မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သရက်ရွက်သည် နံရိုးအိမ်အောက်ဖက် ဗိုက်အပေါ်ဘယ်ဖက်မှ ကျောဖက်အထိရှိသော အင်္ဂါဖြစ်ပါသည်။ ၎င်းသည် ပြန်ရည်စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရောဂါပိုများကိုတိုက်ထုတ်ရာ၌ စွန့်ထုတ်အင်္ဂါအဖြစ် အလုပ်လုပ်၏။
သရက်ရွက်မှထုတ်သော သွေးဖြူဥများမှာ ဘက်တီးရီးယား၊ တစ်ရှူးသေများနှင့် ပြင်ပမှပစ္စည်းများကို ငုံပြီးသွေးများနှင့်အတူ ၎င်းဆီစီးဆင်းလာကာ ဖယ်ထုတ်ပေးပါသည်။ သရက်ရွက်သည် သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥများကို မျှတအောင်လည်း ဆောင်ရွက်ပေး၏။ သွေးမွှားဥမှာ သွေးခဲခြင်းအတွက် အရေးပါပါသည်။ သရက်ရွက်သည် သွေးမှမကောင်းသော သွေးဆဲလ်များကို စစ်ထုတ်ပေးပါသည်။
ပုံမှန်အားဖြင့် သရက်ရွက်သည် လက်သီးအရွယ်သာရှိ၏။ ပုံမှန်စမ်းသပ်ကြည့်ပါက ထိုအရာကို မစမ်းမိပါ။ သို့သော် ရောဂါများသည် ၎င်းကိုဖောင်းလာစေပြီး ပုံမှန်ထက် အဆများစွာ ကြီးလာနိုင်ပါသည်။ သရက်ရွက်မှာ လုပ်ငန်းစဉ်များစွာကို လုပ်နေရသောကြောင့် အခြေအနေအမျိုးမျိုးက ၎င်းကိုထိခိုက်စေနိုင်ပါသည်။
သရက်ရွက်ကြီးတိုင်း ပြဿနာဖြစ်နေပြီတော့မဟုတ်ပါ။ သရက်ရွက်ကြီးလာသည့်အခါ သူ့အလုပ်ကိုပုံမှန်ထက်ပိုပြီး လုပ်နေရသည်ဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံတွင် သွေးဆဲလ်များကို ဖယ်ခြင်း ဖျက်ခြင်းကို ပိုလုပ်နေရသည်မျိုး။ ထိုအခြေအနေအား Hypersplenism ဟု ခေါ်၏။ ဖြစ်ရသည့်အကြောင်းရင်းများစွာတွင် သွေးမွှားဥများလွန်းခြင်းနှင့် တခြားသောသွေးရောဂါများ ပါပါသည်။
ဒီရောဂါသည် အဖြစ်များ၏။ အရွယ်မရွေး ကျားမမရွေးဖြစ်နိုင်သည်။ အချက်အလက်များကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
သရက်ရွက်ကြီးခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ
တစ်ချို့တွင်လက္ခဏာမပြပါ
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဗိုက်အပေါ်ဘယ်ဖက်နာနေလျှင် အထူးသဖြင့် အသက်ပြင်းပြင်းရှုသည့်အခါ ပိုနာကျင်လာလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။
ကူးစက်ရောဂါများ
မိုနိုနျူကလီရိုးစစ်လို ဗိုင်းရပ်ပိုးများ၊ တောက်ဇိုပလက်စမိုးစစ်လို ကပ်ပါးပိုးရောဂါ၊ နှလုံးရောင်ခြင်းကဲ့သို့ ဘက်တီးရီးယားပိုးရောဂါများ
ကင်ဆာ
ပုံမှန်မဟုတ်သော သွေးဖြူဥများက ကျန်းမာသော သွေးဖြူဥများကိုနည်းလာစေသော လူကီးမီးယားကင်ဆာ
ပြန့်ရည်တစ်ရှူးများတွင်ဖြစ်သော Hodgkin’s disease လို လင်ဖိုးမားကင်ဆာ
သရက်ရွက်ကြီးခြင်းကိုဖြစ်စေသော တခြားအကြောင်းများ
ဆာကွိုက်ဒိုးစစ်၊ လူးပပ်နှင့် လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်း စသည့် ရောင်ရမ်းနာများ
ထိခိုက်ဒဏ်ရာရခြင်း
သရက်ရွက်သို့ပျံ့လာသော ကင်ဆာ
ကင်ဆာမဟုတ်သောအရည်များနှင့်ပြည့်နေသည့် အိတ်ငယ်ရောဂါ
ဘက်တီးရီးယားကြောင့် ပြည်တည်နေသော ပြည်နာများ
Gaycher’s disease ၊ အမိုက်လွိုက်ဒိုးစစ်၊ ဂလိုင်ကိုဂျင်သိုလှောင်မှုဆိုင်ရာရောဂါများ
လက္ခဏာများ မပြတတ်သောကြောင့် လူနာအများစုမှာ သရက်ရွက်ကြီးနေကြောင်းမသိကြပါ။ ဆရာဝန်မှ စမ်းသပ်သည့်အခါမှသာ များသောအားဖြင့် သိရ၏။ အောက်ပါတို့မှာ အဖြစ်များသော လက္ခဏာများ ဖြစ်ပါသည်။
အစာအများကြီး မစားနိုင်ခြင်း
ဗိုက်အပေါ်ဘယ်ဖက်တွင် မအီမသာဖြစ်ခြင်း၊ ပြည့်ကယ်နေသလိုခံစားရခြင်း၊ နာကျင်နေခြင်း၊ နာကျင်မှုသည် ဘယ်ဖက်ပုခုံးထိ ပျံ့နေခြင်း
အသက်ရှုသည့်အခါ ပိုအောင့်သည်ဆိုပါက ဆရာဝန်ထံ ချက်ချင်းပြသပါ။
သရက်ရွက်ကြီးခြင်းဖြစ်လျှင် တခြားသောလက္ခဏာများလည်း ရှိနေနိုင်ပါသည်။ အောက်ခံရောဂါများနှင့် ဆက်နွှယ်၏။
မောပန်းလွယ်ခြင်း
ကိုယ်အလေးချိန်ကျခြင်း
မကြာခဏကပိုးဝင်ခြင်း
သွေးထွက်လွယ်ခြင်း
အသားဝါခြင်း
သွေးအားနည်းခြင်း
သရက်ရွက်ကြီးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
မိုနိုနျူကလီရိုးစစ်လို ကူးစက်ရောဂါဖြစ်နေသော ကလေး၊ လူကြီးများ
Gaucher’s disease, Niemann-Pick disease နှင့် အသည်းနှင့် သရက်ရွက်ကိုထိခိုက်သည့် တခြားသော မွေးရာပါ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ကမောက်ကမရောဂါများ
ငှက်ဖျားဖြစ်သောနေရာတွင်နေသူများ သို့ သွားဖူးသူများ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သရက်ရွက်ကြီးခြင်းကို ပုံမှန်အားဖြင့် စမ်းသပ်ရုံနှင့် သိနိုင်ပါသည်။ ရောဂါကိုသိ၍ စမ်းသပ်ခြင်းဖြင့်လည်းကောင်း ပုံမှန်စမ်းသပ်ရိုးစမ်းသပ်စဉ် မမျှော်လင့်ပဲသော်လည်းကောင်း သရက်ရွက်ကြီးခြင်းကို သိရှိနိုင်ပါသည်။
၎င်းတည်ရှိသောနေရာသည် ဘယ်ဖက်နံရိုးအိမ်အောက်ဖက်ဖြစ်သောကြောင့် ပုံမှန်အားဖြင့်တော့ တစ်ချို့သူများမှလွဲ၍ စမ်းမိမည်မဟုတ်ပါ။ ကြီးလာသည်နှင့် သရက်ရွက်မှာ ဗိုက်အပေါ်ဘယ်ဖက်မှ ချက်ထိအောင် ဆန့်ထုတ်ကြီးလာမည်ဖြစ်သည်။ တစ်ခါတစ်ရံဆရာဝန်မှ လူနာကိုညာဖက်စောင်းပေးရန် ညွှန်ကြားပြီး စမ်းနိုင်ပါသည်။ ကြီးနေသော သရက်ရွက်ကို အဝလွန်သူများတွင် စမ်းမိမည်မဟုတ်ပါ။
တခါတစ်ရံတွင် သရက်ရွက်ကြီးခြင်းအား ဓါတ်မှန်၊ တီဗီဓါတ်မှန်၊ စီတီဓါတ်မှန်၊ သံလိုက်ဓါတ်မှန်များမှလည်း သိရှိရနိုင်ပါသည်။
သရက်ရွက်ကွဲစေမည့်လှုပ်ရှားမှုများ ဥပမာ ထိမိတိုက်မိနိုင်သော အားကစားများကို ကန့်သတ်ရမည်။ သရက်ရွက်ကွဲပါက သွေးအများအပြားထွက်နိုင်ပြီး အသက်အန္တရာယ်ရှိပါသည်။
သရက်ရွက်ကြီးရသည့် အကြောင်းကိုလည်း ရှာဖွေကုသဖို့ အရေးကြီး၏။ မကုသပဲထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် အောက်ခံအကြောင်းရင်းကို ကုသလိုက်ပါက သရက်ရွက်ထုတ်ရခြင်းမှ ကင်းဝေးနိုင်ပါသည်။ တစ်ချို့တွင်တော့ သရက်ရွက်ကို ထုတ်ပစ်မှရသည်မျိုးလည်းရှိနိုင်သည်။
ခွဲစိတ်ရန်လိုလာပါက ဆရာဝန်သည် ဗိုက်ဖွင့်ခွဲခြင်းထက် မှန်ပြောင်းဖြင့် ခွဲခြင်းကို ပိုလုပ်ကောင်းလုပ်နိုင်ပါသည်။ ထိုခွဲစိတ်မှုမျိုးသည် အပေါက်ငယ်လေးများဗိုက်တွင်ဖောက်ပြီး မှန်ပြောင်းထည့်ကြည့်ကာ သရက်ရွက်ထုတ်ခြင်းဖြစ်သည်။
သရက်ရွက်ထုတ်ရသည်ဆိုပါက ဘက်တီးရီးယားများကို ခန္ဓါကိုယ်မှ ကောင်းမွန်စွာ ထုတ်နိုင်တော့မည်မဟုတ်ပါ။ ရောဂါပိုးကူးစက်ခံရရန် ပိုလွယ်ကူသွားနိုင်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးများ ထိုးထားခြင်းဖြင့် ရောဂါပိုးများကို ကာကွယ်ထားရန်လို၏။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သရက်ရွက်ကြီးခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
ဘောလုံး၊ ဟောကီ စသည့် ထိခိုက်နိုင်မည့် အားကစားများကိုရှောင်ပါ။ ဆရာဝန်ပြောသည့် လှုပ်ရှားမှုများကိုကန့်သတ်ပေးပါ။ လှုပ်ရှားမှုများကို ပြောင်းလဲခြင်းက သရက်ရွက်ကွဲနိုင်မည့် အန္တရာယ်ကို လျော့ချရာရောက်ပါသည်။
ကားစီးတိုင်း ခါးပတ်ပတ်ပါ။ အကယ်၍ ကားအက်စီဒန့်ဖြစ်လျှင်တောင် သရက်ရွက်ကိုမထိစေရန် ကာကွယ်မှုရနိုင်ပါသည်။
နောက်ဆုံးအနေဖြင့် သင့်တွင် ပိုးကူးစက်နိုင်ချေများနေသောကြောင့် ကာကွယ်ဆေးများကို မှန်မှန်ထိုးပါ။ ဆိုလိုသည်မှာ တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးခြင်း၊ မေးခိုင်၊ စုံစို့၊ ကြက်ညှာကာကွယ်ဆေးများကို ၁၀ နှစ်တစ်ခါထိုးခြင်း။ တခြားလိုအပ်မည့် ကာကွယ်ဆေးများကိုလည်း ဆရာဝန်ထံမေးမြန်းပါ။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။