backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကဘာလဲ။

ဦးခေါင်းခွံထဲမှာသွေးတွေစုနေတာကိုဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။

သွေးစုခြင်းကဦးနှောက်တစ်ရှူးတွေအတွင်းမှာဖြစ်ဖြင်းဒါမှမဟုတ် ဦးခေါင်းခွံအောက်မှာစုခြင်းတွေကနေဦးနှောက်သားကိုဖိမိနိုင်ပါတယ်။

ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းကအသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။

-epidural hematomas ဂျ ူရာအလွှာနားတွင် သွေးလုံးဖြစ်ခြင်းဦးခေါင်းခွံနဲ့ ဦးနှောက်ကိုအုပ်ထားတဲ့

အပြင်လွှာကြားမှာသွေးလုံးစုခြင်းကိုခေါ်ပါတယ်။

-subdural hematomas ဂျ ူရာအလွှာအောက်တွင် သွေးလုံးဖြစ်ခြင်း။ အပြင်အလွှာနဲ့ အလည်အလွှာကြားမှာဖြစ်ခြင်းကိုခေါ်ပါတယ်။

-intracerebral hematomas ဦးနှောက်အတွင်းမှာသွေးလုံးဖြစ်ခြင်း ။

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

PasteTextHere

လက္ခဏာများ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဦးခေါင်းကိုထိမိခိုက်မိတာမျိုးကြောင့် သင့်ဆီမှာဦးခေါင်းခွံအတွင်းမှာသွေးလုံးဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ် တစ်ခါတစ်လေမှာတော့ လချီကြာပြီးမှ ပေါ်လာတာတွေရှိပါတယ်။ ခေါင်းကိုဒဏ်ရာရပြီးနောက်မှာသင်ဟာဘာမှမဖြစ်ပဲကောင်းနေနိုင်ပါတယ်။၎င်းကို lucid interval ဆိုပြီးခေါ်ပါတယ်။

သို့သော်လည်းအချိန်ရလာတာနဲ့အမျှ သင့်ဦးနှောက်မှာဖိအားတွေဖြစ်လာပြီးအောက်ပါပြောပြမယ့် ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။

-ခေါင်းကိုက်ခြင်း

-အန်ခြင်း

-မူးဝေခြင်းနဲ့ သတိလစ်ခြင်း

-မူးခြင်း

-စိတ်ရှုပ်ထွေးခြင်း

-သူငယ်အိမ်အရွယ်အစားမတူညီခြင်း

-စကားပြောမပီသခြင်း

ဦးနှောက်ထဲကိုသွေးစီးဆင်းတာများသောကြောင့် ဒါမှမဟုတ် သင့်ဦးနှောက်နဲ့ ဦးခေါင်းခွံကြားနေရာကျဉ်းသွားသောကြောင့် အခြားရောဂါလက္ခဏာတွေကတော့

-မကြည်မလင်ဖြစ်နေခြင်း

-တက်ခြင်း

-သတိလစ်ခြင်း

((အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာပြောထားတဲ့အချက်တွေထဲသင့်မှာရှိခဲ့ရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်

-သတိလစ်ခြင်း

-ခေါင်းကြာရှည်စွာကိုက်နေခြင်း

-အန်ခြင်းအားနည်းခြင်း အမြင်ဝါးခြင်းနှင့် တည်ငြိမ်မှုမရှိခြင်း

(သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။)

အကြောင်းရင်းများ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အများအားဖြင့် သွေးကြောတေကွက ွနေသွေးယိုလို့ နောက်ပြီးဦးနှောက်ကိုကာထားတဲ့ အပြင်ဘက်နဲ့အလည်က အလွှာမှာသွေးယိုတာကနေလည်းဖြစ်စေပါတယ်။ဦးခေါင်းခွံအလွှာအောက်တွင်သွေးလုံးဖြစ်ခြင်းမှာ သွေးလွှတ်ကြောတွေကနေသွေးယိုစီးမှုကြောင့်ဖြစ်ရပါတယ်။

ဦးခေါင်းခွံအလွှာအောက်တွင်သွေးလုံးဖြစ်ခြင်းမှာချက်ခြင်းဖြစ်ခြင်း၊ အချိန်အနည်းငယ်ကြာမှဖြစ်ခြင်း၊နဲ့ အချိန်ကြာမှဖြစ်ခြင်းဆိုပြီးရှိပါတယ်။

-ရုတ်တရက်ချက်ခြင်းဖြစ်ခြင်း။ ဒီပုံစံကတော့ အရမ်းဆိုးတဲ့ဦးခေါင်းထိခိုက်မှုဒဏ်ကြောင့် ဖြစ်ရပြီးရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။

-အချိန်အနည်းငယ်ကြာမှဖြစ်ခြင်း။ ရောဂါလက္ခဏာတွေ ပေါ်လာဖို့ အချိန်ယူပါတယ်တစ်ခါတစ်လေထိခိုက်ဒဏ်ရာရပြီးရက်တွေ အပတ်တွေကြာမှဖြစ်လေ့ရှိပါတယ်။

-အချိန်ကြာမှဖြစ်ခြင်း.တအားမပြင်းထန်တဲ့ခေါင်းဒဏ်ရာရခြင်းများ၊ဒီလိုဟာမျိုးကတော့ ဖြည်းဖြည်းချင်းသွေးစိမ့်ထွက်တာမျိုးဖြစ်တတ်ပြီးရောဂါလက္ခဏာတွေဟာလတွေ အပတ်တွေ အချိန်တွေကြာလှမှ ဖြစ်လာတတ်ပါတယ်။ သင်ကဘယ်အချိန်ကခေါင်းဒဏ်ရာရသလဲဆိုတာတောင်မှတ်မိမှာမဟုတ်တော့ပါဘူး။ဥပမာအားဖြင့် သင်က ကားထဲဝင်ခါနီးခေါင်းနဲ့တိုက်မိလိုက်တယ်ဆိုရင် ခေါင်းထဲမှာသွေးယိုနေတာမျိုးဖြစ်တတ်ပါတယ် တကယ်လို့ သင်ကသွေးကြဲဆေးတွေသောက်နေရတယ်ဆိုရင်ပေါ့။

  • ဦးနှောက်အလွှာတစ်ဝိုက်တွင် ဖြစ်သောသွေးလုံးဖြစ်ခြင်း

ဦးနှောက်အလွှာတစ်ဝိုက်တွင် ဖြစ်သောသွေးလုံးဖြစ်ခြင်းကတော့ဦးနှောက်ရဲ့ အပြင်လွှာနဲ့အလယ်လွှာကြားမှာသွေးလွှတ်ကြောဒါမှမဟုတ် သွေးပြန်ကြောမကြီးတွေကနေသွေးယိုလ့ိုဖြစ်ရပါတယ်။ ဒီလိုသွေးထွက်ခြင်းဟာ ဦးခေါင်းခွံကျိုးပဲ့ရာကနေသွေးကြောကိုဆွဲဖြဲသလိုဖြစ်ပြီး ဖြစ်တတ်တာမျိုးပါ။ အဖြစ်အများဆုံးအကြောင်းကတော့ ထိခိုက်ဒဏ်ရာရခြင်းကနေပါပဲ။

  • ဦးနှောက်အတွင်းသွေးလုံးဖြစ်ခြင်းအကြောင်းရင်းများ

ဦးနှောက်အတွင်းမှာသွေးတွေ အိုင်နေခြင်းကိုဦးနှောက်အတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။

ထိခိုက်ဒဏ်ရာရခြင်း၊ သွေးကြောပေါက်ခြင်း၊ သွေးပြန်ကြောဆိုင်ရာပုံစံပျက်ခြင်း၊ သွေးတိုးခြင်း၊ အလုံးအကြိတ်ဖြစ်ခြင်းတို့တွေ အပါအဝင် အခြားအကြောင်းများစွာရှိပါတယ်။ သွေးတွေဦးနှောက်ထဲကိုအစဉ်အဆက်မပြတ် စီးယိုနေခြင်းမျိုးရောဂါတွေရှိပါတယ်။ဦးနှောက်ကိုထိခိုက်ဒဏ်ရာရတာကနေပြီးတော့ အရမ်းဆိုးတဲ့ ဦးနှောက်ထဲသွေးလုံးဖြစ်ခြင်းတွေရရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဦးခေါင်းဒဏ်ရာရခြင်း၊ဆိုင်ကယ်သို့မဟုတ် စက်ဘီးလဲခြင်းတိုက်ခြင်းများ၊ပြ ုတ်ကျခြင်း၊ တိုက်ခိုက်ခံရခြင်း၊အားကစားပြုလုပ်ခြင်းများမှရသောဒဏ်ရာများစတာတွေက ဦးခေါင်းခွံအတွင်းသွေးယိုစေသောအဖြစ်အများဆုံးအကြောင်းတွေဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ ခေါင်းဒဏ်ရာရခြင်းကနေတောင်မှ သွေးလုံးတည်ဖြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒဏ်ရာကမပြင်းထန်ဘူး၊ ပွန်းပဲ့ဒဏ်ရာတွေမရှိဘူးပွင့်ထွက်နေတဲ့ဒဏ်ရာတွေမရှိရင်တောင်မှပဲအရမ်းဆိုးတဲ့ခေါင်းဒဏ်ရာရခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်ဟာအသက်ကြီးတာနဲ့အမျှ ပိုတိုးလာပါတယ်။

ပိုပြီးအန္တရာယ်ရှိတဲ့လူများကတော့

-အက်စ်ပရင် သောက်နေခြင်းနှင့် အခြားသွေးကျဲဆေးများသောက်နေခြင်း

-အရက်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အချိန်ကြာပြီးမှဖြစ်တဲ့ ဦးခေါင်းခွံအောက်သွေးလုံးဖြစ်ခြင်းဟာပိုပြီးတော့အဖြေရှာရခက်တတ်ပါတယ် ဘာလို့လဲဆိုတော့ ဒဏ်ရာရချိန်နဲ့ ရောဂါလက္ခဏာဖြစ်ချိန်တို့ဟာအချိန်ကွာဟနေလို့ပါ။ အသက်ကြီးတဲ့လူတွေမှာတစ်ဖြည်းဖြည်းနဲ့ မှတ်ဉာဏ်တွေယိုယွင်းကုန်တာမူးနောက်တာတွေဖြစ်ခြင်းကိုအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့တတ်တဲ့ရောဂါနဲ့ သွေးလုံးဖြစ်ခြင်းနဲ့ လွဲမှားကောက်ချက်ကြတတ်ပါတယ်။CT ရိုက်ကြည့်ခြင်းနဲ့ ချက်ချင်းဖြစ်တာလားအချိန်နည်းနည်းကြာပြီးမှဖြစ်တာလားအချိန်တအားကြာမှဖြစ်တာလားထောက်လှမ်းလို့ရပါတယ်။MRI ရိုက်ခြင်းနဲ့ အချိန်အကြာကြီးနေမှဖြစ်လာတဲ့ သွေးလုံးဖြစ်ခြင်းမျ ိုးကိုတိတိကျကျ အဖြေပေးလို့ရပါတယ်။

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သေးတဲ့ သွေးလုံးတွေရယ် ရောဂါလက္ခဏာမပြတဲ့ ဟာတွေရယ်ကိုထုတ်ပစ်စရာမလိုပါဘူး။ သင့်ရဲ့ရောဂါလက္ခဏာတွေပေါ်လာတာတွေရယ် ဒဏ်ရာရပြီးနောက်ဆိုးလာတာတွေရယ် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဘာချ ို့ယွင်းချက်တွေရှိလာနိုင်မလဲဆိုတာတွေကို

ဦးခေါင်းခွံအတွင်းဖိအားကိုအမြဲတိုင်းတာနေခြင်း CT တွေခဏခဏရိုက်ခြင်းနဲ့ စောင့်ကြည့်လို့ရပါတယ်။

သင်ကတကယ်လို့သွေးကြဲဆေးတွေသောက်နေမယ်ဆိုရင် ၎င်းတို့ကတော့ warfarin လိုမျိုးဆိုရင် သွေးကြဲဆေးအာနိသင်ကိုပြောင်းပြန်လုပ်ပေမယ့် ကုသမှုခံယူပြီးသွေးယိုတာလျှော့ချရမှာပါ။ ဗီတာမင်ကေနဲ့ သွေးရည်ကြည်လတ်လတ်ဆတ်ဆတ်သွင်းခြင်းတို့ကိုအသုံးပြုလို့/ရပါတယ်။

  • ခွဲစိတ်ကုသခြင်း

သွေးလုံးကုသမှုမှာ ခွဲစိတ်ရတာပါဝင်ပါတယ်။ ဘယ်ပုံစံနဲ့ခွဲစိတ်မလဲဆိုတာကတော့သွေးလုံးပေါ်မူတည်ပါတယ်။ ရွေးချယ်နိုင်တာတွေကတော့

-ခွဲစိတ်ပြီးသွေးတွေစီးဆင်းစေခြင်း။ တကယ်လို့သွေးတွေကတစ်နေရာထဲရှိနေခဲ့ရင် ခဲနေတာမဟုတ်ခဲ့ရင် သင့်ဆရာဝန်ကနေပြီးတော့burr holeလို့ခေါ်တဲ့ ဦးခေါင်းခွံမှာအပေါက်လေးဖောက်ပြီးတော့ သွေးတွေကိုစုပ်ထုတ်ပေးခြင်းပြုလုပ်ပေးပါလိမ့်မယ်။

Craniotomy ကြီးမားတဲ့သွေးလုံးတွေကိုတော့ သင့်ဦးခေါင်းခွံတစ်စိတ်တစ်ပိုင်းကိုဖြတ်ထုတ်ပြီးသွေးတွေကိုဖယ်ထုတ်တာမျိုးပြုလုပ်ခြင်းဖြစ်ပါတယ်။

  • နာလန်ထူခြင်း

ဦးခေါင်းခွံအတွင်းသွေးခဲခြင်းကိုကုသပြီးနာလန်ထဖို့ဆိုတာအချိန်ကြာပါတယ်ဒါ့အပြင် လုံးဝအကောင်းထိနာလန်ထဖို့လည်းမလွယ်ပါဘူး။ ဒဏ်ရာရပြီး နာလန်ထဖို့အကောင်းဆုံးအချိန်ကတော့ သုံးလလောက်အတွင်းပဲဖြစ်ပြီးအဲ့နောက်ပိုင်းမှာတော့ တိုးတက်ဖို့ ကောင်းလာဖို့ အချိန်ကြာတတ်ပါတယ်။ တကယ်လို့သင့်မှာဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြသနာတွေဆက်လက်ကျန်ရှိနေမယ်ဆိုရင် သင်ကကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဟာတွေအတွက်ကုထုံးတွေလိုပါလိမ့်မယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

-ညကိုအိပ်ရေး၀၀အိပ်ခြင်းနှင့် နေ့ခင်းဘက်တွေမှာပင်ပန်းချိန်တွေမှာအနားယူခြင်း

-သင်ကကျန်းမာသန်စွမ်းလာတယ်လို့ခံစားရချိန်မှာပုံမှန်ပြ ုလုပ်နေကြအလုပ်တွေကို ပြန်လုပ်ပေးခြင်း

-သင့်ဆရာဝန်က ကောင်းတယ်လို့မပြောမချင်းအားကစားပြုလုပ်ခြင်းများတွင်ပါဝင်ခြင်းမပြုပါနဲ့

-သင် ကားပြန်မမောင်းခင် အားကစားတွေပြန်မလုပ်ခင် စက်ဘီးတွေပြန်မစီးခင် ဒါမှမဟုတ် လေးလံတဲ့ စက်တွေ အသုံးမပြုခင်မှာသင့်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

-ဆေးတွေမသောက်သုံးခင်မှာသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

-သင့်က ပြီးပြည့်စုံစွာမကောင်းသေးချိန်မှာအရက်မသောက်ပါနဲ့။

အရက်သောက်ခြင်းကနာလန်ထခြင်းကိုအဟန့်အတားဖြစ်စေပြီးဒုတိယအကြိမ် အန္တရာယ်ဖြစ်ခြင်းကိုဖြစ်စေပါတယ်။

-သင်မှတ်ဉာဏ်မှာစဉ်းစားမရတာတွေကိုစာနဲ့ချရေးထားပါ။

-အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင်တွေမှာသင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်နဲ့ စကားပြောပါ။

(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement