backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dental abscess ( သွားနှင့် သွားဖုံးပြည်တည်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dental abscess ( သွားနှင့် သွားဖုံးပြည်တည်ခြင်း )

သွားနှင့် သွားဖုံးပြည်တည်ခြင်း က ပြင်းထန်တဲ့ သွားနဲ့ခံတွင်း ပြဿနာပါ။ သေချာမကုသဘူးဆိုရင် သွားဖုံးတွေ ပျက်စီးနိုင်သလို ပြည်တွေက တခြားနေရာကို ပြန့်သွားနိုင်ပါတယ်။ ဥပမာ ဦးနှောက်ထဲကို ပြန့်သွားရင် ဦးနှောက်အမြှေးရောင်ပြီး ဒုက္ခရောက်နိုင်ပါတယ်။

Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ကဘာလဲ။

ယေဘုယအားဖြင့် သုံးမျိုးရှိပါတယ်။

  • သွားဖုံးပြည်တည်ခြင်း – သွားဖုံးမှာပဲ ဖြစ်လေ့ရှိပြီး သွားနဲ့ သွားပတ်လည်ရှိ အရွတ်တစ်ရှူးများတွင် မဖြစ်ပါ။
  • သွားပတ်လည်မှာ ပြည်တည်ခြင်း – သွားကို ထောက်ကန်ထားပေးတဲ့ သွားပတ်လည်ရှိ အရွတ်နဲ့ တစ်ရှူးများမှာ ပြည်တည်ခြင်း ဖြစ်ပါတယ်။
  • သွားတွင်းပြည်တည်ခြင်း – သွားတွင်းရှိ အတွင်းသားများမှာ ပြည်တည်ခြင်း ဖြစ်တယ်။

ဒီလို ပြည်တည်ခြင်းများက ထိရောက်တဲ့ ကုသမှု လိုအပ်ပြီး မကုသဘဲ ထားမယ်ဆိုရင် ပိုမိုဆိုးဝါးပြီး သွားများပျက်စီးစေနိုင်ပါတယ်။

သွားနှင့် သွားဖုံးပြည်တည်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဖြစ်များတဲ့ လက္ခဏာများတွေကတော့

  • အစာဝါးတဲ့အခါ နာကျင်ခြင်း
  • ပြည်တည်နေတဲ့ နေရာကို ထိကြည့်ရင် နာနေခြင်း
  • အပူအအေး အစားအသောက်နဲ့ အရည်များကို စားပါက နာကျင်ခြင်း
  • ခံတွင်းနံ့မကောင်းခြင်း
  • ဖျားခြင်း
  • တစ်ကိုယ်လုံး နုန်းချိနေခြင်း
  • ပါးစပ်ဟရန် ခက်ခဲခြင်း
  • အစာမျိုချရန် ခက်ခဲခြင်း
  • ညအိပ်မပျော်ခြင်း

အဓိကကတော့  သွားနဲ့ သွားဖုံးတို့မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲလေ့ ရှိပါတယ်။ ဒီလို နာကျင်မှုက ရုတ်တရက်ဖြစ်လာလေ့ရှိပြီး တရက်ထက် တရက် ပိုမိုဆိုးဝါးလာလေ့ရှိပါတယ်။ တခါတရံမှာ နား၊ မေးရိုးနဲ့ လည်ပင်းမှာပါ နာကျင်တတ်ပါတယ်။

သွားနှင့် သွားဖုံးပြည်တည်ခြင်း ကို ဘာတွေက ဖြစ်စေသလဲ

သွားတွင်းပြည်တည်ခြင်း

ဘက်တီးရီးယားများက သွားပိုးစားနေတဲ့ အပေါက်ငယ်များကတဆင့်ဝင်ရောက်ပြီး အပြင်ပိုင်းသွားကြွေလွှာရဲ့ အတွင်းမှာရှိတဲ့ ပျော့နေတဲ့ နေရာတွေကို စတင်တိုက်ခိုက်လှိုက်စားလာပါတယ်။ နောက်ပိုင်းမှာတော့ သွားရဲ့ အတွင်းလှိုဏ်ခေါင်းတခုလုံးကို ဝင်ရောက်ပြီး ရောင်ရမ်းစေပါတယ်။

ပိုဆိုးလာတဲ့အခါ ဘက်တီးရီးယားများက သွားကို ထောက်ကန်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးများဆီ ဝင်ရောက်ပြီး သွားအတွင်းပိုင်း တခုလုံးကို ပြည်တည်စေပါတယ်။

သွားနှင့် သွားဖုံးပြည်တည်ခြင်း ကို ဘယ်လိုကုသပါသလဲ

သွားဆရာဝန်များနဲ့ တိုင်ပင်ပြီး လိုအပ်သလို ကုသရမှာပါ။ သွားနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ရောဂါဘယ်လောက်ပြင်းထန်လဲဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။ သာမာန် ကုသမှုများနဲ့ ကုသနိုင်သလို တခါတရံမှာ ခွဲစိတ်မှုများပါ ပြုလုပ်ရတတ်ပါတယ်။ ဥပမာ ထုံဆေးနဲ့ ပြည်များကို ဖောက်ထုတ်ခြင်း။

အခြားကုသမှုများအနေနဲ့

  • သွားတွင်းပြည်တည်ခြင်းကို ကုသခြင်း

သွားရဲ့ အတွင်းပိုင်းအမြစ်ကနေ ပြည်များကို ဖောက်ထုတ်ပေးရပါတယ်။ သွားအတွင်းပိုင်းရှိ မကောင်းတဲ့ တစ်ရှူးစများနဲ့ ပြည်များ ကုန်သွားစေဖို့ ဖယ်ထုတ်ရပါတယ်။ နောက်ဆက်တွဲပိုးမဝင်အောင် နေရာလှပ်သွားတဲ့ နေရာများကို ဖာထေးပေးရပါတယ်။

  • သွားပတ်လည်ပြည်တည်နာများကို ကုသခြင်း

ပြည်များကို ဖောက်ထုတ်ပြီး သွားပတ်လည်ချောင်နေရာများအား သန့်စင်ဆေးကြောပိုးသတ်ရပါတယ်။ သွားရဲ့ အမြစ်နံရံများကို ညှိပေးပြီး ချောမွတ်စေခြင်း‌နည်းလမ်းနဲ့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အနာကျက်စေပါတယ်။

သွားအတွင်းပိုင်းပြည်တည်နာများ ပြန်ဖြစ်ပါက မကောင်းတဲ့ တစ်ရှူးစများနဲ့ သွား၊ သွားဖုံးများကို သွားအထူးပြု ခွဲစိတ်ဆရာဝန်များမှ ဖြတ်တောက်ကုသပေးရပါတယ်။

သွားပတ်လည်ပြည်တည်နာများ ပြန်ဖြစ်ပါကလည်း သွားဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်များက သွားဖုံးသားများကို ပြန်လည်ပုံဖော်ညှိပေးခြင်းနည်းနဲ့ ချောင်များကို ပိတ်အောင်ခွဲစိတ်ကုသပေးရပါတယ်။

လိုအပ်ရင် သွားနှုတ်ပြီး ကုသရတတ်ပါတယ်။

  • အနာသက်သာအောင် ကုသနည်း

အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါတယ်။ ဆေးအညွှန်းအတိုင်း သောက်ပါ။ ‌အနာသက်သာသွားရင်တောင် ဒါက ရောဂါ ပျောက်သွားတာ မဟုတ်လို့ သွားဆရာဝန်နဲ့ ဆက်ပြီး ပြဖို့ လိုပါတယ်။

လူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးများ

သွားနဲ့ သွားဖုံးပြည်တည်တဲ့အခါ လက္ခဏာများ သက်သာစေဖို့

  • အေးတဲ့ အစာများနဲ့ အရည်များကို ရှောင်ကြည်ပါ။
  • ပူတဲ့ အစာများနဲ့ အရည်များကို ရှောင်ကြည်ပါ။
  • အသင့်အတင့်အေးတဲ့ အစားအသောက်များကို ကောင်းတဲ့ သွားများရှိရာဘက်မှဝါးပါ။
  • ပြည်တည်နေတဲ့ နေရာကို မဆိတ်ဆွပါနဲ့။
  • ပျော့ပျောင်းသန့်ရှင်းတဲ့ သွားပွတ်တံကို သုံးပြီး ပုံမှန်သွားတိုက်ပါ။

ရေးသားသူ- Dr Nyan Linn

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement