backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ)


Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။

ဒီရောဂါဟာ ကျောက်ကပ်ထဲမှာရှိတဲ့ ပြွန်တွေရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ သင့်ကျောက်ကပ်ထဲမှာ သွေးကြောသေးသေးလေးတွေနဲ့ လုပ်ထားတဲ့ ဇကာစစ်လေးတွေအများကြီးရှိပြီး သင့်သွေးအတွင်းက ပိုလျှံနေတဲ့ အရည်တွေ၊ သတ္တုဓါတ်တွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပြွန်တွေ ပျက်ဆီးတဲ့အခါ သင့်ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်။

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်ရောင်ခြင်းဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်ရောင်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေမှာ

  • သွေးနီဥတွေ ဆီးထဲပါတဲ့အတွက် ပန်းရောင် သို့မဟုတ် ကိုလာအရောင် ဆီးတွေသွားခြင်း
  • ပရိုတင်းတွေများတဲ့အတွက် ဆီးအရောင်နောက်ခြင်း
  • သွေးပေါင်တက်ခြင်း၊ ကိုလက်စရောများခြင်း
  • ရေစုပုံခြင်းကြောင့် မျက်နှာ၊ လက်၊ ခြေထောက် နှင့် ဝမ်းဗိုက်ဖောခြင်း
  • ကျောက်ကပ်ပျက်ဆီးခြင်း သို့မဟုတ် သွေးအားနည်းခြင်းကြောင့် မောပန်းခြင်း
  • အဝလွန်ခြင်း
  • မွေးရာပါ ကျောက်ကပ်ပျက်ဆီးခြင်း

ဒီထဲမှာမပါတဲ့ အချက်တွေလည်း ရှိပါတယ်။ သင့်ရဲ့ လက္ခဏာအကြောင်းသိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒီထဲမှာမပါတဲ့ ရောဂါလက္ခဏာအကြောင်း သိလိုပါက ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓါက တုံ့ပြန်မှု မတူတတ်ကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။

အကြောင်းရင်းများ

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

တကယ်တော့ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေတဲ့ တချို့အကြောင်းတွေကို မသိရသော်လည်း ဖြစ်စေတဲ့အကြောင်းတွေက များစွာရှိနိုင်ပါတယ်။ ဒါတွေကတော့

  • လည်ချောင်းနာခြင်း
  • အရေပြားလေးဖက်နာရောဂါ
  • Goodpasture’s syndrome (ကိုယ်ခံအားကို ပြန်တိုက်ပြီး အသည်းနှင့်ကျောက်ကပ်ကို ပျက်ဆီးစေသောရောဂါ)
  • ကိုယ်တွင်းကလီစာတွေနဲ့ တစ်ရှူးတွေမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းဓါတ်တွေ စုဝေးနေတဲ့ရောဂါ
  • Wegener’s granulomatosis (ကိုယ်ခံအားကို ပြန်တိုက်သောရောဂါ) သွေးကြောတွေကို ရောင်ရမ်းစေပါတယ်။
  • Polyarteritis nodosa သွေးလွှတ်ကြောကို ဖျက်ဆီးတဲ့ ရောဂါ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကျောက်ကပ်ရောင်တာကို အဖြစ်များစေတဲ့ အချက်တွေက အများကြီးရှိပါတယ်။ ဒါတွေကတော့

  • ကျောက်ကပ်ပျက်ဆီးစေတဲ့ ဓါတုပစ္စည်းများနှင့် ဆေးတွေကြောင့် ကျောက်ကပ်အတွင်းရှိပြွန်တွေ မာကြောခြင်းကို ဖြစ်စေပါတယ်။
  • Ibuprofen၊ naproxen တို့လို စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေး(NSAIDs) တွေကို အသုံးများခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆီးစစ်ခြင်းဖြင့် ကျောက်ကပ်ရောင်ရောဂါကို သိရှိနိုင်ပါတယ်။ ဆီးစစ်ခြင်းဖြင့် ဆီးထဲ သွေးနီဥဘယ်လောက်ပါတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ ကျောက်ကပ်အထဲမှာရှိတဲ့ ပြွန်တွေ ဘယ်လောက်ပျက်ဆီးလဲဆိုတာ ပြသပါတယ်။ ဒါ့ပြင် ရောဂါပိုးဝင်ရောင်ရမ်းခြင်းကို ပြသတဲ့ သွေးဖြူဥပမာဏကို သိနိုင်သလို ကျောက်ကပ်ဆဲလ်တွေပျက်ဆီးတာကို ပြသတဲ့ ပရိုတင်းတွေများနေတာကိုလည်း သိနိုင်ပါတယ်။ သွေးစစ်ခြင်းဖြင့်လည်း စွန့်ထုတ်တဲ့ အညစ်အကြေး( Creatinine၊ Urea ၊ နိုက်ထရိုဂျင်) တွေကိုလည်း သိရှိနိုင်ပါတယ်။

တစ်ခါတစ်ရံ ဆရာဝန်က သင့်ကျောက်ကပ်ကို ဓါတ်မှန်၊ အာထရာဆောင်း( အသံလှိုင်းဖြင့် ပုံရိပ်ဖော်စက်)၊ ကွန်ပျူတာဓါတ်မှန် ရိုက်ပြီးလည်း စစ်ဆေးပေးပါလိမ့်မယ်။

ရောဂါရှာဖွေတဲ့ နောက်တစ်နည်းကတော့ ကျောက်ကပ်အသားစကိုယူပြီး ဓါတ်ခွဲစစ်ဆေးတာပဲ ဖြစ်တယ်။ ကျောက်ကပ်ရဲ့ အသားစအနည်းငယ်ကိုယူဖို့ အထူးပြုလုပ်ထားတဲ့အပ်ကိုသုံးပြီး အသားစယူကာ အနုကြည့်မှန်ပြောင်းစစ်ဆေးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ပါတယ်။

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်ရောင်ရောဂါကို သူ့ရောဂါအမျိုးအစားပေါ်မူတည်ပြီး ကုသနိုင်ပါတယ်။ ကုသနည်းတစ်ခုမှာ သွေးပေါင်တက်တာကို ထိန်းခြင်းဖြစ်တယ်။ သွေးပေါင်တက်တာက ရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်တယ်။

သင့်သွေးပေါင်ချိန်ကို မထိန်းနိုင်ဘူးဆိုလျှင် ဆရာဝန်က သင့်ကို သွေးပေါင်ထိန်းညှိဆေး captopril၊ lisinopril၊ perindopril (ACE inhibitors) ပေးပါလိမ့်မယ်။ သင့်ကိုယ်ခံအားက သင့်ကျောက်ကပ်ကို ပြန်ပြီးတိုက်ခိုက်တဲ့အခံ ကိုယ်ခံအားကို လျှော့ချဖို့ စတီးရွိုက်တွေကို သုံးနိုင်ပါတယ်။ ဒါနဲ့ ရလဒ်တူတဲ့ နောက်တစ်နည်းကတော့ သွေးရည်ကြည်ကို လဲပစ်တာပဲ ဖြစ်ပါတယ်။ ဒီနည်းက ကိုယ်တွင်းက သွေးရည်ကြည်တွေကို ဖောက်ထုတ်ပြီး သူ့အစား ကိုယ်ခံအားမပါတဲ့ သွေးရည်ကြည် သို့မဟုတ် အကြောဆေးရည်တွေ သွင်းပေးတာပဲ ဖြစ်တယ်။

သင့်ရဲ့ရောဂါကို ကုသဖို့အတွက် သင့်အစားအစာတွေထဲပါတဲ့ ပရိုတင်း(အသားဓါတ်)၊ ဆားနဲ့ ပိုတက်ဆီယမ်တွေကို ချင့်ချိန်စားသင့်တယ်။ ရေဘယ်လောက်သောက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သေချာစဉ်းစားထားဖို့ လိုအပ်ပါတယ်။

သင့်ရောဂါက ပိုဆိုးလာပြီး ကျောက်ကပ်ပျက်ဆီးတဲ့အထိ ဖြစ်လာရင် ဆရာဝန်မှ ကျောက်ကပ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါ့အတွက် သုံးတဲ့စက်တွေက သင့်သွေးတွေ စစ်ထုတ်ဖို့ ကူညီပါလိမ့်မယ်။ နောက်ဆုံးမှာ ကျောက်ကပ်အစားထိုးနိုင်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို ကာကွယ်ဖို့အတွက်လိုတဲ့ နေထိုင်မှုပုံစံပြောင်းခြင်းနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

အောက်မှာပြထားတဲ့ နေထိုင်မှုပုံစံပြောင်းခြင်းနဲ့ အိမ်တွင်းကုထုံးတွေက ကျောက်ကပ်ရောင်တာကို ကာကွယ်ပေးနိုင်ပါတယ်။

  • ဆားလျှော့စားခြင်းက ရေစုပ်ယူတာကို နည်းစေပြီး ရောင်ရမ်းခြင်းနှင့် သွေးတိုးခြင်းတို့ကို ဖြစ်စေပါတယ်။
  • ပရိုတင်းနဲ့ ပိုတက်ဆီယမ်ဓါတ်ကို လျှော့စားခြင်းဖြင့် သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို လျော့စေပါတယ်။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • ဆီးချိုရှိရင် သွေးထဲက သကြားဓါတ်ကို ထိန်းထားပါ။
  • ဆေးလိပ်ဖြတ်ပါ။

သိလိုသောအချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 08/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement