Keratosis pilaris (ကြာဆူး) ဆိုတာ လက်၊ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတတ်တဲ့ အန္တရာယ်မရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။
ကြာဆူးဟာ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင်moisturizer နဲ့creamလေးတွေသုံးပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။
တချို့တွေမှာတော့ သိသာထင်ရှားတဲ့အဖုလေးတွေအစုလိုက်ဖြစ်လာပြီး အရေပြားအနီကွက် အပျဉ်လိုက်ဖြစ်နေတတ်ပါတယ်။
အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ keratinပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုကမွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။
ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီးနွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။
ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် –
ပုံမှန်အားဖြင့် ကြာဆူးအတွက် ဆရာဝန်ပြပြီးရောဂါရှာဖွေစစ်ဆေးမှုခံယူဖို့မလိုအပ်ပါဘူး။ ဆရာဝန်ပြမယ်ဆိုရင်လည်း ဒီလိုဖြစ်နေတဲ့အရေပြားကို ဆရာဝန်က ကြည့်ပြီးစစ်ဆေးပေးမှာပါ။ဆေးစစ်ဖို့၊ရောဂါရှာဖွေဖို့အထိ လိုအပ်မှာမဟုတ်ပါဘူး။
ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အတော်များများကဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။
ကြာဆူးဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ
မဖြစ်အောင် ကြိုတင်ကာကွယ်လို့မရနိုင်ပေမယ့်ဖြစ်လာရင်တော့ အသားအရေကို ကိုယ်တိုင်ဂရုစိုက်ပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကြာဆူးဖြစ်လာရင် –
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။