backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Knee Pain (ဒူးနာခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Knee Pain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Knee Pain (ဒူးနာခြင်း) ကဘာလဲ။

ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့ မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းသည် ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာတွင် ထိခိုက်ချို့ယွင်းခြင်းမှ အစပြုနိုင်ပါသည်။

Knee Pain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါအကြောင်းရင်းကို ရှာဖွေကုသနိုင်သောအခါ ရောဂါ အလိုအလျောက် ပျောက်သွားသည်က များသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်း အားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန့်နဲတိုင်ပင် ဆွေးနွေးသင့် ပါတယ်။

လက္ခဏာများ

Knee Pain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာသောနေရာသည် ရောဂါဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းကို ညွှန်ပြနိုင်သည်။ ထို့ကြောင့် ဘယ်နေရာမှာနာလဲဆိုတာ သိဖို့အရေးကြီးပါသည်။

နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တစ်ခါတစ်ရံ လှုပ်ရှားမှုတွင် ကလစ် ၊ကလစ် အသံထွက်ခြင်း တို့သည် အဖြစ်များသော လက္ခဏာများဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒူးဆစ်ညပ်၍ ထိုင်မရ၊ ထမရ အခြေအနေမျိုးလည်း ကြုံရတတ်သည်။ ထိုအကြောင်းရင်းမှာ ပြဲသွားသော အရွတ်အပိုင်းအစသည် ဒူးဆစ်ကြားထဲဝင်သွား၍ ဒူးခေါင်းကွေးခြင်း ဆန့်တန်းခြင်းကို တားဆီးလိုက်လို့ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခု ရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။

• တစ်ဦးတည်းနေသူဖြစ်ပြီး ရောဂါလက္ခဏာ မသက်သာလျှင်

• ရုပ်ပိုင်းဆိုင်ရာကုသမှုနဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများလုပ်သော်လည်း မသက် သာဘဲ ပိုဆိုးလာလျှင်

• ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေရလျှင်

• ဒူးခေါင်းရိုး ပုံပျက်လာလျှင်

• အဖျားတက်ပြီး ဒူးခေါင်းတစ်ဝိုက် နီရဲပြီး ပူလာလျှင် သို့မဟုတ် ရောင်ရမ်းလာလျှင်

• နာနေသော ဒူးခေါင်း အောက်ဖက် ခြေသလုံးကြွက်သား နာကျင်၊ ရောင်ရမ်း၊ ထုံကျဉ် လာလျှင်

• ဒူးဆစ်ညပ်ပြီး လှုပ်ရှားလိုက်တိုင်း နာကျင်မှုနဲ့အတူ ကလစ် ကလစ် အသံထွက်လာလျှင်

အကြောင်းရင်းများ

Knee Pain (ဒူးနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းများတွင် ဒူးဆစ်လည်ခြင်း၊ လိမ်ခြင်း သို့မဟုတ် အရွတ်ပြဲခြင်း၊ ဒူးစွပ်အဖုံးရိုးရောင် ခြင်း နဲ့ ဒူးဆစ်တစ်ခုလုံး ရောင်ခြင်း တို့ပါဝင်ပါတယ် ။ အဖြစ်များသော အကြောင်းရင်းများက တော့အောက်ပါအတိုင်းဖြစ်ပါတယ်။

• အဆစ်လွဲခြင်း

• ဒူးရှေ့ခြမ်းရောင်ခြင်း (ခုံညင်းရိုး ရောင်ခြင်း)

• အရိုးနု ထိခိုက်မိခြင်း

• အဆစ်ရောင်ခြင်း (Osteoarthritis)

• အရွတ်ရောင်ခြင်း

• အရိုးအဆစ်တွင်းရှိ အိတ်များရောင်ခြင်း (Bursitis) (ဒူးထောက်၍ ကြမ်းတိုက်ရများသော အိမ်အကူများတွင် အဖြစ်များ၍ အိမ်အကူတွင်ဖြစ်လေ့ ရှိသော ဒူးရောဂါ Housemaid’s knee ဟုပင်ခေါ်လေ့ရှိသည်)

• အဆစ်တွင်း သွေးယိုစီးခြင်း

• Osgood-Schlatter’s Disease

• ဂေါက်ရောဂါ

• အရိုးဆစ်တွင်း ပိုးဝင်ခြင်း

ဖြစ်နိုင်ခြေများ

ဒူးနာခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့်

• အလွန်အမင်း ဝ ခြင်း

• ဇီဝကမ္မဖြစ်စဉ်များနဲ့ ပြင်ပမှ သက်ရောက်မှုများ

• ကြွက်သားလှုပ်ရှားမှု နည်းပါးခြင်း

• တချို့သော အားကစားနည်းများ

• ယခင် ထိခိုက်ဒဏ်ရာ ဖြစ်ဖူးခြင်း

ယခု ဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန် နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Knee Pain (ဒူးနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ရောဂါရာဇဝင် နဲ့ စမ်းသပ်မှုများ ပြုလုပ်၍ အတည်ပြုပါတယ်။ ဒူးဆစ် ဓါတ်မှန်ရိုက်ခြင်း နဲ့ လိုအပ်ရင် သွေးစစ်မှုများကိုလည်း ပြုလုပ်နိုင်ပါတယ် ။ တကယ်လို့ ဒူးခေါင်းဆစ်တွင်း အရည်ဖုံးနေ လျှင် (Knee effusion) ဆရာဝန်က ဒူးဆစ်အတွင်းမှ အရည်ကို အပ် နဲ့ စုပ်ထုတ်ပေးပါလိမ့်မယ်။ စုပ်ထုတ်ထားသော အရည်ကို ဓါတ်ခွဲခန်းသို့ပို့၍ စစ်ဆေးပါတယ်။

Knee Pain (ဒူးနာခြင်း) ကို ဘယ်လိုကုသပါသလဲ

အရေးကြီးဆုံးမှာ ရောဂါဖြစ်ခြင်း အကြောင်းရင်းကို ရှာရပါမယ် ။ အထူးသဖြင့်မကြာသေးခင်က အပြင်းအထန် လမ်းလျှောက် လှုပ်ရှားသွားလာခြင်း များ ပြုလုပ်မိသေးလား ဆိုတာကို သတိထား ရပါ မယ်။ အားကစားသမား အများစုသည် ဘေးတိုက်လှုပ်ရှားမှုများ ပြုရလေ့ရှိသောကြောင့် ဒီဝေဒနာကို ခံစားရသည် များသည်။

ထိုလှုပ်ရှားမှုများကို နှစ်ပတ်မှ ခြောက်ပတ် နားလိုက်သောအခါ ရောဂါလက္ခဏာများ တဖြည်းဖြည်း သက်သာသွားပါတယ် ။ ဆရာဝန်ဆေးစာမလိုအပ်သော ibuprofen နဲ့ Naproxen ကဲ့သို့သော အရောင်ကျဆေးများ (NSAID) သည် ရောင်ရမ်းခြင်း နဲ့နာကျင်ခြင်းကို သက်သာစေပါတယ်။

ထိုဆေး များသည် အစာအိမ်ရောင်တတ်၍ အစာနဲ့တွဲပြီးမှ သောက်သုံးသင့်ပါတယ် ။ ထိုဆေးမသောက်မီ အစာအိမ်အနာ နဲ့အစာအိမ်သွေးကြောပေါက်ဖူးသူများသည် ဆရာဝန် နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ခုံညင်းရိုးနာခြင်းကို သက်သာရန် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်၍ ပေါင်ရှေ့ဖက်ရှိ Quadricep ကြွက်သားများ၊ ပေါင်နောက်ဖက်ရှိ Hamstring ကြွက်သားများ ၊ ခြေသလုံးကြွက်သားများ သန်မာလာအောင်လေ့ကျင့်ရပါတယ်။

အရွတ်လည်ခြင်း လိမ်ခြင်းသည် အချိန်တစ်ခုအထိ အနားယူ လိုက်လျှင် သက်သာလာပါတယ်။ အရွတ်ပြဲခြင်းအတွက်မူ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်းနဲ့ ပိုမိုပြင်းထန်ထိရောက်သော ကုသနည်းများလိုအပ်ပါတယ်။ ကုသမှုများခံယူနေသော်လည်း ဒူးနာခြင်းမှာ မသက်သာဘဲ ပိုမိုဆိုးရွားလာလျှင် ခွဲစိတ်ဆရာဝန်သည် ထိခိုက်ပျက်စီးမှုများကို ပြုပြင်ရန် ခွဲစိတ်မှုလုပ်ဖို့အကြံပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ အသုံးပြုခြင်းက ဒူးနာခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ ကုထုံးများက သင့်အနေနဲ့ ဒူးနာခြင်းကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။

• ညွှန်ကြားထားသော ဆေးများကို မှန်မှန်ကန်ကန် သောက်သုံးပါ။

• နာကျင်ခြင်းကို ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။

• လှုပ်ရှားမှုများကို ဖြည်းညင်းစွာ ပြန်လည်စတင်ပါ။ နာကျင်စေသော လှုပ်ရှားမှုများကို သတိ ထား၍ ပြုလုပ်ပါ။

အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement