Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ကဘာလဲ။

Irritable bowel syndrome (IBS)သည် တွေ့ရများသော အစာချေစနစ်တွင် ဖြစ်သည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။ IBS ဟာ
ယေဘုယျအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်ခြင်း၊ လေလည်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းများကို ဖြစ်စေနိုင်ပါ သည်။

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) က ဘယ်လောက်အဖြစ်များသလဲ

IBS သည် လူငါးယောက်တွင် တစ်ယောက်နှုန်းနှင့် တစ်ချို့အသက်အပိုင်းခြား၌ ဖြစ်ပေါ်တတ်သည်။ ၎င်းသည် များသောအားဖြင့် အသက် ၂၀ မှ ၃၀ အတွင်းတွင် စဖြစ်တတ်ပါသည်။ အမျိုးသားများထက် အမျိုးသမီးများက နှစ်ဆဖြစ်နိုင်ချေပိုမြင့်၏။

လက္ခဏာများ

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

IBS ၏ လက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦးမတူနိုင်ဘဲ အချို့လူများတွင် ပိုဆိုးတတ်သည်။ IBS တစ်ခါတစ်ခါဖြစ်လျှင် ရက် အနည်းငယ်မှ လချီပြီးကြာတတ်သည်။ စိတ်ဖိစီးမှုများလျှင်ပိုကြာတတ်ပြီးအချို့အစာများမှားစားမိလျှင်လဲ ဖြစ်တတ်သည်။

IBS ၏ လက္ခဏာများသည် ဝမ်းသွားပြီးနောက် လျော့နည်းသွားနိုင်သည်။ နာတာရှည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာကြာအောင်
ကောင်းကောင်းကုသလျှင် အခြေအနေတိုးတက်နိုင်ပါသည်။

IBS သည် ဗိုက်နာခြင်း၊ ဝမ်းအလေ့အထပြောင်းခြင်းတို့နှင့် ဆက်နွယ်ပါသည်။ ဥပမာအားဖြင့် တစ်ချို့လူများတွင် ဝမ်းချုပ်ခြင်းကိုအဓိကခံစားရနိုင်ပြီး (တစ်ချို့တွင်ဝမ်းလျှောသည်) နောက်ပိုင်းတွင် ဝမ်းချုပ်လိုက၊် လျှောလိုက်တစ်လှည့်စီ ဖြစ်သွားတတ်ပါသည်။ အစာစားပြီးနောက်တွင် ဗိုက်နာခြင်းသည်ပြင်းထန်ပြီး ဝမ်းသွားပြီးနောက်တွင် သက်သာသွားတတ်သည်။

IBS ၏ လက္ခဏာများသည် အချိန်ကြာလျှင် ပြောင်းသွားတတ်သည်။ မတူညီသောကာလများတွင် မတူညီသောလက္ခဏာများရှိတတ်သည်။ တစ်ခါတစ်ရံလက္ခဏာများသည် ကာလတစ်ခုကြာပျောက်သွားပြီးနောက်မှ ပြန်ပေါ်လာတတ်သည်။

အဖြစ်များဆုံးလက္ခဏာများမှာ
• ဗိုက်အောင့်ခြင်း၊နာခြင်း
• ဝမ်းအလေ့အထပြောင်းခြင်း – ဥပမာ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းတစ်ခါတစ်ရံ နှစ်မျိုးလုံးဖြစ်ခြင်း
• ဗိုက်ကယ်ခြင်း၊ ဗိုက်ဖောခြင်း
• လေတအားလည်ခြင်း
• ရုတ်တရက်ကြီး ဝမ်းသွားလိုစိတ်ဖြစ်ခြင်း
• ဝမ်းသွားပြီးနောက် ဝမ်းကျန်သကဲ့သို့ခံစားရခြင်း
• ဝမ်းတွင်အကျိအချွဲများ ပါခြင်း
လူအများစုတွင် လက္ခဏာများပိုဆိုးလာသည့်အချိန်များရှိသလိုသက်သာပြီးလုံးဝပျောက်သွားသည့်အချိန်များရှိသော်လည်းIBS သည် နာတာရှည်ရောဂါဖြစ်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

IBS သည် နာကျင်ပြီးဂဏှာမငြိမ်ဖြစ်နိုင်သည်။ IBS လူနာအများအပြားတွင် စိတ်ကျခြင်းနှင့် စိုးရိမ်မှုကိုခံစားရနိုင်သည်။ ရောဂါ အကြောင်းကို ပိုမိုလေ့လာခြင်း၊ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးခြင်း၊ စိတ်ဖိစီးမှုနည်းစေရန် ကိုယ်တိုင်ပြုစုကုသခြင်းတို့ပြုလုပ်ထားရမည်။

မိမိ၏နေ့စဉ်အလုပ်များကို ထိခိုက်စေတဲ့အထိ စိုရိမ်မှုများစိတ်ကျမှုများ ရှိနေလျှင် ဆရာဝန်နှင့်တိုင်ပင်ပါ။ ဒီပြဿနာများသည် မကုဘဲ
နှင့်ပျောက်ခဲသည်။ ဆရာဝန်မှ စိတ်ကျရောဂါကုဆေးများ၊ IBS ကိုသက်သာစေမည့် cognitive behavioural therapy (CBT) အပြုအမူဆိုင်ရာကုထုံးများကို ပေးနိုင်ပါသည်။ ရောဂါကိုလဲတိုက်ရိုက်ကုသပေးနိုင်ပါလိမ့်မည်။
သင့်တော်သောဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာကုသများကပျော်ရွှင်သောသာမန် ဘဝကိုရရှိနိုင်ပါသည်။

အကြောင်းရင်းများ

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ကိုဘာတွေကဖြစ်စေသလဲ

IBS ဖြစ်စေသည့် အကြောင်းရင်းကို တိတိကျကျ မသိရပါ။ သို့သော် ကျွမ်းကျင်သူအများစု ထင်ကြသည်မှာ ၎င်းသည် အူများ ထိခိုက် လွယ်ခြင်းကြောင့် အစာချေရာတွင် ပြဿနာရှိခြင်းတို့နှင့် ဆက်နွယ်နိုင်သည်ဟုဆိုသည်။

တစ်ချို့ပြောကြသည်မှာ ဦးနှောက်သည် အူ လှုပ်ရှားမှုများအတွက် စိတ်ပိုင်းဆိုင်ရာထိန်းချုပ်သည် ဟုဆိုသည်။ ထို့ကြောင့် IBS သည် မကြာခဏဆိုသလို ဦးနှောက်နဲ့အူဆက်သွယ် နေသောရောဂါတစ်မျိုးဖြစ်သည် ဟုဆိုသည်။

ဆိုလိုသည်မှာ အူမှနာကျင်မှုကို ပိုပြီးခံစားနိုင်မှုမြင့်လေလေ ဦးနှောက်သည် ထိုခံစားမှုကိုတုံ့ပြန်ပြီး ဝမ်းသွားဖို့ညွှန်ကြားလေလေ ဖြစ် သည်။ အစာများအူကိုဖြတ်သည့် နှုန်းအနှေးအမြန်ပေါ်မူတည်၍ ဝမ်းချုပ်ခြင်း ဝမ်းလျှောခြင်းဖြစ်နိုင်ပါသည်။

စိတ်ပိုင်းဆိုင်အချက်များဖြစ်သည့် စိတ်ဖိစီးမှုလိုအခြေအနေများသည်လဲ IBS တွင် တစ်စိတ်တစ်ပိုင်းပါရှိနိုင်သည်။

Risk factors

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ဖြစ်နိုင်ခြေကို ဘာတွေက မြင့် တက်စေသလဲ

အူလှုပ်ရှားမှုသည် ဦးနှောက်ကထိန်းချုပ်ထားသောကြောင့် စိတ်ဖိစီးမှုများလျှင် IBS လက္ခဏာများကို ဆိုးဝါးစေနိုင်သည်။ လုံလောက်စွာအနားယူစိတ်ပြေလျော့စေခြင်းသည် စိတ်ဖိစီးမှုကိုကျစေနိုင်ပြီး IBS ဖြစ်ပွားမှုကိုလျော့စေနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ကို ဘယ်လိုအတည်ပြုပါသလဲ

IBS ၏ လက္ခဏာများသည် အချိန်ကြာလျှင် ပြောင်းသွားတတ်သည်။ မတူညီသောကာလများတွင် မတူညီသောလက္ခဏာများရှိတတ်သည်။ တစ်ခါတစ်ရံလက္ခဏာများသည် ကာလတစ်ခုကြာပျောက်သွားပြီးနောက်မှ ပြန်ပေါ်လာတတ်သည်။ အဖြစ်များဆုံးလက္ခဏာများမှာ
• ဗိုက်အောင့်ခြင်း၊နာခြင်း
• ဝမ်းအလေ့အထပြောင်းခြင်း – ဥပမာ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းတစ်ခါတစ်ရံ နှစ်မျိုးလုံးဖြစ်ခြင်း
• ဗိုက်ကယ်ခြင်း၊ ဗိုက်ဖောခြင်း
• လေတအားလည်ခြင်း
• ရုတ်တရက်ကြီး ဝမ်းသွားလိုစိတ်ဖြစ်ခြင်း
• ဝမ်းသွားပြီးနောက် ဝမ်းကျန်သကဲ့သို့ခံစားရခြင်း
• ဝမ်းတွင်အကျိအချွဲများ ပါခြင်း
လူအများစုတွင် လက္ခဏာများပိုဆိုးလာသည့်အချိန်များရှိသလိုသက်သာပြီးလုံးဝပျောက်သွားသည့်အချိန်များရှိသော်လည်းIBS သည် နာတာရှည်ရောဂါဖြစ်သည်။

Irritable Bowel Syndrome (Ibs) (နာတာရှည် အူလမ်းကြောင်း ဆိုင်ရာပြဿနာစု) ကို ဘယ်လိုကုသပါသလဲ

IBS အတွက် အရှင်းပျောက်အောင် ကုသနိုင်သောနည်းမရှိပါ။ သို့သော် လက္ခဏာများကိုတော့ သင်၏အစားအသောက်နှင့် လူနေမှုပုံစံ ကိုပြောင်းလဲခြင်းဖြင့် ထိန်းချုပ်နိုင်သည်။
• IBS လက္ခဏာများကိုဖြစ်စေသည့် အစားအသောက်များကိုမှတ်ထားပြီးရှောင်ကြဉ်ပါ။
• အစားအစာတွင်ပါဝင်သော အမျှင်ဓါတ်ပမာဏကိုပြောင်းလဲပါ
• လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
• စိတ်ဖိစိမှုကိုလျှော့ချပါ
လက္ခဏာများသက်သာရန်အတွက်တရားထိုင်ရန် လူနာများကိုတစ်ခါတစ်ရံညွှန်ကြပါသည်။

လူနေမှုပုံစံပြောင်းခြင်းသည် IBS လက္ခဏာများကို လုံးဝမသက်သာစေပါက ဆေးဝါး အကူအညီယူနိုင်သည်။ သို့သော်လည်း မပြင်းထန်သည့် IBS လူနာအများစုတွင်တော့ ဆေးများကိုအချိန်ခဏသာလိုအပ်မည်ဖြစ်သည်။
• Antispasmodics (အူငြိမ်ဆေး) [ဥပမာdicyclomine (Bentyl)၊ hyoscyamine (Levsin)]
• ဝမ်းပိတ်ဆေးများ [ဥပမာloperamide (Imodium)၊ diphenoxylate (Lomotil)]
• ဝမ်းနှုတ်ဆေးများ
• စိတ်ဖိစီးမှုလျော့ချသောဆေးများ
IBS ရောဂါရှိသော လူနာအနည်းစုသာ ပြင်းထန်သည့်လက္ခဏာများကိုခံစားရခြင်းဖြစ်သည်။ အများစုသည် အစားအစာ၊ လူနေမှုပုံစံနှင့် စိတ်ဖိစီးမှုကို လျော့ချပြောင်းလဲခြင်းဖြင့် လက္ခဏာများကို ထိန်းချုပ်နိုင်ကြသည်။ တစ်ချို့တွင် တရားထိုင်ခြင်းနှင့် နှစ်သိမ့်
ဆွေးနွေးခြင်းများ လိုအပ်နိုင်သည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

အဆုတ်ထဲပိုက်ထည့် အဆုတ် အဆုတ်အမြှေးပါး အဆုတ်ထဲရေဝင် အဆုတ်ထိခိုက်ဒဏ်ရာ ရင်ဘတ်ဓာတ်မှန် ထုံဆေး ပိုးဝင် အသက်ရှူလေ့ကျင့်ခန်း အသက်ရှူရခက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Cardio ကစားကြမယ်။

cardio လုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

အသက်အရွယ်ရလာတာနဲ့အမဆ အသားအရေကလည်း အိုမင်းလာပါတယ်။ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေပြား တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ရာရောက်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
လူတွေ ဘာကြောင့် ဆေးစွဲကြတာလဲ။

လူတွေ ဘာကြောင့် ဆေးစွဲကြတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
အူအတက်ရောင်တာလား၊ လေနာတာလား

အူအတက်ရောင်တာလား၊ လေနာတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read