backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကဘာလဲ။

Gaucher’s disease ဆိုတာ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်း တွေ အထူးသဖြင့် သရက်ရွက် နဲ့ အသည်း မှာ စုဝေးနေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အဆီတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်ထက် ပိုကြီးစေပြီး သူ့တို့ရဲ့ သဘာ၀ လုပ်ဆောင်ချက်တွေကို ပျက်ယွင်းသွားစေပါတယ်။ Gaucher’s disease နဲ့ ဆက်စပ်နေတဲ့ အဆီ တွေဟာ အရိုးတစ်ရှုးတွေမှာလည်း စုဝေးနေတတ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာသာ အဆီတွေ စုဝေးနေမယ် ဆိုလို့ ရှိရင် အရိုးကို အားနည်းစေပြီး အရိုးပါးရောဂါ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ရိုးတွင်းခြင်ဆီမှာ အဆီတွေစုဝေးနေရင် သွေးခဲဖြစ်ပေါ်စေခြင်းကိုလည်း ထိခိုက်စေပါတယ်။

Gaucher’s disease အမျိုးအစား ၃ မျိုး ရှိပါတယ်။

အမျိုးအစား ၁ – အများဆုံးတွေ့ရတတ်ပါတယ်။ အသည်းနဲ့ သရက်ရွက်ကို ကြီးစေပြီး အရိုးကို နာကျင်စေပါတယ်။ အရိုးတွေကို ကျိုးစေပြီး တစ်ခါ တစ်လေမှာ အဆုတ်နဲ့ ကျောက်ကပ် ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ကို တော့ မထိခိုက်ပါဘူး။

အမျိုးအစား ၂ – ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ နို့စို့ အရွယ် ကလေးငယ်တွေမှာ အများဆုံးတွေ့ရပါတယ်။ ရောဂါ ဖြစ်ပွားတဲ့ ကလေးတွေ အနေနဲ့ အသက် ၂ နှစ်လောက်မှာပဲ ဆုံးပါးသွားတတ်ပါတယ်။

အမျိုးအစား ၃ – အသည်းနဲ့ သရက်ရွက်ကြီးခြင်း လည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကလည်း တဖြည်းဖြည်းချင်း ထိခိုက်လာပါတယ်။ ကလေးဘ၀ ဒါမှမဟုတ် ကြီးကောင်ဝင်စ အရွယ်မှာ စတင် ဖြစ်ပေါ် တတ်ပါတယ်။

Gaucher’s disease ကို ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ အမျိုးအစား ၁ နဲ့ ၂ အတွက် ဆေးဝါးတွေ နဲ့ အင်ဇိုင်း အစားထိုး ကုထုံးတွေတော့ ရှိပါတယ်။ အဲ့ဒီ နည်းလမ်းတွေက အလွန်ထိရောက်ပါတယ်။ အမျိုးအစား ၂ နဲ့ ၃ ရဲ့ ဦးနှောက်ထိခိုက်မှု အတွက်ကတော့ ကောင်းမွန်တဲ့ ကုသမှု စနစ် မရှိပါဘူး။

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ရောဂါဖြစ်နိုင်ချေ များစေမယ့် အချက်တွေကို ရှောင်ခြင်းအား ဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ထပ်သိချင်တာ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Gaucher’s disease ရဲ့ လက္ခဏာတွေက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ လုံးဝတူညီနေတဲ့ အမွှာတွေမှာတောင် လက္ခဏာတွေက ကွဲပြားနေတတ်ပြီး ရောဂါပြင်းထန်တဲ့ ပုံစံကလည်း မတူညီတတ်ပါဘူး။ Gaucher’s disease ခံစားနေရတဲ့ တချို့မှာတော့ ဘယ်လို လက္ခဏာမျိုးမှ မတွေ့ရတတ်ပါဘူး။

Gaucher’s disease ရှိနေသူတွေ အနေနဲ့ အောက်ပါ ပြဿနာတွေ တွေကို တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း မတူနိုင်ပါဘူး။

  • ဝမ်းဗိုက်ပြဿနာများ – အသည်းနဲ့ သရက်ရွတ်က ရုတ်တရက် ကြီးသွားနိုင်ပါတယ်။ ဒီလိုနဲ့ ဗိုက်နာရခြင်း ဖြစ်ပါတယ်။
  • အရိုးများ မူမမှန်ခြင်း – Gaucher’s disease က အရိုးတွေကို ချည့်နဲ့ စေတဲ့ အတွက် အရိုးကျိုးနိုင်ခြေကို မြင့်မားစေပါတယ်။ သွေးတွေကို အရိုးဆီ လုံလုံလောက်လောက် မရောက်စေတဲ့ အတွက်လည်း အရိုးအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။
  • သွေးများမူမမှန်ခြင်း – သွေးအားနည်းခြင်းက မောပန်းလွယ်ခြင်းကို ဖြစ်စေပါတယ်။ Gaucher’s disease က သွေးခဲခြင်းကို ထိခိုက်စေတဲ့ အတွက်ကြောင့် အလွယ်တကူ အတွင်းကြေ ဒဏ်ရာရတာ၊ နှာခေါင်းသွေးလျှံတာတွေ ဖြစ်တတ်ပါတယ်။

Gaucher’s disease ကြောင့် ဦးနှောက်ထိတယ် ဆိုတာကတော့ အရမ်းရှားပါးလှပါတယ်။ ပုံမမှန်တဲ့ မျက်လုံးရွေ့လျားပုံတွေ၊ ကြွက်သားတောင့်တင်းတာ၊ အစာမျိုချမရတာ၊ တက်တာတွေ ဖြစ်တတ်ပါတယ်။ Gaucher’s disease ရဲ့ ရှားပါးမျိုးကွဲရောဂါ တစ်ခုကတော့ နို့စို့အရွယ် ကလေးငယ်တွေမှာ ဖြစ်တတ်ပြီး အသက် ၂ နှစ်လောက်မှာ သေဆုံးတတ်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အပြင် တခြား လက္ခဏာတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ မေးစရာလေးတွေ ရှိနေမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Glucocerebrosidase ဆိုတဲ့ အင်ဇိုင်းချို့တဲ့ခြင်းကြောင့်

Gaucher’s disease ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ ဒီ အင်ဇိုင်းဟာ ခန္ဓါကိုယ်တွင်းက အဆီတွေကို ချေဖျက်ပေးပါတယ်။ ခန္ဓါကိုယ်တွင်းမှာ Glucocerebrosidase က လုံလုံလောက်လောက် ရှိမနေတော့ဘူးဆိုရင် lipid တွေကို သေသေချာချာ မချေဖျက်နိုင်တော့ပါဘူး။ ရလဒ် အနေနဲ့ lipid တွေဟာ ကိုယ်အင်္ဂါတွေ အနီးမှာ စုပုံနေပါတော့တယ်။

Glucocerebrosidase ချို့တဲ့ ခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Gaucher’s disease ဖြစ်စေဖို့ မိဘ ၂ ယောက်လုံးမှာ ရောဂါ ဖြစ်စေမယ့် ဗီဇကို သယ်ဆောင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိဘတွေမှာ ရောဂါ ဗီဇ ရှိနေပေမယ့် ရောဂါ ရှိမနေဘူးဆိုရင် သူတို့ ဆီက ရတဲ့ ဗီဇတွေကို ပေါင်းပြီး သင့်မှာ ရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ရောဂါလက္ခဏာတွေမဖြစ်ပေါ်တဲ့ ဗီဇ တစ်ခုကို သာ ရရှိတဲ့ အခါမှာဆိုရင်လည်း ရောဂါ ဖြစ်နိုင်ချေက ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တကယ်လို့ မျိုးရိုးဗီဇထဲမှာ ရောဂါ မရှိဘူးဆိုရင်လည်း ရောဂါ ဖြစ်နိုင်ချေက ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရှေ့ ပိုင်း သို့မဟုတ် ဥရောပ အလယ်ပိုင်း ဂျူးမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ သူတွေဟာ Gaucher’s disease ဖြစ်နိုင်ချေ အများဆုံး ရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ခန္ဓါကိုယ်ကို စစ်ဆေးတဲ့ အချိန်မှာ ဆရာဝန်က ကလေးရဲ့ ဝမ်းဗိုက်ပိုင်းကို စမ်းပြီး သရက်ရွက် နဲ့ အသည်းအရွယ်အစားကို စစ်ကြည့်ပါလိမ့်မယ်။ ဓါတ်ခွဲခန်း စစ်ဆေးချက် တစ်ချို့၊ ဓါတ်မှန်ရိုက်ဖို့ နဲ့ မျိုးရိုးဗီဇလက္ခဏာတွေကိုလည်း စစ်ခိုင်းပါလိမ့်မယ်။

ဓါတ်ခွဲခန်းစစ်ဆေးချက်များ – Gaucher’s disease နဲ့ ဆက်နွယ်နေတဲ့ အင်ဇိုင်းပမာဏကို စစ်ဆေးဖို့ သွေးနမူနာ လိုအပ်ပါတယ်။ ဗီဇ ခွဲခြမ်းစိတ်ဖြာစစ်ဆေးချက်တွေကလည်း ရောဂါ ရှိမရှိကို ဖော်ထုတ်ပေးနိုင်ပါတယ်။

ဓါတ်မှန်ရိုက်ခြင်း – Gaucher’s disease ရှိနေတဲ့ သူတွေနေနဲ့ ရောဂါအဆင့်ဆင့် ကိုသိရှိနိုင်အောင် ဓါတ်မှန်ရိုက်ဖို့လိုအပ်ပါတယ်။ အောက်ပါဓါတ်မှန် အမျိုးအစားတွေ ပါဝင်ပါတယ်။

  • Dual energy X-ray absorptiometry (DXA) – အရိုးသိပ်သည်းဆကို တိုင်းတာနိုင်ဖို့ အတွက် X-ray အနိမ့်တွေကို အသုံးပြုပါတယ်။
  • MRI (Magnetic resonance imaging) – ဖမ်းယူဖို့ စွမ်းအင်မြင့် သံလိုက် နဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုတဲ့ MRI ဟာ သရက်ရွက် ဒါမှမဟုတ် အသည်းက ကြီးနေသလား ဆိုတာကို ပြသပေးနိုင်ပါတယ်။ အရိုးကိုထိခိုက်ထားသလား ဆိုတာကိုလည်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

ရောဂါရှိသူကို စုံစမ်းဖော်ထုတ်ခြင်းနှင့် မမွေးခင်ကလေးကို စစ်ဆေးကြည့်ခြင်း – တကယ်လို့ သင် ဒါမှမဟုတ် သင့်မိဘ တစ်ယောက်ယောက်က အက်ရှ်ကန်ဇီဂျူး လူမျိုးကနေ ဆင်းသက်သလား၊ ဒါမှမဟုတ် မိသားစုထဲမှာ Gaucher’s disease ဖြစ်ခဲ့ဖူးတာမျိုး ရှိလားဆိုတာကို သိဖို့ မျိုးရိုးဗီဇ စစ်ဆေးချင်ပါလိမ့်မယ်။ တစ်ခါတစ်လေ ဆိုရင် ဆရာဝန်တွေက သန္ဓေသားမှာ Gaucher’s disease ဖြစ်ပွားနိုင်ချေ ရှိ၊ မရှိ ဆိုတာကို သိချင်တဲ့ အတွက် မီးမဖွားခင်စစ်ဆေးဖို့ကို အားပေးတတ်ပါတယ်။

Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း) ကို ဘယ်လိုကုသပါသလဲ

Gaucher’s disease ကို ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ရောဂါလက္ခဏာတွေ၊ ထိလိုက်အနာတရ ဖြစ်တာတွေ၊ ဘဝအခြေအနေ စတာတွေ ကို ထိန်းချုပ်ဖို့ အတွက် အထောက်အကူဖြစ်စေမယ့် ကုထုံးတွေတော့ရှိပါတယ်။ တချို့မှာတော့ ကုထုံးမလိုတဲ့ ရိုးရိုး လက္ခဏာ တွေ ရှိတတ်ပါတယ်။

Gaucher’s disease ဖြစ်ပွားနေတဲ့ သူတွေမှာ အောက်ပါ ဆေးကုသမှု နည်းလမ်းတွေ စတင်ပြီးပြီးချင်းမှာ ပဲ အခြေအနေ တိုးတက်ပြောင်းလဲလာတာ တွေ့နိုင်ပါတယ်။

  • အင်ဇိုင်းများ အစားထိုးခြင်း – ချို့တဲ့ နေတဲ့ အင်ဇိုင်းတွေကို လူတွေ ပြုပြင်ဖန်တီးထားတဲ့ အင်ဇိုင်းတွေ နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ လူနာရဲ့ သွေးပြန်ကြောထဲကို အင်ဇိုင်းတွေ ထည့်ပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့် ၂ ပတ်တာ အချိန်အတွင်းမှာ ဆေး အကြိမ်ရေများများ တော့ ရှိပါတယ်။ ကုသမှု ခံယူတဲ့ လူတွေဟာ အင်ဇိုင်းနဲ့ မတည့်တာ မျိုး ၊မကြာခဏ ဖြစ်လေ့ရှိပါတယ်။
  • ပြဿနာ ဖြစ်စေတဲ့ အရာတွေ ထုတ်လုပ်ခြင်းကို ပိတ်ပင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ သောက်ဆေးတွေ ဖြစ်တဲ့ miglustat (Zavesca) နဲ့ eliglustat (Cerdelga) စတာတွေက Gaucher’s disease ခံစားရတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ အဆီတွေ စုပုံနေအောင် ထုတ်လုပ်ခြင်းကို ရပ်တန့်စေပါတယ်။
  • အရိုးပွ၊ အရိုးအားနည်းခြင်းကို ကုသတာမျိုးလည်း လုပ်ပါတယ်။ ဒီကုသမှု နည်းလမ်းတွေက Gaucher’s disease ကြောင့် အရိုးအားနည်းနေတာကို ပြန်လည် တည်ဆောက်ဖို့ အထောက်အပံ့ပေးပါတယ်။

တကယ်လို့ ရောဂါလက္ခဏာတွေက ပြင်းထန်ပြီး လုံလောက်တဲ့ ကုသမှုမျိုး မရရှိဘူး ဆိုရင် ဆရာဝန်က အကြံပေးပါလိမ့်မယ်။

  • ရိုးတွင်းခြင်ဆီ အစားထိုးခြင်း – ဒီနည်းလမ်းမှာ ဆိုရင် Gaucher’s disease ကြောင့် ထိခိုက်သွားတဲ့ ဆဲလ်တွေ (

သွေးတွေ ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေ) ကို ဖယ်ရှားပြီး ပြန်လည်အစားထိုးလိုက်ပါတယ်။ Gaucher’s disease ရဲ့ လက္ခဏာတွေကို ကုသပျောက်ကင်းစေနိုင်ပါတယ်။ အင်ဇိုင်းအစားထိုးကုသမှုထက် ဒီနည်းလမ်းကို လုပ်လေ့လုပ်ထ နည်းပါတယ်။

  • သရက်ရွက် ဖယ်ထုတ်ခြင်း – အင်ဇိုင်းအစားထိုးမကုသခင်မှာ သရက်ရွက်ကို ဖယ်ထုတ်ခြင်းက အတွေ့ရအများဆုံး ကုသနည်း တစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီနည်းလမ်းကို နောက်ဆုံး နည်းလမ်းတစ်ခု အနေနဲ့ အသုံးပြုပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက Gaucher’s disease ကို ထိန်းချုပ်နိုင်သလဲ။

အောက်ပါ နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေကို လိုက်နာမယ် ဆိုရင် Gaucher’s disease ကို ကုသဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

  • Gaucher’s disease ကို ထိန်းချုပ်ဖို့ ဆေးသောက်ဖို့ တင်မက ပဲ လုပ်ရမှတွေအများရှိပါတယ်။ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ စိတ်ဖိအားလျှော့ချဖို့ နဲ့ အခြား နေထိုင်မှု ပုံစံတွေကလည်း ပိုကောင်းတဲ့ ဘ၀ ရရှိအောင် အထောက်အကူ ဖြစ်နိုင်ပါတယ်။

Gaucher’s disease ခံစားရသူချင်း တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တချို့မှာတော့ သာမန် လက္ခဏာတွေပဲ ဖြစ်တတ်ပေမယ့် တချို့တွေမှာ ပြင်းထန်ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ သင် သို့မဟုတ် သင့်ကလေးက ရောဂါ ခံစားနေရမယ် ဆိုရင်တော့ မိသားစုနဲ့ သူငယ်ချင်းတွေ ဆီက နွေးထွေးတဲ့ မေတ္တာကို ရယူပါ။ သူတို့ရဲ့ အားပေးမှုတွေက ဝေဒနာတွေကို ရင်ဆိုင်နိုင်ပြီး ရောဂါ ပျောက်ကင်းစေတဲ့ အထိ အရေးပါပါတယ်။

ရောဂါအကြောင်း သိနိုင်သမျှ သိအောင် လုပ်ထားပါ။ များများသိလေလေ မကြောက်လေလေ ဖြစ်ပါတယ်။ Gaucher’s disease နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ဖတ်ပါ။ ဆရာဝန်ကို သိချင်တာတွေ မေးပါ။ ဒီမှာဖော်ပြထားတဲ့ အချက်တစ်ချို့ က သင် သို့မဟုတ် သင့်ကလေးကို ကျန်းကျန်းမာမာ နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

နာကျင်မှု နဲ့ မောပန်းခြင်းတို့ကို ထိန်းချုပ်ခြင်း – Gaucher’s disease ကြောင့် အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အရိုးကြေလို့ ခေါ်တဲ့ နာကျင်မှုက ညဖက်တွေမှာ မခံရပ်နိုင်လောက် အောင် နာကျင်နေတတ်ပါတယ်။ ဘယ်လိုခံစားရတယ် ဆိုတာ ဆရာဝန်ကို ပြောပြပြီး သက်သာစေမယ့် နည်းလမ်းကို အကြံတောင်းကြည့်ပါ။ အင်ဇိုင်းအစားထိုးကုထုံး (ERT – enzyme replacement therapy) ကလည်း အကူအညီ ဖြစ်ပါလိမ့်မယ်။ သင် သို့မဟုတ် သင့်ကလေး အနေနဲ့ အနာပျောက်ဆေးတွေကိုလည်း သောက်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့ ပမာဏ ကို အတိုးအလျော့ လုပ်ကြည့်ပြီး နာကျင်တဲ့ အခါကျရင်လည်း စိတ်လျှော့ထားပါ။

Gaucher’s disease ကြောင့် ဖြစ်ပေါ်တဲ့ နောက်ထပ် ပြဿနာ တစ်ခုက မောပန်းတာပဲ ဖြစ်ပါတယ်။ သွေးနီဥတွေ နည်းပါးတဲ့ အတွက်ဖြစ်ပေါ် တတ်တဲ့ သွေးအားနည်းခြင်းက မောပန်းလွယ်စေပါတယ်။ ဒီပြဿနာကို ထိန်းချုပ်ဖို့

  • တစ်နေ့တာ အတွင်း ခဏခဏ အနားယူပါ။
  • အလုပ်လုပ်တဲ့အခါ နည်းနည်းချင်းစီခွဲလုပ်ပါ။
  • သူများဆီက အကူအညီယူပါ။
  • အိပ်ရာစောစောဝင်ပါ။
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

နာကျင်မှု နဲ့ မောပန်းမှု တို့ကြောင့် လမ်းလျှောက်တဲ့အခါ လှေကားတက်တဲ့ အခါ ခက်ခဲနေမယ်ဆိုရင် ကိုယ်ကာယ အထူးကုပညာရှင်ကို ပြပါ။ ခန္ဓါကိုယ်လှုပ်ရှားနိုင်အောင် အထောက်အကူ ပြုပေးမယ့် လေ့ကျင့်ခန်းတွေကို ပြသပေးပါလိမ့်မယ်။ သေချုာမရပ်နိုင်ဘူး ဆိုရင်လည်း ချိုင်းထောက်၊ ကြိမ်လုံး သို့မဟုတ် လမ်းလျှောက်အကူအညီ ရယူဖို့ ဆရာဝန်ကို ပြောပြပါ။

လေ့ကျင့်ခန်းလုပ်ပါ – မောပန်းနေပြီး မလှုပ်ချင်ရင်တောင်မှ ကျန်းကျန်းမာမာနေနိုင်အောင် ခန္ဓါကိုယ်က လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement