backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Overhydration (ရေဓါတ်များခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Overhydration (ရေဓါတ်များခြင်း) ကဘာလဲ။

Overhydration ဆိုတာ ခန္ဓါကိုယ်တွင်းတွင် ရေများ များနေခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ်၏ ရေသောက်သုံးမှုဟာ ဆုံးရှံးမှုထက် ပိုသောအခါ ဖြစ်ပါတယ်။

တနည်းအားဖြင့် ရေကို ခန္ဓါကိုယ်မှ လိုအပ်တာထက် ပိုပြီး သောက်သုံးသည့်အခါ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများသည် ရေဓါတ်ခမ်းခြောက်မည်ကို ကြောက်၍ ရေကို အလွန်အကျွံသောက်သုံးတတ်ကြသည်။ ထိုသို့သောက်သုံးခြင်းဖြင့် အခန့်မသင့်ပါက overhydration ရေဓါတ်ပိုလျှံခြင်း ဖြစ်ကြပါတယ်။ စိတ်ရောဂါကြောင့် ရေများ အလွန်အကျွံသောက်သုံးခြင်းကို psychogenic polydipsia ဟုခေါ်သည်။ နောက်ဆုံးရလဒ်ဟာ ရေဓါတ်များပြီး ဆားဓါတ် နည်းလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရေဓါတ်ပိုလျှံခြင်းဟာ သွေးထဲတွင် sodium ဟူသော ဆားဓါတ်ကို နည်းစေပါသည်။ ထိုသို့ ဆားဓါတ်နည်းခြင်းဟာ ခန္ဓါကိုယ် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သို့သော် သာမန်အားဖြင့် ခန္ဓါကိုယ်တွင်းရှိ ပစ်ကျူထရီ ဂလင်း၊ ကျောက်ကပ်၊ အသည်း နှင့် နှလုံးတို့ ကောင်းမွန်ပါက ရေများများသောက်တိုင်း ရေဓါတ်ပိုလျှံခြင်း မဖြစ်တတ်ပါ။ ထို့ပြင် ကျောက်ကပ် ကောင်းမွန်ပါက အညစ်အကြေးစွန့်ထုတ်နိုင်ရန် လူငယ်တစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂၃ လီတာ သောက်သုံး နိုင်ပါတယ်။

Overhydration (ရေဓါတ်များခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်မှ ဆီးကို ပုံမှန်မစွန့်ထုတ်နိုင်သော သူများတွင် ရေဓါတ်ပိုလျှံခြင်း အဖြစ်များပါတယ်၊ ဥပမာ- နှလုံး၊ ကျောက်ကပ်၊ အသည်း မကောင်းသူများ၊ ရက်မစေ့ခင်မွေးသော ကလေးငယ်များ တွင်ဖြစ်တတ်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Overhydration (ရေဓါတ်များခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အထူးသဖြင့် ဦးနှောက် ဆဲလ်များဟာ ရေဓါတ်ပိုလျှံခြင်းနဲ့ သွေးတွင်း ဆားဓါတ်နည်းခြင်းကို ခံနိုင်ရည် မရှိကြပေ။ ရေဓါတ် ပိုလျှံခြင်း ဟာ အနည်းငယ်သာ ဖြစ်ပါက ဦးနှောက်ဆဲလ်များဟာ လိုက်လျောညီထွေနေရန် အချိန်ရပြီး ရောဂါ လက္ခဏာ အသေးစားများသာ ပြပါတယ်။ ဥပမာ- ပင်ပန်းခြင်း၊၊ ရေဓါတ် ပိုလျှံခြင်းဟာ လျင်မြန်စွာ ဖြစ်ပါက၊ ပြင်းထန်ပါက တက်ခြင်း၊ သတိလစ်ခြင်းများ အထိဖြစ်တတ်ပါတယ်။ ရေဓါတ် ပိုလျှံခြင်းဖြစ်သော်လည်း သွေးပမာဏမှာ ပုံမှန်ဖြစ်ပါက ပိုလျှံနေသော ရေများဟာ ဆဲလ်များအတွင်း ရွေ့သွားပြီး ဖေါရောင်ခြင်းကို မဖြစ်စေပါ။

ခန္ဓါကိုယ်တွင်း သွေးပမာဏ များလာပါက ရေများဟာ အဆုတ်နဲ့ ခြေထောက်တို့မှာ စုပုံလာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Overhydration (ရေဓါတ်များခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရေဓါတ် ပိုလျှံခြင်း ဟာ ရေဓါတ်မမျှတလို့ဖြစ်ပါတယ်။ ခန္ဓါကိုယ်သည် ရေများကို ကျောက်ကပ်မှ စွန့်ထုတ်သော ပမာဏထက်ကျော်လွန်၍ ဆွဲထားခြင်းကြောင့် ဖြစ်တတ်ပါတယ်။

ရေသောက်များခြင်း သို့မဟုတ် ရေများ စွန့်ပစ်ခြင်းပုံမမှန်ပါက ရေဓါတ် ပိုလျှံခြင်းကို ဖြစ်စေပါတယ်။ ရေတွင် ခန္ဓါကိုယ်အတွက် အရေးပါသော ဓါတ်များပျော်ဝင်ပါတယ်။ မာရသွန် ပြေးသော သူများကဲ့သို့ အားကစားသမားများသည် ပြိုင်ပွဲရှိပါက ရေကိုပိုသောက်တတ်ပါတယ်။ ဆေးပညာတက္ကသိုလ်က ရေကို မျှတစွာသောက်သုံးရန် နည်းလမ်းများကို ထုတ်ဝေခဲ့ပါတယ်။ ကျန်းမာသော လူကြီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၂.၃ လီတာမှ ၂.၉ လီတာခန့်(၉ ခွက်ကနေ ၁၃ခွက်ထိ)သောက်သုံးသင့်ပါတယ်။ ရေဓါတ်လိုအပ်မှုများဟာ အသက်၊ လိင်၊ ရာသီဥတု၊ လှုပ်ရှားမှု ပမာဏ နှင့် ကျန်းမာရေးတို့ပေါ် မူတည်ပါတယ်။ ထို့ကြောင့် ရေကို မည်မျှ သောက်သုံးသင့်သည်ဟု တိကျသော ဖေါ်မြူလာ မရှိပါ။ အပူများခြင်း၊ ပြင်းထန်စွာ လှုပ်ရှားခြင်း၊ အဖျားကြီးခြင်း စသည်တို့ဖြစ်ပါက သာမန်ထက် ပိုပြီး ရေဓါတ်လိုအပ်ပါတယ်။

ကျန်းမာသော လူတစ်ယောက်တွင် ဆီးဟာ သင် ရေဓါတ်မျှတမှုရှိမရှိ သိနိုင်သော အညွှန်းတစ်ခု ဖြစ်ပါတယ်။ လီမွန်ရောင်လို အဝါဖျော့ ရောင်ဆီးဟာ ပုံမှန်ဖြစ်ပါတယ်။ အရောင်ရင့်ပါက ရေဓါတ်လိုအပ်ခြင်းကို ပြပါတယ်။ ဘာအရောင်မှ မရှိသော ဆီးဟာ ရေဓါတ် ပိုလျှံခြင်းကို ဆိုလိုပါတယ်။

အားကစားသမားများတွင် ရေဓါတ် ပိုလျှံခြင်း အဖြစ်များပါတယ်။ ဟားဗတ်ရှိ အားကစား ကျွမ်းကျင် ပညာရှင်များက အားကစားလုပ်စဉ် ရေငတ်ခြင်းနှုန်းကို ကြည့်ခြင်းဖြင့် ရေဓါတ်မျှတမှုရှိမရှိ သိနိုင်သည်ဟု ဆိုပါတယ်။ အောက်ပါ အချို့အခြေအနေများနှင့် ဆေးများဟာ ရေဓါတ် ပိုလျှံခြင်းကိုဖြစ်စေပါတယ်။

-နှလုံးအားနည်းခြင်း

-အသည်းရောဂါဖြစ်ခြင်း

-ကျောက်ကပ်ရောဂါ ရှိုခြင်း

-ဆီးသွားခြင်းကိုထိန်းပေးသော ဟော်မုန်း ပုံမမှန်သော ရောဂါဖြစ်ခြင်း

-steroid မပါသော အရောင်ကျဆေးများ

-ထိန်းချုပ်မှုမရှိသော ဆီးချိုရောဂါရှိခြင်း

အချို့အခြေအနေများနှင့် ဆေးများဟာ ရေငတ်စေခြင်းဖြင့် ရေဓါတ် ပိုလျှံခြင်းကိုဖြစ်စေပါတယ်။

-schizophrenia ဟူသော စိတ်ရောဂါ

-MDMA/Ecstasy ဟူသော စိတ်ကြွဆေးများ

-စိတ်ရောဂါကုဆေးများ

-ဆီးဆေး

ဖြစ်နိုင်ခြေများ

Overhydration (ရေဓါတ်များခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရေဓါတ်ပိုလျှံခြင်းဟာ အားကစားသမားများတွင် အားကစားမလုပ်ခင်နှင့် လုပ်နေစဉ် ရေအလွန်အကျွံသောက်ခြင်း ကြောင့်အဖြစ်များပါတယ်။ ဥပမာ-

-တာဝေးအပြေးသမားများ (၄၂ ကီလိုမီတာထက် ပိုသောအကွာအဝေး)

-စက်ဘီးပြိုင်သမားများ

-rugby ကစားသမားများ

-လှေလှော် ကစားသမားများ

-တောင်တက် ကစားသမားများ

-စစ်သားများ

ရေဓါတ်ပိုလျှံခြင်း ဟာကျောက်ကပ် သို့မဟုတ် အသည်းရောဂါသည်များ၊ နှလုံးရောဂါသည်များ တွင်လည်းတွေ့နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Overhydration (ရေဓါတ်များခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

-ဆရာဝန်မှ မေးမြန်း၊ စမ်းသပ်ခြင်း

-သွေးဖေါက်စစ်ဆေးခြင်း

-ဆရာဝန်က ဖေါရောင်ခြင်းလက္ခဏာများကို စမ်းသပ်ခြင်းနှင့် သွေးထဲရှိ electrolytes ပမာဏကိုစမ်းသပ်ခြင်းဖြင့် ရေဓါတ်သီးသန့်များခြင်း လား၊ သွေးထဲအရည်များပြီး ဆားဓါတ်နည်းခြင်းလား ကိုခွဲခြားသိနိုင်ပါတယ်။

Overhydration (ရေဓါတ်များခြင်း) ကို ဘယ်လိုကုသပါသလဲ

ရေသောက်သုံးခြင်းကို အများအားဖြင့် ထိန်းချုပ်လေ့ရှိပါတယ်။ ရေကို လေးပုံတစ်ပုံလျှော့သောက်ခြင်းဖြင့် ရက်အနည်းငယ်ကြာသောအခါ ပြန်ကောင်းမွန် လာပါတယ်။ နှလုံး၊ အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါ တစ်ခုခုကြောင် ရေဓါတ်ပိုလျှံပြီး သွေးထဲအရည်ပမာဏများပါက

ဆားဓါတ် စားသုံးမှုကို ထိန်းချုပ်ခြင်းဖြင့် ကုသပါတယ်။ ဆားဓါတ်သည် ရေများကို ခန္ဓါကိုယ်တွင်း ဆွဲထားသောကြောင့်ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ဆရာဝန်များဟာ ဆီးထဲတွင် ဆားများ၊ ရေများကို စွန့်ထုတ်စေလိုသောကြောင့် ဆီးဆေးများ ညွှန်းလေ့ရှိပါတယ်။ ဆီးထဲတွင် ဆားများ၊ ရေများကို စွန့်ထုတ်စေနိုင်သော အခြားသော ဆေးများကို သွေးပမာဏ ပုံမှန်ရှိပါက ၊ဆေးရုံတက်နေစဉ်ဖြစ်ပါက ညွှန်းလေ့ရှိပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကရေဓါတ် ပိုလျှံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရေဓါတ် ပိုလျှံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အားကစားသမားများ အနေဖြင့် ပြိုင်ပွဲ မတိုင်ခင်နှင့် ပြိုင်ပွဲပြီးတွင် ကိုယ်အလေးချိန် တိုင်းခြင်းဖြင့် ရေဓါတ် ပိုလျှံခြင်း အန္တာရာယ်ကို လျော့နည်းစေပါတယ်။ ထိုသို့ဖြင့် ရေမည်မျှ ဆုံးရှံးသွားပြီး မည်မျှ ပြန်ဖြည့်ရမည်ကို သိနိုင်ပါတယ်။ ကိုယ်အလေးချိန် တစ်ပေါင်လျော့ပါက ရေ ၁၆-၂၀ အောင်စ ပြန်သောက်ရန် ထောက်ခံကြပါတယ်။

အားကစားလုပ်နေစဉ် တစ်နာရီကို ရေ ၂ ခွက်ကနေ ၄ ခွက်သောက်သုံးသင့်ပါတယ်။ အားကစားလုပ်ခြင်းဟာ တစ်နာရီ ထက်ပိုကြာပါက electrolytes ပါသော အချိုရည်များ သောက်သုံးသင့်ပါတယ်။ ထိုအချိုများတွင် သကြားဓါတ်၊ sodium၊ potassium စသည့် ချွေးထဲဆုံးရှုံးသွားနိုင်သော ဓါတ်များ ပါဝင်ပါတယ်။

အားကစားလုပ်နေစဉ် ရေငတ်ပါက ရေပိုသောက်သင့်ပါတယ်။

သင့်တွင် ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါများရှိပါက အကောင်းဆုံးကုသနည်း အတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရေငတ်ခြင်းဟာ ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် ပြသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement