မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဒီလို giardia ရောဂါပိုးဝင်ခြင်းဟာ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခြင်း (သို့) အစားအစာ တွေမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးခွေး၊ ကြောင်လေးတွေမှာလည်း giardia ရောဂါပိုးမကြာခဏ အဝင်ခံရတတ်ပါတယ်။ သင့်အနေနဲ့ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အစားအစာ တွေကို စားခြင်း၊ အရည်တွေကို သောက်သုံးခြင်းဖြင့် giardiasis ရောဂါဖြစ်လာနိုင်ပါတယ်။
ဒီရောဂါက အရမ်းအဖြစ်များတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
Giardiasis ရောဂါရဲ့ အဖြစ်များတဲ့ရောဂါ လက္ခဏာတွေကတော့-
Giardiasisရောဂါဖြစ်ပြီဆိုရင် ရောဂါလက္ခဏာတွေ မပြတာလည်းဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာ မပြပေမယ့် ကပ်ပါးကောင်ကတော့ ခန္ဓါကိုယ်ထဲမှာ ဆက်ရှိနေနိုင်ပြီး မစင်တွေမှ တစ်ဆင့် အခြားသူတွေဆီကို ပျံ့နှံ့သွားနိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့သူတွေ ဆိုရင် ရောဂါလက္ခဏာတွေက ရောဂါပိုးထိတွေ့ပြီး တစ်ပတ်မှ သုံးပတ်အတွင်း ပြလာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့
အထက်ဖော်ပြပါ ရောဂါ လက္ခဏာတွေထဲမှာ မပါတဲ့ ရောဂါ လက္ခဏာ အချို့လည်းရှိနိုင်ပါတယ်။ တကယ်လို့ ရောဂါ လက္ခဏာ တစ်ခုခု နဲ့ ပတ်သတ်ပြီး သိလိုတာရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီးဆွေးနွေးနိုင်ပါတယ်။
တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။
ရေကူးကန်တွေ ၊ ရေကစားပန်းခြံတွေ စတဲ့နေရာတွေမှာ တွေ့ရနိုင်ပါတယ်။ လယ်ယာ စိုက်ခင်းတွေမှ စီးဆင်းလာသောရေများ၊ အမှိုက်သရိုက်များ(သို့) တိရိစ္ဆာန် အညစ်အကြေးများ မှ စိမ့်ထွက်စီးဆင်းလာသော ရေများ မှ တစ်ဆင့် မြေအောက်ရေ နဲ့ အခြားမြေမျက်နှာပြင်ပေါ်ရှိရေများကို ကူးစက်နိုင်ပါတယ်။ ကလေးတွေသုံးတဲ့ သေးခံတွေ၊ဝမ်းလျှောနေတဲ့ သူတွေက တစ်ဆင့်လည်း မတော်တဆ ရေကန်တွေနဲ့ အခြားရေတွေကို ကူးစက်ပျံ့ပွားသွားနိုင်ပါတယ်။
Giardiasis ရောဂါဖြစ်ဖို့ အားပေးနေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
Giardiasis ရောဂါပိုးဝင်ခြင်းဟာ သောက်သုံးရေ သန့်ရှင်းမှု နည်းပါးတဲ့နေရာတွေ(သို့) မသန့်ရှင်းတဲ့ နေရာတွေမှာ ဖြစ်ပွားမှုများပါတယ်။ တကယ်လို့ သင်ဟာgiardiasis ရောဂါပိုးဝင်တာ အဖြစ်များတဲ့နေရာကို ခရီးသွားတယ်ဆိုရင် ( အထူးသဖြင့် သင်ဟာ သင်စားသောက်တဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး သေသေချာချာ ဂရုမစိုက်ဘူးဆိုရင်) သင့်အတွက် ရောဂါပိုးဝင်နိုင်ချေများပါတယ်။ အဲလို giardiasis ပိုးဝင်ခြင်း အဖြစ်များတဲ့ နေရာတွေကတော့ ရွာ(သို့) တောကြိုတောင်ကြားနေရာတွေ ဖြစ်ပါတယ်။
အကာအကွယ် ကွန်ဒုံးအသုံးမပြုပဲ လိင်ဆက်ဆံခြင်းကလည်း ဒီရောဂါပိုး နဲ့ အခြားသော လိင်ဆက်ဆံခြင်းကနေတစ်ဆင့်ကူးစက် နိုင်တဲ့ ရောဂါပိုးတွေ ဝင်နိုင်ခြေပိုများစေနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Giardiasis ရောဂါကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက သင့်အတွက် ဒီရောဂါကို ထိန်းချုပ်ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။