ခံတွင်း၌ဓါတ်မတည့်သောရောဂါဆိုတာ ခံတွင်း၊ နှုတ်ခမ်း၊ လျာနဲ့ လည်ချောင်းတို့မှာ ဓါတ်မတည့်မှုများဖြစ်ပွားခြင်းဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့်နှာခေါင်းအတွင်းပိုင်းရောင်ခြင်းနှင့် ဟေးဖီဖာလိုမျိုး အခြေအနေများပါဝင်ပါတယ်။
ခံတွင်း၌ဓါတ်မတည့်သောရောဂါမှာ အစားအစာအချို့တွင်ပါဝင်သော ပရိုတင်းတွေနဲ့ ခန္ဓါကိုယ်က ဓါတ်ပြုပါတယ်။ ထိုပရိုတင်းတွေဟာ ဟေးဖီဖာနဲ့ ရာသီအလိုက်ဓါတ်မတည့်မှုတို့ဖြင့် ဆက်စပ်နေနိုင်သော ပရိုတင်းတွေနဲ့ ဆင်တူပါတယ်။
ထိုအစားအစာမျိုးတွေဟာ တစ်နှစ်လုံးရရှိနေတာကြောင့် ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ရာသီအလိုက်ဖြစ်တာမဟုတ်ပါဘူး။
ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ကလေးငယ်တွေမှာ မဖြစ်ပွားတတ်ပါဘူး။ အသက်ပိုကြီးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးလူငယ်တွေမှာ အဖြစ်များပြီး ထိုသူတွေဟာ သံသယရှိတဲ့ သစ်သီးသစ်ရွက်တွေကို နှစ်ပေါင်းများစွာ ပြဿနာမဖြစ်ဘဲ စားသုံးလာခဲ့ကြပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ထိုရောဂါရဲ့ လက္ခဏာတွေဟာ အစားအစာအချို့ စားသုံးမှသာဖြစ်ပေါ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ကွဲပြားကြပြီး ကွဲပြားတဲ့ အသက်အရွယ်တွေမှာ အမြင့်ဆုံးသို့ ရောက်ရှိကြပါတယ်။
အားပျော့တဲ့ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။
ပိုပြင်းထန်တဲ့ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်မယ့်ရောဂါလက္ခဏာတွေကတော့ အင်ပျဉ်ထွက်ခြင်းနဲ့ ပန်းနာရင်ကြပ်ဖြစ်ခြင်းတို့ပါပဲ။ အစားအစာတွေကို အခံနွှာထားမယ်၊ ခုတ်ထစ်ထားမယ်၊ ခြစ်ထားမယ်ဆိုရင် အင်ပျဉ်ထွက်နိုင်ပါတယ်။ အစားအစာတွေကို ရောနှောထားမယ်၊ ကြော်လှောခြင်းလိုမျိုး အငွေ့ပံျအောင်လုပ်ထားမယ်ဆိုရင် ပန်းနာရင်ကြပ်ဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ခံတွင်း၌ဓါတ်မတည့်သောရောဂါရှိသူ ၉ရာခိုင်နှုန်းလောက်မှာ ရောဂါပိုမိုဆိုးရွားလာပြီး ဆေးကုသမှုခံယူဖို့လိုပါတယ်။ ဝတ်မှုန်ပါဝင်သောအစားအစာတွေကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုက ခံတွင်းအပြင်အခြားနေရာတွေမှာပါဖြစ်ပွားလာပြီဆိုရင် ဆေးကုသမှုခံယူရပါမယ်။
အချို့အခြေအနေတွေမှာ အခွံမာသီး၊ ပဲတောင့်ရှည်မျိုးနွယ်ဝင်နဲ့ ဓါတ်မတည့်မှုတွေကို ခံတွင်း၌ဓါတ်မတည့်သောရောဂါဖြင့် မှားယွင်းတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုအတိုင်းအတာကို ဆရာဝန်အား သေချာပြောပြပါ။ သင့်ရောဂါလက္ခဏာတွေဟာ ခံတွင်း၌ဓါတ်မတည့်သောရောဂါကြောင့်ဖြစ်တယ်ဆိုတာသေချာအောင် ဓါတ်မတည့်မှုကျွမ်းကျင်သူထံသို့ လွှဲပေးပါလိမ့်မယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ပရိုတင်းတိုင်းကို သက်ရှိပစ္စည်းတိုင်းမှာ တွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓါက ပရိုတင်းအမျိုးအစားအချို့ကို တိကျစွာ ပစ်မှတ်ထားပြီး ဘက်တီးရိးယား၊ ဗိုင်းရပ်စ်နဲ့ အခြားသောရောဂါပိုးမွှားတွေကို တိုက်ထုတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ ပန်းဝတ်မှုန်လိုမျိုး နေ့စဉ်တွေ့ရတဲ့ ပရိုတင်းတွေကို ပစ်မှတ်ထားကြပါတယ်။
စားသောက်ပြီးနောက်၊ သို့မဟုတ် ရှုသွင်းပြီးနောက်မှာ ပရိုးတင်းတွေစုပုံလာပြီး ခန္ဓါကိုယ်ကယင်းတို့ကို ပုံမှန်မဟုတ်သော အရာများအဖြစ် သတ်မှတ်လိုက်ပြီး ကိုယ်ခံအားစနစ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ထို့နောက် ရောင်ရမ်းခြင်းနဲ့ အခြားသောဓါတ်မတည့်မှုလက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။
အစားအစာများနဲ့ဓါတ်မတည့်မှု ၆၀ရာခိုင်နှုန်းလောက်က ပန်းဝတ်မှုတွေနဲ့ ဓါတ်ပြုခြင်းကြောင့်ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ အမေရိကန်မှာဆိုရင် ဘာ့ရှ်ဝတ်မှုန်က အဖြစ်များဆုံးပါ။ ဒါပေမယ့်လည်း သစ်ပင်၊ပန်းပင်၊ ပေါင်းပင်နဲ့ မြက်ပေါင်းများစွားတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ခံတွင်း၌ဓါတ်မတည့်သောရောဂါကို အောက်ပါဓါတ်မတည့်မှုတို့ဖြင့် နောက်ကြောင်းပြန်လိုက်နိုင်ပါတယ်။
သစ်ပင်များ
မြက်များ
ပေါင်းပင်များ
ခံတွင်း၌ဓါတ်မတည့်သောရောဂါဖြစ်ပွားစေတတ်သော အတွေ့များသည့်အစားအစာများ
သစ်သီးများ
ဟင်းသီးဟင်းရွက်များ
အခြား
အမေရိကန် ဓါတ်မတည့်မှု၊ ပန်းနာရင်ကြပ်နဲ့ ကိုယ်ခံအားဗေဒ ကောလိပ်ရဲ့အဆိုအရ ဘာ့ရှ်ဝတ်မှုန်၊ မြက်ပင်ဝတ်မှုန်နဲ့ ရက်ဝိဝတ်မှုန်တို့ဖြင့် ဓါတ်မတည့်သောသူတွေဟာ ခံတွင်း၌ဓါတ်မတည့်သောရောဂါဖြစ်ပွားနိုင်ခြေများပါတယ်။
ကလေးငယ်တွေမှာတော့ ထိုရောဂါမဖြစ်ပွားတတ်ပါဘူး။ ဓါတ်မတည့်စေတတ်တဲ့အရာတွေ စားပြီးရင်တော့ ထိုရောဂါဖြစ်ပွားနိုင်ပါတယ်။ ဝတ်မှုန်ကူးတဲ့လတွေဖြစ်တဲ့ အေပရယ်၊ မေနဲ့ ဂျွန်လတို့က ခံတွင်း၌ဓါတ်မတည့်သောရောဂါအဖြစ်ပွားနိုင်ဆုံးလတွေပါ။ စက်တင်ဘာနဲ့ အောက်တိုဘာလတို့က ရွက်ကြွေပြီး သစ်စေ့တွေပေါတဲ့အတွက်ကြောင့် ထိုလတွေမှာလည်း ပြန်လည်ဖြစ်ပွားတတ်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ခံတွင်း၌ဓါတ်မတည့်သောရောဂါကို စစ်ဆေးအတည်ပြုဖို့ အဆင့်ပေါင်းများစွာလိုအပ်ပါတယ်။ ဆေးရုံသုံးနဲ့ ဓါတ်ခွဲခန်းသုံးနည်းလမ်းတို့ပါဝင်မှာပါ။
ဆေးရုံဆေးခန်းသုံးနည်းများ
ထိုနည်းလမ်းတွေက အသုံးများဆုံးပါ။ ရောဂါအဖြေရှာအတည်ပြုခြင်းက ဓါတ်မတည့်မှုကြောင့် နှာခေါင်းအတွင်းပိုင်းရောင်ခြင်းနဲ့ လတ်ဆတ်သော သစ်သီးသစ်ရွက်တွေ စားသောက်ပြီး ယားယံခြင်း၊ယွစိစိဖြစ်ခြင်းတို့ကို အတည်ပြုဖို့လိုအပ်ပါတယ်။ လူနာအများစုမှာ ယားယံခြင်း၊ရောင်ရမ်းခြင်းတွေနဲ့ အချို့သောအစားအစာတွေ စားသုံးမှုက ဆက်စပ်မှုရှိနေတယ်လို့ ပြပါတယ်။
အချို့သောလူနာတွေမှာ အစားအသောက်အချို့ဖယ်ထုတ်သော စားသောက်နည်းပုံစံကို ပြုလုပ်စေပါတယ်။ ဓါတ်မတည့်မှုဖြစ်စေသည်ဟု ထင်ရသော အစားအစာအချို့ကို ဖယ်ထုတ်ပြီး အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ကာ ကွဲပြားမှုရှိမရှိကြည့်ပါတယ်။
ဓါတ်ခွဲခန်းသုံးနည်းများ
လူနာလက်မောင်းမှာ ဓါတ်မတည့်မှုစစ်ဆေးခြင်း ပြုလုပ်ပါမယ်
အထူးပြုလုပ်ထားတဲ့အပ်လေးနဲ့ စွပြီး ဖြစ်ပေါ်လာမယ့် ဓါတ်ပြုခြင်းအတိုင်းအတာကို ကြည့်မှာပါ။ အပ်ထိုးစစ်ဆေးခြင်း၊ ခြစ်ပြီးစစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းတို့ပါဝင်ပါတယ်။ အရေပြားစမ်းသက်မှုအတွက် ကျောကုန်း သို့မဟုတ် လက်တို့မှာ မျဉ်းကြောင်းဆွဲပြီး ဝတ်မှုန်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အဆီးအနှစ်တို့ကို အသုံးပြုကာ စမ်းသပ်မှာပါ။ ၁၅အကြာမှာ သတ်မှတ်အရေပြားပေါ်မှာ ပေါ်လာမယ့် အရာတိုင်းကို တိုင်းတာပြီး ဓါတ်ပြုမှုပမာဏ ဆုံးဖြတ်မှာပါ။
ဝတ်မှုန်ဖြင့် အပ်ထိုးစမ်းသပ်နည်းက အပေါင်းလက္ခဏာပြသော်လည်း အစားအစာက ဓါတ်ပြုမှု မဖြစ်စေဘူးဆိုရင်တော့ သံသယရှိတဲ့ အစားအစာကို စားသောက်ပြရပါလိမ့်မယ်။ ထိုအစားအစာ စားပြီး ခဏနေမှာ ဓါတ်ပြုမှုပေါ်ပေါက်လာမယ်ဆိုရင် ရောဂါရှိမှုကို အတည်ပြုပါတယ်။
တချို့အခြေအနေတွေမှာ သွေးစစ်မှုက ရောဂါတွေကို စစ်ဆေးအတည်ပြုနိုင်စေမှာပါ။ ပထမဆုံး သွေးထဲရှိ ပဋိပစ္စည်းပမာဏကို သိအောင် လုပ်မှာပါ။ ပြီးနောက် အခြားစစ်ဆေးမှုတို့ဖြင့် တိကျသောပဋိပစ္စည်းအမျိုးအစားကို ရှာဖွေမှာပါ။ အရေပြားမှုစမ်းသပ်မှုတွေက လက်တွေ့အသုံးမပြုကြတော့ဘဲ သွေးဖြင့်သာ စစ်ဆေးကြပါတယ်။
ခံတွင်း၌ဓါတ်မတည့်သောရောဂါကို ဘယ်လိုကုသလဲ။
ခံတွင်း၌ဓါတ်မတည့်သောရောဂါအတွက် အကောင်းဆုံးကုသမှုကရှင်းပါတယ်။ ဓါတ်မတည့်မှုဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ကျဉ်လိုက်ပါ။
အလွယ်တကူဝယ်ယူရရှိနိုင်သောဆေးဝါးများဖြင့်ကုသခြင်း
ဓါတ်မတည့်မှုဖြင့်ပတ်သက်ပြီး ထုတ်ထားသော စာတမ်းအရ အလွယ်တကူဝယ်ယူရရှိနိုင်သော ဟစ်စတမင်းပိတ်ဆေးများ၊ ဟစ်စတမင်းဆန့်ကျင်ဆေးဝါးများ၊ ဟေးဖီဖာအတွက်ဆေးဝါးများကို ခံတွင်း၌ဓါတ်မတည့်သောရောဂါတွင် အသုံးပြုနိုင်ပါတယ်။ ဒိုင်ဖန်ဟိုက်ဒရာမင်း (Benadryl)နှင့် ဖီဆိုဖန်နဒင်း (Allegra) တို့ကို ဝတ်မှုန်များတဲ့နေ့တွေမှာ ဖြစ်သော ယားယံခြင်း၊ မျက်ရည်ထွက်ခြင်းနှင့် လည်ချောင်းယားယံခြင်းတို့ကို သက်သာစေဖို့အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံ ခံတွင်း၌ဓါတ်မတည့်သောရောဂါရဲ့ ဓါတ်ပြုမှုတွေကိုလည်း ဖိနှိပ်ထားပေးနိုင်ပါတယ်။
ကိုယ်ခံအားစနစ်ကိုကုသခြင်း
ခံတွင်း၌ဓါတ်မတည့်သောရောဂါအတွက် ကိုယ်ခံအားနစ်ကုထုံးခံယူနေတဲ့သူတွေက ဘာ့ရှ်ဝတ်မှုန်ဓါတ်ပြုမှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိတယ်လို့ တွေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ရောဂါတစ်ခုလုံးကိုတော့ မကျော်လွှားနိုင်သေးပါဘူး။
ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ အန္တရယ်မရှိလှပါဘူး။ ဒါကြောင့် GP နဲ့ပြနိုင်ပြီး ဓါတ်ပြုမှုတွေ ပျောက်သွားလည်း၊ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်း၌ဓါတ်မတည့်သောရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။