backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Poland syndrome


Dr. Sandy Kyaw မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Poland syndrome ဆိုတာဘာလဲ။

Poland syndrome ကို 19ရာစုက British anatomist Sir Alfred Poland က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ Poland syndrome ဆိုတာ မွေးကတည်းက ကိုယ်ခန္ဓါတစ်ဖက်ခြမ်းတည်းပဲမှာပဲ ထူးခြားစွာပုံစံမမှန်မှုအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပါတယ်။ Poland syndrome ကို ခန္ဓါကိုယ်ရဲ့တစ်ဖက်ခြမ်းတည်းမှာရင်ဘတ်က ကြွက်သားဖြစ်တဲ့ pectoralis ကြွက်သားမပါခြင်း၊ နောက်ပြီး အဲ့တစ်ဖက်တည်းမှာပဲလက်ချောင်းလေးတွေက ဆက်နေခြင်းကို တွေ့ရပါတယ်။

Poland syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဆေးပညာစာပေများအရ တင်ပြချက်များအရ Poland Syndrome ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆပိုပြီးဖြစ်တယ်တွေ့ရတယ်လို့ဆိုပါတယ်။ ခန့်မှန်းချက်အရကတော့ အနီးစပ်ဆုံးကတော့ အယောက်တစ်သောင်းမှာ တစ်ယောက်နဲ့ အယောက်တစ်သိန်းမှာ တစ်ယောက်လို့အသစ်အသစ်တွေ့တဲ့ အခြေအနေအရတင်ပြထားပါတယ်။ Poland syndrome ဟာ ၇၅% လောက်က ခန္ဓါကိုယ်ရဲ့ညာဘက်အခြမ်းကို ပိုပြီးဖြစ်စေပါတယ်။ ၁၉၉၈ခုနှစ်မှာလေ့လာသူတွေရဲ့သတင်းပို့ချက်အရ မိန်းကလေးတစ်ယောက်ဟာ ခန္ဓါကိုယ်ရဲ့ နှစ်ဖက်လုံးမှာ ဒီရောဂါပုံစံနဲ့လာတယ်လို့တင်ပြထားပါတယ်။ အဲ့မိန်းကလေးဟာ ရင်ဘတ်ကြွက်သား pectoralis ကြွက်သားနှစ်ဖက်လုံးမပါခြင်း၊ဘယ်ဘက်နဲ့ညာဘက် နှစ်ဖက်လုံးရင်ဘတ်က ညီညာစွာပုံပျက်နေခြင်းနဲ့ လက်ချောင်းတွေကလည်းနှစ်ဖက်လုံး ပူးနေခြင်းကိုတွေ့ရတယ်လို့ဆိုပါတယ်။ အခြားသောအချက်အလက်များကိုသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ

Poland syndromeရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Poland syndrome ရဲ့ ရောဂါလက္ခဏာတွေဟာ မဆိုးတာကနေ ဆိုးတဲ့အထိဖြစ်နိုင်ပါတယ်။ Poland syndromeရှိတဲ့လူတွေမှာ တစ်ချို့မှာ ရင်သားတစ်ရှုးတစ်စိတ်တစ်ပိုင်းလောက်သာ မပါတာမျိုး၊ တစ်ချို့ကတော့ ရင်ဘတ်ကြွက်သားတစ်စိတ်တစ်ပိုင်းနဲ့ နံရိုးတစ်ချို့မပါခြင်းတို့ ရှိတတ်ပါတယ်။ လက္ခဏာတွေဟာ ခန္ဓါကိုယ်ရဲ့ တစ်ဘက်ခြမ်းထဲမှာသာ ဖြစ်နေနိုင်ပါတယ်။ Poland syndrome မှာ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

-ရင်ဘတ်ကြွက်သားများ မပါရှိခြင်း။

-ရင်သားနဲ့တွဲနေတဲ့အဓိက ရင်ဘတ်ကြွက်သားအဆုံးနေရာလေးမပါရှိခြင်း။

-အမျိုးသမီးတွေမှာနို့သီးခေါင်း၊ နဲ့ သူနဲ့တစ်ဝိုက် အမဲနေရာလေးက မပါရှိခြင်း၊ အဲ့ဒီကနေမှ ရင်သားများနဲ့သူ့အောက်ခံ တစ်ရှုးများမပါရှိခြင်းတို့ ဖြစ်နိုင်ပါတယ်။

-လက်ချောင်းတွေဟာ များသောအားဖြင့် တိုပြီးတော့ ပူးနေကြပါတယ်။

-ချိုင်းမွေးတွေဟာ မပါကြပါဘူး။

-အဲ့လိုနေရာနားတွေမှာ အရေပြားက ပါးနေပါတယ်။

-အပေါ်ပိုင်းနံရိုးအခွံဟာ မပါရှိခြင်း သို့မဟုတ် မဖွံဖြိုးခြင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ပခုံးရိုး သို့မဟုတ် လက်မောင်းရိုးတို့ပါ မပါတာဖြစ်နိုင်ပါတယ်။ ရှားပါးစွာနဲ့ပဲ

နောက်ကျောရိုးများ သို့မဟုတ် ကျောက်ကပ်ပြသနာများပါရှိနိုင်ပါတယ်။ Poland syndrome ဟာ အခြားသော syndrome များဖြစ်တဲ့ Moebius syndrome(မွေးရာပါ မျက်နှာပျော့ခွေအကြောသေခြင်းနဲ့ မျက်လုံးကို အပြင်ဘက်ကိုကြည့်လို့မရသောရောဂါ) နှင့် Klippel-Feil syndrome တို့နဲ့ဆက်စပ်နေပါတယ်။ သွေးနဲ့ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်တဲ့ လူကီမီးယားသွေး ကင်ဆာနဲ့ non-Hodgkin lymphoma တို့ဟာလည်း Poland syndrome ရှိတဲ့လူနာတွေမှာတွေ့ရပါတယ်။ အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေကPoland syndromeဖြစ်ပွားစေသလဲ။

Poland syndrome ကိုဖြစ်စေတဲ့အကြောင်းအရာကိုမသိကြပါဘူး။ သက်သေတော်တော်များများကတော့ ကလေးသန္ဓေသားဖွံဖြိုးနေတဲ့ ခြောက်ပတ်လောက်အတွင်းမှာ သွေးကြောပြသနာကြောင့်ဖြစ်ရတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီအဖြစ်အပျက်တွေက သွေးကြော(သွေးနဲ့ ပြန်ရည်ကြော)စနစ်တွေမှာ ပါဝင်ဖြစ်ပျက်တာများပါတယ်။ ပါဝင်တာတွေ

ကတော့

– သန္ဓေသားလောင်းရဲ့ ညှပ်ရိုးအောက်ကနေသွားတဲ့ သွေးလွှတ်ကြော(subclavian arteries) ကို သွေးထောက်ပံ့မှုမှာနှောင့်ယှက်ခြင်း။ အဲ့ဒီကနေမှ သွေးစီးဆင်းတာနည်းခြင်းကြောင့် နံရိုးတွေဆက်ပြီး ကြီးထွားမှုကိုတားပါတယ်။

-ညှပ်ရိုးအောက်က သွေးလွှတ်ကြောတွေ( subclavianArteries) တွေမှာပုံမမှန်တာဖြစ်ခြင်းကြောင့် ခန္ဓါကိုယ်တစ်ဘက်ခြမ်းထဲက ကြီးထွားဆဲ တစ်ရှုးတွေမှာ သွေးစီးဆင်းမှုနည်းခြင်းတွေဖြစ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေကPoland syndromeဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Poland syndrome ဟာ မျိုးရိုးလိုက်တယ်ဆိုတာ အလွန်ရှားပါတယ် ပြီးတော့ sporadic ဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ မျိုးရိုးလိုက်ပြီးဖြစ်တာမျိုး မဟုတ်ခြင်း၊ ပုံမမှန်တာမျိုးမဟုတ်ခြင်းနဲ့ မိသားစုဝင်တွေထဲမှာလည်း အဲ့လိုမျိုးပြန်ဖြစ်တတ်တယ်လို့ မဆိုလိုတာကို ပြောချင်တာပါ။

မိသားစုဝင်တွေပါဖြစ်တဲ့တစ်ချို့သောအခြေအနေတွေမှာလေ့လာသူတွေတင်ပြချက်အရ ဒီအခြေအနေဟာ မျိုးရိုးလိုက်ခြင်းက အဲ့လူနာရဲ့သွေးဆီးဆင်းမှုမှာ ပုံမမှန်တာဖြစ်ပြီးတော့ ပိုဖြစ်စေနိုင်ပါတယ်။ အခြားသောအချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Poland syndromeဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Poland syndrome ရဲ့ရောဂါအခြေအနေဆိုးမဆိုးဟာ လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါတယ်။ အဲ့ဒါကြောင့်Case တိုင်းကိုတော့ သတင်းပို့မလာကြပါဘူး။ တစ်ခါတစ်လေမှာတော့ တစ်ချို့လူတွေဟာ သူတို့မှာ ဒီရောဂါရှိမှန်းအသက်ကြီးမှ ခန္ဓါကိုယ်တစ်ဖက်ခြမ်းထဲမှာ ကြီးထွားမှုရှိလာမှ သတိထားမိတတ်ကြပါတယ်။ စမ်းသပ်စစ်ဆေးတဲ့အခါမှာ ရင်သားများဖွံဖြိုးမှုနဲ့ latissimusDorsi ကြွက်သား ဖွံဖြိုးမှု ကိုသေချာစွာမှတ်သားထားရပါမယ်။ အခြားသောစမ်းသပ်မှုများကိုတော့ အခြားသော ပြသနာများဖြစ်တဲ့ ဥပမာ Moebius syndrome လိုမျိုးကိုခွဲခြားထုတ်ဖို့အတွက် လိုအပ်သလိုစမ်းသပ်ပါတယ်။

Poland syndromeကို ဘယ်လိုကုသလဲ။

Poland syndrome ကို ကုသမှုလုပ်တဲ့အခါ ရင်ဘတ်ကပုံပျက်နေတာကို ခွဲစိတ်ခြင်းနဲ့ပြန်ပြီး မှန်ကန်အောင်လုပ်ရပါတယ်။ ခွဲစိတ်မှုလုပ်တယ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်လုံးမှာ ကြည့်လို့အဆင်ပြေစေရန်အတွက်လုပ်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ရင်သားကို ပြန်လည်ပြုပြင်မယ်ဆိုပါက ရင်သားတွေ အဖွံ့ဖြိုးဆုံးအချိန်မှာ ပြုလုပ်ရမှာဖြစ်ပြီး ရင်သားနံရံတွေပါလိုအပ်ရင်ပြန်ပြုပြင်ရပါတယ်။ အမျိုးသားတွေမှာတော့ ရင်သားနံရံတွေပါဝင်ခြင်းမရှိပါကရင်သားတွေကို ပြန်ပြုပြင်ဖို့မလိုအပ်တတ်ပါတယ်။ ဘယ်လိုမျိုးနည်းလမ်းနဲ့ခွဲစိတ်ရမလဲဆိုတာကတော့ လူနာတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ Poland syndrome ရှိတဲ့လူနာတွေကို ခွဲစိတ်နေကျ ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့သေချာဆွေးနွေးပြီးတော့ ခွဲစိတ်မှုပြုလုပ်သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကPoland syndromeကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group မှ ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများမပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement