backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Kaung Thar မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘာလဲ။

အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကိုရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။

လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါကြီးကြီးမားမား မပြဘဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တချို့အသည်းရောင် အေ ရောဂါတွေမှာ အသည်းပျက်စီးသည်အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အသည်းရောင်အသားဝါ အေ ရောဂါက တော်တော်များများမှာတော့ ဒီရောဂါအဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတာ ဒါမှမဟုတ် ကူးလာတဲ့သူနဲ့ အတူနေထိုင်တာ၊ လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အ

လက္ခဏာများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပထမဆုံး သိထားရမှာက လူတိုင်းမှာတော့ ရောဂါလက္ခဏာမပြနိုင်ဘူး ဆိုတာပါပဲ။ ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီးနောက် တစ်လအတွင်းပေါ်လာနိုင်ပါတယ်။

ဖြစ်တတ်တာတွေကတော့

  • အသားဝါခြင်း
  • ဖြူဖျော့သော သို့  ရွှံစေးရောင် ဝမ်းသွားခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ခန္ဓာကိုယ်အနံ့ ယားယံခြင်း တို့ဖြစ်ပါတယ်။

ဒါ့ပြင် တုပ်ကွေးလိုမျိး လက္ခဏာတွေလည်း ပြနိုင်ပါတယ်။ ဥပမာ

ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသည်းရောင် အသားဝါ အေ ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပါ။

မတော်တဆ သင့်မှာ အသည်းရောင်အသားဝါ အေ ပိုးကူးမိတယ်ဆိုရင်တောင် ကူးပြီး ၂ ပတ်အတွင်းဆိုရင် အသည်းရောင် အေ ကာကွယ်ဆေး သို့ immunoglobulin ကုထုံးတို့နဲ့ ကာကွယ်နိုင်ပါသေးတယ်။

ဒါ့ပြင် ဒီအချက်တွေ ရှိနေတယ်ဆိုရင်လည်း ဘာဆက်လုပ်သင့်လဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

  • လတ်တလော စားခဲ့တဲ့ စားသောက်ဆိုင်က အသည်းရောင်အသားဝါ အေ ပိုးပျံ့နှံ့နေတယ်လို့ သတင်းထွက်လာခြင်း
  • သင်နဲ့ အတူနေထိုင်သူက အသည်းရောင်အသားဝါ အေ ပိုးရှိတယ်ဟု အဖြေထွက်ထားခြင်း
  • လက်တလောမှာ အသည်းရောင်အသားဝါအေ ပိုးရှိတဲ့ သူနှင့် လိင်ဆက်ဆံမှု ပြုထားခြင်း

အကြောင်းရင်းများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အသည်းရောင် အသားဝါ အေ ရောဂါကို အသည်းရောင် အေ ဗိုင်းရပ်စ်က ဖြစ်စေပါတယ်။ အသည်းရောင် အေ ဗိုင်းရပ်စ်ကို ကူးစက်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

  • ရောဂါပိုးရှိပြီး လက်သေချာ မဆေးတတ်တဲ့သူ ပြင်ဆင်ထားတဲ့ အစားကို စားမိခြင်း
  • မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိခြင်း
  • မသန့်ရှင်းတဲ့ ရေထဲက ငါးကို အစိမ်းစားမိခြင်း
  • ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူနဲ့ အနီးကပ် ထိတွေ့မှု ရှိခြင်း
  • ဗိုင်းရပ်စ်ပိုး ရှိသူနဲ့ လိင်ဆက်ဆံမှု ပြုခြင်း

ဖြစ်နိုင်ခြေများသူများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အသည်းရောင် အသားဝါ အေ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • အသည်းရောင် အသားဝါ အေ အဖြစ်များတဲ့ ဒေသမှာ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း
  • ယောကျာ်းခြင်း လိင်တူဆက်ဆံခြင်း
  • HIV ပိုးရှိနေခြင်း
  • Hemophilia ကဲ့သို့ သွေးရောဂါရှိနေခြင်း
  • မူးယစ်ဆေး အသုံးပြုခြင်း
  • အသည်းရောင် အေ ပိုးရှိသူနှင့် အတူနေထိုင်ခြင်း
  • အသည်းရောင် အေ ပိုးရှိသူနှင့် ပါးစပ် သို့ စအို ထိတွေ့မှု ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန် အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးစစ်ခြင်းကနေ သင့်ကိုယ်ထဲမှာ အသည်းရောင် အေ ပိုးရှိမရှိ သိနိုင်ပါတယ်။ ပုံမှန်အားဖြင့် သွေးပြန်ကြောမှ သွေးနမူနာ စုပ်ယူပြီး ဓာတ်ခွဲခန်းပို့ စမ်းသပ်ပါတယ်။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကို ဘယ်လိုကုသပါသလဲ

အသည်းရောင် အေ ပိုးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကုသမှုရယ်လို့တော့မရှိပါဘူး။ သင့်ခန္ဓာကိုယ်က အလိုအလျောက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ပါလိမ့်မယ်။ ရောဂါသည် တော်တော်များများမှာတော့ အသည်းက ခြောက်လအတွင်း ပြန်လည် ကောင်းမွန်နိုင်ပါတယ်။

အများစုကိုတော့ အိမ်မှာပဲ ဂရုစိုက် ကုသနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ တခြားလူတွေနဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပြီး ဆရာဝန်နဲ့ ပုံမှန် ပြသသင့်ပါတယ်။

အသည်းရောင် အေ ပိုးက လူကို နုံးစေတဲ့အတွက် ကောင်းကောင်းအနားယူသင့်ပါတယ်။ သစ်သီးဖျော်ရည် သို့ နွားနို့ကဲ့သို့သော အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ စားသောက်သင့်ပါတယ်။

ဒါ့ပြင် အတူနေပြီး သင့်ကို ပြုစုပေးမယ့်သူတွေက ကာကွယ်ဆေး မထိုးရသေးရင် ၂ပတ်အတွင်း ကာကွယ်ဆေးထိုးသင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

  • သင့်မှာ အသည်းရောင် ရောဂါရှိနေရင် သို့ အသည်းရောင် ရောဂါသည်ကို ပြုစုကိုင်တွယ်နေရရင် (အထူးသဖြင့် မစင်နဲ့ ထိတွေ့မိတယ်ဆိုရင်) လက်ကို သေချာ စင်ကြယ်အောင် ဆေးပါ။
  • သီးခြား သို့ တစ်ခါသုံး ဇွန်း၊ခွက်တို့ကို သုံးပါ။
  • နေ့ကလေးထိန်းကျောင်းမှာ အလုပ်လုပ်တဲ့သူဆိုရင် ကလေးသေးခံလဲပြီးတာနဲ့ တခြား ဘာမှ မလုပ်ကိုင်ခင်မှာ လက်ကို သေချာဆေးကြောပါ။
  • စားသောက်ဆိုင် ဝန်ထမ်းများကလည်း လက်ကို အမြဲတမ်း မှန်ကန်စွာ ဆေးကြောသင့်ပါတယ်။
  • သင့်ရဲ့ အသည်းရောင် ရောဂါလက္ခဏာတွေက ၄ ပတ်အတွင်း ပျောက်ကင်းမသွားဘူးဆိုလျှင် ဆရာဝန်နဲ့ ပြသပါ။
  • အသည်းရောင်အသားဝါ အေ ရောဂါသည် တော်တော်များများက အားနည်းတတ်တာကြောင့် ခဏခဏ အနားယူဖို့ လိုအပ်ပါတယ်။
  • ပျို့ချင်၊ အန်ချင်လာနိုင်တဲ့အတွက် အာဟာရ ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို နည်းနည်းနဲ့ မကြာမကြာ စားပေးသင့်ပါတယ်။

ကာကွယ်နည်းများ

အသည်းရောင် အသားဝါ အေ ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၆လခြားပြီး ၂ကြိမ်ထိုးရပါတယ်။ ဘယ်သူမဆို ထိုးလို့ရပါတယ်။ မဖြစ်မနေထိုးထားသင့်တဲ့သူတွေကတော့

  • ကလေးငယ်တွေ
  • အသည်းရောင် အသားဝါ အေအဖြစ်များတဲ့ ဒေသမှာ နေတဲ့သူတွေ
  • အသည်းရောင် အသားဝါ အေပိုး ရှိသူကို အနီးကပ်ပြုစုရတဲ့သူတွေ
  • လိင်တူဆက်ဆံသူတွေ
  • မူးယစ်ဆေးသုံးသူတွေ
  • သွေးမတိတ်ရောဂါရှိသူတွေ
  • နာတာရှည် အသည်းရောဂါ ရှိသူတွေ

ဒါတွေအပြင် တစ်ကိုယ်ရည်စာ လိုက်နာသင့်တာတွေကတော့

  • အသီးအရွက်တွေ၊ သစ်သီးတွေ စားတဲ့အခါ ရေသေချာဆေးပါ။ အသီးတွေကို အပေါ်ခွံခွာစားပါ။
  • အသားငါးတွေကို အစိမ်း ဒါမှမဟုတ် မကျက်တကျက် စားတာကို ရှောင်ပါ။
  • ရေကို ကျိုချက်ပြီးသောက်ပါ။
  • လက်သေချာဆေးပါ။ (အထူးသဖြင့် အိမ်သာတက်ပြီး၊ ကလေးသေးခံလဲပေးပြီး၊ အစာမစားခင်နဲ့ မပြင်ဆင်ခင်)

အသည်းရောင် အသားဝါ အေရောဂါ

  • အသည်းရောင် အသားဝါ အေရောဂါက အသည်းရောင် အသားဝါ အေဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။
  • မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာ၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်နေထိုင်ရာကနေ ကူးစက်ပါတယ်။
  • အများစုက လက္ခဏာမပြင်းထန်ဘဲ အလိုလိုသက်သာသွားကြပါတယ်။
  • ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။ အစားအစာနဲ့ လက်သန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Kaung Thar မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement