သုံးရန် ညွှန်ကြားထားသော ဆေးဝါး များ အသုံးပြုခြင်း သည် ရောဂါလက္ခဏာများကို ထိန်းချုပ်ပြီး နည်းပါးစေပါသည်။ အထွေထွေလုပ်ငန်းများတွင် အရေပြား သန့်ရှင်းမှု၊ အရေပြား ထိခိုက်ဒဏ်ရာရမှု နှင့် ခြောက်သွေ့မှု ကို ရှောင်ရှားခြင်း၊ သင့်တော်သော နေရောင်ဖြင့်သာ ထိတွေ့ခြင်း၊ အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်းတို့ ပါဝင်သည်။ မပြင်းထန်သော အရေပြားလေးဖက်နာ၏ ကုသမှုတွင် ကတ္တ ရာ စေးပါဝင်သော လိမ်းဆေးများ၊ လိုးရှင်းများ၊ ရှန်ပူများ၊ ဆီ ပါသည့် လိမ်းဆေးများ အသုံးပြုခြင်းတို့ ပါဝင်သည်။ ထိုလိမ်း ဆေးများသည် ရောင်ရမ်းခြင်း၊ အကြေးခွံထခြင်း၊ ယားယံခြင်း များကို သက်သာစေပါသည်။ အပေါ်ယံအရေပြားတွင် လိမ်း ရသော စတီးရွိုက် နှင့် အခြားအရောင်ကျဆေးများကို မပြင်း ထန်သော ရောဂါအခြေအနေများတွင် အသုံးပြုနိုင်ပြီး ပြင်း ထန်သော အခြေအနေများတွင် ပေါင်းဖက်၍ သုံးနိုင်ပါသည်။
အခြားကုသမှုများတွင် သတ္ထုဆီ ပါဝင်သော salicylic acid, PUVA ( psoralem, ခရမ်းလွန်ရောင်ခြည် အေ နှင့် ထိ တွေ့ခြင်း)၊ ကိုယ်ခံအား ကျစေသော ဆေးများ (ဥပမာ- methotrexate, isotretinoin)၊ Antihistamines (ယားယံ ခြင်းအတွက်)၊ ပဋိဇီဝဆေး (ဒုတိယတန်းစား ဘတ်တီးရီး ယား ကူးစက်မှုများ) တို့ပါဝင်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အရေပြားလေးဖက်နာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရေပြားလေးဖက်နာ ကို ထိန်းချုပ်နိုင် ပါသည်။
အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကို အကြောင်းကြားပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Translated by Zin Wai Yan Linn
Hello Health Group does not provide medical advice, diagnosis or treatment.
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။