backup og meta

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

    ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့ အလုပ်လုပ်သူတွေ၊ ကွန်ပျူတာ အသုံးများသူတွေမှာသာ ကြားရလေ့ ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေ ပေါလာတာနဲ့အမျှ မဖြစ်ဖူးသူ မရှိသလောက် ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ် သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံ မမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေ တောင့်တင်းတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့ ကို ပြောပြပေးလိုက်ပါတယ်။

    ဇက်ကြောတက်ရတဲ့ အကြောင်းရင်းတွေထဲမှာ –

    ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

    ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့ ကတော့

    ကွန်ပျူတာ ကြည့်တဲ့အခါ ခါးဆန့်ပြီး ထိုင်ပါ

    ကွန်ပျူတာ မျက်နှာပြင် နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထား မှန်ကန်စွာ ထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကို ကိုင်းပြီး ထိုင်တာမျိုး၊ ကွန်ပျူတာ မျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။

    လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ

    လက်နှစ်ဖက်ကို ဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီ ခေါင်းကို စောင်းပြီး လည်ပင်းကြောတွေ ဆန့်ပေးပါ။ တစ်ခါစောင်းတိုင်း စက္ကန့် ၃၀လောက်ထားပြီး နောက်တစ်ဖက် ပြောင်းပါ။နောက်တစ်ဆင့်က ဘယ်လက်ကို တန်းအောင် မြှောက်တင်ပြီး လက်ဖျားထိပ် မော့ကြည့်ပါ (စက္ကန့် ၃၀)၊ပြီးရင် ညာလက်ကို မြှောက်ပါ။

    ရေနွေး သို့မဟုတ်ရေခဲကပ်ပါ

    ဒဏ်သက်သာအောင် ရေခဲ ကပ်ရမလား၊ရေနွေး ကပ်ရမလား ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာတွေ အတွက်ရေခဲက ပိုကောင်းပြီး အရွတ်၊ အကြော၊ ကြွက်သားဒဏ် ဖြစ်တာတွေအတွက် ရေနွေးအိတ် သို့မဟုတ် ကြပ်ထုပ်က ပိုအဆင်ပြေပါတယ်။ အရမ်းတောင့်တင်းနေတာအတွက် သိပ်မပူတဲ့ ခပ်နွေးနွေး ကြပ်ထုပ်လေး ကပ်ပေးရင် အုန်းလွဲတာတောင် တဖြည်းဖြည်း သက်သာနိုင်ပါတယ်။

    နှိပ်နယ်ပါ

    လည်ပင်းတဝိုက်ကြွက်သားတွေကို နှိပ်နယ်ပေးခြင်းကတောင့်တင်းမှုကိုလျော့ပါးသက်သာစေပါတယ်။ အသာအယာနှိပ်နယ်တာက အဆင်ပြေပေမယ့်ပြင်းထန်လို့တော့မဖြစ်ပါဘူး။

    ရေဓါတ်ဖြည့်ပါ

    ရေသောက်တာနဲ့ဘာဆိုင်လို့လဲလို့ မတွေးပါနဲ့။ရေဓါတ်ပြည့်ဝနေတဲ့အခါ ဇက်ကြောတက်၊တောင့်တင်းနာကျင်တာတွေသက်သာနိုင်တယ်၊ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျောရိုးမကြီးရဲ့အဆစ်ပြားလေးတွေက ဟန်ချက်ညီအောင် ထိန်းညှိနိုင်ဖို့နဲ့ ခါးဆစ်ရိုးမှာ ဖိအားမဖြစ်စေဖို့ရေကိုလိုအပ်ပါတယ်။

    အလွယ်လေ့ကျင့်ခန်းလုပ်ပါ

    • ခေါင်းကို ရှေ့ငိုက်ချလိုက်၊ နောက်လှန်ချလိုက် လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ပါ။ ဘေးကို လှည့်တာလည်း တလှည့်စီ လုပ်ပါ။
    • ကြွက်သားတွေ တောင့်လာပြီလို့ ခံစားရရင် ခေါင်းကို ဘယ်ဘက် စောင်းချပါ(ဖြည်းဖြည်းချင်း)။ ပြီးရင် ညာဘက်ကို စောင်းပါ။ နည်းနည်းနာရင် နာနိုင်ပေမယ့် ဖြည်းဖြည်းလုပ်ရင် ဘာမှမဖြစ်ပါဘူး။
    • ဒီနည်းကို ဇက်ကြောတောင့်တင်းလာတိုင်း လုပ်လို့ ရပါတယ်။နေရတာ ပေါ့ပါးလာပါလိမ့်မယ်။

    အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့

    တစ်ပုံစံတည်းထိုင်နေတာကြာတဲ့အခါ လှုပ်လိုက်တာနဲ့ တစ်ကိုယ်လုံးအကြောအခြင်တွေတောင့်တင်းနေမှာသေချာလို့ပါ။

    မျက်မှန်တပ်သူဖြစ်ရင် ပါဝါအမြဲစစ်ပါ

    လက်ရှိတပ်ထားတဲ့ မျက်မှန်က ပါဝါကိုက်မှ ဖြစ်မှပါ။ မျက်မှန်ပါဝါ တက်နေတာ အသစ် မလဲရင် မျက်ရိုးကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်လာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement