backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကဘာလဲ။

အာခံတွင်းခြောက်သွေ့ခြင်း (dry mouth) ဆိုတာ သင့်ရဲ့အာခံတွင်း ရုတ်တရက်ခြောက်သွေ့လာခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ သင်စိတ်လှုပ်ရှားတဲ့အချိန် သို့မဟုတ် တံတွေး အထွက်နည်းနေချိန် စတဲ့ရေဓါတ်ခမ်းခြောက်တဲ့ အချိန်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အာခံတွင်းခြောက်သွေ့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့

• သင့်ရဲ့ ခံတွင်း၊ လည်ချောင်း၊ လျှာ စတာတွေမှာ ခြောက်သွေ့နေတယ်လို့ခံစားရခြင်း၊

• မကြာခဏ ရေဆာခြင်း ၊

• တံတွေးချွဲပျစ်ခြင်း၊

• ခံတွင်းအနံ့မကောင်းခြင်း နဲ့

• အစားအစာများ အရသာမြည်းစမ်းခြင်း၊ အစာဝါးစားခြင်း၊ အစာမြိုချခြင်း သို့မဟုတ် စကားပြောခြင်း ပြုလုပ်တဲ့အခါ ဒုက္ခတွေ့ခြင်း စတဲ့အရာတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အာခံတွင်းခြောက်သွေ့ ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ သင်သောက်နေတဲ့ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

အာခံတွင်းခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ ဆေးအများစုကတော့ စိတ်ကျရောဂါကုဆေးများ၊ အာရုံကြောဆိုင်ရာ ရောဂါကုဆေးများ၊ စိတ်ဖိစီးခြင်း၊ အချို့ကြွက်သားနှင့် နာကျင်မှုအတွက် ကုသရာတွင်သုံးသောဆေးများ စတဲ့ဆေးတွေဟာ အာခံတွင်းခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေဓါတ်ချို့တဲ့နေခြင်း ။ ။ သင်ဟာဖျားပြီး အန်သောအခါနဲ့ ဝမ်းလျှော ပြီးတဲ့အခါတွေမှာ ရေဓါတ်ချို့တဲ့ခြင်း ဖြစ်လာနိုင်ပါတယ်။

အသက်ကြီးလာတဲ့ လူတွေမှာလည်း ကျန်းမာရေးပြသနာ အချို့ဟာ အာခံတွင်း ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာရောဂါအတွက ်ဆေးကုသမှုခံယူ နေသူများ ဆေးသွင်းနေသူများမှာလည်း ၎င်းဆေးများကြောင့် တံတွေးဂလင်းမှ တံတွေး ထုတ်တဲ့အခါမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီအခါမှာလည်း အာခံတွင်းခြောက်သွေ့ခြင်း ဖြစ်စေနိုင်ပါတယ်။

တံတွေးထွက်ခြင်းနှင့် ဆိုင်သော အာရုံကြောပျက်ဆီးခြင်း၊ ခွဲစိတ် ကုသမှု ခံယူပြီး သို့မဟုတ် ဒဏ်ရာ ရပြီးသောအချိန်တွင် အာရုံကြောထိခိုက်ခြင်း စတာတွေကြောင့်လည်း အာခံတွင်း ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားစနစ်မှ မိမိခန္ဓါကိုယ်ကို ပြန်တိုက်သောရောဂါ၊ နာတာရှည် ကိုယ်ခံအားစနစ် ချွတ်ယွင်းသော ရှိုးဂရင်းရောဂါစု( Sjogren’s syndrome)၊ HIV /AIDS ရောဂါ၊ လေဖြတ်ရောဂါ နှင့် အယ်လ်ဇိုင်းမား ရောဂါ ကဲ့သို့သော ကျန်းမာရေး ပြသနာတွေမှာလည်း အာခံတွင်း ခြောက်သွေ့တတ်ပါတယ်။

ပါးစပ်ဖွင့်ပြီး အသက်ရှူလျှင်တောင်မှ အာခံတွင်းခြောက်သွေ့ ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးဝါးခြင်းကလည်း သင်အာခံတွင်းမှာ တံတွေးထွက်တဲ့ ပမာဏကို ထိခိုက်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အာခံတွင်းခြောက်သွေ့ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –

အာခံတွင်းခြောက်သွေ့ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အချက်တွေကတော့

• အချို့ဆေးများကို အလွန်အကျွံ သုံးစွဲခြင်း

• ရှိုးဂရင်းရောဂါစု (Sjogren syndrome) ရောဂါ ရှိခြင်း

• ဆီးချိုရောဂါရှိခြင်း

• HIV/ AIDS ရောဂါ ရှိခြင်း၊

• စိတ်ကျဝေဒနာခံစားနေရခြင်း

• သွေးတိုးခြင်း၊

• အယ်လ်ဇိုင်းမားရောဂါရှိခြင်း

• ကော်တီစော ဟော်မုန်းအထုတ်နည်းသော အက်ဒီဆန် (Addison) ရောဂါ ရှိခြင်း

• အရက်ကြောင့် အသည်းခြောက်ခြင်း

• ရေဓါတ်ဆုံးရုံးခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန် သို့မဟုတ် သွားဆရာဝန်က သင့်ရဲ့အာခံတွင်းကို စစ်ဆေးပါလိမ့်မယ်။ အဲ့နောက်မှာ သင်လက်ရှိ သောက်နေတဲ့ဆေးတွေနဲ့ ရောဂါရာဇဝင် အကြောင်းမေးခွန်း များကို မေးမြန်းပါလိမ့်မယ်။

သင့်ရဲ့တံတွေးဂလင်းမှ တံတွေး ထုတ်ပုံကို စမ်းသပ်စစ်ဆေးရန် တစ်ခါတစ်ရံမှာ သွေးစစ်ခြင်းနှင့် ဓါတ်မှန် ရိုက်ခြင်းများကို ပြုလုပ်ပါလိမ့်မယ်။ တကယ်လို့ ရှိုးဂရင်းရောဂါစု (Sjogren syndrome) ရောဂါရှိတယ်လို့ယူဆလျှင် သင့်ဆရာဝန်က သင့် တံတွေးဂလင်းတွေရဲ့ အသားစနမူနာကို ယူပြီး စစ်ဆေးပါလိမ့်မယ်။

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကို ဘယ်လိုကုသပါသလဲ

တကယ်လို့ သင်ဟာဆေးသောက်ပြီး အာခံတွင်းခြောက်ခြင်း ဖြစ်ပေါ်ခဲ့တယ် ဆိုလျှင် သင့်ဆရာဝန်က ၎င်းဆေးတွေရဲ့ ပမာဏကိုထိန်းညှိပေးပြီး အာခံတွင်းခြောက်ခြင်းကို ကုသဖို့ ပြုလုပ်ပါလိမ့်မယ်။ ပြီးတဲ့အခါ သင့်ရဲ့ တံတွေးဂလမ်းတွေကို လှုံ့ဆော်ဖို့အတွက် ပစ္စည်းအချို့ကိုသုံးပြု ရန်လည်း ညွှန်ကြားပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement