backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nosocomial infections (hospital-acquired nosocomial infections) (နိုဆိုကိုမီရယ် ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

နိုဆိုကိုမီရယ် ရောဂါပိုး ဆိုတာဘာလဲ။

နိုဆိုကိုမီရယ် ရောဂါတွေဟာ ဆေးရုံလိုမျိုးပတ်ဝန်းကျင်တွေကနေ ရရှိလာတာဖြစ်ပါတယ်။ ယခုအခါ နိုဆိုကိုမီရယ် ရောဂါကို ဆေးရုံမှရရှိသောရောဂါ/ကျန်းမာရေးစောင့်ရှောက်မှုမှရှိသောရောဂါ (HAI)လို့ ခေါ်ဝေါ်နေကြပါပြီ။ HAI လို့ခေါ်ဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောင်မှုမခံယူခင် ထိုရောဂါမဖြစ်နေဖို့ လိုအပ်ပါတယ်။

HAI အတွေ့ရများဆုံး လူနာဆောင်ကတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ပဲဖြစ်ပါတယ်။

HAI ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဆေးရုံတက်သူ၁၀ယောက်မှာ ၁ယောက်နှုန်း HAI ဖြစ်ပွားလျှက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

HAI ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

HAI ခေါ်ဖို့အတွက် အောက်ပါတို့ဖြစ်ရပါမယ်။

  • ဆေးရုံတက်ပြီး ၄၈နာရီအတွင်း
  • ဆေးရုံဆင်းပြီး ၃ရက်အတွင်း
  • ခွဲစိတ်ပြီး ရက်၃၀အတွင်း
  • ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ အခြားသောရောဂါဖြင့် ဆေးကုသမှုခံယူနေခြင်း

HAI ရဲ့ ရောဂါလက္ခဏာတွေက အမျိုးအစားအလိုက်ကွဲပြားပါတယ်။ အဖြစ်များဆုံး HAI အမျိုးအစားတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • ခွဲစိတ်ထားတဲ့နေရာပိုးဝင်ခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်းရောင်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • အဆုတ်ရောင်ခြင်း

ထိုပိုးဝင်ခြင်းတို့အတွက်ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ဒဏ်ရာမှသွေးထွက်ခြင်း
  • ဖျားခြင်း
  • ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း
  • ဆီးသွားရင် ပူလောင်ခြင်း၊ ဆီးသွားရခက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျောခြင်း

ဆေးရုံတက်နေစဉ် ရောဂါပိုးကူးစက်ခံရသူတွေဆိုရင် ပိုးဝင်တဲ့နေရာတွေမှာ နာကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်းတို့ခံစားရနိုင်ပါတယ်။ တော်တော်များများက မြင်တွေ့နိုင်တဲ့ရောဂါလက္ခဏာတွေ ခံစားကြရမှာပါ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက HAI ဖြစ်ပွားစေသလဲ။

ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တို့က HAI ဖြစ်စေနိုင်ပါတယ်။ ၉၀ရာခိုင်နှုန်းလောက်က ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဆေးရုံတက်သူအများစုကလည်း ကိုယ်ခံအားနည်းနေတာကြောင့် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အောက်ပါတို့ကတော့ HAI ကို အများဆုံးဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေပဲဖြစ်ပါတယ်။

  • Staphylococcus aureus (S. aureus) က သွေးတွင်းပိုးဝင်ခြင်း ဖြစ်စေမှာပါ။
  • Escherichia coli (E. coli) က ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်စေမှာပါ။
  • Enterococci က ဆီးလမ်းကြောင်း၊ သွေးနဲ့ အနာ ပိုးဝင်ခြင်းတို့ဖြစ်စေမှာပါ။
  • Pseudomonas aeruginosa (P. aeruginosa) က ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်နဲ့ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်စေမှာပါ။

HIA ၁၁ ရာခိုင်နှုန်းလောက်က P.aeruginosa ကြောင့်ဖြစ်ပြီး ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်မားပါတယ်။

ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တို့က လူတစ်ယောက်နဲ့ တစ်ယောက်ကူးစက်ကြတာပါ။ ဆီးပိုက်ထည့်ခြင်း၊ အသက်ရှုစက်တပ်ခြင်းနဲ့ အခြားသောဆေးရုံးပစ္စည်းကိရိယာတို့လိုမျိုးအရာတွေနဲ့ မသန့်ရှင်းတဲ့လက်တွေကနေတစ်ဆင့် ကူးစက်ကြတာပါ။ ပဋိဇီဝပစ္စည်းတွေကို အလွန်အကျွန်နဲ့ မှားယွင်းစွာသုံးစွဲမယ်ဆိုရင်လည်း HAI ဖြစ်ပွားနှုန်း မြင့်မားလာနိုင်ပါတယ်။ ဆေးယဉ်ပါး ဘက်တီးရီးယားတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက HAI ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဆေးရုံတက်တဲ့သူတိုင်း HAI ဖြစ်ပွားနိုင်ပါတယ်။ ဘက်တီရီးယားအချို့ရဲ့ ကူးစက်နိုင်ခြေက အောက်ပါတို့အပေါ်မှာ မူတည်နေမှာပါ။

  • ဆေးရုံအခန်းဖော်
  • အသက်အရွယ် (အထူးသဖြင့် အသက်၇၀ကျော်နေခြင်း)
  • ပဋိပစ္စည်းသုံးခဲ့သောအချိန်ကာလ
  • ဆီးပိုက်ထိုး၊မထိုး
  • ICU ထဲတွင်အချိန်ကြာမြင့်စွာနေခြင်း
  • ကိုမာဖြစ်ဖူးခြင်း
  • ရှော့ခ်ဖြစ်ဖူးခြင်း
  • ထိခိုက်မှုများ
  • ကိုယ်ခံအားနည်းခြင်း

ICU မှာ တက်လိုက်တာနဲ့ ရောဂါဖြစ်နိုင်ခြေများသွားပါပြီ။ ကလေးကြပ်မတ်ကုသဆောင်တစ်ခုရဲ့ HAI ဖြစ်ပွားနိုင်ခြေက ၆.၁ကနေ ၂၉.၆ရာခိုင်နှုန်းရှိပါတယ်။ အော်ပရေရှင်းလုပ်ခဲ့တဲ့ လူအယောက်၃၀၀မှာ ၁၁ရာခိုင်နှုန်းက HAI ဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

HAI ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဥရောပနဲ့ မြောက်အမေရိကားမှာ ဆေးရုံတက်သူတို့ရဲ့ ၅-၁၀ရာခိုင်နှုန်းဖြစ်ပွားပါတယ်။ တောင်ဆာဟာရ အာဖရိကနဲ့ အာရှတို့မှာတော့ ဖြစ်ပွားနှုန်း ၄၀ရာခိုင်နှုန်းပါ။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

HAI ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

HAI ကို ဆရာဝန်တော်တော်များများက ရောဂါလက္ခဏာတွေ၊ မြင်တွေ့ပုံတွေနဲ့ ဆုံးဖြတ်ကြပါတယ်။ ရောင်ရမ်းခြင်း၊ အဖုအပိမ့်များထွက်ခြင်းတို့က ထိုနေရမှာ ပိုဝင်နေတာကိုပြတာ ဖြစ်နိုင်ပါတယ်။ ဆေးရုံမတက်ခင်ကတည်းက ဖြစ်လာတဲ့ ပိုးဝင်ခြင်းကိုတော့ HAI လို့ မသတ်မှတ်နိုင်ပါဘူး။ ဆေးရုံတက်နေစဉ်အတွင်းမှာ ရောဂါလက္ခဏာအသစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဆရာဝန်အားပြောပြရပါမယ်။

ဆီးစစ်၊ သွေးစစ်တို့လည်း ပြုလုပ်နိုင်ပါတယ်။

HAI ကို ဘယ်လိုကုသလဲ။

ကုသမှုတွေက ရောဂါပိုးအမျိုးအစားပေါ်မူတည်ပါတယ်။ ဆရာဝန်က ပဋိဇီဝဆေးတွေတိုက်ပြီး အိပ်ရာထဲနားနေခိုင်းပါလိမ့်မယ်။ သင့်တော်တဲ့အချိန်ရောက်တာနဲ့ ဆီးပိုက်လိုမျိုး ပစ္စည်းကိရိယာတွေကို အမြန်ဆုံးဖြုတ်ပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက HAI ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်နေထိုင်မှုပုံစံ၊ အရည်လုံလောက်စွာသောက်သုံးခြင်းနဲ့ အနားယူခြင်းတို့က အလိုအလျောက်ပြန်ကုစားနိုင်စွမ်းကို မြန်စေပြီး ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ပေးပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement