Laparoscopic Sleeve Gastrectomy (အစာအိမ်ရဲ့သုံးပုံနှစ်ပုံကို ဖြတ်ထုတ်ခြင်း )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ကာလကြာရှည်ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့အတွက် sleeve gastrectomy ခွဲစိတ်မှုက ကူညီပေးနိုင်ပါတယ်။ ခွဲစိတ်မှုဘယ်အတိုင်းအတာထိ အောင်မြင်မလဲဆိုတာက သင့်ရဲ့ အစားအသောက်ပုံစံအသစ်နဲ့ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း ရှိမရှိပေါ် မူတည်ပါလိမ့်မယ်။

ဒီခွဲစိတ်မှုဟာ သင့်အစာအိမ်ရဲ့ အရွယ်အစားကို လျှော့ချပစ်မှာဖြစ်ပြီး ခပ်တိုတိုပြွန်လမ်းကြောင်းပုံစံဖြစ်သွားအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အစာစားတဲ့အခါ ဗိုက်ဝတာကို မြန်စေမှာ ဖြစ်တဲ့အတွက် နည်းနည်းပဲ စားဖြစ်တော့မှာ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာ laparoscopic sleeve gastrectomy ခွဲစိတ်မှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။

ခန္ဓါကိုယ်အလေးချိန်အညွှန်းကိန်း BMI ၄၀ထက် ပိုများနေပြီဆိုရင် ရေရှည်ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ဒီခွဲစိတ်မှုက ကူညီပေးနိုင်ပါတယ်။BMI ၄၀ လောက် မရှိသေးပေမယ့် ၃၅ ကျော်နေပြီး အခြားသော ကျန်းမာရေးပြဿနာတွေ (ဥပမာ အမှတ်နှစ်အမျိုးအစား ဆီးချိုရှိတာ၊သွေးတိုးရှိတာ စသဖြင့်)ရှိနေရင်လည်း ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။

Laparoscopic sleeve gastrectomy ခွဲစိတ်မှုပြုလုပ်သင့်၊မလုပ်သင့် ဆုံးဖြတ်နိုင်ဖို့အတွက် သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ ကိုယ်အလေးချိန်ညွှန်းကိန်း BMIကို တွက်ချက်ပေးမှာဖြစ်ပြီး အခြားသော လိုအပ်တဲ့ အသေးစိတ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။gastric banding procedure လို့ခေါ်တဲ့ အစာအိမ်ကို ကြိုးချည်တဲ့ ကုသမှုကို ပြုလုပ်ချင်သူတွေအနေနဲ့ ခန္ဓါကိုယ်ထဲကို ပြင်ပပစ္စည်းတခုခု ထည့်ထားရမှာကို မကြိုက်ဖူး၊သူ့ကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားချင်တယ်ဆိုရင်လည်း laparoscopic sleeve gastrectomy ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။

Laparoscopic sleeve gastrectomy အပြင် အခြားသော ကုသမှုတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

အရိုးရှင်းဆုံး နည်းလမ်းကတော့ အစာလျှော့စားခြင်း၊မှန်ကန်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးလိုက်နာခြင်း နဲ့ လေ့ကျင့်ခန်းလုပ်ခြင်း တွေပါပဲ။ သင့် ဂျီပီဆရာဝန်က ပေးတဲ့ ဆေးတွေကလည်း တဖက်တလမ်းက ကူညီပေးပါလိမ့်မယ်။

sleeve gastrectomy ခွဲစိတ်မှု (အစာအိမ်ရဲ့အရွယ်အစားကို လျှော့ချပေးတဲ့ ခွဲစိတ်မှု)အပြင် အခြားသော ခွဲစိတ်မှုတွေ ဖြစ်တဲ့ အစာအိမ်ကို ကြိုးချည်ခြင်း(gastric banding)၊အစာချေလမ်းကြောင်းကို တိုအောင်လုပ်ပစ်ခြင်း၊အစာအိမ် လမ်းလွှဲခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

အစာအိမ်ထဲ ဘောလုံးထည့်တာ ပြုလုပ်နိုင်ပေမယ့် အဆိုပါ ဘောလုံးဟာ အစာအိမ်ထဲမှာ အများဆုံးကိုးလလောက်သာ နေသားတကျရှိနေမှာ ဖြစ်ပါတယ်။

ဒီခွဲစိတ်မှုက စိတ်ချရရဲ့လား။ ဘာပြဿနာတွေ ရှိနိုင်မလဲ။

ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Laparoscopic sleeve gastrectomy ခွဲစိတ်မှုကြောင့် အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

· အူ၊ဆီးအိမ် သို့မဟုတ် သွေးကြောများ ထိခိုက်ခြင်း။

· ခွဲစိတ်မှုကြောင့် အဆုတ်ထဲကလေတွေ ကြွက်သားအောက်၊အရေပြားအောက် ရောက်ရှိသွားခြင်း (Surgical emphysema)။

· ခွဲထားတဲ့ နေရာတွေကနေ အူကျွံခြင်း။

· ချုပ်ရိုးကနေ သွေးထွက်ခြင်း။

· ချုပ်ရိုးမကောင်းခြင်း၊သင့်အစာအိမ် သို့မဟုတ် အူမှာ အပေါက်ဖြစ်ခြင်း။

· ချန်ထားတဲ့ အစာအိမ်အစိတ်အပိုင်းက ကျဉ်းသွားခြင်း။

· လည်ချောင်းထဲ အစာချေအက်ဆစ်ရည်ဆန်တက်ခြင်း။

· အာဟာရဓါတ်ချို့တဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

Laparoscopic sleeve gastrectomy ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။

ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။

ခွဲစိတ်မှုကို ဘယ်လို့ပြုလုပ်မှာလဲ။

မေ့ဆေးအသုံးပြုပြီး ခွဲစိတ်မှုကို ပြုလုပ်လေ့ရှိကာ တနာရီကနေ သုံးနာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ဗိုက်ပေါ်မှာ ခွဲရာအသေးလေးတွေ အနည်းငယ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးရင် အဆိုပါ အပေါက်ကလေးတွေကနေတဆင့် မှန်ပြောင်းနဲ့ ခွဲစိတ်ကိရိယာတွေကို ဝမ်းဗိုက်ထဲ ထည့်သွင်းပြီး ခွဲစိတ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြွန်လေးတခုကို အစာရေမြိုမှတဆင့် အစာအိမ်ထဲ ထည့်သွင်းမှာဖြစ်ပြီး အစာအိမ်ကို ဖြတ်တောက်ခြင်း၊ပြန်ချုပ်ခြင်း ပြုလုပ်နေတဲ့ အချိန်တွေမှာ အဆိုပါ ပိုက်ကလေးက လမ်းပြနေမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အစာအိမ်ရဲ့ မလိုအပ်တဲ့ တစိတ်တဒေသအပိုင်းကို ဆရာဝန်က ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုပြုလုပ်ပြီးနောက် ဘာတွေဆက်ဖြစ်မလဲ။

ခွဲစိတ်ပြီး နှစ်ရက်၊သုံးရက်အကြာမှာ ဆေးရုံကဆင်းခွင့်ရမှာ ဖြစ်ပါတယ်။ ဆေးရုံကဆင်းအပြီး ရက်သတ္တပတ်အနည်းငယ်လောက်မှာ သင့်အနေနဲ့ အရည်ပဲ သောက်ရမှာဖြစ်ပြီး နောက်တဆင့်အနေနဲ့ အစာခပ်ပျော့ပျော့တွေကို စားရမှာဖြစ်ကာ နောက်ထပ် လေးပတ်ကနေ ခြောက်ပတ်လောက်အကြာမှာတော့ ပုံမှန်စားနေကျအစာတွေကို စားနိုင်မှာပဲ ဖြစ်ပါတယ်။

ခွဲစိတ်မှု အတိမ်အနက်နဲ့ သင့်အလုပ်ရဲ့ သဘောသဘာဝတို့အပေါ်မူတည်ပြီး နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။

ယေဘူယျအားဖြင့် အစာအိမ်ဖြတ်ထုတ်ခြင်း ခွဲစိတ်ကုသမှု (sleeve gastrectomy) ခံယူထားသူတွေဟာ ကိုယ်အလေးချိန်တဝက်လောက် ကျသွားလေ့ရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ

    ဆီးချို ဂရိတ်ဖရု ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုးအစား ၂ ဆီးချို ကိုယ်အလေးချိန်လျှော့ချခြင်း လေဖြတ်ခြင်း သွေးတိုးနှင့်နှလုံး ကင်ဆာ ကိုယ်ခံအားစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    အရက်ဖြတ်ကြတော့မယ်ဆိုရင်

    အရက်၊ အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်လျှော့ချ၊ ရေဓာတ်ဆုံးရှုံး၊ Detox၊ စိတ်ဖိစီး၊ ခေါင်းကိုက်၊ လက်တုန်၊ ပျို့အန်၊ အလွန်အမင်း အရက်သောက်ချင်စိတ်ပေါ်၊

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

    အမျိုးသား၊ အမျိုးသမီး၊ အဆီ၊ ကိုယ်အလေးချိန်လျှော့ချ၊ လျော့ကျနှုန်း၊ ကယ်လိုရီ၊ အဆီပို၊ လောင်ကျွမ်း၊ ကျန်းမာရေး၊ ကြွက်သားတစ်သျှူး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

    ကော်ဖီ၊ ကျန်းမာရေး၊ Peppermint၊ ကဖင်းဓာတ်၊ ဝိတ်ချ၊ နှာချေတာ၊ ခေါင်းကိုက်တာ၊ မူးတာမော်တာ၊ ကတုန်ကယင်ဖြစ်တာ၊ ဗိုက်အောင့်တာ၊နှလုံးသွေးခုန်နှုန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    အိပ်နေရင်း ဟောက်တတ်သူတွေ နှလုံးရောဂါ အန္တရာယ် သတိထားပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 28, 2020 . 2 mins read

    ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020 . 2 mins read
    နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ

    နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 17, 2020 . 2 mins read
    တက်စတိုစထရုန်းကိုဟော်မုန်း သဘာဝအတိုင်း မြှင့်တင်ဖို့

    တက်စတိုစထရုန်းဟော်မုန်းကို သဘာဝအတိုင်း မြှင့်တင်ဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 17, 2020 . 2 mins read