backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Edwards syndrome (Edwards ရောဂါစု)


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Edwards ရောဂါစု ဆိုတာဘာလဲ။

Edwards’ ရောဂါစု ဆိုတာအရမ်းရှားတဲ့အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ဆဲလ်တွေရဲ့ ခရိုမိုဆုန်း ပမာဏတွေမူမမှန်မှုကြောင့်ဖြစ်ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ ပုံမှန်ဆိုပါက ခရိုမိုဆုန်း ၄၆ခုနဲ့ မွေးလာပြီး၂၃စုံဆီပါပါတယ်။ Edwards’ ရောဂါစု ရှိတဲ့ကလေးတစ်ယောက်ဟာ ခရိုမိုဆုန်း ၁၈မှာ ပုံမှန်ထက် ကော်ပီအပွား သုံးခု ပါနေပါတယ်။ အဲ့လိုအခြေအနေကို trisomy 18 လို့ခေါ်ပါတယ်။Edwards’ ရောဂါစု ဆိုတာ အရမ်းဆိုးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ Edwards’ ရောဂါစု နဲ့မွေးလာတဲ့ကလေးတော်တော်များများဟာ မွေးပြီးတော့ ရက်အနည်းငယ်၊အပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်လောက်သာ ရှင်သန်နိုင်ပါတယ်။ တစ်ချို့သော ကလေးတွေတစ်နှစ်ထက်ပိုပြီး အသက်ရှင်ခဲ့ရင်လည်း ရှုပ်ထွေးတဲ့ကျန်းမာရေးပြသနာပေါင်းစုံနဲ့ကြုံတွေ့ရနိုင်ပါတယ်။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာမိခင်ရဲ့ ဗိုက်ထဲမှာ ပုံမှန်ဖွံဖြိုးရမှာကိုမဖွံဖြိုးနိုင်တဲ့အတွက် သူတို့ဟာမွေးလာပါက ကိုယ်အလေးချိန်လျော့ခြင်းတွေဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ နှလုံးနဲ့ကျောက်ကပ်တို့က သေချာစွာ ကြီးထွားလာမှုမရှိကြပါဘူး။ ကလေးတွေဟာ အစားစားတာနဲ့ပတ်သတ်ပြီး ပြသနာရှိခြင်း၊ အသက်ရှုခြင်းဆိုင်ရာ ပြီးတော့သင်ကြားရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး အခက်အခဲတွေအများကြီးရှိကြပါတယ်။

Edwards’ ရောဂါစု ကို အတွေ့ရများသလား

Edwards’ ရောဂါစု က အရမ်းကို ရှားပါတယ်။ ကိုယ်ဝန်ဆောင်သည် ၁၅၀၀တိုင်းမှာ Edwards’ ရောဂါစု တစ်ယောက်ကတော့ ရှိတတ်ပါတယ်။Edwards’ ရောဂါစုရှိတဲ့ကလေးတွေကိုလွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တွေမှာကလေးပျက်ကျတာကို ကြုံတွေ့ရနိုင်ပါတယ်။ ခရိုမိုဆုန်းမှာမှားနေတာကြောင့် ကိုယ်ဝန်က ပုံမှန်အတိုင်းကြီးလာမှုမရှိနိုင်တာကိုပြခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဒီလိုအခြေအနေမျိုးမှာ မိဘတွေက ကလေးကို ဖျက်ချပစ်လိုက်ဖို့ ဆုံးဖြတ်ရတဲ့အခြေအနေ အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ကလေး ၆၀၀၀မှာမှ တစ်ယောက်က Edwards’ ရောဂါစု အစစ်နဲ့မွေးဖွားလာတတ်လို့ပါ။ အခြားသောအချက်များသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာများ

Edwards’ ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာ မမွေးခင်မှာကိုသူ့ဘာသာ သေသွားတတ်ကြပါတယ်။ တစ်ချို့သော အခြေအနေတွေမှာ Edwards’ ရောဂါစု နဲ့မွေးလာတဲ့ကလေးတွေဟာ မူမမှန်စွာ အားနည်းခြင်းနဲ့ ခံနိုင်ရည်မရှိတဲ့ကလေးလေးတွေမွေးလာတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲအဲ့လိုကလေးတွေဟာ ခန္ဓါကိုယ်အလေးချိန်နည်းခြင်း နှင့်ဦးခေါင်းခွံအရွယ်အစား အရမ်းသေးခြင်းတို့ ဖြစ်နိုင်ပါတယ်။

နောက်ပြီးတော့

-နားတွေက ပုံစံမမှန်ပဲ အောက်ဘက်ကျနေတတ်ပါတယ်။

-ပါးစပ်နဲ့ မေးရိုးက မဖွံဖြိုးပဲ ဖြစ်နေတတ်ပါတယ်။

-နှုတ်ခမ်းကွဲ

-ခြေခွင်ခြင်း

-ခြေချောင်းတစ်ခုနဲ့တစ်ခုဆက်နေခြင်း တို့ ဖြစ်တတ်ပါတယ်။

ခန္ဓါကိုယ်ရဲ့ အခြားသောအစိတ်အပိုင်းတွေမှာ ဥပမာ အဆုတ်လိုမျိုးနဲ့ သွေးကြောတွေမှာ ပုံမှန်ကြီးထွားဖွံဖြိုးမှုမရှိခြင်း၊ မူမမှန်ခြင်းတွေ တွေ့ရနိုင်ပါတယ်။ Edwards ရောဂါစု ရှိတဲ့ကလေးတွေမှာ မွေးရာပါ နှလုံးချို့ယွင်းချက်တွေလည်း ရှိနိုင်ပါတယ်။ ၎င်းတို့ကတော့ atrial septal Defect or ventrilcular septal defect တွေဖြစ်ကြပြီး သူတို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဖြစ်နိုင်ပါတယ်။ ထိခိုက်ခံရတဲ့ကလေးတွေမှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းစနစ်တို့မှာ မူမမှန်ခြင်းတို့ပုံမမှန်မှုတွေဖြစ်နိုင်ပါတယ်။ ယောင်္ကျားလေး လူနာများမှာတော့ ဝှေးစေ့ အောက်မဆင်းလာတာတွေဖြစ်လာနိုင်ပါတယ်။ အပေါ်မှာ မဖော်ပြထားတဲ့ တစ်ချို့သော လက္ခဏာတွေ ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီးသိချင်တာတွေရှိပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အပေါ်မှာ ပြောတဲ့လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာကအဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေကEdwards’ ရောဂါစုဖြစ်ပွားစေသလဲ။

ဒီနေ့အထိတော့ Edwards’ ရောဂါစု ဖြစ်စေတဲ့အကြောင်းအရင်းများကို မသိကြသေးပါဘူး။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေကEdwards’ ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Edwards’ ရောဂါစု ကလေးပိုပြီးရနိုင်တဲ့အန္တရာယ်ကတော့ မိခင်က အသက်ကြီးနေပါက ပိုပြီးဖြစ်နိုင်ပါတယ်။ သင့်ကလေးဖြစ်လာစေမယ့် မမျိုးဥ သို့မဟုတ် ယောက်ကျားသုတ်ပိုးရဲ့ မျိုးရိုးဗီဇ ပုံမမှန်မှုကြောင့် များသောအားဖြင့် ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Edwards’ ရောဂါစုဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Edwards’ ရောဂါစု ကိုရောဂါရှာအဖြေထုတ်ဖို့အတွက်ကလေးကို မွေးမွေးချင်းအချိန်မှာ ကလေးရဲ့ ကိုယ်ခန္ဓါ ပုံစံကို ကြည့်ခြင်းအားဖြင့် အဖြေထုတ်နိုင်ပါတယ်။ ဒါ့အပြင်Edwards’ ရောဂါစု မှာ တွေ့ရတတ်တဲ့ ထူးခြားတဲ့ အရိုးအကြော ပုံစံ မူမမှန်ပုံတွေကို ဓါတ်မှန်ပညာနဲ့ကြည့်ခြင်းနဲ့လည်း သိနိုင်ပါတယ်။Edwards’ ရောဂါစု လို့ သံသယရှိတာနဲ့ ကလေးရဲ့ ခရိုမိုဆုန်းကို စစ်ကြည့်ပါက trisomy 18 ပုံမှန်မဟုတ်မှုကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကလေးမမွေးဖွားခင် တီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း နှင့် ရေမွှာရည်ယူပြီးစစ်ကြည့်ခြင်းတို့နဲ့လည်းEdwards’ ရောဂါစု ကို သေချာအဖြေထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

Edwards’ ရောဂါစု ကို ဘယ်လိုကုသလဲ။

အခုအချိန်အထိတော့ Edwards’ ရောဂါစု ကို ပျောက်ကင်းအောင်ကုသတဲ့နည်းတွေမရှိသေးပါဘူး။ ကုသမှုကတော့ များသောအားဖြင့် ရောဂါလက္ခဏာသက်သာစေခြင်းနဲ့ အထောက်အကူပြုရုံလောက်သာ ရပါသေးတယ်။ အဲ့လိုကလေးတွေကို ကုသမှုပေးဖို့က အရမ်းကို ရှုပ်ထွေးပါတယ်။ ဒီလိုကလေးမျိုးတွေရဲ့ တိုးတက်မှုက မကောင်းပါဘူး ပြီးတော့ တစ်နှစ်လောက်ပဲ ခံနိုင်တာတွေဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုပြုလုပ်မယ်ဆိုပါကလည်း အကျိုးထက် အပြစ်က ပိုပြီးများနိုင်တာကြောင့် မလုပ်ကြပါဘူး။Edwards’ ရောဂါစု ရှိတဲ့ကလေးတွေဟာ ၁၀%လောက်ကပဲ တစ်နှစ်လောက်ထိ အသက်ရှင်နိုင်တယ်လို့ လေ့လာချက်တွေအရ အကြံပြုကြပါတယ်။ ကလေးရဲ့ ဖွံဖြိုးကြီးထွားမှုကို ခြုံကြည့်ပါက အာရုံကြောစနစ်ပုံမမှန်မှုကို ထိခိုက်တာကြောင့် မျှော်လင့်ထားတဲ့ ဖွံဖြိုးမှုကိုမရောက်နိုင်တာပဲဖြစ်ပါတယ်။ အစာချေဖျက်တဲ့စနစ်ရဲ့ ပုံမမှန်မှုကြောင့် ကလေးတွေကို အထူးပြုလုပ်ထားသော ဖော်မြူလာအစားအစာများ ကျွေးရခြင်းနဲ့ ဝမ်းအရမ်းချုပ်တတ်သောကြောင့် ဝမ်းပျော့ဆေးများပေးရခြင်းတွေရှိတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တဲ့ပြသနာတွေကတော့ တက်ခြင်း၊ ခြေခွင်ခြင်း၊ ခြေချောင်းကြားလေးများဆက်နေခြင်း၊ အဆုတ်ရောင်ခြင်း၊ ပိုးဝင်ခြင်း၊သွေးတိုးခြင်း၊ ခေါင်းကြီးခြင်း၊ တစ်ချို့သော မူမမှန်မှုများ စသည်တို့ကို ကုသမှုပေးရပါတယ်။

လူနေမှုပုံစံပြောင်းခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကEdwards’ ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group မှ ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများမပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement