မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဟိုက်ဖီးမားဆိုတာ မျက်လုံးတွင်း အရှေ့ဘက်အခန်း (မျက်ကြည်လွှာနှင့် မျက်ဝန်းကြားမှာ သွေးများစုပုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးက မျက်ဝန်းနဲ့ သူငယ်အိမ်တစ်ခုလုံး သို့မဟုတ် တစ်ခုလုံးနီးပါကို ကာလိုက်ပြီး အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝကို ဆုံးရှုံးသွားစေပါတယ်။ များသောအားဖြင့် နာကျင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အမြင်အာရုံ ထာဝရ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားလာနိုင်ပါတယ်
ဟိုက်ဖီးမားက ရှားပါးသော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဟိုက်ဖီးမားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဟိုက်ဖီးမားဖြစ်ပွားလာမယ်ဆိုရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ ပြီးတော့ မျက်လုံးထိခိုက်မှုတွေကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ သွေးမထွက်ဘူးဆိုရင်တောင်မှ ဆရာဝန်ဖြင့် စစ်ဆေးပါ။
မျက်လုံးကို တုံးသော အရာဝတ္ထုများဖြင့် ထိခိုက်မိခြင်းက ဟိုက်ဖီးမားရဲ့ အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ နောက်ထပ်ထိခိုက်မှုတွေ မရှိရင်တောင်မှ နောက်၃၊၄၊၅ရက်လောက်ကြာရင် သွေးတွေ ထပ်ထွက်လာနိုင်ပါတယ်။ ဝဲပျံလာတဲ့အရာတွေ၊ တုတ်ချောင်းတွေ၊ ဘောလုံးတွေနဲ့ အခြားကစားသမားတံတောင်ဆစ်ဖြင့်ထိခိုက်မိသော အားကစားပိုင်းဆိုင်ရာထိခိုက်မှုတို့ပါဝင်သည့် အလုံပိတ်ထိခိုက်ဒဏ်ရာ အမျိုးအစားဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံထိခိုက်ခြင်း၊ ပြုတ်ကျချော်လဲခြင်းနဲ့ ရန်ဖြစ်ခြင်းတို့က အခြားအကြောင်းအရင်းတွေပါ။]
ဟိုက်ဖီးမားဟာ အောက်ပါတို့ကြောင့် ဖြစ်ပွားလာနိုင်ပါတယ်။
ဟိုက်ဖီးမား ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ဖြစ်ပါတယ်။
နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
မျက်လုံးထိခိုက်မှုတွေ ဘယ်အချိန်မှာ ဖြစ်ပျက်ခဲတာလဲ၊ ဘယ်လိုရရှိခဲ့တာလဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ ဥပမာ မျက်လုံးကို ဘေ့စ်ဘော သို့မဟုတ် သစ်ကိုင်းတို့ဖြင့် ထိခိုက်မိခြင်းတို့လိုမျိုး အကြောင်းအရင်းတွေကို ဆရာဝန်သိဖို့ အရေးကြီးပါတယ်။
အလုံးစုံမျက်စိစစ်ဆေးမှုတွေလည်း ပြုလုပ်မှာပါ။
မျက်လုံးဆရာဝန်မပြဘဲ အိမ်မှာ ဟိုက်ဖီးမားကို မကုသသင့်ပါဘူး။ မျက်လုံးကို ဖုံးကွယ်ခြင်းမျိုး မလုပ်ပါနဲ့ ဘာကြောင့်လဲဆိုတော့ နည်းမှန်လမ်းမှန်နဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများလို့ပါ။ ဟိုက်ဖီးမားရဲ့ကုသမှုက လမ်းညွှန်မှုတွေကို သင်ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။ လမ်းညွှန်မှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဟိုက်ဖီးမားလူနာ ၁၅ကနေ ၂၀ရာခိုင်နှုန်းလောက်က နောက်၃၊၄၊၅ရက်အတွင်းမှာ သွေးထပ်ထွက်ကြပါတယ်။ ဒါကြောင့် ပြုစုစောင့်ရှောက်မှုတွေကို လိုက်နာဖို့ အရေးကြီးတာပါ။
ထွက်တဲ့သွေးက များသောအားဖြင့် ပြန်လည်စုပ်ယူခြင်း ခံရပါတယ်။ ဒါပေမယ့်လည်း ထိုဖြစ်စဉ် ရှိနေတယ်ဆိုတာ ဆရာဝန်က သေချာအောင် လုပ်ပေးရပါတယ်။ မျက်လုံးတွင်းဖိအားတွေ တက်မယ် သို့မဟုတ် သွေးပြန်ထွက်မယ်ဆိုရင် ဆေးရုံတင်ရနိုင်ပါတယ်။
ဟိုက်ဖီးမားကို ဘယ်လိုကုသမှုဆိုတာက အောက်ပါအချက်တို့အပေါ် မူတည်ပြီး ဆရာဝန်ဆုံးဖြတ်မှာပါ။
အောက်ပါကဲ့သို့သော အိမ်မှာ ပြုလုပ်ရမယ့်အရာတွေကို ညွှန်ကြားပါလိမ့်မယ်။
ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အိမ်မှာ ကုသလို့ ရမှာမဟုတ်ပါဘူး။ သူတို့တွေနဲ့ ရောဂါဆိုးရွားတဲ့လူတွေဆိုရင် ဆေးရုံမှာ ကုသမှရပါမယ်။ ကုသမှုတွေကတော့ အိမ်မှာကုသနည်းတွေနဲ့ အတူတူပါပဲ။
အော့အန်ခြင်းလိုမျိုးအပြုအမူတွေက ညှစ်ရပြီး မျက်လုံးတွင်းဖိအားတက်စေနိုင်တဲ့အတွက်ကြောင့် မအန်တဲ့ဆေးတွေ ပေးနိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟိုက်ဖီးမား ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
မျက်လုံးကို ဘာကြောင့်ပဲ ထိခိုက်ထိခိုက် ဟိုက်ဖီးမားဖြစ်နိုင်ပါတယ်။ မျက်လုံးထိခိုက်နိုင်တဲ့ အားကစားတွေ ပြုလုပ်တဲ့အခါမှာ မျက်လုံးအကာအကွယ်များ ဝတ်ဆင်ပါ။
လူနာက နှစ်စဉ်နှစ်တိုင်း အတွင်းတိမ်ရှိမရှိကို စစ်ဆေးရပါမယ်။ မျက်လုံးထိခိုက်ခြင်းက မျက်လုံးတွင်း အရည်စီးဆင်းမှုကို ပျက်စီးသွားစေနိုင်ပြီး အတွင်းတိမ်ဖြစ်ပွားနိုင်ခြေ မြင့်လာစေပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။