အဓိပ္ပါယ်ဖွင့်ဆိုချက်
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ကဘာလဲ။
ရွေ့လျားမှုကြောင့် မအီမလည်ဖြစ်ခြင်း အထူးသဖြင့်ပျို့တက်လာခြင်းဖြစ်ပါတယ်။ အတွင်းပိုင်းနားကိုထိခိုက်မိခြင်းကြောင့် အဖြစ်များပါတယ်။ မူးနောက်နောက်ဖြစ်ခြင်း ပုံစံတစ်မျိုးဖြစ်ပြီး လုံးဝအကောင်းပကတိလူတွေမှာတောင် ဖြစ်နိင်ပါတယ်။ ထူးထူးခြားခြားရောဂါအခြေအနေတစ်ခုအနေနဲ့ မမှတ်ယူကြပါဘူး။
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ လူတိုင်မှာဖြစ်နိုင်ပြီး အချို့တွေမှာတော့ အခြားလူတွေထက်ပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဖြစ်လေ့ရှိပြီး အထူးသဖြင့်ကိုယ်ဝန်ဆောင်ကာလတွေမှာ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းအကြာခဏကိုက်လေ့ရှိသူတွေမှာလည်း ဖြစ်နိုင်ချေများပြီး ခေါင်းတစ်ခြမ်းကိုက်ကခြင်းနဲ့တစ်ပြိုင်တည်းဖြစ်နိုင်ပါတယ်။
ကလေး၃နှစ်ကနေ၁၂အတွင်းကလေးတွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာ သက်သာသွေားတတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရွေ့လျားမှုဆိုင်ရာအမူးရောဂါ ရဲ့ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကတော့-
- မူးဝေခြင်းပျို့တက်ခြင်း
- အော့အန်ခြင်း
- ဖျော့တော့အားနည်းခြင်း
- ချွေးထွက်များခြင်း
- သွားရည်ကျခြင်း
- အသက်ရှူမြန်ခြင်း
- မူးနောက်နောက်ဖြစ်ခြင်း
- အိပ်ချင်မူးတူးဖြစ်ခြင်း
အခြားအဖြစ်များတဲ့လက္ခဏာတွေကတော့-
- ချွေးထွက်ခြင်း
- မအီမသာခံစားရခြင်း
- နှုံးချိခြင်း
- သိပ်မပြင်းထန်တဲ့လက္ခဏာတွေကတော့
- ခေါင်းကိုက်ခြင်း
- မအီမလည်ဖြစ်ခြင်း
- သမ်းဝေခြင်း
ဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အများစုမှာတော့ ဆရာဝန်နဲပြစရာမလိုဘဲ ကုသနိုင်ပါတယ်။ ခရီးသွားပြိးနောက်ပိုင်း လက္ခဏာတွေကဆက်ဖြစ်နေမယ်ဆိုရင် သို့ အလွန်အမင်းပြင်းထန်နေမယ်ဆိုရင် အထူးသဖြင့် ရေရှည်အော့အန်နေမယ်ဆိုရ်င သွားပြသင့်ပါတယ်။ ပြသခြင်းဖြင့် အတွင်းနားဗိုင်းရပ်ကူးစက်ပိုးဝင်ရောင်ရမ်းခြင်းစတဲ့ အခြားဖြစ်နိုင်ချေတွေကနေ ခွဲခြားနိုင်ပါတယ်။
အကြောင်းရင်းများ
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
အကြောင်းရင်းကရှုပ်ထွေးပြီး အပြည့်အဝနားမလည်နိုင်ပါဘူး။ ကျွမ်းကျင်သူတွေကတော့ ဦးနှောက်ဆီအာရုံအသိပို့ဆောင်ခြင်း ပြဿနာကြောင့်ဖြစ်တယ်လို့ ဆိုပတယ်။ အတွင်းနားရွေ့လျားမှုအာရုံခံခြင်း၊ အရှိန်နဲ့မြေဆွဲအားအာရုံခှုံ၊ အမြင်အာရုံနဲ့ ခန္ဓါကိုယ်တစ်ရှူးအာရုံခံတစ်ရှူးတွေကနေတစ်ဆင့် အမျိုးမျိုးသောလမ်းကြောင်ေးတွကနေ ဦးနှောက်က ရွေ့လျားမှုကို အာရုံခံပါတယ်။ ယာဉ်စိးနေစဉ်လိုမျိုး ခန္ဓါကိုယ်က်ဘဲရွေ့လျားမှုကိုမထိန်းချုပ်နိုင်တဲ့အခါမှာ ဦးနှောက်အာရုံပို့ောဆင်မှုအမျိုးမျိုးမှာ ပြဿနာဖြစ်သွားနိုင်ပါတယ်။ အတွင်းပိုင်းနားအာရုံခံအင်္ဂါက ရွေ့လျားမှုအမူးရောဂါဖြစ်စေခြင်းမှာ အဓိကကျပါတယ်။
ဖြစ်နိုင်ခြေများ
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အချို့တွေမှာ အခြားသူများထက်ဖြစ်နိုင်ချေပိုများပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နိုင်ချေပိုများပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဖြစ်အများဆုံးအရွေယ်ကတော့ ၁၂ကလေးများဖြစ်ပါတယ်။ ၊ မွေးကင်းစများ နဲ့နှစ်နှစ်အောက်ကလေးများမှာေတော့ ဖြစ်လေ့မရှိပါဘူး။
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသည့်လူနာများ အာရုံခံစားမှုပြဿနာရှိတဲ့လူနာတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အဖြေရှာအတည်ပြုဖို့နည်းလမ်းမရှိပဘူး။ ခရီးသွားနေစဉ် လှုပ်ရှားမှုရွေ့လျားမှုပြုနေစဉ်အတွင်း ဖြစ်ပေါ်လာတဲ့လက္ခဏာတွေကနေ အတည်ပြုပါတယ်။
Motion sickness (ရွေ့လျားမှုဆိုင်ရာအမူးရောဂါ) ကို ဘယ်လိုကုသပါသလဲ
ထိထိရောက်ေရောက်အောင်မြင်တဲ့ ကုသမှုတွေကို ဖော်ပြထားပါတယ်။
ကုသမှု
ဆေးတွေက ဦးနှောက်ဆီအာရုံခံစားမှုပို့ဆောငိမှုပြဿနာကို ဖိနှိပ်ပေးခြင်း၊ ရွေ့လျားမှုဆိုင်ရာအမူးရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဆေးအမျိုးအစားများစွာက ကုသရာမှာထိရောက်ပါတယ်။ ဆေးတွေက မဖြစ်ခင်ကြိုသောက်ထားခြင်းက အကျိုးသက်ရောက်မှုရှိပြီး ရွေ့လျားမှုစပြီးမှ လက္ခဏာတွေသက်သာဖို့ သောက်မယ်ဆိုရင် ထိရောက်မှုနည်းမှာဖြစ်ပါတယ်။
ဆေးများ
ဟစ်တမင်းဆန့်ကျင်ဆေးများ
ရွေ့လျားမှုအမူးရောဂါကိုကုသဖို့ သုံးပါတယ်။ စိတ်အပြောင်းအလဲဖြစ်စေတဲ့သတ္တိမရှိတဲ့ ဟစ်တမင်းဆန့်ကျင်ဆေးတွေက ထိရောက်မှုမရှိပါဘူး။ ရွေ့လျားမှုအမူးရောဂါအတွက် ဟစ်တမင်းဆန့်ကျင်ဆေးနမူနာေတွေကတော့-
- Chlorpheniramine (aller-chlor),
- Cyclizine (marezine),
- Cyclizine hci (bonine for kids)
- Dimenhydrinate (dramamine, dramamine chewable, driminate),
- Diphenhydramine (benadryl),
- Meclizine (antivert, bonine, d-vert, dramamine ii).
ဘေးထွက်ဆိုးကျိုးတွေကတော့ စိတ်ငြိမ်သက်စေခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊ အာခြောက်ခြင်း၊ အမြင်ဝါခြင်း၊ မရေမရာဖြစ်ခြင်းနဲ့ အသက်ကြီးသူတွေမှာ ဆီးကျန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
Anticholinergics
စကိုပိုလမင်းက အသုံးအများဆုံးဖြစ်ပါတယ်။ ရွေ့လျားမှုအမူးရောဂါကိုကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ အရေပြားပေါ်ကပ်ခွာအနေနဲ့ အများဆုံးအသုံးပြုကြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဟစ်တမင်းဆန့်ကျင်ဆေးဆေတွနဲ့အလားတူ စိတ်ငြိမ်သက်စေခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊ အာခြောက်ခြင်း၊ အမြင်ဝါခြင်း၊ မရေမရာဖြစ်ခြင်းနဲ့ အသက်ကြီးသူတွေမှာ ဆီးကျန်ခြင်းတွေဖြစ်နိုင်ပါတယ်။ ရေတိမ်ရှိတဲ့လူနာတွေအတွက် စကိုပိုလမင်းမပေးသင့်ပါဘူး။
Antidopaminergics
အသုံးများတဲ့ဆေးနှစ်ခုကတော့ ပရိုမီသဇင်းနဲ့ မီတိုကလိုပရာမိုဒ်ဖြစ်ပါတယ်။ ဆေးနှစ်ခုလုံးက စိတ်ငြိမ်စေပြီး လူအချို့မှာ လည်ပင်းလိမ်ခြင်း၊ လျှာတစ်လစ်ထွက်ခြင်းစတဲ့ ပုံမမှန်ရွေ့လျားမှုတွေကို ဖြစ်စေပါတယ်။
အခြားဆေးများ
အဖီဒရင်းနဲ့ အခြား အမ်ဖီတမင်းတွေကို ရွေ့လျားမှုအမူးရောဂါကို ကုသဖို့ရော အခြားဆေးတွေရဲ့ စိတ်ငြိမ်စေခြင်းကို ဆန့်ကျင်စေလိုတဲ့အတွက်ပါ သုံးပါတယ်။ ေရွေ့လျားမှုအမူးရောဂါအတွက် အခြားဆေးတွေနဲ့ပေါင်းပေးတဲ့အခါမှာ ကဖင်းရဲ့အကျိုးသက်ရောက်မှုကိုလည်း ပြပါတယ်။
- စြိတ်ငိမ်ဆေး ဘန်ဇိုဒိုင်ယာဇီပင်းကိုလည်း အသုံးပြုနိုင်ပါတယ်။
- အယ်လ်ပရာဇိုလမ်၊ဒိုင်ယာဇီပန်အမူးသက်သာဆေးတွေက ရွေ့လျားမှုအမူးရောဂါဖြစ်ပြီးနောက် မူးဝေခြင်းနဲ့အော့အန်ခြင်းအတွက်အသုံးပြုပါတယ်။
- ပရိုကလိုပါရာဇင်း
- အွန်ဒန်ဆီထရွန်
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရွေ့လျားမှုဆိုင်ရာအမူးရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရွေ့လျားမှုဆိုင်ရာအမူးရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ရွေ့လျားမှုအမူးရောဂါအတွက်ကုထုံးများ
ကောင်းကင်ကိုကြည့်ခြင်း
ရွေ့လျားသွားနေတဲ့ယာဉ်ရဲ့ပြတင်းကနေ အပြင်ကိုကြည့်ပြီး ခရီးလားရာမိုးကောင်းကင်ကို ငေးကြည့်ရုံဖြစ်ပါတယ်။ ရွေ့လျားမှုအမြင်ပိုင်းဆိုင်ရာကို ခိုင်မာစေပြီး ဟန်ချက်ညီဖို့အာရုံခံစားမှုကို ပြန်အမြင်သစ်ပေးပါတယ်။
မျက်လုံးကိုမှိတ်ပြီး
ညမှာ ဒါမှမဟုတ်ပြတင်းမပါတဲံသင်္ဘောအပေါ်မှာဆိုရ်င မျက်လုံးကိုရိုးရိုးလေးမှိတ်ထားပါ တတ်နိုင်မယ်ဆိုရင် ပိတ်စနဲ့ပိတ်ထားသင့်ပါတယ်။ မျက်လုံးနဲ့နားရွက်ကြား အာရုံခံကွဲလွဲမှုကို ဖြေရှင်းပေးပါတယ်။
ပီကေဝါးခြင်း
ရွေ့လျားမှုအမူးရောဂါကိုသက်သာစေတဲ့ ရိုးရှင်းတဲ့နည်းတစ်ခုဖြစ်ပါတယ်။
အဖြစ်များတဲ့ကားမူးခြင်းသက်သာဖို့းအတွက် ရိုးရှင်းတဲ့နည်းကတော့ ပီကေဝါးခြင်းဖြစ်ပါတယ်။ ကားမူးခြင်းအတွက် ထိရောက်မှုရှိပါတယ်။ ပီကေဝါးခြင်းအပြင် သကြားလုံးချိုချဉ်သရေစာစားခြင်း၊ ဝါးနေခြင်းကတင် အမြင်အာရုံနဲ့ဟန်ချက်အကြားကွဲလွဲမှုရဲ့ မကောင်းတဲံအကျိုးသက်ရောက်မှုတွေကို လျှော့ချပေးပါတယ်။
လတ်ဆတ်တဲ့လေ
အေးမြလတ်ဆတ်တဲ့လေက ရွေ့လျားမှုကြောင့်မူးခြင်းကို ဖြည်းဖြည်းချင်းသက်သာစေပြီး မူးဝေခြင်းကိုဖြစ်စေတဲ့ မကေင်းတဲ့အနံ့အသက်တွေကို ရှောင်ဖို့လည်းလိုပါတယ်။
ဂျင်း
ရွေ့လျားမှုအမူးရောဂါကို သက်သာစေါပတယ်။ ဆေးပြားပုံစံသို့ ဂျင်းပြားကို လက္ခဏာတွေသက်သာဖို့ ဝါးစားနိုင်ပါတယ်။ ပီကေဝါးခြင်းကသက်သာစေလား ဂျင်းကသက်သာစေလားဆိုတာနဲ့ ပတ်သက်ပြိး ငြင်းခုန်မှုတွေတော့ရှိပါတယ်။
အပ်စိုက်ခြင်း
အပ်ကိုအသုံးမပြုပဲအပ်စိုက်လေ့ရှိတဲ့နေရာတွေကိုပဲ လက်ချောင်းလေးတွေရဲ့ဖိအားနဲ့ ဖိနှိပ်ပေးပါတယ်။ အထောက်အထားတော့မခိုင်လုံပေမယ့် အချို့လေ့လာမှုတွေက နှိပ်နှယ်ပေးခြင်းက အပ်စိုက်ခြင်းလိုပဲ ရွေ့လျားမှုအမူးရောဂါလက္ခဏာတွေကို သက်သာစေပါတယ်လို့ဆိုပါတယ်။
ရွေ့လျားမှုအမူးရောဂါကိုကာကွယ်ရာမှာ အရေးကြီးတဲ့အချက်များ
ခန္ဓါကိုယ်နဲ့အတွင်းနားခံစားရသလို မျက်လုံးကတူညီတဲ့ရွေ့လျားမှုကိုခံစားမြင်နိုင်ဖို့ အနေအထားတစ်ခုတည်းပဲ ထိုင်ပါ။
- ကားရှေ့ထိုင်ခုံမှာထိုင်ပြီး အဝေးကမြင်ကွင်းကိုကြည့်ပါ။
- သင်္ဘောစီးတဲ့အခါမျိုးမှာတော့ သင်္ဘောကုန်းပတ်ပေါ်တက်ပြီး ကောင်းကင်ကိုကြည့်ပြီးလိုက်နိုင်ပါတယ်။
- လေယာဉ်ပေါ်မှာဆိုရင်တော့ ပြတင်းနားထိုင်ပြီး အပြင်ကိုကြည့်ပါ။ ရွေ့လျားမှုနည်းတဲ့ လေယာဉ်တောင်ပံနားထိုင်ခုံကိုလည်း ရွေးနိုင်ပါတယ်။
- ခရီးသွားရင်းမူးနေမယ်ဆိုရင် စာမဖတ်ပါနဲ့။ နောက်ဘက်ကိုမျက်နှာမူထားတဲ့ ထိုင်ခုံမှာမထိုင်ပါနဲ့။
- မူးနေတဲ့အခြားခရီးသည်ကို ကြည့်တာတွေစကားပြောတာတွေ မလုပ်ပါနဲ့။
- ခရ်းမသွားခင်နဲပသွားနေတုန်းမှာ အနံပြင်းတာတွေ ပူပူစပ်စပ်အစားအစာတွေကို ရှောင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။