Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 29, 2019 . 1 ဖတ်ရန် ကြာချိန်
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ကဘာလဲ။

မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်သည် မွေးရာပါ ကစီဓါတ်အလုပ်လုပ်မှု မကောင်းခြင်းဖြစ်ပြီး ယောကျာ်းလေးများတွင်သာဖြစ်တတ်သည်။ ခန္ဓါကိုယ်ရှိ အရိုး အရေပြား အရွတ် နှင့် အခြား တစ်သျူးများကိုတည်ဆောက်ပေးသည့် သကြားကိုမဖြိုခွဲနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသကြားဓါတ်သည် ဆဲလ်ထဲတွင် တည်ဆောက်ပြီး ခန္ဓါကိုယ်အနှံအပြား ဦးနှောက်ပါအပါအဝင်ကိုပျက်စီးစေသည်။ ဖြစ်ပေါ်ပုံသည် လူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါ။

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်နည်းပါတယ်။ အမျိုးသားတွေမှာ် ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ပါး ကြီးပြီး ဝိုင်းခြင်း

နှာခေါင်းကျယ်ခြင်း

နှုတ်ခမ်းထူခြင်း လျာကြီးခြင်း

မျက်ခုံးမွှေးထူခြင်း

ခေါင်းကြီးခြင်း

ကြီးထွားမှုနှေးခြင်း

အသားအရည် ထူပြီးကြမ်းခြင်း

လက်ဖဝါးများတိုပြီးကျယ်ခြင်း လက်ချောင်းများကောက်ခြင်းမာခြင်း

အဆစ်ပြသာနာများကြောင့် လက်ဖဝါးတွင် ထုံခြင်းအားနည်းခြင်း

ချောင်းဆိုးခြင်း အအေးမိခြင်းနှင့် လည်ချောင်းရောဂါပိုးဝင်ခြင်း

အသက်ရူလမ်းကြောင်းပြသာနာများ ညဘက်တွင် အသက်ရူရပ်ခြင်း သို့မဟုတ် အိပ်နေချိန် အသက်ရူရပ်ခြင်း

အကြားအာရုံပြသာနာများနှင့် နားရောဂါပိုးဝင်ခြင်း

လမ်းလျောက်ရခက်ခြင်းနှင့် ကြွက်သားအားနည်းခြင်း

ဝမ်းနှင့်ပတ်သတ်သောပြသာနာ ဥပမာ ဝမ်းလျောခြင်း

နှလုံးနှင့်ပတ်သတ်သောပြသာနာ နှလုံးအဆို့ရှင်ပျက်ဆီးခြင်းအပါအဝင်

အသဲ သရက်ရွက်ကြီးခြင်း

အရိုးထူခြင်း

အကယ်၍ ကောင်လေး၏ ဦးနှောက်ကိုထိပါက အောက်ပါအခြေအနေများတွေ့နိုင်သည်။

အသက်နှစ်နှစ်မှ လေးနှစ်တွင်အတွေးအခေါ် သင်ယူမှုပြသာနာများဖြစ်ခြင်း

စကားပြောရခက်ခြင်း

အပြုအမူဆိုင်ရာပြသာနာများ ဥပမာ ထိုင်နေရန်ခက်ခဲခြင်း ရန်မူခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါရှိသောယောက်ျားလေးသည် ပရိုတင်းအားမလုပ်နိုင်ပေ အဘယ်ကြောင့်ဆိုသော်အမေထံမှ ရသော ဒီအန်အေ ဟုခေါ်သော မျိုးရိုးဗီဇ တွင်ပြသာနာဖြစ်နေခြင်းကြောင့်ဖြစ်သည်။

အဖေထံတွင် မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ် ရှိပါက သမီးထံသို့ဗီဇ ရောက်သွားမည်ဖြစ်သော်လည်း ရောဂါမဖြစ်ပေ။ သို့သော်အမေ့ထံတွင်ပါရှိပါက ရောဂါဖြစ်နိုင်သည်။

အလွန်အလွန်ရှားစွာ မိသားစုမျိုးရိုးမရှိပဲလဲထဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

အခြားရောဂါမဟုတ်သည်ကို ဆရာဝန်မှ အရင်ဖယ်လိမ့်မည်။ ဆရာဝန်မှအောက်ပါတို့ကိုမေးနိုင်သည်။

ရောဂါလက္ခဏာဘယ်အချိန်မှာပေါ်သလဲ။

ဘယ်လိုသတိထားမိသလဲ

ဖြစ်လိုက်ပျောက်လိုက်လား

ပိုကောင်းလာလား ပိုဆိုးသွားလား။

မိသားစုမှာအာ့လိုဖြစ်ဖူးတဲ့သူရှိလား

အခြားမျိုးရိုးဆိုင်ရာရောဂါရှိတဲ့သူရှိလား။

ဆရာဝန်မှ လက္ခဏာ၏အခြားအကြောင်းကိုမရှာနိုင်ပါက မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ကိုအောက်ပါတို့လုပ်ပြီးစမ်းသက်လိမ့်မည်။

ဆီးထဲမှာသကြားဓါတ်များမများ

သူ့သွေး သို့မဟုတ် အရေပြားဆဲလ်တွင် ပျောက်နေသောပရိုတင်းရှိမရှိ။

ပုံမမှန်သောဗီဇ

မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ဟုသေချာပါက မိသားစုအတွင်း မျိုးရိုးပြသာနာများကိုရှာသင့်သည်။

သင်သည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ရှိသောကလေးရှိခြင်း သို့မဟုတ် မိမိတွင် ဗီဇရှိေကြောင်းသိရှိပြီးပါက ခုကလေးတွင်ရှိမရှိစမ်းသက်နိုင်သည်။ စောစောစမ်းသက်နိုင်ရန်ဆရာဝန်နှင့်တိုင်ပင်ပါ။

Mucopolysaccharidosis Type ii (မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်) ကို ဘယ်လိုကုသပါသလဲ

စောစီးစွာကုပါက အချို့ ကြာရှည်စွာပျက်စီးမှုများကိုသက်သာစေနိုင်သည်။

အင်ဇိုင်းပြန်ဖြည့်ပေးခြင်း ေ ကြာင့် ရောဂါဖျော့သောမျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ် ရှိသည့်ယောကျာ်းလေးများတွင်ရောဂါပိုဆိုးခြင်းကိုသက်သာစေနိုင်သည်။ ခန္ဓါကိုယ်မှမထုတ်ပေးနိုင်သော ပရိုတင်းကိုပြန်ဖြည့်ပေးသည်။ ထိုကုသမှုကြောင့်အောက်ပါတို့ပိုကောင်းစေသည်။

လမ်းလျောက်ခြင်း လှေကားတက်ခြင်းနှင့် အထွေထွေအခြေအနေကောင်းစေခြင်း

လှုပ်ရှားမှုနှင့် အဆစ်များတောင့်ခြင်း

အသက်ရူခြင်း

ကြီးထွားခြင်း

ဆံပင်နှင့်မျက်နှာပုံစံများ

ဦးနှောက်မထိသောသူများတွင် ထိုကုသမှုကိုပထမဆုံးပြုလုပ်သည်။ဦးနှောက်ရှိ ရောဂါကိုမနှေးစေပါ။

ရိုးတွင်းချည်ဆီနှင့် ချက်ကြိုးရှိသွေးကိုအစားထိုးခြင်း။ ထိုသို့အစားထိုးခြင်းကြောင့် ကလေးခန္ဓါကိုယ်အတွင်းသို့ ဆဲလ်များကိုသယ်ဆောင်ပေးပြီး ထိုဆဲလ်များက ပျောက်နေသော ပရိုတင်းကိုပြန်လုပ်ပေးသည်။ ထိုဆဲလ်အသစ်များက ကလေးဆဲလ်နှင့်တူသော ရိုးတွင်းချဉ်ဆီ အလှူရှင်သို့မဟုတ် ချက်ကြိုးသွေးမှရသောဆဲလ်များမှ ရယူသည်။

ကုသမှုနှစ်ခုလုံးသည် အန္ဓါရာယ်များသည်။ အခြားကုသမှုများအရမှ သူတို့ကိုသုံးသည်။ဦးနှောက်ထိခိုက်မှုရှိပြီးပါက အသုံးမဝင်ပါ။

ပိုပြင်းထန်သော မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ရှိသောယောက်ျားလေးများအတွက် ပိုထိရောက်သောကုသမှုများကိုလေ့လာနေသည်။

ရောဂါလက္ခဏာများကိုကုသခြင်း။ ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော် များများကိုထိခိုက်စေသော်ကြောင့် ဆရာဝန်တော်တော်များများနှင့်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်နိုင်သည်။

နှလုံးဆရာဝန်

နား နှာခေါင်းနှင့် လည်ချောင်းဆရာဝန်

မျက်စိဆရာဝန်

အဆုတ်ဆရာဝန်

စိတ်ကျန်းမာရေးဆရာဝန်

အာရုံကြောဆိုင်ရာဆရာဝန် ဦးနှောက်အာရုံကြောများနှင့်အလုပ်လုပ်သည်။

စကားပြောဆရာဝန်

ဆေးကုသခြင်း သို့မဟုတ် ခွဲစိတ်ခြင်း ကြောင့်အချို့သော နောက်ဆက်တွဲများကိုဖြစ်စေတတ်သည်။ ရုပ်ပိုင်းဆိုင်ရာကုသမှုများက အရိုး ကြွက်သားပြသာနာများကိုကူညီနိုင်သည်။ အလုပ်အကိုင်ပိုင်းဆိုင်ရာကုထုံးကြောင့် အိမ် ကျောင်းတွင်ပို အဆင်ပြေစေသည်။ မယ်လက်တိုနင် ကဲ့သို့ဆေးကုသမှုကြောင့်အိပ်ခြင်းနှင့်ပတ်သတ်သောပြသာနာကိုသက်သာစေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်မျူကိုပေါ်လီ ဆက်ခရိုက်ဒိုးစစ် ပုံစံနှစ်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လိုက်လျောညီထွေမှုရှိအောင်နေပါ။ အကောင်းဘက်ကမြင်ပါ။ အခြားသောသူများကမည်သို့ပြောရမည်မသိဖြစ်တတ်သောကြောင့် သူတို့အားစိတ်ရှင်းရှင်းနှင့်ပေါင်းပါ။

သူအား လူတယောက်ကဲ့သို့ဆက်ဆံပါ- သူ့စိတ်ဝင်စားမှု သိလိုမှု နှင့် သူ့အနေနိုင်မျ ားကိုလေးစားပါ။ သူဘာလိုအပ်လဲ သူ ဘာလုပ်နိုင်သလဲ ထိုအတွက်ဘာကူနိုင်သလဲစဉ်းစားပါ။

အဆစ်ကိုကျုံဆန့်သောလေ့ကျင့်ခန်းပါလုပ်ပါ။ ရုပ်ပိုင်းဆရာကုသသောဆရာဝန်နှင့်တိုင်ပင်ပါ။ ကိုင်ရလွယ်သော ကိုက်ရင်မပျက်သော အရုပ်ကြီးကြီး မျိုးပေးပါ။

သူငယ်ချင်းတည်ဆောက်မှုကိုအာပေးပါ။ ကလေးများနှင့် (သို့မဟုတ် သူတို့မိဘများနှင့်) မိမိသားအား မည်သို့ဆက်ဆံသင့်ကြောင်းရှင်းပြပေးပါ။ လက်တွဲလမ်းလျောက်ခိုင်းပါ။ အခြားကလေးများနှင့်ကောင်းကောင်းမွန်မွန်ဆက်ဆံရန် မရိုက်ရန် ပြောပြသည်။ သို့သော ကလေးကကလေးသာဖြစ်သည်။ ထိုကြောင့် စခြင်း စိုက်ကြည့်ခြင်း ခံနိုင်အောင်ပြောပြပေးပါ။

သင်ယူမှုကိုကူညီပေးပါ။ဦးနှောက်အလုပ်လုပ်နေချိန်တွင် သင်ယူခိုင်းပါ။ ကျောင်းသွားပါက တစ်ဦးချင်းပညာရေးစနစ်မှ ဝန်ထမ်နှင့်တိုင်ပင်ပါ။ သင့်ကလေးသည် တစ်ဦးချင်းအာရုံစိုက်ပေးရသောအတန်း အထူးပြုလုပ်ထားသောထိုင်ခုံနှင့် အခြားအရာများညှိရန်လိုအပ်နိုင်သည်။

သင်ကိုယ်သင်ဂရုစိုက်ပါ။

သင့်မိသားစုအတွက်အချိန်ပေးပါ။ ဂရုစိုက်ရသောတာဝန်ကို အခြားသူအားခဏပေးနိုင်သည်။ အနားယူပြီး ပြန်လုပ်ပါ။

မိသားစုလိုက်ဖြစ်သောရောဂါဖြစ်သည်ကိုသတိရပြီး ဆွေးနွေးသူနှင့်တိုင်ပင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, လိင်ပညာပေး ဩဂုတ် 28, 2019 . 2 ဖတ်ရန် ကြာချိန်

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားအကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာခြင်းနည်းလမ်းများ, လိင်ပညာပေး ဩဂုတ် 27, 2019 . 2 ဖတ်ရန် ကြာချိန်

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

    ရောဂါလက္ခဏာများ ဘယ်လိုကုသမလဲ အိပ်ချိန် ဘယ်လိုလူတွေမှာအဖြစ်များလဲ ဦးနှောက်လုပ်ဆောင်ချက် အိပ်ပျော်နေစဉ်အသက်ရှူခြင်း အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 ဖတ်ရန် ကြာချိန်

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 ဖတ်ရန် ကြာချိန်

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2019 . 3 ဖတ်ရန် ကြာချိန်