အသည်းပြည်တည်နာဆိုသည်မှာအသည်းတွင် အပေါက်သေးများဖြစ်ကာ ပြည်တည်ခြင်းဖြစ်သည်။ အ သည်းသည် စွမ်းအင်၊ ပရိုတိန်းသိုလှောင်ခြင်း၊ ခန္ဓါကိုယ်မှ အန္တရာယ်ဖြစ်စေသောပစ္စည်းများကိုစွန့်ထုတ်ခြင်းစသောလုပ်ငန်းများစွာဖြင့် အရေးပါသောကိုယ်အင်္ဂါတစ်ခု ဖြစ်ပါ သည်။ အသည်းတွင် ကပ်ပါးပိုးဝင်ပါက ပြည်များဖြင့် အ ပေါက်ငယ်များပေါ်လာပါသည်။
ရောဂါသည် အပူပိုင်းဒေသတွင် နေထိုင်သောလူများတွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသားများရောအမျိုးသမီးများရောတွင် ဖြစ်ပွားနိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချ ခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
ရောဂါ၏ မည်သည့်ပုံစံဖြစ်ပါစေရောဂါလက္ခဏာများသည် ချက်ချင်းမပေါ်လာပါ။ ရောဂါလက္ခဏာများပေါ်ပါကအဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးပြန်ခြင်း၊ မအီမသာဖြစ် ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်၏ အပေါ်ပိုင်းညာဘက်တွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အခြားအဖြစ် နည်းသောရောဂါလက္ခဏာများလည်းရှိပါသည်။ ၎င်းတို့မှာရင်ဘတ်နာခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ အရေပြားနှင့် မျက်စိအဖြူသားများ ဝါခြင်းတို့ဖြစ်ပါသည်။
အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။
အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အထက်ဖော်ပြပါ ရောဂါလက္ခဏာများရှိပါကသို့မဟုတ် ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဆက်တိုက် အဖျားအလွန် တက်ခြင်းစသောလက္ခဏာများ ဖြစ်ပေါ်ပါကဆရာဝန်အားခေါ်ပါ။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါ အ ခြေအနေချင်းမတူပါ။ ရောဂါအဖြေရှာရန် နည်းလမ်းများ၊ ကုသခြင်းများအတွက် ဆရာဝန်နှင့် အမြဲတန်းတိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံးကုသမှုကိုရယူပါ။
အသည်းပြည်တည်နာ ဖြစ်စေသောအကြောင်းရင်းများကိုအဓိကအားဖြင့် ၃မျိုး ခွဲခြားထားပါသည်။
ဘတ်တီးရီးယားကြောင့်ဖြစ်သောအသည်းပြည်တည်နာကို pyogenic liver abscess ဟုခေါ်သည်။ အူအတက် ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ အူမကြီရှိ အဖတ်များရောင်ခြင်းစသောရောင်ရမ်းသောအခြေအနေများသည် အသည်း ပြည်တည်နာကို ဖြစ်စေသည်။
အမီးဗားကဲ့သို့ အင်းဆက် ကပ်ပါးများသည်လည်း ပြည်ထွက်ခြင်းကို ဖြစ်စေသည်။ အများစုသည် သန့်ရှင်းရေးနည်းပါးမှုကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အသည်းပြည်တည်နာအဖြစ် များပါသည်။
အသည်းပြည်တည်နာ ဖြစ်နိုင်ချေကို မြင့်တက်စေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် အသည်းပြည်တည်နာရောဂါကိုရှာဖွေ ဖော်ထုတ်ရန် ultrasound ရိုက်ခြင်း (အသည်း၏ ပုံရိပ်များကိုရယူရန် အသံလှိုင်းများအသုံးပြုခြင်း) ကို ပြုလုပ်နိုင်ပါ သည်။
CT scan ရိုက်ခြင်းနည်းကိုလည်းအသုံးပြုနိုင်သည်။ ပဋိဇီဝဆေးဖြင့် ကုသမှုသည် မထိရောက်ပါကဆရာဝန် သည် အပ်ဖြင့် ဝမ်းဗိုက်တွင်းထိုးသွင်းကာတစ်ရှူးစယူခြင်းကို ပြုလုပ်နိုင်ပါသည်။ ထိုတစ်ရှူးစကိုအဏုကြည့်မှန်ပြောင်း ဖြင့် စစ်ဆေးနိုင်ပါသည်။ တိကျသောအကြောင်းရင်းကိုသိပါကအစားထိုးကုသမှုကိုလည်း ပြုလုပ်နိုင်ပါသည်။
အကောင်းဆုံးကုသမှု နည်းလမ်းသည် ပြည်များကိုဖယ် ထုတ်ပြီးပဋိဇီဝဆေးများပေးခြင်းဖြစ်သည်။ လူနာအများစုသည် ပဋိဇီဝဆေး ၂ မျိုး ၃မျိုးလောက် လိုအပ်ပါသည်။ များသောအားဖြင့် ပဋိဇီဝဆေးများကိုအဖျားနှင့် ရောင်ရမ်းမှု မပျောက်မချင်းအကြောထိုးဆေးအနေဖြင့် ပေးရပါသည်။ ဆရာဝန်သည် အသည်း ပြည်တည်နာထဲသို့ အပ်ဖြင့် ထိုးသွင်း ပြီးရောဂါပိုးကူးစက်မှုကိုစုပ်ထုတ်ခြင်း ပြုလုပ်နိုင် ပါသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အသည်း ပြည်တည်နာကိုထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။