backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Blood Cancer (သွေးကင်ဆာ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blood Cancer (သွေးကင်ဆာ) ကဘာလဲ။

သွေးကင်ဆာဆိုတာကတော့ သွေးဆဲလ် ထုတ်လုပ်မှုနဲ့ သွေးဆဲလ်ရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်မှု ဖြစ်စေတာဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီတွေမှာအစပြုပြီးတော့ သာမန်ကောင်းမွန်တဲ့သွေးနီဥတွေကိုသူတို့ အလုပ်မလုပ်နိုင်အောင် တားဆီးနေတာဖြစ်ပါတယ်။ သွေးကင်ဆာမှာ အဖြစ်များသော အမျိုးအစား သုံးမျိုးရှိပါတယ်။

  • သွေးဖြူ ဥကင်ဆာ ( Leukemia)

ဒီကင်ဆာကတော့ ရောဂါပိုးတွေတိုက်ခိုက်တဲ့ သွေးဖြူ တွေကို မလုပ်နိုင်အောင် တားဆီးတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ သွေးဖြူဥကင်ဆာဖြစ်ရင် သူ့ရဲ့ ရိုးတွင်းခြင်ဆီကနေ သုံးစွဲဖို့လုံလောက်တဲ့ သွေးနီဥတွေ နဲ့ သွေးမွှားဥတွေကို မထုတ်လုပ်နိုင်တော့ပါဘူး။ ဒီရောဂါဟာ ခဏတာဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ပါတယ်။ နာတာရှည်ဟာ ပိုဆိုးရွားပြီး အန္တရာယ်လည်းဖြစ်ပါတယ်။ ပြီးတော့လည်း အဖြစ်အများဆုံးဖြစ်ပါတယ်။

  • Lymphoma

ဒီကင်ဆာကတော့ သွေးဖြူ ဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocyte (ပြန်ရည်ကျိတ်ဆဲလ်)တွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မူမမှန်တဲ့lymphocyte တွေဟာ ကိုယ်ခံအားစနစ်ကို ပျက်ယွင်းစေပါတယ်။ ပြီးတော့ အခြားအပြင်းစားရောဂါတွေကို ကာကွယ်ဖိုဲအတွက်ချို့ယွင်းစေပါတယ်။

  • ရိုးတွင်းခြင်ဆီ ကင်ဆာ (Myeloma)

ရိုးတွင်းခြင်ဆီကင်ဆာသည် ပဋိဇီဝပစ္စည်းတွေထုတ်ဖို့ကို တားဆီးပြီးတော့ အားအင်ကုန်ခမ်းခြင်းဖြစ်စေကာ အခြားကိုယ်ခံအားစနစ်တွေ လျော့ကျပြီး ပြင်ပက ရောဂါကူးစက်မှုများစေပါတယ်။

Blood Cancer (သွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးထိခိုက်မှုရှိနိုင်ပေမယိ အန္တရာယ်ဖြစ်စေမယ့် အချက်တွေ လျော့ချခြင်း ဖြင့်စီမံနိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။

လက္ခဏာများ

Blood Cancer (သွေးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချို့လက္ခဏာတွေကတော့ သင့်မှာသွေးကင်ဆာဖြစ်နိုင်တယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်သေချာလေ့လာပါ။ ယေဘုယျ လက္ခဏာတွေကတော့ –

  • တုန်ချမ်းနေအောင်ဖျားခြင်း
  • မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း
  • အစားစားချင်စိတ်ကုန်ခြင်း၊ မေ့မျောခြင်း
  • အလေးချိန်လျော့ကျခြင်း
  • ချွေးထွက်ခြင်း
  • အရိုးအဆစ်များနာကျင်ခြင်း
  • ဗိုက်မကောင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အသက်ရှူ ရပ်ခြင်း
  • ခဏခဏဖျားခြင်း
  • ယားယံခြင်း
  • လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ဒါမှမဟုတ် သင့်မိဘနဲ့ ညီအစ်ကိုမောင်နှမတွေမှာ ဖြစ်ပွားခဲ့ရင် ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကိုဆရာဝန်နှင့် ဆွေးနွေးပါ။

အကြောင်းရင်းများ

Blood Cancer (သွေးကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

သွေးကင်ဆာဆိုတာ သွေးဆဲလ်များ ပုံမမှန် အထိန်းအကွပ်မဲ့ ကြီးထွားပွားများခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ပုံမှန်ဆဲလ်တွေဟာ ကြီးထွားမှု နှင့် သေခြင်းတို့ကို စနစ်တကျလမ်းကြောင်းအတိုင်းလိုက်နာ သော်လည်း သွေးကင်ဆာကတော့ ထိုသို့ မဟုတ်ပါဘူး။ သူတို့က အလိုအလျှောက်လည်း မသေဆုံးကြပါ။ ပိုဆိုးတာက ဒီပုံမှန်မဟုတ်တဲ့ ဆဲလ်များက အခြားနေရာများကိုပြန့်နှံ့ပြီး ပုံမှန် သွေးဆဲလ်တွေရဲ့ လုပ်ဆောင်ချက်များကို တားဆီးတာဖြစ်ပါတယ်။

သွေးကင်ဆာက မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့ပြင် သူတို့က အခြားပြင်ပအရာတွေဖြစ်တဲ့ ဓါတ်ရောင်ခြည်ထိမှု၊ လူရဲု့ T-ဆဲလ်ကို အန္တရာယ်ရှိသော ဓါတုပစ္စည်းများနှင့် ဗိုင်းရပ်စ်တို့ ထိတွေ့တာကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Blood Cancer (သွေးကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးကင်ဆာသည် ကင်ဆာ၏ ကွဲပြားခြားနားသော အမျိုးအစားများပေါ် မူတည်သကဲ့သို့ ဖြစ်နိုင်ခြေအချက်များလည်း တစ်ဦးချင်းစီအတွက်လည်း ခြားနားသည်။ အန္တရာယ်ရှိနိုင်သော အချက်များနားလည်ခြင်းဖြင့် သွေးကင်ဆာ ဆက်မပွားအောင် တားဆီးဖို့ အဖြေရနိုင်ပါတယ်။

သွေးကင်ဆာကိုဖြစ်စေတဲ့ အန္တရာယ်ရှိအချက်များကတော့ –

  • ဓါတ်ရောင်ခြည်ကြာရှည်စွာ ထိတွေ့မှု
  • ဓါတုပစ္စည်းများနှင့် ထပ်တလဲလဲထိတွေ့မှု
  • ဓါတုပစ္စည်းများနှင့်ဆေးကုသမှု
  • ဒေါင်း ဆင်ဒရုန်း
  • မျိုးရိုးလိုက်ခြင်း စတာတွေဖြစ်ပါတယ်။

ထိုအချက်များအပြင် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ရဲ့ ဖြစ်စေတဲ့အချက်တွေကတော့

  • အသက်ကြီးခြင်း
  • ယောက်ျား
  • ကိုယ်ခံအားစနစ်ဖောက်လွဲဖောက်ပြန် ရောဂါရှိခြင်း (autoimmune disease)
  • HIV / AIDS ရောဂါ
  • အသားနှင့် အဆီပါဝင်မှု များတဲ့အစားအစာ
  • ပိုးသတ်ဆေးနှင့်ထိတွေ့ခြင်း စတာတွေဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ရိုးတွင်းခြင်ဆီကင်ဆာ ၏အကြောင်းရင်းများကတော့ –

  • အသက် ၅၀ကျော်
  • ယောက်ျား
  • အဝလွန်ခြင်း
  • ဓါတ်ရောင်ခြည်ထိတွေ့မှု
  • ရေနံဆက်စပ်အလုပ်များတွင်အလုပ်လုပ်ခြင်း စတာတွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Blood Cancer (သွေးကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာသွေးကင်ဆာရှိတယ်လို့ သံသယရှိနေတယ်ဆိုရင် သင့်ဆရာဝန်က သင့်သွေးကိုစမ်းသပ်မှုများ သို့မဟုတ် အခြားဓါတ်ခွဲခန်းစမ်းသပ်မှုများလုပ်ဖို့ အကြံပြုလိမ့်မည်။ စမ်းသပ်မှုတွေက များသောအားဖြင့်သင့်ခန္ဓါကိုယ်ရဲ့အခြား အစိတ်အပိုင်းတွေ အတွက်ကင်ဆာ ရှိမရှိစမ်းသပ်ုဖို့ ဖြစ်ပြီး သင်သွေးထဲမှာကင်ဆာရှိမရှိမပြောနိုင်ပါ။ သူတို့က သွေးကင်ဆာရဲ့ သဲလွန်စကိုသာ ပြသနိုင်ပါတယ်။ သွေးဖြူဆဲလ်တစ်မျိုး ထူးထူးခြားခြား အရေအတွက်များပြားနေပါရင် သွေးကင်ဆာဖြစ်နိုင်ခြေဖြစ်ပါတယ်။

သွေးကင်ဆာအတွက် အသုံးများသော စမ်းသပ်မှုများကတော့ :

  • သွေးဥပမာဏအားလုံးကိုရေတွက်နည်း (CBC)
  • သွေးတွင်း ပရိုတိန်းစမ်းသပ်ခြင်း
  • အကျိတ်အမှတ်အသားစမ်းသပ်မှု (tumor markers)
  • ပြန့်နှံ့နေတဲ့ အကျိတ်ဆဲလ်စမ်းသပ်မှု

Blood Cancer (သွေးကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

သွေးကင်ဆာများအတွက်ကုသမှုတွေကတော့ အသက်အရွယ်၊ အမျိုးအစားနဲ့ ကင်ဆာပြန့်နှံ့မှု ပေါ်မှာမူတည်ပါတယ်။ အသုံးများတဲ့ သွေးကင်ဆာကုသမှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ပင်မဆဲလ်အစားထိုးကင်ဆာကုထုံး

ခန္ဓါကိုယ်ထဲသို့ကျန်းမာတဲ့ ပင်မဆဲလ်အစားထိုးကုသမှုဖြစ်ပါတယ် ။ ပင်မဆဲလ် ကို ရိုးတွင်းခြင်ဆီ၊ သွေးနဲ့ ချက်ကြိုးတို့ကနေ ယူနိုင်ပါတယ်။

  • ဆေးသွင်းကုသခြင်း
  • ဆေးသွင်းကုသခြင်းဆိုတာ ကင်ဆာဆေးများ သွင်းပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကိုရပ်တန့်ဖို့ဒီဇိုင်း ထုတ် အသုံးပြုခြင်းဖြစ်ပါတယ်။ သွေးကင်ဆာများအတွက် ဆေးသွင်းကုသခြင်း တစ်ခါတစ်ရံတွင် ဆေးအစုလိုက် အတူတကွပေးခြင်းပါဝင်ပါသည်။ ဒါဟာ ပင်မဆဲလ်အစားထိုးကုသမှုမပြုမီပေးထားနိုင်ပါတယ် ။

    • ဓါတ်ရောင်ခြည်ကုထုံး

    ဓါတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်တွေကိုဖျက်ဆီးဖို့ သို့မဟုတ် နာကျင်မှု သက်သာရာဖို့အသုံးပြုနိုင်ပါသည်။ ဒါဟာ ပင်မဆဲလ်အစားထိုးကုသမှုမပြုမီ ပေးထားနိုင်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွေးကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်

    • ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။
    • စည်းကမ်းရှိပြီး ကျန်းမာလူနေမှုပုံစံကိုလိုက်နာပါ။
    • ပေါင်းသတ်ဆေးနှင့်ပိုးသတ်ဆေး ထိတွေ့ခြင်း ကိုရှောင်ကြဉ်ပါ။
    • ဓါတ်ရောင်ခြည်ထိတွေ့မှုရှောင်ကြဉ်ပါ။
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကိုစားပါ။ ရေများများသောက်ပါ။
    • မိမိဘာသာ ဆေးမြီးတိုနဲ့ ကြိတ်ပြီးမကုပါနဲ့။ ကျန်းမာရေးအတွက် သင့်တော်သော ကုထုံးများကို သာရှာဖွေပါ။

    သွေးကင်ဆာနှင့်ဆက်စပ်သော မထင်ရှားသော လက္ခဏာပင်ဖြစ်စေ ခံစားနေရလျှင် ဆရာဝန်ဆီ သွားရောက်ပြသဆွေးနွေးသင့်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement