backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကဘာလဲ။

ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။

အမှန်မှာတော့ ဒီအနာတွေဟာ နာကျင်ပေမယ့် အာရုံကြောတွေ ထိခိုက်ထားတဲ့အတွက်ကြောင့် သင့်ရဲ့နာမှု၊အေးမှု၊ ပူမှုစတာတွေကို ခံစားနိုင်စွမ်းလျော့နည်းလာတာ ဖြစ်ပါတယ်။ ခံစားမှုမသိတော့ခြင်းဆိုတာ သင့်ခြေထောက်မှာ ဒဏ်ရာရနေတာကို မသိတာဖြစ်ပါတယ်။

သင်ဟာ သင့်ဖိနပ်မှာဝင်နေတဲ့ ခဲလုံး၊ သံမှိုစတာတွေကို မခံစားမိပဲ ဒီဖိနပ်နဲ့ပဲ တစ်နေ့လုံး လျှောက်သွားနေမိနိုင်ပါတယ်။ သင့်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်လာရင်တောင် သင်ခံစားမိမှာမဟုတ်ပါဘူး။ သင့်ခြေထောက်အရေပြား ပေါက်ပြဲပြီး ပိုးဝင်သည်ထိ သင်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။

အာရုံကြောပျက်စီးခြင်းဟာ သင့်ရဲ့ ခြေဖဝါးတွေ ခြေချောင်းတွေ ပုံစံပြောင်းသွားတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးချိုကြောင့် ဖြစ်တဲ့ ခြေထောက်အနာတွေဟာ အားနည်း ထုံကျင်ပြီး ပူတဲ့ စူးတဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒါကြောင့် ခြေထောက်မှာ ခံစားမှုပျောက်ဆုံး နေတတ်ပြီး ဒဏ်ရာရလွယ်ကာ ရလျှင်လည်း မသိဖြစ်နေတတ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းခြင်းနဲ့ ခြေထောက်၊ခြေချောင်းတွေရဲ့ ပုံစံပြောင်းလဲလာခြင်းကလည်း ပြသနာတွေများစွာ ဖြစ်လာနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍ သင်ဟာ အောက်ပါတို့ကို ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

• သင့်ခြေထောက်အရေပြားဟာ ပေါက်ပြဲတယ် (သို့) အရည်ထွက်လာတယ်ဆိုတာ သတိထားမိမယ်

• ခြေထောက်အရေပြားရဲ့ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးဟာ အရောင်ပြောင်းလာပြီး ပို၍နီလာ၊ ပြာလာ၊ ဖျော့လာ၊ ရင့်လာ စသဖြင့် ဖြစ်လာမယ်

• သင့်ခြေထောက်မှာရှိတဲ့ အရည်ကြည်ဖု နေရာ၊ ဒဏ်ရာနေရာတွေမှာ အလုံးတွေ ပိုထွက်လာမယ် ဆိုရင်တော့ ချက်ချင်းပြသရမှာ ဖြစ်ပါတယ်။

အကြောင်းရင်းများ

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကိုဘာတွေကဖြစ်စေသလဲ

ဆီးချိုကြောင့် အာရုံကြောထိခိုက်ထားတဲ့ လူနာတွေဟာ သူတို့ခြေထောက်ကို အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ ခြေထောက်ကိုသွားတဲ့ အာရုံကြောဟာ ခန္ဓါကိုယ်မှာ အရှည်ဆုံးဖြစ်ပြီး ထိခိုက် မှုအများဆုံးခံရတဲ့ အာရုံကြောဖြစ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးသွားတယ်ဆိုတာ ဒဏ်ရာရရင် မသိပဲ အနာဖြစ်ပြီး ပိုးဝင်လာခြင်းကို ဆိုလိုပါတယ်။

ခြေထောက်သွေးလှည့်ပတ်မှု မကောင်းရင်လည်း ခြေထောက်အနာဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်အနာ ပြသနာတွေနဲ့ ခြေထောက်ဖြတ်ရခြင်းကို အခွင့်အလမ်း ပိုများစေပါတယ်။

Risk factors

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆေးလိပ်သောက်ပါက ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းက သွေးကြောကျဉ်းခြင်းနဲ့ ခြေထောက်သွေးလှည့်ပတ်မှု မကောင်းမွန်ခြင်းကို ဖြစ်နိုင်ခြေ ထပ်များစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကုသမှုအပိုင်းဟာ သင်ဖြစ်တဲ့ ခြေထောက်ပြသနာ အမျိုးအစားပေါ် မူတည်ပါတယ်။ ဥပမာ- အသားမာတက်နေတယ်ဆိုရင် ပေါ့ပါးအဆင်ပြေတဲ့ ရှူးဖိနပ်ကို ပြောင်းလဲဝတ်ပေးဖို့လိုအပ်ပြီး အနည်းငယ်ပိုးဝင်နေတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေနဲ့ ကုသရမှာ ဖြစ်ပါတယ်။ တခြားပြသနာတွေမှာဆိုရင် ခွဲစိတ်ဖယ်ရှားခြင်းနဲ့ ပိုးသတ်ဆေးသောက်ခြင်းတွေ တောင် လိုအပ်လာနိုင်ပါတယ်။

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကို ဘယ်လိုကုသပါသလဲ

အသားပုပ်ခြင်း (သို့) အသားမျှင်များသေခြင်း ဟာဆိုရင် ပြန်ကောင်းလာအောင် လုပ်ပေးလို့ မရတော့ပါဘူး။ သို့သော် ခြောက်သွေ့တဲ့ အနာအမျိုးအစားကြောင့် ပုပ်သွားတဲ့ အသားတွေကို ပိုးဝင်ပြီး ဆက် မပြန့်ဖို့ရာ ကာကွယ်ကုသရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိုးဆက်ဝင်လာပါက အနာဟာ စိုတဲ့ အမျိုးအစားကို ပြောင်းပြီး ပုပ်တာ ပိုဆိုးလာမှာဖြစ်ပါတယ်။

ပုပ်သွားတဲ့အပိုင်းတွေကို ခွဲစိတ်ဖယ်ရှားပစ်လိုက်ခြင်းဟာ အမှန်တကယ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ဒီပုပ်နေတဲ့အပိုင်းတွေကနေ အန္တရာယ်ရှိတဲ့ပိုးဝင်ခြင်း တွေ ဆက်မဖြစ်အောင် ပိုးသတ်ဆေးတွေသုံးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ ခြေထောက်ပုပ်ခြင်းတွေမှာဆိုရင် ဖြစ်နေတဲ့အပိုင်းကို ဖြတ်တောက်လိုက်ခြင်းထိတောင် လိုအပ်လာနိုင်ပါတယ်။

အခြားခြေထောက် ပြသနာတွေကို သင့်လျော်မှန်ကန်တဲ့ ဖိနပ်စီးပေးခြင်းဖြင့် သက်သာစေသလို တစ်ခါတစ်ရံမှာ အရိုးထောက်ကူပစ္စည်းတွေ သုံးပြီးလည်း ခြေထောက်ကို သက်သာအောင် လုပ်လို့ရပါတယ်။ အချို့ပြသနာတွေဖြစ်တဲ့ ခြေမအမြဲအောက်ကို ကျိုးကျနေတဲ့အခြေအနေတွေ၊ ခြေထောက်ရောင်တာတွေ၊ ခြေသည်းမရှည်တော့တာတွေ ဖြစ်လာပြီဆိုရင်တော့ ခွဲစိတ်ကုသခြင်းလိုအပ်လာ နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်အနာ ပြသနာတွေနဲ့ ခြေထောက်ဖြတ်ရခြင်းကို အခွင့်အလမ်း ပိုများစေပါတယ်။ ကျန်းမာရေးဝန်ဆောင် စောင့်ရှောက်ပေးသူက သင်ဆေးလိပ်ဖြတ်အောင် လုပ်ရာမှာ ကူညီပေးနိုင်ပါတယ်။

ခြေထောက်ကျန်းမာရေးတွက် ဂရုစိုက်ပေးရမယ့် အရာတွေကတော့-

• မပူလွန်းတဲ့ ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး နေ့စဉ် ခြေထောက်ကို ဆေးကြောပါ။ ခြေထောက်ရေစိမ်ခြင်းကို ရှောင်ကြဉ်ပါ။ တဘက်နုနုတစ်ထည်ကိုသုံးပြီး ခြေထောက်နဲ့ ခြေချောင်းကြားတွေကို ခြောက်အောင်သုတ်ပါ။

• နေ့တိုင်း ခြေထောက် နဲ့ ခြေချောင်းတွေမှာ ပြတ်ရှရာ၊ အရည်ကြည်ဖု၊ နီမြန်းရာ၊ အဖုအဖောင်းများ၊ အရိုးကျိုးခြင်းနဲ့ အခြားပြသနာတွေ ရှိမရှိ ကိုအမြဲကြည့်ရှု စစ်ဆေးပါ။ မှန်ကို လက်မှာကိုင်ပြီး (သို့) အောက်ချပြီး ခြေဖဝါး တွေကို စစ်ဆေးပါ။ အခြားသူတစ်ယောက်အကူအညီနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ ပြသနာတစ်စုံတစ်ရာရှိလာရင် သင့်အုပ်ထိန်းသူက အကြောင်းကြားသင့်ပါတယ်။

• ခြေထောက်ကို အမြဲဂရုစိုက်နေရတဲ့ လူနာတွေဟာ podiatrist လို့ခေါ်တဲ့ ခြေထောက်ပိုင်းဆိုင်ရာ ကုသပေးတဲ့ ဆရာဝန်နဲ့ ချိန်းဆို ဆွေးနွေးခြင်း ပြုလုပ်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement