တီဘီဆိုတာဖွံဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များတဲ့ဘက်တီးရီးယားရောဂါပိုးဖြစ်ပြီးအူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအပါအဝင် ရောဂါလက္ခဏာအမျိုးမျိုးပြနိုင်ပါသည်။ တီဘီရောဂါသည်ကူးစက်လွယ်ပြီးဆေးကုသမှုချက်ချင်းယူရန်လိုအပ်ပါသည်။
တီဘီရောဂါပိုးသည်များသောအားဖြင့်အဆုတ်ကိုကူးစက်တတ်ပြီးနာတာရှည်ချောင်းဆိုးခြင်း၊ကိုယ်အလေးချိန်ကျခြင်းနှင့်အခြားလက္ခဏာများဖြစ်ပွားတတ်ပါသည်။ သို့သော်တစ်ခါတစ်ရံတွင်အကျိတ်နှင့်အခြားကိုယ်အင်္ဂါများ(ဥပမာအူလမ်းကြောင်း)တွင်ဖြစ်စေတတ်သောextrapulmonary(အဆုတ်ပြင်ပ၌ဖြစ်သောတီဘီ)များလည်းဖြစ်ပွားတတ်ပါသည်။
အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်းသည် ဖွံဖြိုးဆဲနိင်ငံများတွင်အဖြစ်များပြီးတစ်ခါတစ်ရံတွင်ရောဂါလက္ခဏာပြသခြင်းမရှိပါ။
ဗိုက်အောင့်ခြင်း၊ဗိုက်ရစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ အူတီဘီရှိသောလူအများစုသည်အဆုတ်တီဘီပါတွဲရှိနေတတ်သည်။
မိမိ၏သားသမီးကိုသင့်တော်သောဆရာဝန်နှင့်ပြသရန်မှာအလွန်အရေးကြီးပါသည်။ တီဘီရောဂါဆေးစသောက်သည်ဆိုလျှင်ပင်ဆေးဝါးများစွာကိုအချိန်မှန်မှန်လပေါင်းများစွာစွဲသောက်ရန်လိုသည့်အပြင်ရောဂါရှိသူတွင်အခြားရောဂါများ(ဥပမာ-ခုခံအားကျဆင်းမှုရောဂါ)ရှိ/မရှိပါစစ်ဆေးရန်လိုအပ်ပါသည်။
အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တိတိကျကျပြော၍မရပါ။ များသောအားဖြင့်ဗိုက်တစ်ပြင်လုံး(သို့)ဗိုက်တစ်နေရာမှအောင့်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ညဘက်ချွေးစေးပြန်ခြင်း၊ဖျားခြင်း၊အန်ခြင်း၊နုံးခြင်း၊ဝမ်းလျော၊ဝမ်းပိတ်ခြင်း(သို့)ဝမ်းထဲသွေးပါခြင်းတို့ဖြစ်တတ်ပါသည်။ အူလမ်းကြောင်းတွင်အနာဖြစ်၍်ဝမ်းပျက်ခြင်း၊အူလမ်းကြောင်းကျဉ်း/ကျုံ့သွား၌ဗိုက်အောင့်ခြင်းများလဲဖြစ်တတ်သည်။ ဗိုက်အရမ်းအောင့်လျှင်အူပေါက်တာမျိုးလဲဖြစ်တတ်ပါသည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးသည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
(Primary)နွားမှတစ်ဆင့်ကူးစက်နိုင်သော်လည်းနွားနို့ကိုကျိုချက်သောက်ခြင်းကြောင့်ယခုအဖြစ်နည်းသွားပါပြီ။
(Secondary)အဖြစ်များပြီးတီဘီပိုးပါသောသလိပ်အူလမ်းကြောင်းအတွင်းဝင်ရောက်ခြင်းကြောင့်ဖြစ်တယ်။
Tubercle bacillusဟုခေါ်သည့်တီဘီပိုးသည်၎င်း၏အခွံရှိအဆီများနှင့်အစာအိမ်ကချေဖျက်ခြင်းကိုကာကွယ်နိုင်သည်။
ထို့နောက်အူထဲသို့ဝင်ကာileum,jejunum,duodenumစသည့်အူသိမ်များကိုတစ်ဆင့်ခြင်းကူးစက်ပါသည်။ ပြန်ရည်ကြောတစ်ရှူးများပြားခြင်း၊ဘက်တီရီးယားပိုးကိုချေဖျက်မှုအားနည်းခြင်းတို့သည်အူသိမ်တွင်တီဘီဖြစ်မှုနှုန်းများစေပါသည်။ မီလီယာရီတီဘီတွင်လည်းသွေးမှတစ်ဆင့်အူထဲသို့ပျံနှံခြင်းတွေ့ရပြီးအနားမှအင်္ဂါမှတစ်ဆင့်ပျံနှံခြင်းလည်းရှိသည်။ ခန္ဓါကိုယ်ခုခံအားကျဆင်းချိန်တွင်ငြိမ်နေသောတီဘီပိုးသည်ထကြွတတ်ပါသည်။
အူတီဘီဖြစ်ပွားနိုင်ချေကိုမြင့်စေသောအရာများမှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ပါဝင်စမ်းသပ်မှုများမှာ
အူလမ်းကြောင်းတီဘီကိုဆေးကုထုံးနှင့်ခွဲစိတ်ခြင်းတို့ဖြင့်ကုသနိုင်သည်။ ခွဲစိတ်ကုသမှုကိုနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာချိန်တွင် အလုပ်များသည်။
ဆေးကုထုံး-:
Isoniazid (300 mg) and rifampin (600 mg)ကို၁၈-၂၄လထိနေ့စဉ်သောက်ခြင်းသည်အဓိကကုထုံးဖြစ်သည်။
သလိပ်တွင်ပိုးကောင်ရေများနေလျှင်streptomycinကိုတစ်နေ့လျှင်၁ဂရမ်နှင့်၂-၃လပေးနိုင်သည်။
အူကိုဖုံးအုပ်ထားသောအမှေးပါးပါရောင်နေလျှင်steroidဆေးပါထပ်ထည့်နိုင်သည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် တီဘီရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ယခုလက်ရှိတီဘီဖြစ်နေသူသည်အခြားသူများကို မကူးစက်ရန်ဆရာဝန်မှစိတ်ချရပြီဟုမပြောမချင်းအိမ်တွင်သာနေသင့်သည်။ ရက်သတ္တပတ်လောက်ဝကာနိုင်ပြီးဆရာဝန်မှစိတ်ချရပြီဟုပြောမှသာပုံမှန်လုပ်ငန်းများကိုလုပ်ဆောင်သင့်ပါသည်။
မိမိအိမ်သားများအားမကူးစက်စေရန်သတိထားရမည်။ လေမှတစ်ဆင့်ကူးစက်နိုင်သည့်အတွက်မျက်နှာဖုံးကိုနှာခေါင်းနှင့်ပါးစပ်လုံအောင်တပ်ဆင်ရမည်။ ချောင်းဆိုး၊နှာချေသည့်အခါတစ်ရှူးနှင့်ပါးစပ်အုပ်ပြီးနောက်အိတ်ထဲသို့ထည့်ကာလွှင့်ပစ်ရမည်။ အခန်းကိုလေဝင်လေထွက်ကောင်းအောင်ထားရမည်။ ပန်းကာကိုပြူတင်းပေါက်နားထားခြင်းဖြင့်အခန်းကိုပိုးမွှားလျှော့ကျစေနိုင်ပါသည်။
အရေးအကြီးဆုံးမှာဆေးကိုအချိန်မှန်စွာနှင့်ကာလပြည့်အောင်သောက်ရန်ဖြစ်သည်။ ဆေးရပ်လိုက်ခြင်း(သို့)ကျော်သွားခြင်းဖြစ်လျှင်ဆေးမမတိုးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးသောက်ရန်မိသားစုဝင်များအားသတိပေးခိုင်းခြင်းတို့လုပ်ဆောင်သင့်ပါသည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။