အဓိပ္ပါယ်ဖွင့်ဆိုချက်
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ကဘာလဲ။
တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်းဆိုတာဘာလဲ။
တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်းသည် မွေးစကလေး၏မျက်စိ နှင့်အသားများ အဝါရောင်ဖြစ်ခြင်းဖြစ်သည်။
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) က ဘယ်လောက်အဖြစ်များသလဲ
၃၈ပါတ်မတိုင်မီမွေးသောကလေးများ(နေ့မစေ့ကလေး) နှင့် အချို့နို့စို့သောကလေးများတွင်ပိုဖြစ်နိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ရဲ့လက္ခဏာတွေကဘာတွေလဲ
အရေပြားဝါခြင်းနှင့် မျက်လုံးများဖြူနေခြင်းသည် မွေးပြီး နှစ်ရက်လေးရက်တွင်စပြတတ်သည်။
တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်း ဟုတ်မဟုတ်ကိုသိနိုင်ရန် ကလေးနဖူး သို့မဟုတ် နှာခေါင်းကိုဖွဖွလေးဖိကြည့်ပါ။ အရေပြားသည် ဖိချိန်တွင် ဝါနေသေးပါက ကလေးတွင် အသားဝါနည်းနည်းရှိနိုင်သည်။ ထိုသို့ဖိထားချိန်တွင် အရေပြားအရောင်ဖျော့သွားပါကသင့်ကလေးတွင် အသားဝါမရှိပါ။
အလင်းရောင်ကောင်းသောနေရာ ပုံမှန်နေ့အလင်းရောင်ရှိသောအချိန်တွင် စမ်းသက်ပါ။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အသားဝါအများစုကပုံမှန်ဖြစ်တတ်သော်လည်း တခါတရံ အသားဝါသည် အခြားရောဂါများရှိနေတတ်သည်။ အသားဝါဆိုးဝါးပါက ဘီလီရူပင်များ ဦးနှောက်သို့ရောက်နှုန်းများလာပြီးဦးနှောက်အားပျက်စေသည်။ အောက်ပါလက္ခဏာများရှိပါက ဆရာဝန်နဲ့ဆက်သွယ်ပါ။
ကလေးအသားများပိုဝါလာခြင်း
အသားဝါခြင်းသည် ဗိုက် လက်နှင့် ခြေထောက်တိုပါပါလာခြင်း
ကလေးမျက်လုံးရှိအဖြူများပါဝါလားခြင်း
ကလေးကဖျားနေခြင်း နိုးရန်ခက်ခဲနေခြင်း
ကလေးဝိတ်မတတ်ခြင်း သို့မဟုတ် နို့ကောင်းကောင်းမစို့နိုင်ခြင်း။
အသံခြစ်၍အော်ငိုခြင်း
သင့်ကိုစိတ်ပူစေသောအခြားလက္ခဏာများရှိနေခြင်း
အသားဝါခြင်းက သုံးပါတ်ကျော်ကြာနေခြင်း
အကြောင်းရင်းများ
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ကိုဘာတွေကဖြစ်စေသလဲ
ဘီလီရူပင်များခြင်းကြောင့်အဓိကဖြစ်သည်။ ဘီလီရူပင်သည် အသားဝါခြင်းကဖြစ်စေသည်။ သွေးနီဥများကွဲခြင်းကြောင့်ထွက်လာသော ပုံမှန်အပိုင်းအစတစ်ခုလဲဖြစ်သည်။
အသဲမှဘီလီရူပင်ကို သွေးထဲမှစစ်ထုတ်ပြီး အူလမ်းကြောင်းအတွင်းသို့ပို့ပေးသည်။ မွေးခါကကလေး၏အသဲကကောင်းစွာမဖွံဖြိုးသေးသောကြောင့် ဘီလီရူပင်အားကောင်းစွာမစွန့်ထုတ်နိုင်ပဲ ဘီလီရူပင်များလာသည်။ ပုံမှန်အခြေအနေများကြောင့်ဖြစ်လာသောအသားဝါခြင်းကို ပုံမှန်အသားဝါခြင်းဟုခေါ်ပြီး နှစ်ရက် သို့မဟုတ် သုံးရက်တွင် စပေါ်တတ်သည်။
အခြားအကြောင်းအရာများ
အချိုသောရောဂါများကြောင့် အသားဝါခြင်းကိုဖြစ်နိုင်သည်။ ထိုကိစ္စများတွင် ပုံမှန်အသားဝါခြင်းထက် အချိန်များများစော၍ပေါ်တတ်သည်။ အသားဝါဖြစ်စေသော ရောဂါသို့မဟုတ် အခြေအနေများမှာအောက်ပါအတိုင်းဖြစ်သည်။
အတွင်းပိုင်းသွေးထွက်ခြင်း
ကလေးသွေးအတွင်းတွင်ရောဂါပိုးဝင်ခြင်း
အချို့ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း
အမေသွေးနှင့်ကလေးသွေးမတည့်ခြင်း
အသဲမကောင်းခြင်း
အင်ဇိုင်းချို့တဲ့ခြင်း
ကလေးသွေးနီဥမကောင်းခြင်းကြောင့်ကွဲလွယ်နေခြင်း။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
နေ့မစေ့သောကလေးများ သို့မဟုတ် ၃၇ပါတ်ထက်စောပြီးမွေးထားသောကလေးများ
ကလေးမွေးနေချိန်တွင် အညိုအမဲစွဲခြင်း။ အကယ်၍သင့်ကလေးက မွေးနေချိန်တွင် အညိုအမဲစွဲခြင်း ရှိပါက ကလေးတွင် သွေးနီဥပေါက်ကွဲမှုများပြီး ဘီလီရူပင်များနေနိုင်သည်။
မိခင်နို့မထွက်၍ဖြစ်စေနို့သောက်ရန်ခက်ခဲနေ၍ဖြစ်စေ မိခင်နို့လုံလောက်စွာ(မိခင်နို့မတိုက်သူတွင် ဖော်မြူလာနို့ )မရရှိပါက ပိုဖြစ်နိုင်သည်။
အမေသွေးနှင့် ကလေးသွေးမတူပါကလည်းဖြစ်တတ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ကို ဘယ်လိုအတည်ပြုပါသလဲ
မွေးပြိး ၇၂ နာရီအတွင်း ကလေးနှင့်အမေအား ဆေးရုံမှဆင်းခွင့်ပေးတတ်သည်။ ထိုကြောင့် ကလေးအား မွေးငြ်္ပီးရက်အနည်းငယ်အတွင်း ပြန်လာပြရန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဘီလီရူပင်သည် မွေးပြီး ၃ရက်မှ ၇ ရက်အတွင်းအမြင့်ဆုံးရောက်တတ်သောကြောင့်ဖြစ်သည်။
အသားထင်ထင်ရှားရှားဝါနေပါက ကလေးတွင်အသားဝါဖြစ်သည်ဟုယူဆနိုင်သည်။ ရောဂါဆိုးဝါးမှုကိုသိနိုင်ရန် အချို့စမ်းသက်များလည်းလိုအပ်နိုင်သည်။
မွေးပြီး ၂၄ နာရီအတွင်း အသားဝါပေါ်သောကလေးများတွင် ဘီလီရူပင်ပမာဏချက်ချင်းတိုင်းရန်လိုအပ်တယ်။ အရေပြားစမ်းသက်ချက်သို့မဟုတ် သွေးစစ်ချက်များလုပ်နိုငသည်။
အသားဝါခြင်းကိုဖြစ်စေသော ရောဂါများရှိသည်ဟုယူဆပါက ထပ်မံစမ်းသက်မှုများလုပ်ရန်လိုအပ်နိုင်သည်။ ထိုစမ်းသက်ချက်များတွင် သွေးရှိဆဲလ်အရေအတွက်စစ်ဆေးခြင်း သွေးအမျိုးအစားစစ်ဆေးခြင်း ရီးစပ်စ် တည့်မတည့်စစ်ဆေးခြင်း၊ ကုန်းစမ်းသက်ချက်(သွေးနီဥဖြိုခွဲမှုများပါက အပေါင်းဖြစ်တတ်သည်) တို့ပါတတ်သည်။
Infant Jaundice (တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်) ကို ဘယ်လိုကုသပါသလဲ
အသားဝါမပြင်းထန်ပါက ကလေးအသဲဖွံဖြိုးလာသည်နှင့်အမျှ သူ့အလိုလိုကောင်းသွားနိုင်သည်။ ကလေးအစာအကြိမ်အရေအတွက်များများကျွေးခြင်း( တနေ့ ၈ ခါမှ ၁၂ ခါ)ကျွေးခြင်း ကဘီလီရူပင်ကိုခန္ဓါကိုယ်မှပိုစွန့်ထုတ်စေသည်။
ပြင်းထန်ပါက အခြားကုသမှုများလိုနိုင်သည်။ အလင်းပြခြင်း သည် အလွန်ထိရောက်သောကုသမှုတစ်ခုဖြစ်ပြီး အလင်းကိုအသုံးပြု၍ ကလေးကိုယ်အတွင်းရှိ ဘီလီရူပင်ကိုဖျက်ဆီးခြင်းဖြစ်သည်။ အလင်းပြကုသမှုတွင် အထူးပြုလုပ်ထားသောခုတင်ပေါ်တွင်တင်၍ အပြာအလင်းပြပေးသည်။ အလင်းပြချိန်တွင် ကလေးခါးတောင်းကျိုက် နှင့် မျက်စိအကာတို့ကိုသာဝတ်ထားပေးသည်။ ဖိုင်ဖာစောင်များကို သင့်ကလေးအောက်တွင်ထားရန်လိုတတ်သည်။
အရမ်းပြင်းထန်ပါကသွေးလဲရန်လိုအပ်တတ်သည်။ သွေးလဲပါက သွေးကိုအလှူရှင် သို့မဟုတ် သွေးလှူဘဏ်မှရလိမ့်မည်။ ကျန်းမာသောသွေးအား ကလေးပျက်ဆီးနေသောသွေးနှင့်လဲလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းက ကလေးသွေးနီဥများလာစေပြီး ဘီလီရူပင်ကိုကျစေသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် တစ်နှစ်အောက်ကလေးတွင် အသားဝါခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်တွင် သွေးအမျိုးအစားစစ်သင့်သည်။ မွေးပြီးပါက သင့်ကလေးသွေးအမျိုးအစားကိုစစ်ပြီး လိုအပ်ပါက သွေးမတည့်မှုကြောင့် အသားဝါခြင်းမဟုတ်ကြောင်းကိုဖယ်သင့ိသည်။ အကယ်၍ ကလေးတွင် အသားဝါရှိပါက ပိုဆိုးမလာပဲ ကာကွယ်နိုင်သောနည်းလမ်းကိုစဉ်းစားသင့်သည်။
ကလေးနို့လုံလောက်စွာစို့နိုင်တာသေချာပါစေ။ ကလေးကိုတနေ့ ၈ မှ ၁၂ ခါ နို့စို့ခိုင်းပါ။ အကယ်၍ ရေဓါတ်နည်းခြင်းကြောင့်ဖြစ်ပါက ဘီလီရူပင်စွန့်ထုတ်အားကိုများစေသည်။
အကယ်၍မိခင်နို့မစို့နိုင်ပါက ဖော်မြူလာနို့ကိုတိုက်ပါ။ ပထမအပါတ် တွင် ၁ မှ ၂ အောင်စကို နှစ်နာရီခြား သုံးနာရီခြားတစ်ခါ ပေးပါ။ လမစေ့ ပေါင်မပြည့်မွေးထားသောကလေးမျာတွင် အနည်းငယ်သာသောက်လိမ့်မည်။ ကလေး သောက်တာနည်းလွန်းသည် သို့မဟုတ် ဖော်မြူလာနိုများလွန်းသည် သို့မဟုတ် ၂၄ နာရီအတွင်း ၈ခါလောက်ထပြီး နို့မဆို့ပါကဆရာဝန်နှင့်တိုင်ပင်ပါ။
အသားဝါသောလက္ခဏာများရှိပါက မွေးပြီးငါးရက်အတွင်း သေချာစစ်ဆေးပါ။ အသားဝါလက္ခဏာများရှိပါက ဆရာဝန်ကိုချက်ချင်းခေါ်ပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။