Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
အောက်ပါ အချက်များသည် အူရောင်ရမ်းသောရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေပါသည်။
- အချို့သူများသည် အသက်၃၀မတိုင်ခင် ဤရောဂါကို တွေ့ရှိကြသော်လည်း အချို့မှ အသက်၅၀ကျော် ၆၀မှသာတွေ့ရခြင်း
- မိသားစု မျိုးရိုးထဲတွင် ယင်းရောဂါ ဖြစ်ထားသော ရာဇဝင်ရှိသူတွင် ဖြစ်နိုင်ခြေ ပိုများခြင်း
- ဆေးလိပ်သောက်ခြင်း
- တိကျသေချာသော ဆက်စပ်မှုကို မတွေ့ရသေးသော်လည်း isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံးစွဲသောသူ များတွင် အူရောင်ရမ်းသော ရောဂါပို ဖြစ်ကြခြင်း
- စတီးရွိုက် မပါသော အကိုက်အခဲပျောက်ဆေးများသည်လည်း ယင်းရောဂါကို ပိုမိုဆိုးရွားစေသလို၊ ရောဂါဖြစ်နှုန်းကိုလည်း တိုးစေခြင်း
- အဆီများသော အစားအစာများ၊ ပြန်လည် ပြုပြင်ထားသော အစားအစာ စားသုံးသူများတွင် ပိုမိုတွေ့ရှိရခြင်း
Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အူရောင်ရမ်းသောရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ရောဂါ လက္ခဏာများကို မေမြန်းခြင်း၊ အူအတက်ရောင်ရမ်းခြင်း၊ အူမကြီးကင်ဆာ စသော ရောဂါလက္ခဏာ ဆင်တူသည့် အခြားသောရောဂါများမှ ခွဲခြားနိုင်ရန် အောက်ပါစမ်းသပ်မှုများထဲမှ လိုသလိုပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။
သွေးစစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းတွင် သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် သွေးတွင် ပိုးဝင်ခြင်း လက္ခဏာရှိမရှိကို စစ်ဆေးပါမည်။
ဝမ်းတွင်သွေးပါမပါ စစ်ဆေးခြင်း။ ။ ဝမ်းနမူနာယူ၍ သာမန်မျက်စိနှင့် မမြင်နိုင်သော သွေးစများ ပါမပါကို စစ်ဆေးပါမည်။
အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း။ ။ သင်၏အူမကြီး တစ်လျှောက်ကို မှန်ပြောင်းဖြင့် ကြည့်ပြီးနောက် ယင်းမှန်ပြောင်းမှ တဆင့် အသားစယူပြီး ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးပါလိမ့်မည်။ အကယ်၍ ယင်းအသားစတွင် granulomasဟု ခေါ်သော ရောင်ရမ်းခြင်းကို ပြသသည့် ဆဲလ်များ တွေ့ရှိရပါက Crohn’s disease (ခရုမ်းရောဂါ) ကိုအတည်ပြု နိုင်ပါမည်။
အူမကြီးမှန်ပြောင်းကြည့်ခြင်း။ ။ sigmoid colon ဟုခေါ်သော အူမကြီး၏ နောက်ဆုံးပိုင်းကို သီးသန့်စစ်ဆေးသော မှန်ပြောင်းဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။
အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း။ ။ ဤနည်းလမ်းတွင် မှန်ပြောင်းကို ပါးစပ်မှတဆင့် မျိုချရပြီး အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် အပေါ်ပိုင်းကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Crohn’s disease(ခရုမ်းရောဂါ) အတွက် စစ်ဆေးရာတွင်မှု အသုံးသိပ်မဝင်လှသော်လည်း ပျို့ခြင်း၊ အန်ခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ ရင်ညွန်အောင့်ခြင်း စသည့် လက္ခဏာများ ရှိလျင်မှု စစ်ဆေးရပါမည်။
ဆေးတောင့်မြို၍ စစ်ဆေးခြင်း။ ။ Crohn’s disease(ခရုမ်းရောဂါ) ကို စစ်ဆေးအတည်ပြုရန် သုံးကြပါသည်။ ကင်မရာပါသော ဆေးတောင့်ကို မြိုချပြီး ယင်းကင်မရာမှ ပုံရိပ်ကို ကွန်ပြူတာဖြင့် ကြည့်ရှုကာ ရောင်ရမ်းနေသော အူအစိတ်အပိုင်းကို ကြည့်ရှုနိုင်ပါသည်။ သို့သော် မှန်ပြောင်းဖြင့် အသားစယူကာ ထပ်မံစစ်ဆေးရန် လိုအပ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။