မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
Hemolytic-uremic syndrome (HUS) ဆိုသည်မှာ အ စာခြေစနစ်တွင် ရောဂါပိုးကူးစက်ခြင်းကသွေးနီဥများကိုပျက် စီးစေသောအဆိပ်အတောက် ပစ္စည်းများကိုထုတ်လွတ်သောအခါ ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပါသည်။
ထိုရောဂါ စတင် ဖြစ်ပွားပါကပျက်စီးသွားသောသွေးနီဥများသည် ကျောက်ကပ်ရှိ စစ်ထုတ်ခြင်းစနစ်ကိုစတင်ပိတ်ဆို့ပြီးအသက်အန္တရာယ်စိုးရိမ်ရသော HUS နှင့်ဆိုင်သောကျောက် ကပ်ပျက်စီးမှု ဖြစ်နိုင်ပါသည်။
HUS သည် ပြင်းထန်သောရောဂါတစ်ခုဖြစ်သော်လည်းအချိန်မီသင့်တော်သောကုသမှု ခံယူပါကလူတော်တော်များများတွင် အပြည့်ပြန်လည် ကောင်းမွန် လာနိုင်ပါသည်။ အထူးသဖြင့် ငယ်ရွယ်သောကလေးများတွင် ဖြစ်နိုင်ပါသည်။
HUS သည်လူတိုင်းတွင် ဖြစ်နိုင်သော်လည်း အသက်၄နှစ် အောက် ကလေးများတွင် ပို၍ ဖြစ်နိုင်ပါသည်။ အန္တရာယ်ဖြစ် စေသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါရခြင်းကိုနည်းအောင်ပြုလုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hemolytic-uremic syndrome၏ အဖြစ်များသောရောဂါ လက္ခဏာများမှာအဖျားတက်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန် ခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ခြင်း နှင့် သွေးပေါင်တက်ခြင်းတို့ ဖြစ်ပါသည်။ ဆီးသွားနည်းခြင်းဆီးမသွားခြင်း နှင့် အနီရောင် ဆီးများသွားခြင်းလည်းဖြစ်နိုင်ပါသည်။
အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင် သို့မဟုတ် သင့်ကလေးတွင် ရှင်းမပြနိုင်သောအညို မဲစွဲခြင်း၊ ပုံမှန်မဟုတ်ဘဲသွေးထွက်ခြင်း၊ ခြေလက်များဖောယောင်ခြင်း၊ အလွန် မောပန်းခြင်း နှင့် ဆီးသွားမှုနည်းခြင်း နှင့် ရက်အတန်ကြာဝမ်းလျှောခြင်းတို့ဖြစ်ပါကဆရာဝန်နှင့် အမြန် ပြသပါ။ သင် သို့မဟုတ် သင့်ကလေးသည် ၁၂နာရီကျော် ကြာသည်အထိဆီးမသွားပါကအရေးပေါ် စောင့်ရှောက်မှု ရှာဖွေခံယူပါ။
အဖြစ်များသောအကြောင်းရင်းမှာ VTEC ( verocyte-oxin-producing Escherichia coli) ဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ သို့သော်လည်းတစ်ခါ တစ်ရံအခြားအစာအိမ်နှင့် အူလမ်းကြောင်းရောဂါပိုးကူးစက် မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။
ထို့အပြင် ဓါတုကုထုံး၊ ကိုယ် ခံအားကျစေသော cyclosporine ဆေး၊ Quiineကဲ့သို့ ဆေးများသို့မဟုတ် ဆေးကုသမှုအချို့ ခံယူထားသူများသည် လည်း HUS ဖြစ်နိုင်ပါသည်။
Hemolytic-uremic syndrome ဖြစ်နိုင်ချေကို မြင့်စေသောအချက်များမှာ-
ကလေးငယ်များနှင့် အသက်ကြီးသောအရွယ်ရောက်ပြီးသူများသည် HUS ကြောင့် အပြင်းအထန်ဖျားနာနိုင်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကျန်းမာရေးစောင့်ရှောက်သူသည် သေချာစွာ ကြည့်ရှု စစ်ဆေးပြီးဆေးမှတ်တမ်းယူခြင်းဖြင့် ရောဂါအဖြေရှာ နိုင်ပါ သည်။ သွေးနှင့် ဆီးနမူနာများစစ်ခြင်း၊ ဝမ်းစစ်ခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါသည်။
ကျန်းမာရေးစောင့်ရှောက်သူသည် ကျောက်ကပ်ပျက်စီးမှုကိုစစ်ဆေးရန် Ultrasonography ရိုက်ခြင်းကိုညွှန်ကြားနိုင်ပါသည်။ ထိုမနာကျင်စေသောစစ် ဆေးမှုသည် အသံလှိုင်းများကိုအသုံးပြုကာကိုယ်တွင်းအင်္ဂါ များကို ကြည့်ရှုနိုင်ပါသည်။ အခြားကျောက်ကပ်စစ်ဆေးမှု များကိုလည်း ပြုလုပ်နိုင်ပါသည်။
HUS အတွက် ကုသမှုများမှာ-
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် Hemolytic-uremic syndromeကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် Hemolytic-uremic syndrome ကိုထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။