backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)ဆိုတာ အသက်ရှူရခက်ခြင်းကို ဖြစ်စေတဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ တွေ့ရများတဲ့ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အသက်ရှူရခက်ခြင်း
  • ချောင်းဆိုးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လုံးဝန်းပြီး စည်ပိုင်းသဏ္ဍာန် ရင်ဘတ်တည်ဆောက်ပုံ ရှိပါတယ်။
  • ပြာနှမ်းခြင်း (အရေပြား၊ လက်သည်းများနဲ့ လက်ချောင်းထိပ်များမှာ ပြာနှမ်းတတ်ပါတယ်)

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တစ်ခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ပြသင့်ပါတယ်။

  • လပေါင်းများစွာ အသက်ရှူရခက်ခြင်း ဖြစ်ပေါ်ပြီး နေ့စဉ်လှုပ်ရှားမှုတွေ လုပ်တာတောင် အမောလွယ်တဲ့အခါ။
  • နှုတ်ခမ်း၊ လက်သည်းများ ပြာနှမ်းလာတဲ့အခါ။
  • အာရုံစူးစိုက်ရခက်လာတဲ့အခါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း) ကို ဘာတွေကဖြစ်စေသလဲ

အောက်ပါအချက်တွေ ဖြစ်ပါတယ်။

  • ဆေးလိပ်၊ ဆေးခြောက်များ သုံးစွဲခြင်း
  • လေထုညစ်ညမ်းခြင်း
  • ရှားရှားပါးပါးတွေ့ရတတ်တာကတော့ alpha-1-antitrypsin လို့ခေါ်တဲ့ အဆုတ်ကိုကာကွယ်တဲ့ ပရိုတိန်းချို့ယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။

 Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင့်တက်စေပါတယ်။

  • ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်များများသောက်လေ အဆုတ်လေအိတ်များ ပျက်စီးနိုင်ခြေ ဖြစ်ပါတယ်။
  • အသက်ကြီးခြင်း။ အသက် ၄၀ကျော်လာရင် အဆုတ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ ပိုများလာပါတယ်။
  • စက်ရုံလုပ်ငန်းနဲ့ ဓာတုပစ္စည်းများ ထိတွေ့ခြင်း

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ ရောဂါရာဇဝင်နဲ့ ဆေးလိပ်သောက်တတ်ခြင်း ရှိမရှိ၊ လေထုညစ်ညမ်းတဲ့နေရာမှာ အလုပ်လုပ်ရခြင်း ရှိမရှိ မေးမြန်းပါလိမ့်မယ်။

တခြားစစ်ဆေးခြင်းတွေကတော့

  • အဆုတ်ကို CT scan နှင့် ဓာတ်မှန်ရိုက်ခြင်း
  • အဆုတ်အတွင်းက သွေးလည်ပတ်မှုကို သိနိုင်ရန် သွေးစစ်ဆေးခြင်း
  • သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်း
  • အဆုတ်အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးခြင်း
  • သွေးလွှတ်ကြောတွင်ပါဝင်သော ဓာတ်ငွေ့များတိုင်းတာခြင်း (သွေးပမာဏနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ)
  • နှလုံးအခြေအနေသိရန် အီးစီဂျီစစ်ဆေးခြင်း
  • Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

    အပြီးပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် အောက်ပါကုသမှုတွေမှာ ရောဂါအခြေအနေ ပိုမဆိုးသွားရအောင် ကာကွယ်နိုင်ပါတယ်။

    • ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ချက်ချင်းဖြတ်ပါ။
    • ချေင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း၊ ဘက်တီးရီးယား ပိုးဝင်ခြင်း စတာတွေကို လျော့ကျစေဖို့ လေပြွန်ကျယ်စေသော ဆေးများ၊ စတီးရွိုက်များ၊ ပဋိဇီဝဆေးများ ပေးပါလိမ့်မယ်။
    • အဆုတ်ကိုပြန်လည် အားကောင်းလာစေဖို့ အာဟာရဓာတ်များနဲ့ အောက်ဆီဂျင်များပေးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ရောဂါကြောင့် ကိုယ်အလေးချိန်နည်းသွားခြင်းကို ဖြေရှင်းပေးနိုင်ပါတယ်။
    • အဆုတ်ပမာဏလျော့ကျစေရန် ခွဲစိတ်ခြင်းနည်းနဲ့ အဆုတ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ရင် အသက်ရှူပိုကောင်းလာစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးလာရင် အဆုတ်အစားထိုးခြင်း ပြုလုပ်နိုင်ပါတယ်။

    အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ တုတ်ကွေးနဲ့ အဆုတ်ရောဂါ ကာကွယ်ဆေးများ ပေးနိုင်ပါတယ်။

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အဆုတ်လေအိတ်များ ပျက်စီးခြင်းအတွက် အထောက်အကူ ပြုသလဲ

    အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

    • ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်ဖြတ်ရင် အဆုတ်ပျက်စီးခြင်းအတွက်သာမက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။
    • ဓာတုစက်ရုံများမှ အခိုးအငွေ့နဲ့ လေထုညစ်ညမ်းမှုများကို ကာကွယ်ခြင်း
    • နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားသုံးခြင်း
    • ရောဂါပိုးမဝင်စေရန် ကာကွယ်ခြင်း။ ဆရာဝန်ညွှန်သော ဆေးများသောက်သုံးပြီး တုပ်ကွေးဖြစ်နေသူဆီမှ ပိုးမကူးအောင် အကာအကွယ်ဝတ်ဆင်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ဆိုရင် ပိုပြီး သက်သာအောင် နေထိုင်နိုင်ပါတယ်။

    Takeaways

    အဆုတ်လေအိတ်တွေကနေတဆင့် သွေးထဲကို အောက်စီဂျင်ပို့တာ ဖြစ်တဲ့အတွက် လေအိတ်လေးတွေ မထိခိုက်အောင် ဂရုစိုက်သင့်ပါတယ်။ လက္ခဏာတွေ ပေါ်လာတဲ့အခါ စောစောစီးစီး ကုသမယ်။ နေထိုင်မှုပုံစံပြောင်းလဲမယ်ဆိုရင် ပိုမဆိုးအောင် တားဆီးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement