backup og meta

Neurofibromatosis (အာရုံကြောတစ်ရှူးများတွင် အလုံးအကျိတ်ဖြစ်သော မျိုးရိုးဗီဇရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Neurofibromatosis ဆိုတာ

    Neurofibromatosis ဆိုတာ မျိုးရိုးလိုက်တဲ့အာရုံကြောစနစ် ပုံမှန်မဟုတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီရောဂါက ဖွံ့ဖြိုးကြီးထွားမှုနဲ့ အာရုံကြောဆဲလ်တစ်ရှုးတွေဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒီရောဂါကိုneurofibromatosis type 1(NF1) andneurofibromatosistype 2 (NF2) နဲ့ ရှားပါးတဲ့ neurofibromatosisရောဂါတစ်မျိုးတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါအကြောင်းကိုတော့ လူသိပ်မသိကြပါဘူး။neurofibromatosis type 1(NF1) ကအဖြစ်များပါတယ်။

    ရောဂါလက္ခဏာများ

    neurofibromatosisရောဂါ မျိုးရဲ့ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။

    Neurofibromatosis 1

    Neurofibromatosis 1 (NF1) ကများသောအားဖြင့်မွေးကတည်းက (သို့)မွေဒပြီးသိပ်မကြာခင်ကာလမှာကတည်းကပေါ်လာတတ်တာဖြစ်ပါတယ်။မွေးကင်းစအရွယ်ကနေ အသက် ၁၀ နှစ်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပပါတယ်။

    ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အရေပြားပေါ်မှာကော်ဖီရောင် အစက်အပြောက်လေးတွေထွက်လာတာပဲဖြစ်ပါတယ်။ လူအများစုမှာ အဆိုပါလက္ခဏာလိုမျို းအရေပြားပေါ်မှာ အညိုရောင်ဖျော့ဖေျာ့ အစက်အပြောက်လေးတွေထွက်ပေါ်တတ်ပြီး အန္တရာယ်တော့မရှိပါဘူး။မွေးကတည်းကအရေပြားပေးမှာ အစက်အပြောက်တွေပါလာတတ်သလိုမွေးပြီးတစ်နှစ်အတွင်းမှာလည်းပေါ်လာတတ်ပါတယ်။ နာက်ပိုင်းမှာ အမြဲတမ်းလိုလို အရေပြားပေါ်မှာ အစက်အပြောက်လေးတွေဖြစ်သွားတတ်ပါတယ်။

    အညိုရောင်အစက်အပြောက်တွေက ချိုင်းကြား (သို့)ပေါင်ခြံဗတွမှာ ထွက်ပေါ်လေ့ရှိပါတယ်။ အညိုရောင်အစက်အပြောက်တွေက အသက် ၃ နှစ်ကနေ ၅ နှစ်လောက်အရွယ်မှာ ထွက်ပေါ်လာတတ်ပါတယ်။ အညိုရောင်အစက်အပြောက်တွေကမွေးရာပါအမှတ်တွေထက်သေးငယ်ပြီး အရေပြားပေါ်မှာ အစုလိုက်ကလေးတွေတွေ့ရတတ်ပါတယ်။

    မျက်လုံးထဲမှာအဖုငယ်လေးတွေပေါက်တတ်ပါတယ်။ အန္တရာယ်မဖြစ်စေနိုင်တဲ့ အဆိုပါအဖုလေးတွေက အလွယ်တကူမမြင်နိုင်သလို အမြင်အာရုံကိုလည်း မထိခိုက်စေနိုင်ပါဘူး။

    ပျော့ပျော့ပျောင်းပျောင်းရှိတဲ့ အရေပြားအပေါ်နဲ့အတွင်းပိုင်းကအဖုလေးတွေက (neurofibromas) – ဒီပျော့ပျောင်းတဲ့ အကျိတ်တွေက အရေပြားအတွင်းပိုင်းနဲ့ အရေပြားအောက်ဘက်ပိုင်းမှာအဖြစ်များပြီး ခန္ဓါကိုယ်အတွင်းပိုင်းမှာလည်းဖြစပေါ်လေ့ရှိပါတယ်။ တခါတလေမှာ အဆိုပါအကျိတ်ဖုလေးတွေထဲမှာ အာရုံကြောတွေပါ ပါဝင်နေတတ်ပါတယ်။

    အရိုးတွေ ပုံပန်းမကျခြင်း – ပုံမှန်မဟုတ်တဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ အရိုးတွင်းမှာ သတ္တုဓါတ် သိပ်သည်းဆလျော့နည်းနေမှုတွေက ကျောရိုးကွေးတာ (သို့) ခြေထောက်ခွင်တာလိုမျိုး အရိုးတွေ ပုံပန်းမကျတာကိုဖြစ်စေနိုင်ပါတယ်။

    မြင်အာရုံကြောပေါ်မှာ အကျိတ်တည်တာ – ဒီအကျိတ်တွေက အသက် ၃ နှစ်အရွယ်လောက်မှာပေးလာတတ်ပါတယ်။ ၃ နှစ်နောက်ပိုင်းအရွယ်နဲ့မြီးကောင်ပေါက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေနည်းသွားပါပြီ။ အရွယ်ရေယက်လာတဲ့အချိန်မှာတော့လုံးဝကို မဖြစ်တော့ပါဘူး။

    သင်ယူမှုပိုင်းမှာ အားနည်းတာ – NF1ဝေဒနာခံစားနေရတဲ့ ကလေငယ်တွေမှာတွေးတောမှုပိုင်းမှာ ချို့ယွင်းအားနည်းလေ့ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ပြင်းထန်လေ့မရှိပါဘူး။ သင်ယူမှုပိုင်းမှာ မလုပ်ဆောင်နိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ စာဖတ်တာ (သို့) သချာၤစွမ်းရည်ပိုင်းမှာ အားနည်းတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အာရုံစိုက်နိုင်စွမ်းနည်းတာ၊ အတက်ကြွလွန်တာ (ADHD) လိုမျိုး လက္ခဏာတွေကတွေ့ရများပါတယ်။

    ပုံမှန်ထက် ဦးခေါင်းအရွယ်အစားကြီးနေတာ – NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တွေမှာ ဦးနှောက်အရွယ်အစားကပုံမှန်ထက် ပိုကြီးနေတာကြောင့် ဦးခေါင်းကပုံမှန်ထက်ပိုကြီးနေတာဖြစ်ပါတယ်။

    ပုံမှန်ထက် အရပ်နိမ့်တာ – NF1ရောဂါရှိတဲ့ ကလေးငယ်တွေက ပုံမှန်ထက်အရပ်အမောင်းနိမ့်နေတတ်ပါတယ်။

    Neurofibromatosis 2

    Neurofibromatosis 2 (NF2) က NF1လောက်အဖြစ်မများပါဘူး။ NF2 ကပုံမှန်အားဖြင့်တော့ပျော့ပျောင်းတဲ့အကျိတ်တွေဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။ နားနှစ်ဖက်စလုံးမှာ အကျိတ်ဖုလေးတွေ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ vestibular schwannomas လို့သိကြပြီး အဆိုပါအကျိတ်လေးတွေက အတွင်းနားဆီကနေ ဦးနှောက်ဆီကို အသံတွေနဲ့ သတင်းအချက်အလက်တွေပေးပို့ပေးတဲ့ အာရုံကြောပေါ်မှာဖြစ်တာဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေက ပုံမှန်အားဖြင့်တော့ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးတဲ့အချိန်မှာဖြစ်ပေါ်လာတတ်ပြီးရောဂါပြင်းထန်ရင်တော့ရောဂါလက္ခဏာတွေကပြောင်းလဲနိုင်ပါတယ်။ရောဂါ လက္ခဏာတွေက –

    • တဖြည်းဖြည်းချင်း အကြားအာရုံဆုံးရှုံးလာတာ
    • နားတွေအူနေတာ
    • မူးဝေတာ
    • ခေါင်းကိုက်တာတွေဖြစ်ပါတယ်။
    • တခါတလေမှာ NF2 က ဦးခေါင်းခွံပေါ်က အာရုံကြောတွေ၊ကျောရိုးအာရုံကြောတွေ၊အမြင်အာရုံဆိုင်ရာ အာရုံကြောတွေ၊ ခြေဖျားလက်ဖျားက အာရုံကြောတွေအပါအဝင်ခန္ဓါကိုယ်ရဲ့အခြားအာရုံကြောတွေပေါ်မှာschwannomasတွေကြီးထွားလာတာဖြစ်ပါတယ်။
    • ခြေတွေလက်တွေထုံကျဉ်တာ၊ လက်မောင်းတွေနဲ့ခြေထောက်တွေမှာ အင်အားချိနဲ့လာတာ
    • နာကျင်ကိုက်ခဲတာ
    • ခန္ဓါကိုယ် ဟန်ချက်မညီတာ
    • မျက်နှာအာရုံကြောတွေ ပျက်စီးတာ
    • အမြင်အာရုံတွေထိခိုက်လာတာ (သို့) အတွင်းတိမ်ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။

    Schwannomatosis

    ဖြစ်ခဲလှတဲ့neurofibromatosisရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက် ၂၀ နှစ်အထက်လူတွေမှာ အဖြစ်များပါတယ်။Schwannomatosis ကဦးခေါင်းခွံ၊ ကျောရိုးမကြီးနဲ့ ခြေဖျားလက်ဖျားတွေက မှာ အကျိတ်တွေဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒါပေမယ့်Schwannomatosis ကတော့ အတွင်းကနေ ဦးနှောက်ဆီကို သတင်းအချက်အလက်တွေပေးပို့တဲ့ အာရုံကြောပေါ်မှာ မဖြစ်ပါဘူး။Schwannomatosis ကNF2ဝေဒနာခံစားနေရတာကြောင့် အကြားအာရုံဆုံးရှုံးတာမျိုးတော့မဖြစ်စေပါဘူး။ အကျိတ်တွေက အကြားအာရုံဆိုင်ရာ နာဗ်ကြောနှစ်ခုစလုံးအပေါ်မှာဖြစ်ပေါ်လေ့မရှိပါဘူး။

    Schwannomatosis ကခန္ဓါကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ နာတာရှည် နာကျင်နေတာမျိုးခံစားရနိုင်ပါတယ်။ အခြားတွေ့ရ နိုင်တဲ့ရောဂါလက္ခဏာတွေကတော့

    • ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းတွေမှာ ထုံကျဉ်ပြီး အားနည်းနေတာ
    • ကြွက်သားတွေလျော့ရဲလာတာ

    အကြောင်းအရင်းများ

    Neurofibromatosis ကမျိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ မိဘတွေဆီကနေ လက်ဆင့်ကမ်းရရှိလာတာဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကတည်းကကူးစက်ခံနေရတာလည်းဖြစ်ပါတယ်။neurofibromatosisရောဂါအမျိုးအစားပေါ်မှာမူတည်ပြီးအခြေတည်ဖြစ်ပေးတဲ့ မျိုးဗီဇချင်းကွာခြားပါတယ်။

    NF1 – NF1 ရဲ့မျိုးဗီဇကchromosome 17 မှာဖြစ်တည်တာဖြစ်ပါတယ်။ အဆိုပါ မျိုးဗီဇက ပုံမှန်အားဖြင့် ဆဲလ်တွေကြီးထွားမှုကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့neurofibromin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်။

    NF2 – NF2 ရဲ့မျိုးဗီဇက chromosome 22 မှာဖြစ်တည်တာဖြစ်ပါတယ်။ သန္ဓေပြောင်းထားတဲ့ မျိုးဗီဇကmerlin ဆုံးရှုံမှုကိုဖြစ်ပေါ်စေပြီး မထိန်းချုပ်နိုင်လောက်အောင် ဆဲလ်ကြီးထွားမှုကိုဖြစ်စေပါတယ်။

    Schwannomatosis – အခုထိတော့schwannomatosis ကိုဖြစ်စေနိုင်တဲ့ မျိုးဗီဇ နှစ်မျိုးရှိတယ်၊လို့ပဲသိရပါသေးတယ်။

    Neurofibromatosis ကိုဘယ်လိုသိနိုင်မလဲ

    Neurofibromatosisရောဂါရှိ၊မရှိကိုအောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအပါအဝင် များစွာသောစမ်းသပ်မှုတွေလုပ်ဆောင်ပြီး စစ်ဆေးသိရှိနိုင်ပါတယ်။

    • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးစမ်းသပ်မှု
    • ရောဂါဖြစ်ဖူးတဲ့ဆေးမှတ်တမ်းရှိတာ
    • မျိုးရိုးရှိတာ
    • X – rays
    • Computerized tomography (CT) scans
    • Magnetic resonance imaging (MRI)
    • အသားစယူစစ်ဆေးခြင်း
    • မျက်လုံးစမ်းသပ်ခြင်း
    • အကြားအာရုံနဲ့ ကိုယ်ခန္ဓါဟန်ချက်ညီ၊မညီ စစ်ဆေးခြင်း
    • မျိုးဗီဇ စစ်ဆေးခြင်း

    Nf1 ရဲ့နောက်ဆက်တွဲရောဂါများ

    အမြင်အာရုံ (သို့) အကြားအာရုံဆိုင်ရာ နဗ်ကြောပေးမျာ အကျိတ်ဖြစ်နေမယ်ဆိုရင်တော့ အမြင်အာရုံ နဲ့ အကြားအာရုံဆိုင်ရာပြဿနာတွေတွေ့ကြုံခံစားရနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ သင်ယူမှုပိုင်းဆိုင်ရာ အခက်အခတြွေနဲ့တွေ့ကြုံရနိုင်သလို အပြုအမူပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တော်တော်များများက သင်ယူမှုပိုင်းမှာ အခက်အခဲရှိတာမျိုးတွေတွေ့ကြုံခံစားရနိုင်ပါတယ်။

    ထဒင်္ဂမှတ်ဉာဏ်၊ အကွာအဝေးခန့်မှန်းတာနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းမှာအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    အခြားဖြစ်တတ်တဲ့နောက်ဆက်တွဲရောဂါတွေကတော့ –

    • အတက်ရောဂါ
    • ဦးခေါင်းကြီးတာ
    • အရေပြားမှာ အကျိတ်ဖြစ်တာ။ တခါတလေမှာ ကင်ဆာဖြစ်တာမျိုးအထိဖြစ်နိုင်ပါတယ်။
    • ကျောရိုးဆစ်စောင်းတာ
    • မျက်လုံးအာရုံကြောတွေမှာ အကျိတ်ဖြစ်ပြီး အမြင်အာရုံဆိုင်ရာပြဿနာတွေခံစားရတာ
    • သွေးတိုးတာ
    • စကားပြောဆိုရာမှာ အခက်အခဲဖြစ်လာတာ
    • အရပ်နိမ့်တာ
    • အရိုးတွေမှာပြဿနာရှိနေတာ
    • အပျိုးဖော်ဝင်ချိန်နောက်တာမျိုး (သို့) အပျိုဖော်ဝင်ချိန်စောတာမျိုးဖြစ်ပေါ်ခံစားရနိုင်သလို လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုစောနေတာ (သို့)နောက်ျကတာတွေခံစားရနိုင်ပါတယ်။

    Nf2 ရဲ့နောက်ဆက်တွဲရောဂါများ

    Nf2ဝေဒနာခံစားရတဲ့သူတွေမှာ အရေပြားအကျိတ်တွေဖြစ်စေနိုင်ပါတယ်။ အကျိတ်တွေ ကြီးထွားလာသလား၊ ပုံသဏ္ဍာန်ပြောင်းလဲလာ သလားဆိုတာနဲ့ နာကျင်သလားဆိုတာတွေကိုတော့စောင့်ကြည့်ဖို့လိုပါတယ်။

    ဦးနှောက်ထဲမှာဖြစ်တဲ့ အကျိတ်တွေက ဦးနှောက်အစိတ်အပိုင်းတွေအပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်စေနိုင်သလို တက်တာ၊အကြောဆွဲတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်သလို အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့မူးဝေတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ်တာမျိုးအထိလည်းခံစားရနိုင်ပါတယ်။

    ပင်မကျောရိုးမမှာ အကျိတ်တွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ကျောရိုးတဝိုက်က အာရုံကြောတွေပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်ပြီးခြေလက်တွေ တုန်တုန်ယင်ယင်ဖြစ်တာ၊ခြေလက်တွေ ထုံကျဉ်တာ၊နာကျင်တာတွေဖြစ်ပေးခံစားရနိုင်ပါတယ်။ လည်ပင်းတယိုက်မှာ အကျိတ်တွေဖြစ်ပေးမယ်ဆိုရင်တော့ပြုံးရခက်တာ၊ မျက်တောင်ခတ်မရတာနဲ့ အစားအစာေတွေမျိုချရခက်တာမျိုေးတွဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement