backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ကဘာလဲ။

အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်းမှာ လိင်ပိုင်ဆိုင်ရာ တုံ့ပြန်မှု၊ လိင်စိတ်၊ အထပြီးမြောက်စိတ် သို့မဟုတ် ဆက်ဆံစဉ် နာကျင်နေခြင်း သို့မဟုတ် ပါတနာနှင့် ဆက်ဆံရေးတွင် ထိခိုက်နေခြင်း စသည့် အမြဲတမ်း သို့မဟုတ် ခဏခဏဖြစ်နေတတ်သော ပြဿနာများကို ဆိုလိုပါသည်။ ယနေ့ခေတ်တွင် အမျိးသမီးအများအပြား၌ ထိုကဲ့သို့လိင်ပြဿနာများကို အတိုင်းအတာတစ်ခုထိ ကြုံတွေ့နေကြရ၏။

အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းမှာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်လာနိုင်သည်။ တစ်သက်လုံးဖြစ်နေနိုင်သလို သက်ကြီးပိုင်းမှ စဖြစ်တာမျိုးလည်း ရှိပါသည်။ တစ်ချို့သော လိင်ဆိုင်ရာအခြေအနေမှသာဖြစ်တတ်သလို လိင်ဆက်ဆံတိုင်း ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်၏။ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုဆိုသည်မှာ ဇီဝကမ္မ၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ ယုံကြည်ချက်၊ နေထိုင်မှုပုံစံနှင့် ဆက်ဆံရေး အားလုံးခြုံငုံ ပါတ်သတ်နေသည့်ကိစ္စဖြစ်သည်။ ထိုထဲမှတစ်ခုခုတွင် ပြဿနာပေါ်လာပါက လိင်စိတ်၊ ဆက်ဆံလိုစိတ်၊ ကျေနပ်စိတ် စသည်တို့တွင် ထိခိုက်လာပြီး တစ်မျိုးထက်ပိုသော ကုသမျိုး လိုအပ်လာနိုင်ပါသည်။

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းသည် အသက် ၅၀ အထက်အမျိုးသမီးများတွင် ပိုပြီး အဖြစ်များလာပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း၏ လက္ခဏာများမှာ အမျိုးအစားပေါ်မူတည်ပါသည်။

  • လိင်ဆက်ဆံလိုစိတ်နည်းခြင်း

အဖြစ်အများဆုံးသောပုံစံဖြစ်ပြီး လိင်ကိစ္စတွင် စိတ်ဝင်စားမှုနည်းခြင်း လိင်ဆက်ဆံလိုစိတ် မရှိခြင်းတို့ ဖြစ်တတ်ပါသည်။

  • ရာဂနိုးကြွမှုပုံမှန်မဟုတ်ခြင်း

လိင်ဆက်ဆံလိုစိတ်ရှိနေသော်လည်း ရာဂနိုးကြွမှုမရှိခြင်း သို့မဟုတ် နိုးကြွမလာခြင်း သို့မဟုတ် ဆက်ဆံရင် စိတ်မပါတော့ခြင်းတို့ ဖြစ်နိုင်ပါသည်။

  • ဆန္ဒပြီးမြောက်ခြင်းဆိုင်ရာမူမမှန်ခြင်း

လိင်ဆက်ဆံပြီးနောက် နှင့် ဆက်ဆံနေစဉ် ဆန္ဒပြီးမြောက်ဖို့ရာတွက် ခဏခဏ သို့မဟုတ် အမြဲလိုလို အခက်အခဲရှိနေခြင်း

  • လိင်ဆက်ဆံစဉ်နာခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောလျင်စွာသိရှိကုသခြင်းက ပိုဆိုးမလာအောင်နှင့် တခြားသော အရေးပေါ်အခြေအနေများကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေများကို ကာကွယ်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် စောစောဆက်သွယ်ပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဟော်မုန်းပြောင်းလဲသည့်အခါ ဥပမာ ကလေးမွေးပြီးနောက် သို့မဟုတ် သွေးဆုံးပြီးနောက် အချိန်များတွင် လိင်ပြဿနာများ မကြာခဏဖြစ်တတ်ပါသည်။ တစ်ချို့သော အရေးကြီး မကျန်းမာမှုများဖြစ်သည့် ကင်ဆာ၊ ဆီးချို၊ နှလုံးနှင့် သွေးကြောရောဂါများသည်လည်း လိင်ဆိုင်ရာ မူမမှန်မှုကို ဖြစ်စေပါသည်။

လိင်ဆိုင်ရာ ကျေနပ်မှုမရှိခြင်း သို့မဟုတ် မူမမှန်ခြင်းများနှင့် ဆက်နွယ်နေနိုင်သည့် အချက်များမှာ –

  • ရုပ်ပိုင်းဆိုင်ရာ

ကင်ဆာ၊ ကျောက်ကပ်အလုပ် မလုပ်နိုင်ခြင်း၊ Multiple sclerosis, နှလုံးရောဂါနှင့် ဆီးအိမ်ပြဿနာများလို ရောဂါအခြေအနေ များစွာက လိင်ဆိုင်ရာမူမမှန်ခြင်းကို ဦးတည်စေနိုင်ပါသည်။ တစ်ချို့သော ဆေးများ ဥပမာ စိတ်ကျကုဆေးများ၊ သွေးပေါင်ညှိဆေးများ၊ ဟစ်စမင်းဆန့်ကျင် ဆေးများနှင့် ကင်ဆာဆေးများသည်လည်း လိင်စိတ်ကိုကျစေပြီး ဆန္ဒပြီးမြောက်ခြင်းကိုလည်း ကျစေပါသည်။

  • ဟော်မုန်းဆိုင်ရာ

သွေးဆုံးပြီးနောက် မဟော်မုန်းလယ်ဗယ် နည်းသွားခြင်းက လိင်အင်္ဂါတစ်ရှူးများ ပြောင်းလဲသွားခြင်းနှင့် လိင်ဆိုင်ရာ တုန့်ပြန်မှုကို ပြောင်းလဲခြင်းများကို ဖြစ်စေနိုင်ပါသည်။ မဟော်မုန်းနည်းခြင်းက တင်ပဆုံအင်္ဂါများဆီသို့ သွေးစီးဆင်းမှုကိုကျစေပြီး ရာဂစိတ်နိုးလာရန် ဆန္ဒပြီးမြောက်ရန် အချိန်ပိုလိုသွားစေသလို လိင်အင်္ဂါအာရုံခံနိုင်ယူကိုလည်း ကျဆင်းစေပါသည်။

  • စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ

စိတ်လှုပ်ရှာမှု သို့မဟုတ် စိတ်ကျခြင်းတို့အား မကုသပဲထားလျှင် လိင်စိတ်မူမမှန်ခြင်းကို ဦးတည်သွားစေနိုင်ပါသည်။ ထို့အတူ နာတာရှည် စိတ်ဖိစီးမှုနှင့် လိင်အကြမ်းဖက် ခံခဲ့ရဖူးခြင်းကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ ကိုယ်ဝန်ရမည်ကိုတွေးပူခြင်း၊ မိခင်ဖြစ်လာရမည်ကို တွေးပူခြင်းတို့ကလည်း ခပ်ဆင်ဆင်အကျိုးမျိုး ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • စိတ်ကျခြင်း သို့မဟုတ် စိုးရိမ်စိတ်များခြင်း
  • နှလုံးနှင့်သွေးကြောရောဂါ
  • အာရုံကြောရောဂါ ဥပမာ အာရုံကြောမကြီး ထိခိုက်မိခြင်း၊ multiple sclerosis
  • အသည်း သို့မဟုတ် ကျောက်ကပ် အလုပ်မလုပ်နိုင်ခြင်း
  • တစ်ချို့ဆေးများ ဥပမာ စိတ်ကျရောဂါဆေးများ၊ သွေးတိုးကျဆေးများ
  • စိတ်ခံစားမှု သို့မဟုတ် စိတ်ဖိစီးမှုများ အထူးသဖြင့် ပါတနာနှင့်ပါတ်သတ်သည်များ
  • လိင်အကြမ်းဖက်ခံခဲ့ရဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်၌ ဤအခြေအနေရှိနေကြောင်း ဆရာဝန်မှ သံသယရှိပါက စမ်းသပ်ခြင်း စစ်ဆေးခြင်းများကို ပြုလုပ်ပေးပါလိမ့်မည်။ သင်၏လိင်ပိုင်းဆိုင်ရာ ရောဂါဆိုင်ရာ ရာဇဝ်များကိုလည်း ဆွေးနွေးသင့်ပါသည်။ ကိုယ်ရေးကိုယ်တာများကို ဆရာဝန်နှင့်ဆွေးနွေးရမည်မှာ မလွယ်သော်လည်း လိင်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ဘဝနေထိုင်ကောင်းဖို့ သော့ချက်ဖြစ်ပါသည်။

လက်ရှိပြဿနာများနှင့် လိင်ဆိုင်ရာရာဇဝင်များကို သေချာပြောပြလေလေ ကောင်းမွန်စွာဖြေရှင်းနိုင်မည့်နည်းလမ်း ရှာတွေနိုင်လေလေ ဖြစ်ပါသည်။ ထို့နောက် တင်ပဆုံအင်္ဂါများကိုဆရာဝန်မှ စစ်ဆေးရာတွင် လိင်ဆိုင်ရာနှစ်သက်မှုကိုထိခိုက်စေသော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဥပမာ – လိင်တစ်ရှူးများပါးနေခြင်း၊ အရေပြား ကျုံ့ဆန့်နိုင်မှု လျော့နည်းခြင်း၊ အမာရွတ် သို့မဟုတ် နာကျင်မှု စသည်တို့ရှိမရှိ ရှာဖွေပါလိမ့်မည်။ လိင်နှင့် ဆက်ဆံမှုရေးရာ ပြဿနာများကို အထူးကုသသည့် ဆရာဝန်များထံသို့လဲ သင့်ဆရာဝန်မှ လွှဲပေးကောင်း လွှဲပေးပါလိမ့်မည်။

Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လိင်ဆိုင်ရာမူမှန်ခြင်းသည် သင့်ကိုအနှောက်အယှက် ပေးလာမှသာ ပြဿနာတစ်ခုဟု ဆိုနိုင်ကြောင်း သိထားပါ။ သင့်ကို ဘာမှမဖြစ်စေပါက ကုသရန် မလိုအပ်ပါ။ အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်း ဖြစ်လာပါက အကြောင်းအမျိုးမျိုး လက္ခဏအမျိုးမျိုး ရှိတတ်သောကြောင့် ကုသမှုလည်း အမျိုးမျိုး ကွဲပြားပါသည်။ သင့်၏စိုးရိမ်မှုများကို သင်သေချာ သိထားသင့်သလို သင့်ခန္ဓါကိုယ်နှင့် ပုံမှန် လိင်ဆိုင်ရာတုန့်ပြန့်မှုအကြောင်းကိုလည်း နားလည်ထားရပါမည်။

လိင်ကိစ္စစိတ်ပူရသည့်အမျိုးသမီးအများစုတွင် ဆေးနှင့်ရော ဆက်ဆံရေး စိတ်ခံစားမှုများကိုရော ပေါင်းစပ်ကုသခြင်းမှ အကျိုးကျေးဇူးရနိုင်ပါသည်။

အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်မှုအတွက် ဆေးမပါသောကုထုံး

လိင်ဆိုင်ရာမူမမှန်မှုကိုကုသရန် အောက်ပါနည်းလမ်းများအသုံးပြုခြင်းဖြင့် စတင်ပါလိမ့်မည်။

  • ဆွေးနွေးပါ နားထောင်ပါ
  • ကိုယ့်ပါတနာနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းက လိင်ဆိုင်ရာကျေနပ်မှု ရလာစေရန် အပြောင်းအလဲများ ဖြစ်လာနိုင်ပါသည်။

    • ကျန်းမာသော နေထိုင်မှုပုံစံအတိုင်းနေပါ

    အရက်များများသောက်ခြင်းက လိင်ဆိုင်ရာ တုန့်ပြန်မှုကို လျော့နည်းသွားစေပါသည်။

    • နှစ်သိမ့်ဆွေးနွေးပါ

    လိင်ဆိုင်ရာနှင့် ဆက်ဆံရေးဆိုင်ရာ ပြဿနာများကို အထူးပြုသော ဆရာဝန် သို့မဟုတ် နှစ်သိမ့်ဆွေးနွေးသူနှင့် ဆွေးနွေးပါ။

    • ချောဆီသုံးပါ

    မအင်္ဂါခြောက်သွေ့ခြင်း သို့မဟုတ် ဆက်ဆံစဉ်နာခြင်းမျိုးအတွက် လိင်သုံးချောဆီများနှင့် အထောက်အကူ ရစေနိုင်ပါသည်။

    • လိင်ကိရိယာသုံးပါ

    ရာဂစိတ်ကြွလာခြင်းကို မအင်္ဂါစေ့အား လှုံ့စော်ခြင်းဖြင့် ရလာနိုင်ပါသည်။

    အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းအတွက် ဆေးဖြင့်ကုသခြင်း

    လိင်ဆိုင်ရာမူမမှန်ခြင်းအား ဆေးဝါးများဖြင့်လည်း ကုသနိုင်ပါသည်။

    • လိင်ဆိုင်ရာဘေးထွက်ဆိုးကျိုးများရှိသော ဆေးများကိုပြောင်းပေးခြင်း သို့ ချိန်ညှိပေးခြင်း
    • သိုင်းရွိုက် သို့မဟုတ် တခြားသော ဟော်မုန်းအခြေအနေများကို ကုသပေးခြင်း
    • စိတ်ကျခြင်းနှင့် စိုးရိမ်စိတ်ရောဂါများကို အကောင်းဆုံးဖြစ်အောင် ကုသခြင်း
    • တင်ပဆုံနာကျင်မှု သို့မဟုတ် တခြားသော နာကျင်မှုပြဿနများကို သက်သာစေမည့် နည်းလမ်းကို သုံးကြည့်ခြင်း

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • အရက်အများအပြားသောက်ခြင်းကို ရှောင်ပါ။
    • ဆေးလိပ်မသောက်ပါနှင့်။
    • ကိုယ်လက်လှုပ်ရှား တက်တက်ကြွကြွနေပါ။
    • အပန်းဖြေချိန် သပ်သပ်ပေးပါ။
    • စိတ်ဖိစီးမှုကို လျော့စေမည့်နည်းလမ်းများ ရှာပါ။ နေ့စဉ်ဘ၀ ဖိစီးမှုများရာတို့အလယ်တွင် ကိုယ့်ကိုယ်ကိုစိတ်ပြေအောင် နေပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement