backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypertension (သွေးတိုးရောဂါ)


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypertension (သွေးတိုးရောဂါ) ကဘာလဲ။

သွေးတိုးရောဂါသည် သွေးကြောနံရံများတွင် ပုံမှန်ထက် သွေးဖိအားကို ခံရသည့်အခါဖြစ်သော သွေးပေါင်ချိန်တက်ခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ လက္ခဏာများမရှိသော်လည်း ကြာလာလျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအဝင် ကျန်းမာရေးပြသနာများ ဖြစ်လာနိုင်သည်။

သွေးပေါင်ချိန်တိုင်းတာလျှင် ဂဏန်းနှစ်မျိုးနှင့် ပြသည်။ အပေါ်ဂဏန်းသည် အပေါ်သွေးဖြစ်ပြီး၊ အောက်ဂဏန်းသည် အောက်သွေးဖြစ်သည်။ ဥပမာ ၁၂၀/၈၀ ဖြစ်သည်။

တစ်မျိုး သို့မဟုတ် ထိုဂဏန်း နှစ်မျိုးလုံး တိုးနေနိုင်သည်။

• ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ရှိခြင်းဖြစ်သည်။

• သွေးပေါင်ချိန်တိုးနေလျှင် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အထက်ရှိနေမည်ဖြစ်သည်။

• သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg သို့မဟုတ် ၎င်းထက်များနေပါက သို့သော် ၁၄၀/၉၀ အောက်ရှိနေပါက ထိုအခြေအနေသည် သွေးမတိုးခင် အခြေအနေဖြစ်သည်။

သင့်တွင် နှလုံးရောဂါ၊ သို့မဟုတ် ကျောက်ကပ် ပြသနာများရှိပါက သို့မဟုတ် လေဖြတ်ဖူးပါက သင့်ဆရာဝန်သည် သင့်သွေးပေါင်ချိန်ကို ထိုရောဂါများမရှိသော လူများထက် ပိုချစေချင်လိမ့်မည်။

Hypertension (သွေးတိုးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။

သွေးတိုးခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ များသောအားဖြင့် အသက်ကြီးသူမများတွင် ပိုဖြစ်လေ့ရှိသည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Hypertension (သွေးတိုးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

သွေးတိုးရှိသော လူအများစုသည် ရောဂါလက္ခဏာမပြပေ။ လူနည်းစုတွင်သာ ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးယိုခြင်း ကဲ့သို့သော လက္ခဏာအနည်းငယ်ပြတတ်သည်။ သို့သော် ထိုလက္ခဏာများသည် သွေးတိုးရောဂါအတွက် သီးသန့်မဟုတ်သည့်အပြင်၊ များသောအားဖြင့် အသက်အန္တရာယ်ရှိသည့် အခြေအနေရောက်မှသာ လက္ခဏာပြတတ်သည်။ အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သင့်တွင် အောက်ပါတို့နှင့် ပတ်သက်ပြီး မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

• သင့်တွင် သွေးတိုးရောဂါရှိလျှင် ဆရာဝန်နှင့် ပုံမှန်ပြသသင့်သည်။

• သင့်သည် အသက်၁၈ နှစ်ဖြစ်ပြီး ဖြစ်နိုင်ချေရှိသော အချက်များမရှိလျှင် ဆရာဝန်နှင့် ၂နှစ်တစ်ခါ အနည်းဆုံး သွေးပေါင်ချိန်စစ်ဆေးပါ။

• သင်သည် ၁၈ နှစ်နှင့် အထက်ဖြစ်ပြီး၊ သွေးတိုးရောဂါကို ဖြစ်နိုင်စေသော အချက်များရှိပါက ဆရာဝန်နှင့် နှစ်စဉ်ပုံမှန် စစ်ဆေးပါ။

သင့်တွင် အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

သွေးတိုးရောဂါ ၂ မျိုးရှိသည်။

• အကြောင်းမဲ့ သွေးတိုးခြင်း ။ ၎င်းတွင် အကြောင်းရင်းသေချာမရှိပေ။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပြီး အမျိုးသားများတွင်ပိုအဖြစ်များသည်။ အစားအသောက်နှင့် နေထိုင်မှုပုံစံကြောင့်လည်း သက်ရောက်မှုရှိနိုင်သည်။

• အကြောင်းရင်းရှိသော သွေးတိုးခြင်း ။ ၎င်းအမျိုးအစားသည် အချို့ရောဂါအခြေအနေများနှင့် ဆေးဝါးများကြောင့် ဖြစ်သည်။ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ကင်ဆာ၊ သားဆက်ခြားဆေးများသုံးစွဲခြင်း၊ အအေးမိပျောက်ဆေးများသုံးခြင်း၊ ကိုကိန်းသုံးခြင်း၊ အရက်သောက်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

အကြောင်းရင်းများ

Hypertension (သွေးတိုးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ။

သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။

အသက်။ အသက်ကြီးလေလေ သွေးတိုးရောဂါဖြစ်နိုင်လေလေ ဖြစ်သည်။

လူမျိုး။ လူမည်းများတွင်သွေးတိုးရောဂါ ပိုဖြစ်သည်။

မိသားစု ရာဇဝင်။ သွေးတိုးရောဂါသည် မျိုးရိုးလိုက်နိုင်သည်။

ကိုယ်အလေးချိန်များခြင်း။ သွေးစီးဆင်းမှုများခြင်းကြောင့် သွေးကြောများအပေါ်တွင် ဖိအားပိုများနိုင်သည်။

အစားအသောက်ပုံစံမမှန်ခြင်း ။ ဆားများများစားခြင်း၊ ဆေးရွက်ကြီး၊ အရက်၊ သို့မဟုတ် ပိုတက်ဆီယမ်ဓါတ်နည်းခြင်း၊ ဗီတာမင် ဒီ ဓါတ်နည်းခြင်း တို့ကြောင့် အချို့သောရောဂါများကို ဖြစ်စေပြီး သွေးတိုးခြင်းကို ဖြစ်စေသည်။

အခြားသော အခြေအနေများ။ စိတ်ဖိစီးမှုများခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အိပ်မပျော်ခြင်း၊ ကဲ့သို့သော အချို့သော နာတာရှည်ရောဂါများ၊ သည်လည်း သွေးတိုးခြင်းကို ဖြစ်စေနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypertension (သွေးတိုးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ။

သွေးပေါင်ချိန်တိုင်းသည့် ကိရိယာ သို့မဟုတ် စက်ဖြင့် သင့်ကို သွေးပေါင်ချိန်တိုင်းတာပြီး သွေးတိုးရောဂါရှိမရှိ ဆုံးဖြတ်နိုင်သည်။ သွေးတိုးသည်ဟု သတ်မှတ်ရန် သွေးပေါင်ချိန်ခြင်းကို ၂-၃ ကြိမ် ပြုလုပ်သင့်သည်။

သွေးပေါင်ချိန်ခြင်းတွင် အောက်ပါ အဆင့်များ သတ်မှတ်ထားသည်။

ပုံမှန်သွေးပေါင်ချိန် ။ သင့်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ဖြစ်လျှင် ပုံမှန်ဖြစ်သည်။

သွေးတိုးအကြို အဆင့် ။ အပေါ်သွေးသည် ၁၂၀ မှ ၁၃၉ အထိ ရှိပြီး၊ အောက်သွေးသည် ၈၀ မှ ၈၉ mmHg အထိ ရှိနိုင်သည်။ ထိုအခြေအနေသည် ကြာလာလျှင် ပိုဆိုးလာနိုင်သည်။

သွေးတိုး အဆင့် ၁- အပေါ်သွေး ၁၄၀ မှ ၁၅၉ အထိ ရှိနိုင်ပြီး အောက်သွေး ၉၀ မှ ၉၉ ထိ ရှိနိုင်သည်။

သွေးတိုး အဆင့် ၂- သွေးတိုးသည် ပိုဆိုးလာပြီး အပေါ်သွေး ၁၆၀ နှင့် အထက် ရှိနိုင်ပြီး အောက်သွေး ၁၀၀ mmHg နှင့်အထက် ရှိနိုင်သည်။

အသက် ၆၀ နှင့် အထက်တွင် အဖြစ်များသော သွေးတိုးရောဂါမှာ အပေါ်သွေး တစ်မျိုးတည်း တိုးခြင်းဖြစ်သည်။ အပေါ်သွေးသည် ၁၄၀ နှင့် အထက်ရှိနိုင်ပြီး အောက်သွေးသည် ၉၀ ထက် နည်းနိုင်သည်။

Hypertension (သွေးတိုးရောဂါ) ကို ဘယ်လိုကုသပါသလဲ။

သင့်ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ဆေးများကို ဆရာဝန်မှညွှန်ကြားပါလိမ့်မည်။ သွေးတိုးရောဂါအတွက် ဆေးများ မှာ Thiazide diuretics၊ Beta-blockers၊ ACE inhibitors၊ ARBs၊ Calcium channel blockers၊ Renin inhibitors တို့ဖြစ်ကြပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

သွေးတိုးခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။

သွေးတိုးခြင်းကို သက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။

• သင့် အာဟာရတွင် ဆားလျော့စားပါ။

• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

• ဆေးလိပ်ဖြတ်ပါ။ အရက်လျော့သောက်ပါ။

• ကိုယ်အလေးချိန်ကို ထိန်းပါ။

သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement