Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2019
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ကဘာလဲ။

Osteochondritis dissecans ဆိုတာ သွေးစီးဆင်းမှုမရှိတော့သောကြောင့် အရိုးနုအောက်ရှိ အရိုးများသေဆုံးသွားသည့် အဆစ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအရိုးနုနှင့် အရိုးတို့ဟာ ပြုတ်ထွက်သွားနိုင်ပြီး နာကျင်ခြင်းနှင့် လှုပ်ရှားသွားလာရခက်ခဲခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘယ်လောက်ထိဖြစ်လဲဆိုတာ သေသေချာချာမသိရပေမယ့် လူ၁သိန်းမှာ ၁၅ ယောက်ကနေ ၂၉ယောက်ထိ ဖြစ်နိုင်ခြေရှိပါတယ်။ ယောက်ျားတွေမှာ အဖြစ်များပြီး အထူးသဖြင့် အသက်၁၀နဲ့၂၀ကြားမှာ ရာခိုင်နှုန်းများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Osteochondritis dissecans ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ထိုလက္ခဏာတွေဟာ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ပိုဆိုးနိုင်ပါတယ်။ ဥပမာအားဖြင့် လှေကားတက်ခြင်း၊ တောင်တက်ခြင်းနဲ့ အားကစားပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။

ရောင်ရမ်းနာကျင်ခြင်း။ အဆစ်ဝန်းကျင်ရှိ အရေပြားဟာ ရောင်ရမ်းနာကျင်နေပါလိမ့်မယ်။

အဆစ်တောင့်ခြင်း ဒါမှမဟုတ် ဖောက်ကနဲ့ဖောက်ကနဲမြည်နေခြင်း။ အဆစ်ဟာ အသံမည်နေပါလိမ့်မယ်။ ဒါမှမဟုတ် လှုပ်ရှားနေတဲ့အချိန်မှာ အရိုးတွေကြားထဲ ပြုတ်ထွက်နေတဲ့ အပိုင်းညပ်သွားမယ်ဆိုရင် လှုပ်ရှားမှုဟာ တစ်နေရာထဲမှာပဲ တန့်နေပါလိမ့်မယ်။

အဆစ်အားနည်းနေခြင်း။ အဆစ်ဟာ အားနည်းနေတယ်လို့ ခံစားရပါလိမ့်မယ်။ လှုပ်ရှားနိုင်တဲ့ အတိုင်းအတာကျလာပြီး အပြည့်အဝလှုပ်ရှားနိုင်တော့မှာ မဟုတ်ပါဘူး။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ထိုရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိလိုသည်များရှိလျှင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ခဏခဏထိခိုက်မိပြီး အရိုးထိပ်ဖက်ပိုင်းကို သွေးရောက်မှုနည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လိုထိခိုက်မှုမျိုးလည်းဆိုတော့ နည်းနည်း၊ ခဏခဏနဲ့ ကြိမ်ဖန်များစွာဖြစ်ပြီး သတိမပြုမိသော ထိခိုက်မှုမျိုးပါ။ မျိုးရိုးဗီဇလည်း ပါဝင်နေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Osteochondritis dissecans အတွက် အန္တရယ်ရှိအချက်များစွာရှိပါတယ်။

ထိခိုက်မှုများ (တစ်ဝက်ကျော်လောက်က ထိုအချက်ကြောင့်ပါ)

ယောက်ျားဖြစ်နေခြင်း ( ဒါပေမယ့်လည်း မိန်းမတွေမှာ ပိုဖြစ်နေပါတယ်)

အားကစားပြုလုပ်ခြင်းကြောင့်အလွန်အကျွန်အသုံးပြုမိခြင်း

မျိုးရိုးလိုက်ခြင်း (၁၀ရာခိုင်နှုန်းလောက်ရှိပါတယ်)

အရွတ်အားနည်းခြင်း

ဒူး၂ဖက်ပူးကပ်ကာ ခြေကျင်းဝတ်၂ဖက်ဝေးကွားနေသော ပုံမှန်မဟုတ်သည့်အနေအထားရှိခြင်း (Genu valgum/ varum)

ဒူးရှိ Meniscus အရိုးနုစုတ်ပြဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Osteochondritis dissecansရဲ့ လက္ခဏာတွေရှိနေတယ်ဆိုရင် ဆေးပညာဆိုင်ရာအကြံအဉာဏ်တွေ တောင်းခံသင့်ပါတယ်။ စောစောသိမယ်ဆိုရင် ကုသရတာ ထိရောက်ပြီး ထပ်တိုးရောဂါတွေလည်း ရှိလာနိုင်ခြေလည်း နည်းပါးမှာဖြစ်ပါတယ်။

ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်မယ့်အပြင် ဆေးမှတ်တမ်းတွေ၊ မိသားစုရောဂါရာဇဝင်တွေနဲ့ အားကစားပြုလုပ်မှုတွေပါဝင်သော ဘဝနေထိုင်မှုပုံစံတွေကို မေးမြန်းမှာဖြစ်ပါတယ်။

ဓါတ်မှန်၊ စီတီစကင်၊ သံလိုက်လှိုင်းဖြင့်ပုံရိပ်ဖော်ခြင်းနဲ့ အာထရာဆောင်းကဲ့သို့သော စမ်းသပ်တွေမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ထိုစမ်းသပ်မှုတွေက တစ်ရှုပုပ်ခြင်း၊ တစ်ရှုးသေခြင်းနဲ့ ပြုတ်ထွက်သွားတဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရိုးစကင်လည်း ဖတ်နိုင်ပါတယ်။

အစပိုင်းတွေမှာ စစ်ဆေးမှုတွေက အရိုးနုထူနေတာကို ပြမှာပါ။ နောက်ပိုင်းတွေမှာတော့ လျော့ရဲပြုတ်ထွက်သွားနိုင်ပါတယ်။

အစပိုင်းတွေကတော့ စိတ်ချရပြီး ကုသရင်လည်း ထိရောက်မှုရှိပါတယ်။

ရောဂါလက္ခဏာချင်းဆင်တူနေတဲ့ အခြေအနေတွေကို ဖယ်ထုတ်ရပါလိမ့်မယ်။ ထိုအခြေအနေတွေကတော့ အဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ အရိုးအိတ်ဖြစ်ခြင်းနှင့် ပိုးဝင်တာကြောင့် အဆစ်ရောင်ခြင်းတို့ဖြစ်ပါတယ်။

Osteochondritis Dissecans (အဆစ်ရှိအရိုးပျက်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

Osteochondritis dissecans အတွက်ကုသမှုကတော့ အဆစ်ရဲ့ ပုံမှန်လုပ်ဆောင်နိုင်စွမ်းပြန်ရဖို့၊ အနာသက်သာစေဖို့နဲ့ အရိုးအဆစ်ရောင်နိုင်ခြေနည်းစေဖို့ပဲဖြစ်ပါတယ်။ ဘယ်သူမဆို ကုသမှုတစ်ခုတည်းဖြင့် အလုပ်မဖြစ်ပါဘူး။ ကြီးထွားမှုရှိနေတဲ့ ကလေးတွေမှာတော့ အနားယူခြင်း၊ ကာကွယ်ခြင်းတို့ဖြင့် အရိုးပျက်စီးသွားမှု ပြန်လည်ကောင်းမွန်နိုင်ပါတယ်။

ကုသမှုများ

အစပိုင်းမှာတော့ ဆရာဝန်က အနားယူခိုင်းပါလိမ့်မယ်။ ပြေးခြင်း၊ ခုန်ခြင်းတို့လိုမျိုး ဒူးထိခိုက်နိုင်သော လှုပ်ရှားမှုတွေကို ရှောင်ကျဉ်ပါ။ အထူးသဖြင့် နာကျင်မှုကြောင့် ခြေဆာသွားမယ်ဆိုရင် ချိုင်းထောက်အသုံးပြုရနိုင်ပါတယ်။ အဆစ်ကိုညိမ်နေစေရန် ကျပ်စည်းဖို့၊ ပုံစံခွက်နဲ့ထားဖို့ ဒါမှမဟုတ် အထိန်းအကွပ်တွေနဲ့ထားဖို့လည်း လိုအပ်နိုင်ပါတယ်။ ဗဟိဒ္ဓကုထုံး လည်းရှိပါတယ်။ လက်တွေခြေထောက်တွေဆန့်တန်းခြင်း၊ လှုပ်ရှားနိုင်မှုအတိုင်းအတာများစေခြင်းတို့ဖြင့် အဆစ်တွေကို ထောက်ပံ့ပေးထားတဲ့ ကြွက်သားတွေကို သန်မာစေတာပါ။ များသောအားဖြင့် ထိုကုထုံးကို ခွဲစိတ်မှုပြီးမှသာ ပြုလုပ်စေပါတယ်။

ခွဲစိတ်ခြင်း

အဆစ်မှာ လျော့ရဲပြုတ်ထွက်နေတဲ့ အပိုင်းတွေရှိမယ် ဒါမှမဟုတ် အထက်ပါကုထုံးတွေနဲ့ ၄လ၊၆လလောက်အထိ အလုပ်မဖြစ်ဘူးဆိုရင် ခွဲစိတ်ရပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစားတွေကတော့ ထိခိုက်ပျက်စီးမှုအဆင့်နဲ့အရွယ်အစား၊ အရိုးရဲ့ကြီးရင့်မှုတို့အပေါ်မှာ မူတည်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

Osteochondritis dissecans ကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အားကစားပြုလုပ်နေတဲ့ လူငယ်လူရွယ်တွေကို ပညာပေးခြင်းအားဖြင့် အသုံးလွန်ပြီး အဆစ်ပျက်စီးမှုနှုန်း လျော့နည်းနိုင်ခြေရှိပါတယ်။ နည်းမှန်လမ်းမှန်ကို လေ့လာခြင်း၊ သင့်တော်တဲ့အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်း၊ ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို မှန်မှန်ကန်ကန်ပြုလုပ်ခြင်းဖြင့် ဒဏ်ရာရနိုင်ခြေကို လျော့ချပေးနိုင်မှာပါ။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

    ရင်းမြစ်များ

    Osteochondritis dissecans. https://www.mayoclinic.org/diseases-conditions/osteochondritis-dissecans/basics/definition/con-20024803. Accessed October 25, 2017.
    Osteochondritis dissecans: Causes, symptoms, and treatment. https://www.medicalnewstoday.com/articles/166764.php. Accessed October 25, 2017.
    Osteochondritis Dissecans. https://patient.info/doctor/osteochondritis-dissecans. Accessed October 25, 2017.

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

    ရောဂါလက္ခဏာများ ဘယ်လိုကုသမလဲ အိပ်ချိန် ဘယ်လိုလူတွေမှာအဖြစ်များလဲ ဦးနှောက်လုပ်ဆောင်ချက် အိပ်ပျော်နေစဉ်အသက်ရှူခြင်း အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အမျိုးသားများတွင်တွေ့ရတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါလက္ခဏာများ

    သွေး သုက်ရည် ကွန်ဒုံး အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း ရောဂါလက္ခဏာများ မိန်းမကိုယ်မှထွက်သောအရည် လိင်မှတစ်ဆင့်ကူးစက်ရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်မှာရော ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်းတွေ ရှိနေပြီလား

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020
    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2019
    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 28, 2019
    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2019