backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကဘာလဲ။

ဇက်ကြောဒဏ်ဖြစ်တယ်ဆိုတာ ကြွက်သားအမျှင်တစ်ချို့ စုတ်ပြဲခြင်းကြောင့် ဖြစ်ပါတယ်။ ကြွက်သားအနည်းငယ်သာ စုတ်ပြဲမယ်ဆိုရင် အဆင့်၁ဖြစ်ပြီး ကြွက်သားအမျှင်၉၀%စုတ်ပြဲမယ်ဆိုရင် အဆင့်၂ဖြစ်ပါတယ်။ လုံးဝစုတ်ပြဲသွားမယ်ဆိုရင်တော့ အဆင့်၃ပါ။ အဆင့်၃ကတော့ ဇက်မှာအဖြစ်နည်းပြီး ဖြစ်မယ်ဆိုရင်လည်း ဒဏ်ဖြစ်တယ်လို့မခေါ်တော့ပါဘူး။

ဦးခေါင်းနဲ့လည်ပင်းတို့ ရုတ်တရက်လှုပ်ရှားလိုက်တာမျိုး ဒါမှမဟုတ် ထိမိခိုက်မိတာမျိုးကြောင့် ဒဏ်ဖြစ်နိုင်ပါတယ်။ ပြုတ်ကျတာတို့၊ ကားအက်စီးဒင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Whiplash ဆိုပြီးခေါ်ကြပါတယ်။ ဖုန်းကို ခေါင်းနဲ့ပခုံးညှပ်ထိန်းထားခြင်း ဒါမှမဟုတ် အိပ်နေကျပုံစံမျိုးနဲ့မအိပ်ခြင်း ( ဥပမာ ထိုင်လျက်အိပ်ခြင်း) လိုမျိုး ကိုယ်အနေအထားမမှန်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင် ဇက်နာနိုင်ပါတယ်။

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာကတော့ ဇက်နာတာပါပဲ။ ရံဖန်ရံခါ လှုပ်ရှားနိုင်မှုလျော့နည်းသွားခြင်းနဲ့လည်း တွဲနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီးနောက် ဇက်နာနိုင်သော်လည်း အစပိုင်းမှာတော့ နေသာထိုင်သာရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောင်ရမ်းခြင်းတွေက ဖြည်းဖြည်းချင်းဖြစ်လာတတ်လို့ပါ။ ဖြစ်ဖြစ်ချင်းနာမယ်ဆိုရင်တော့ အခြေအနေက ထင်တာထက်ပိုပြင်းထန်နေမယ်ဆိုတာကို ဖော်ပြပါတယ်။ Whiplash ထိခိုက်ဒဏ်ရာရခြင်းက ဖြစ်တဲ့နေ့မှာတော့ နေရထိုင်ရအဆင်ပြေပါတယ်။ နောက်တစ်နေ့မနက်နိုးလာပြီးဆိုတာနဲ့ နာကျင်လာပြီး လှုပ်ရှားနိုင်မှုတွေ လျော့နည်းသွားပါတယ်။

အခြားလက္ခဏာတွေကတော့ အရင်ကလုပ်နိုင်ခဲ့တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ခြင်းပဲဖြစ်ပါတယ်။ အားနည်းခြင်း၊ ထုံကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ လှုပ်ရှားမှုတွေညီညွတ်မှုမရှိတော့ခြင်းနဲ့ မူးဝေခြင်းလိုမျိုး အာရုံကြောထိခိုက်မိခြင်းနဲ့ အာရုံကြောညှပ်ခြင်း လက္ခဏာတွေကို သတိထားရပါလိမ့်မယ်။ ဇက်ကြောဒဏ်ဖြစ်ခြင်းက ပြန်ရည်ဖုတွေကိုတော့ မကြီးစေပါဘူး။

ဇက်ကြောတောင့်ခြင်းဆိုးရွားလာမယ်ဆိုရင် ဇက်ကနေတစ်ဆင့်ခါးသို့ ပြန့်နှံ့သွားတတ်ပါတယ်။ ဝါးရခက်ခြင်း၊ မျိုရခက်ခြင်းနဲ့ အသက်ရှုရခက်ခြင်းတို့ကတော့ ဖြစ်ခဲပါတယ်။ ယင်းလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဖြင့် ဆက်သွယ်ပေးပါ။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ လက္ခဏာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် မဖော်ပြထားသော လက္ခဏာတွေ ခံစားနေရမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံခြင်း မတူကြပါဘူး။ မိမိအခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

လည်ပင်းမှာ ထိခိုက်ဒဏ်ရာတွေရတာကြောင့် ဒဏ်ဖြစ်ရတာပါ။ ထိုဒဏ်ရာတွေကတော့ Whiplash လို့ခေါ်တဲ့ ဇက်နောက်လန်ခြင်းနဲ့ ဇက်အရမ်းငုံ့ခြင်းကြောင့် ဖြစ်ရတာပါ။ ဇက်လည်ခြင်းနဲ့ ဖိအားပေးခြင်း (ထိခိုက်မိတဲ့အားက ခေါင်းအပေါ်တည့်တည့်ကနေဖြစ်တာပါ) တွေကြောင့် ဇက်ကြောဒဏ်ဖြစ်ပြီး တစ်ရှုးပျော့တွေဒဏ်ရာရနိုင်ပါတယ်။

မော်တော်ယာဉ်မတော်တဆမှုတွေမှာ Whiplash ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နိုင်ပါတယ်။ ခါးပတ်ပတ်ထားတဲ့သူဟာ ကားရှေ့ကနေယာဉ်တိုက်မှုဖြစ်မယ်ဆိုရင် ခေါင်းကရှေ့ကို အားနဲ့ရွေ့သွားပြီး နောက်ကိုအားနဲ့ ပြန်လန်ပါတယ်။ ဘေးကနေတိုက်မိမယ်ဆိုရင် ခေါင်းကဘေးကို အားနဲ့စောင်းသွားပါမယ်။ နောက်ကနေတိုက်မိမယ်ဆိုရင်တော့ နောက်ကိုလန်သွားမှာ ဖြစ်ပါတယ်။ အထက်ပါတို့ကို Whiplash ဒဏ်ရာရခြင်းလို့ ခေါ်ပါတယ်။

အချိန်ကြာကြာနှင့် ထပ်ခါထပ်ခါ ဇက်မတ်နေဖို့လိုတဲ့ အလုပ်တွေမှာ Microtrauma ရပြီး ဇက်ကြောဒဏ်ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေရမယ့်လူမျိုး အထူးသဖြင့် မော်နီတာက ကိုယ်နေကိုယ်ထားအမှန်နဲ့ ကြည့်ဖို့ အဆင်မပြေတဲ့ နေရာမျိုးမှာဆို ပိုဖြစ်နိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်မလုပ်ထားတဲ့ အနီး၊အဝေးမှုန်မျက်မှန်နဲ့ဆိုရင်လည်း မော့ကြည့်ရတာကြောင့် ဇက်ကြောဒဏ်ဖြစ်နိုင်ပါတယ်။ ယခုခေတ်မှာတော့ ပုခုံးနဲ့ခေါင်းကြားမှာ ဖုန်းညှပ်ပြောခြင်းကြောင့် ဖြစ်ကြတာပါ။ အလုပ်အားနေရင်တောင်မှ ကျွန်ပျူတာအမြဲတစေအသုံးပြုနေခြင်းက ဖြစ်နိုင်ခြေပိုများစေပါတယ်။

အချို့လူတွေကတော့ ကိုယ်နေကိုယ်ထားမှန်မှန်မအိပ်ရုံနဲ့တင် ဇက်ကြောဒဏ်ဖြစ်နိုင်ကြပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နာကျင်ခြင်း

နာကျင်မှုသိတဲ့ အာရုံတွေက လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဘယ်လောက်နာတယ်ဆိုတာသိဖို့ လူနာရဲ့ ဖော်ပြချက်ပေါ်မှာမူတည်ပြီး ကြည့်မှာပါ။ နာကျင်မှုကို အဆင့်ခွဲရပါလိမ့်မယ်။ အဆင့်ဝ(လုံးဝမနာကျင်ခြင်း)ကနေ အဆင့်၁၀(အဆိုးဝါးဆုံးနာကျင်ခြင်း)အထိ ရှိပါတယ်။ ယေဘုယျခြုံကြည့်ဖို့ ခက်ခဲသော်လည်း အောက်ပါလက္ခဏာတွေက ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဒဏ်ရာရတယ်ဆိုတာ ခန့်မှန်းဖို့ ကူညီပေးပါလိမ့်မယ်။

  • ကြွက်တက်မယ်၊ နာကျင်ကိုက်ခဲမယ်ဆိုရင် ကြွက်သားထိခိုက်ဒဏ်ရာရတာဖြစ်ပါတယ်။
  • စူးကနဲဆတ်ကနဲနာမယ်ဆိုရင် အာရုံကြောအရင်းထိခိုက်မိလို့ဖြစ်ပါမယ်။
  • အာရုံကြောတွေလည်းထိခိုက်နိုင်ပါတယ်။
  • အာရုံကြောထိခိုက်မိခြင်းမှာ ပျားတုတ်သလိုပူကနဲနာတဲ့အနာမျိုးလည်းဖြစ်နိုင်ပါတယ်။
  • အရိုးကိုထိခိုက်မိတာဆိုရင်တော့ အရိုးထိအောင် ကိုက်ခဲနာကျင်ရမှာပါ။
  • မခံမရပ်နိုင်အောင် ဆိုးဆိုးရွားရွားနာမယ်ဆိုရင် အရိုးကျိုးတာဖြစ်နိုင်ပါတယ်။
  • သွေးကြောတွေထိခိုက်မိမယ်ဆိုရင် ဘယ်ကမှန်းမသိဘဲတစ်ပြင်လုံးနာကျင်နိုင်ပါတယ်။

လူနာ၏နောက်ကြောင်းရာဇဝင်

ဆရာဝန်က နာကျင်မှုရဲ့အတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ ကြိုးပမ်းနေသလို၊ အခြားအရေးပါတဲ့ နယ်ပယ်တွေကိုလည်း အာရုံစိုက်ပါလိမ့်မယ်။

  • လူနာ၏အသက်အရွယ်
  • လူနာ၏ဒဏ်ရာရခဲ့ပုံ
  • လူနာ ဖြစ်ခဲ့ဖူးသောထိခိုက်ဒဏ်ရာများ
  • လူနာ၏ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာ
  • ခေါင်းထိခိုက်မှုရှိမရှိနှင့် သတိလစ်ခြင်းရှိမရှိ
  • ရောဂါလက္ခဏာဖြစ်ပေါ်ပုံနဲ့ ဖြစ်ပေါ်ချိန်
  • ဘယ်လိုနေရင် သက်သာသလဲ၊ ဘယ်လိုနေရင် ပိုဆိုးသလဲ
  • ရောဂါလက္ခဏာတွေက လည်းပင်းကနေ အခြားနေရာတွေသို့ ပြန့်နှံ့ခြင်း
  • အားနည်းခြင်း၊ အာရုံခံစားမှုပြောင်းလဲခြင်း၊ ယွစိစိဖြစ်ခြင်း၊ ဝမ်းနဲ့ဆီးအိပ် လုပ်ဆောင်မှုတွေပြောင်းလဲခြင်း
  • ခံယူခဲ့ပြီးသော ကုသမှုများနှင့် ရလဒ်များ

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များ

လည်ပင်းဒဏ်ဖြစ်ခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို မျက်လုံးဖြင့်ကြည့်ရှုခြင်း၊ ကြွက်သားနှင့်အခြားအစိတ်အပိုင်းများကို ထိကိုင်ကြည့်ခြင်း၊ လည်ပင်းရှိသွေးကြောများကိုစမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစမ်းသပ်ခြင်းတို့နှင့် နောက်ဆုံး လှုပ်ရှားနိုင်မှုစွမ်းရည်စမ်းသပ်ခြင်းဆိုပြီး အပိုင်းတွေခွဲခြားထားပါတယ်။ ထိခိုက်ဒဏ်ရာရမှုအများစုမှာတော့ အရိုးကျိုးခြင်းနဲ့ အဆစ်လွဲခြင်းတို့အတွက် ဓါတ်မှန်ရိုက် စစ်ဆေးမှုမပြီးမချင်း ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အကုန်လုံးပြီးအောင် မလုပ်ပါဘူး။

မျက်လုံးဖြင့် ကြည့်ရှုစစ်ဆေးခြင်း

ဆရာဝန်က လူနာကို အခန်းထဲမှာ လမ်းလျောက်ကြည့်စေပါမယ်။

လူနာ၏ ကိုယ်နေကိုယ်ဟန်၊ ခြေလှမ်း၊ မျက်နှာထား၊ စိတ်ပါမှုနဲ့ လမ်းလျောက်ရတာလွယ်ကူလား၊ ခက်ခဲနေလားဆိုတာကို ကြည့်ရှုမှာပါ။

ခေါင်းကတစ်ဖက်တစ်ချက်ကို လည်သွားလားဆိုတာကိုလည်း အာရုံစိုက်ပါလိမ့်မယ်။ ထိုသို့ဖြစ်နေခြင်းက Torticollis လို့ခေါ်တဲ့ လည်ပင်းကြွက်သားအကြောဆွဲနေတာကို ပြတာပါ။

လူနာ၏မေးစေ့နဲ့ဦးခေါင်း အနေအထား၊ ကိုယ်နေကိုယ်ဟန်နှင့် Trapezius ကြွက်သားကလုပ်ပေးနေသော လည်ပင်းရဲ့ ဟိုက်ဘက်ဒီဘက် ဘက်ညီမှုရှိမရှိတို့ကို မှတ်သားထားမှာပါ။

လူနာထိုင်နေချိန်တစ်ခါနဲ့ ထနေချိန်တစ်ခါ ဦးခေါင်းနဲ့လည်ပင်းတို့၏ပုံစံကို ကြည့်ရှုနိုင်ပါတယ်။

ထူးခြားမှုတွေကို မှတ်သားထားမှာပါ။

ပခုံးအနိမ့်အမြင့်ညီမညီကိုလည်း ကြည့်ပါလိမ့်မယ်။ အနိမ့်အမြင့်မညီခြင်းက ကြွက်သားဆက်တိုက်ညှစ်နေတာကို ပြသတာပါ။

လက်တစ်ဖက်မှာ သွေးလျောက်မှုပြဿနာ ရှိမရှိသိဖို့ အမြင်ဖြင့်လုံလောက်ပါတယ်။ လည်ပင်းရှိသွေးခုန်နှုန်းတွေစမ်းသပ်ပြိး သွေးတွေပြည့်ကြပ်နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေတွေ စစ်ဆေးမှာပါ။ နားကြပ်နဲ့လည်း ပုံမှန်မဟုတ်တဲ့အသံတွေ ကြားရခြင်းရှိ၊မရှိလည်း ကြည့်အုန်းမှာပါ။ လည်ပင်းရှိ သွေးပြန်ကြောသွေးပေါင်ချိန် မြင့်မားနေသလား ရှာဖွေပါလိမ့်မယ်။ လေပြွန်ကိုလည်းစစ်ဆေးမှာပါ။ အထူးသဖြင့် အသံအောသလားကြည့်မှာပါ။

လူနာ၏ ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို လက်ဖြင့်စမ်းသပ်ပါလိမ့်မယ်။ တစ်ရှုးတင်အား၊ ချောမွတ်မှုနဲ့ အထူးအပါး၊ နာကျင်မှု၊ ပုံမှန်မဟုတ်သော အာရုံခံစားမှုတို့ကို စမ်းသပ်တဲ့နေရာမှာ လက်ဖြင့်စမ်းသပ်ခြင်းက အသုံးဝင်ပါတယ်။ ဒါ့အပြင် အပူချိန်အပြောင်းအလဲ၊ခြောက်သွေ့မှု၊ တုန်ရီခြင်းနဲ့ ကြွက်သားညစ်ခြင်းတို့ကိုလည်း သိရှိနိုင်ပါတယ်။

လည်ပင်းမှာရှိတဲ့ အာရုံကြောတွေ၊ကြွက်သားတွေ ပျက်စီးမှုရှိမရှိကို စစ်ဆေးဖို့ ကြွက်သားနဲ့အာရုံကြောစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ယင်းစစ်ဆေးမှုတွေကတော့ ကြွက်သားစမ်းရည်၊ လှုပ်ရှားနိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းတို့ကို သိရှိဖို့ လူနာ့ခန္ဓါကိုယ်အား မိမိဘာသာလှုပ်ရှားစေခြင်းနှင့် ဆရာဝန်အကူအညီဖြင့် လှုပ်ရှားစေခြင်းတို့ ပြုလုပ်စေမှာပါ။

လူနာ၏နောက်ကြောင်းရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနှင့် တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုသော ပုံရိပ်ဖော်နည်းပညာတွေအသုံးပြုခြင်းဖြင့် လည်ပင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရှိမရှိကို ဆရာဝန် ကောက်ချက်ချစေနိုင်ပါတယ်။ ထိုသို့ကောက်ချက်ချနိုင်မှ ကုသမှုတွေကို ရွေးချယ်နိုင်မှာပါ။

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က လူနာ၏အခြေအနေကို ကြည့်ရှုပြီးနောက် ဒဏ်ရာတွေကုသဖို့ မိသားစုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပါလိမ့်မယ်။ စဉ်းစားချိန်ပေးပါလိမ့်မယ်။ ထိုအချိန်က ပြန်လည်းကောင်းမွန်နေတဲ့ အချိန်ထဲမှာ ပါသွားနိုင်ပါတယ်။ လည်ပင်းဒဏ်ဖြစ်ခြင်းအများစုက သင့်တော်တဲ့ဂရုစိုက်မှုရှိမယ်ဆိုရင် သူ့ဘာသာသူပျောက်ကင်းသွားတတ်ကြပါတယ်။ လူတော်တော်များများဟာ အထူးကုသနည်းတွေ မလိုအပ်ကြပါဘူး။

ရောဂါလက္ခဏာတွေ သက်သာစေဖို့ အနားယူပြီး ရေနွေးကပ်ပေးပါ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြည်းဖြည်းချင်း ပုံမှန်ပြန်လည်ပြုလုပ်သွားပါ။

၂ပတ်၊၃ပတ်လောက်အကြာမှာ နာကျင်မှုတွေ မပျောက်သွားဘူးဆိုရင်တော့ နောက်ထပ်ကုသမှုတွေ ထပ်လုပ်ရပါတော့မယ်။

Osteopathic manipulative therapy/OMT ကုသနည်း၊ အရိုးနှင့်အဆစ်အမြစ်ပြင်ဆင်နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသခြင်းနှင့် ဗဟိဒ္ဓကုထုံးတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။

နာကျင်ကိုက်ခဲမှုကြာရှည်နေသော သူတို့အတွက် အိမ်တွင်း Cervical Traction အပါအဝင် ကုသနည်းအမြောက်အများတို့ကို ဆရာဝန်နှင့် ဗဟိဒ္ဓကုထုံးဆရာတို့ထံတွင် ရရှိနိုင်ပါတယ်။ လိုအပ်ပါက အခြားကျွမ်းကျင်သူတွေထံညွှန်ကြားပေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

လည်ပင်းဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

  • နာကျင်မှုကမဆိုးရွားဘူး၊ ထုံကျင်၊အားနည်းခြင်းနဲ့ အခြားအာရုံကြောထိခိုက်ခြင်းလက္ခဏာတွေ မရှိဘူးဆိုရင် လည်ပင်းဒဏ်အသေးစားလေးကို အိမ်မှာပဲ ကုသပျောက်ကင်းနိုင်ပါတယ်။
  • အတော်အသင့် နာကျင်နေမယ်ဆိုရင် အိမ်မှာအနားယူဖို့လိုပါတယ်။ Cervical collar နဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။
  • ခေါင်းအုန်းသေးသေးလေးကို ဇက်ပိုးနောက်မှာထားပေးခြင်းက သက်တောင့်သက်သာပုံစံရရှိစေပါမယ်။
  • ကြွက်သားညစ်ခြင်းကြောင့် ဖြစ်တဲ့နာကျင်မှုဆိုရင် အပူကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့်လည်း မြန်မြန်ပြန်ကောင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။
  • အိုင်ဗျူပရိုဖန် (Advil or Motrin) ဒါမှမဟုတ် Acetaminophen (Tylenol) လိုမျိုး NSAIDs ဆေးတွေနဲ့ အနာသက်သာစေနိုင်ပါတယ်။ Codeine လိုမျိုး မူးယစ်ဆေးတွေ လိုအပ်ရင် အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဆေးစာတော့ လိုပါလိမ့်မယ်။ ကြွက်သားပြေလျော့ဆေးတွေကိုလည်း ရံဖန်ရံခါ အသုံးပြုကြပါတယ်။ ထိုဆေးတွေကိုလည်း ဆရာဝန်ဆေးစာပါမှသာ ဝယ်ယူရရှိနိုင်ပါတယ်။
  • လည်ပင်းမဆန့်တန်းဖို့ ဂရုပြုရပါမယ်။ ဘာကြောင့်လဲဆိုတာ နာကျင်မှုတွေ ပိုဆိုးသွားနိုင်လို့ပဲဖြစ်ပါတယ်။ ကိုယ်ကာယစွမ်းအင်အလွန်သုံးရတဲ့ အလုပ်တွေကလွဲပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်တက်ကျွကျွပုံမှန်ဆောင်ရွက်ပေးပါ။ ဆရာဝန်ထံမှ ထောက်ခံချက်ရယူပါ။

မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement