backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကဘာလဲ။

မုန့်ချိုအိတ်ရောင်ခြင်းသည် မုန့်ချိတ်ဖောင်းပြီး ရောင်ရမ်းသောရောဂါဖြစ်သည်။ မုန့်ချိုအိတ်ဆိုသည်မှ ရှည်လျားပြားချပ်သော ဂလင်းတစ်ခုဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်၏နောက်တွင် တည်ရှိပါသည်။

၎င်းသည် အစာချေအင်းဇိုင်းများအား အူသိမ်ထဲသို့ထုတ်လွှတ်ပေးပြီး အစာချေရာတွင် အကူအညီပေးသလို အင်ဆူလင်ဟော်မုန်းနှင့် ဂလူဂါဂွန်ဟော်မုန်းထုတ်ကာ ခန္ဓါကိုယ်၏သကြားဓါတ် (ဂလူးကို့စ်)ကို ထိန်းချုပ်ပေးသည်။ မုန့်ချိုအိတ်ရောင်ခြင်း နှစ်မျိုးရှိပါသည်။ ရုတ်တရတ်ပြင်းထန်နှင့် နာတာရှည်ဖြစ်ခြင်း။

ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသာ အချိန်ခဏသာကြာတတ်၏။ ၎င်းသည် ခပ်ပျော့ပျော့မှ ပြင်းထန်ပြီး အသက်ခြိမ်းခြောက်သည်အထိ အမျိုးမျိုးဖြစ်နိုင်သည်။

ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်သည့်လူအများစုသည် မှန်ကန်သောကုသမှုခံယူပါက လုံးဝပျောက်ကင်းနိုင်သည်။ ပြင်းထန်သောအခြေအနေတွင် ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် ဂလင်းထဲ၌သွေးထွက်စေပြီး ပြင်းထန်သောတစ်ရှူးပျက်စီးမှု၊ ပိုးကူးစက်ခြင်းနှင့် အိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် တခြားသော သက်ဖြစ်အင်္ဂါများဖြစ်သည့် နှလုံး အဆုတ်နှင့် ကျောက်ကပ်များကိုပါ ထိခိုက်စေနိုင်ပါသည်။ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းသည် အချိန်ကြာမြင့်တတ်သည်။ ၎င်းသည် မကြာခဏဆိုသလို ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းဖြစ်ပြီးနောက် ဖြစ်ပေါ်ခြင်းဖြစ်သည်။

အရက်အလွန်အကျွံသောက်သုံးခြင်းသည် ဖြစ်စေသောအကြောင်းရင်းကြီးဖြစ်သည်။ အရက်အလွန်အကျွံသောက်ခြင်းကြောင့် မုန့်ချိုအိတ် ထိခိုက်ခြင်းသည် နှစ်များစွာကြာအောင် လက္ခဏာမပြတတ်ပဲ နောက်ပိုင်းမှ အလွန်ပြင်းထန်သည့် မုန့်ချိုအိတ်ရောင်ခြင်းအဖြစ် ရုတ်တရတ် ဖြစ်ပေါ်လာတတ်ပါသည်။

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မုန့်ချိုအိတ်ရောင်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုတ်တရပြင်းထန်သောမုန့်ချိုအိတ်ရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

ဗိုက်အထက်ပိုင်းနာခြင်းသည် နောက်ကျောထိ ပြန့်သွားသည်။ နာကျင်မှုသည် အစာစားလျှင် ပိုဆိုး၏။ အထူးသဖြင့် အဆီလွန်ကဲသော အစာများဆို ပိုဆိုးသည်။

ဝမ်းဗိုက်ဖောင်းပြီး နာခြင်း

ပျို့ခြင်းနှင့်အန်ခြင်း

ဖျားခြင်း

နှလုံးခုန်မြန်ခြင်း

နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း လက္ခဏာများ-

နတာရှည် မုန့်ချိုအိတ်ရောင်သော လက္ခဏာများမှာ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်း၏ လက္ခဏာများနှင့်အတူတူပင်ဖြစ်သည်။ ထို့အပြင် တခြားသောလက္ခဏာများတွင် အစာကောင်းကောင်းမစုပ်ယူနိုင်ခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း ပါဝင်သည်။

ဤသို့ ကောင်းကောင်းမစုပ်ယူနိုင်ခြင်းသည် အစာချေရန် မုန့်ချိုအိတ်မှ အင်ဇိုင်းများ မထုတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် အင်ဆူလင်ထုတ်သော မုန့်ချိုအိတ်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဆီးချိုလဲဖြစ်လာနိုင်သည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဗိုက်နာခြင်းက ပျောက်မသွားလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။ ကောင်းကောင်း မထိုင်နိုင်လောက်အောင် သို့မဟုတ် သက်သာသည့် ကိုယ်ဟန်အနေအထား မတွေ့နိုင်လောက်အောင် ဗိုက်နာမှုသည် ပြင်းထန်ပါက အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။

အကြောင်းရင်းများ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရက်စွဲခြင်း

သည်းခြေကျောက်

ဗိုက်ခွဲစိတ်ခြင်း

တစ်ချို့သောဆေးများ

စီးကရက်သောက်ခြင်း

Cystic Fibrosis

Endoscopic retrograde

Cholangiopancreatography (ERCP) သည်းခြေကျောက် ကုသရာတွင်သုံးသော စစ်ဆေးမှု

မိသားစုမျိုးရိုးတွင် မုန့်ချိုအိတ်ရောင်ခြင်းရာဇဝင်ရှိခြင်း

သွေးတွင်း ကယ်လ်စီယမ်များခြင်း (hypercalcemia) ၎င်းသည် အလွန်အလုပ်လုပ်သော ပါရာသိုင်းရွိုက်ဂလင်းများကြောင့် ဖြစ်ရခြင်းဖြစ်သည်။

ထရွိုင်ဂလစ်စရွိုက်လယ်ဗယ် သွေးထဲတွင်များခြင်း

ကူးစက်ပိုးကူးခြင်း

ဗိုက်ထိခိုက်မိခြင်း

မုန့်ချိုအိတ်ကင်ဆာ

ဖြစ်နိုင်ခြေများ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မုန့်ချိုအိတ်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

နှစ်ရှည်အရက်အလွန်အကျွံသောက်ခြင်း

တစ်ချို့မျိုးရိုးလိုက်သောရောဂါများဖြစ်သည့် cystic fibrosis ရှိခြင်း

သည်းခြေကျောက်

ထရွိုင်ဂလစ်ရွိုက်နှင့် လူးပတ်ပမာဏများခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

လူနာအား ဆေးပညာရာဇဝင်နှင့် စမ်းသပ်စစ်ဆေးမှုလုပ်နေစဉ်တွင် ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ သွေးစစ်ခိုင်းပါလိမ့်မည်။ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းဖြစ်နေစဉ်တွင် အမိုင်းလေ့စ်နှင့် လိုင်းပေ့စ်ဟူသော အစာချေအင်ဇိုင်းများပမာဏသည် ပုံမှန်ထက် အနည်းဆုံး သုံးဆ သွေးထဲ၌ ပိုပါနေသည်။

တခြားသောခန္ဓါကိုယ်၏ ဓါတုပစ္စည်းများဖြစ်သော ဂလူးကိုစ်၊ ပိုတက်စီယမ်နှင့် ဘိုင်ကာဗွန်နိတ်တို့ပါ ပြောင်းလဲနေနိုင်သည်။ လူနာအခြေအနေ တိုးတက်လာပါက ထိုပမာဏများသည် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မည်။

ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းကို အမည်တပ်ရာတွင် မုန့်ချိုအိတ်၏တည်နေရာသည် နက်ရှိုင်းသောကြောင့် မကြာခဏဆိုသလို ခက်ခဲတတ်သည်။ ဆရာဝန်များသည် အောက်ပါတို့ကိုပါ စစ်ဆေးခိုင်းနိုင်ပါသည်။

ဝမ်းဗိုက်တီဗီဓါတ်မှန်

ကွန်ပြူတာဓါတ်မှန်

Endoscopic Ultrasound

သံလိုက်စက်ကွင်းဖြင့် သည်းခြေမုန့်ချိုအိတ်ပုံရိပ်ဖော်ခြင်း

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

မုန့်ချိုအိတ်ရောင်ခြင်းကုသရန်အတွက် ဆေးရုံတက်ရပါမည်။ ဆေးရုံတွင် အခြေအနေငြိမ်သွားပြီး မုန့်ချိုအိတ်ရောင်ခြင်းကို ထိန်းချုပ်နိုင်သည်နှင့် မုန့်ချိုအိတ်ရောင်ခြင်းကိုဖြစ်စေသော နဂိုအခံအကြောင်းရင်းကို ကုသနိုင်မည်ဖြစ်သည်။

မုန့်ချိုအိတ်ရောင်ခြင်းအား တည်ငြိမ်သွားစေရန် ဆေးရုံတင်ခြင်း –

သင့်၌ မုန့်ချိုအိတ်ရောင်ခြင်းဖြစ်နေပါက သင့်ဆရာဝန်သည် သေချာစောင့်ရှောက်ပေးရန်အတွက် သင့်ကိုဆေးရုံတင်ပါလိမ့်မည်။

ကနဦးကုသမှုများတွင် မုန့်ချိုအိတ်ရောင်ခြင်းကို ထိန်းချုပ်မည်ဖြစ်ပြီး သင့်အား သက်သောင့်သက်သာဖြစ်စေရန်ညအောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည်။

အစာမစားခိုင်းခြင်း –

မုန့်ချိုအိတ်ပြန်ကောင်းရန် အချိန်ပေးသည့်အနေဖြင့် ဆေးရုံတက်နေစဉ် ရက်အနည်းငယ်ခန့် အစာစားခိုင်းမည်မဟုတ်ပါ။ မုန့်ချိုအိတ်ရောင်ခြင်းကို ထိန်းချုပ်နိုင်ပါက အရည်ကြည်များ ကြိတ်ထားသောအစာများကို စစားနိုင်မည်ဖြစ်သည်။

အချိန်တန်လျှင် ပုံမှန်ပြန်စားရမည်ဖြစ်သည်။ မုန့်ချိုအိတ်ရောင်ခြင်းဆက်လက်တည်ရှိနေလျှင် စားသောက်ပါကနာနေဦးမည်ဖြစ်ပြီး ဆရာဝန်မှ သင့်အာဟာရရရှိစေရန် အစာပိုက်ထည့်ပေးနိုင်ပါသည်။

နာကျင်ကိုက်ခဲပျောက်ဆေးများ – မုန့်ချိုအိတ်ရောင်ခြင်းသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။ သင့်ကျန်းမာရေးစောင့်ရှောက်သော အဖွဲ့မှ သင့်အား နာကျင်မှုသက်သာစေရန် ဆေးပေးပါလိမ့်မည်။

အကြောဆေးအရည်များ –

သင့်မုန့်ချိုအိတ်အား ပြန်ကောင်းလာစေရန် ခန္ဓါကိုယ်မှ စွမ်းအင်နှင့် အရည်များကို အားကိုးရသောကြောင့် ရေဓါတ်ခမ်းခြောက်နိုင်သည်။ ထို့ကြောင့် ဆေးရုံတက်နေစဉ် ဆလိုင်းပုလင်းများ ချိတ်ရနိုင်ပါသည်။

မုန့်ချိုအိတ်ရောင်ခြင်းအား ထိန်းချုပ်နိုင်သွားပြီဆိုပါက ကျန်းမာရေးစောင့်ရှောက်သောအဖွဲ့သည် မုန့်ချိုအိတ်ရောင်ခြင်းကိုဖြစ်စေသော အောက်ခံအကြောင်းရင်းအား ကုသမည်ဖြစ်သည်။

ကုသမှုသည် မုန့်ချိုအိတ်ရောင်ခြင်းဖြစ်စေသော အကြောင်းရင်းပေါ်မူတည်သည်။ ကုသမှုဥပမာများမှာ အောက်ပါအတိုင်းဖြစ်သည်။

သည်းခြေပြွန်ပိတ်ခြင်းအား ဖယ်ရှားသော ကုသမှုများ

သည်းခြေခွဲစိတ်ခြင်း

မုန့်ချိုအိတ်ခွဲစိတ်ခြင်း

အရက်စွဲခြင်းအား ကုသခြင်း

နာတာရှည မုန့်ချိုအိတ်ရောင်ခြင်းသည် သင့်အခြေအနေပေါ် မူတည်ကာ ကုသမှုများ အပိုလိုအပ်နိုင်သည်။ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း အတွက် တခြားကုသမှုများမှာ –

နာကျင်မှုအားစီမံခြင်း

ခွဲစိတ်ခြင်း

အစာချေနိုင်ရန်အင်ဇိုင်းပေးခြင်း

အစားအသောက်ပြောင်းလဲခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မုန့်ချိုအိတ်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မုန့်ချိုအိတ်ရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အရက်ဖြတ်ပါ။ အရက်ကိုယ်တိုင်မဖြတ်နိုင်လျှင် ဆရာဝန်အကူအညီရယူပါ။ ဆရာဝန်မှ အရက်ဖြတ်ခြင်းအားကူညီသော အစီအစဉ်များကို လမ်းညွှန်နိုင်ပါလိမ့်မည်။

ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်နေလျှင်ရပ်ပါ။ မသောက်တတ်သေးလျှင် အစမလုပ်ပါနှင့်။ ကိုယ်တိုင်မဖြတ်နိုင်လျှင် ဆရာဝန်အကူအညီယူပါ။ ဆေးများနှင့် နှစ်သိမ့်ဆွေးနွေးခြင်းသည် ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပြုသည်။

အဆီနည်းသည့်အစာကိုရွေးပါ။ အဆီကန့်သတ်ထားသော အစာများကိုရွေးပါ။ လတ်ဆတ်သောသစ်သီးများ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းနှင့် အသားဓါတ်ချည်းပါသောအသားကို စားပါ။

အရည်များများသောက်ပါ။ မုန့်ချိုအိတ်ရောင်ခြင်းသည် ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်သောကြောင့် တစ်နေတာလုံး ရေကိုပိုသောက်ပေးပါ။ သင်နှင့်အတူ ရေဗူးဆောင်ထားခြင်းက ပိုကောင်းပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement