backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကဘာလဲ။

Coxsackie ဗိုင်းရပ်စ်ဆိုသည်မှာလူရဲ့အစာလမ်းကြောင်းတွင်နေထိုင်သောဗိုင်းရပ်စ်အုပ်စုဝင်ဖြစ်ပါတယ်။(ပိုလီယိုနှင့် အသည်းရောင်အသားဝါဗိုင်းရပ်စ်လည်းပါဝင်ပါတယ်)

ထိုဗိုင်းရပ်စ်များဟာ လူတစ်ယောက်မှတစ်ယောက်သို့ မသန့်ရှင်းသော လက်များ..အညစ်အကြေးများထိတွေ့ခြင်းမှတစ်ဆင့်ကူးနိုင်ပြီး ထိုအကောင်များဟာ အညစ်အကြေး မစင်များထဲတွင်ရက်များကြာမြင့်စွာနေထိုင်နိုင်ပါတယ်။

အများစုတွင်တော့ ဗိုင်းရပ်စ်ဟာ တုတ်ကွေးအပျော့စားကဲ့သို့ပင်ဖြစ်ပြီး ကုသစရာမလိုပဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ အချို့တွင်တော့ပြင်းထန်တဲ့ကူးစက်မှုများအထိဖြစ်တတ်ပါတယ်။

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဗိုင်းရပ်စ်ကူးစက်ခြင်းဟာကလေးငယ်များတွင်အဖြစ်များပြီး နွေရာသီတွင်အဖြစ်များလေ့ရှိပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Coxsackie ဗိုင်းရပ်စ်ကူးစက်ခြင်းရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။

ဖျားခြင်း၊ အနီကွက်များထခြင်း၊လည်ချောင်းနာခြင်း ၊ အဆစ်အမြစ်များနာခြင်း ၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာအပျော့စားတွေပဲ ဖြစ်လေ့ရှိပါတယ်။

အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသ သင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွင်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့ ပြသခြင်းဟာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Coxsackie ဗိုင်းရပ်စ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ ဗိုင်းရပ်စ်အုပ်စုဝင်တွေပဲ ဖြစ်ပါတယ်။ Coxsackie ဗိုင်းရပ်စ်ကို A နှင့် B ဟူ၍နှစ်မျိုးခွဲထားပြီးတစ်ခုချင်းစီကိုလည်း အုပ်စုခွဲလေးတွေထပ်ခွဲထားပါသေးတယ်။ ဗိုင်းရပ်စ်ကိုအစာအိမ်ထဲမှာရှိတဲ့ အက်စစ်က မချေဖျက်နိုင်တာကြောင့် ဗိုင်းရပ်စ်ဟာ အချိန်အကြာကြီးအသက်ရှင်နိုင်ပါတယ်။

အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကဲ့သို့ပင် ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ထဲသို့ဝင်ပြီးသည်နှင့် ရောဂါလက္ခဏာပြဖို့ တစ်ရက်မှနှစ်ရက်အထိကြာတတ်ပါတယ်။

ဖျားနာစ ပထမအပါတ်မှာ လူများဟာ ကူးစက်အလွယ်ဆုံးဖြစ်ပြီးရောဂါလက္ခဏာများသက်သာသွားသည့်တိုင်အောင်ဗိုင်းရပ်စ်ဟာရှိနေနိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကလေးများနဲ့ ကိုယ်ခံအားနည်းသောသူများမှာအချိန်ကြာကြာပိုပြီးရှိနေနိုင်ပါတယ်။

ဗိုင်းရပ်စ်ဟာလူတစ်ယောက်နှင့်တစ်ယောက်ကူးစက်ပြီး ကူးစပ်ခံရသူရဲ့ ကိုယ်တွင်းအရည်များနဲ့ ခန္ဓါကိုယ်မှထွက်သော အရည်များတွင်ဗိုင်းရပ်စ်ဟာရှိနေတတ်ပါတယ်။ ထိုရောဂါပိုးရှိသူရဲ့ အသက်ရှူလမ်းကြောင်းမှထွက်သည့် စွန့်ပစ်အရည်များကိုထိမိခြင်းဖြင့် ရောဂါပိုးကူးစက်ပါတယ်။ အကယ်၍ ရောဂါပိုးရှိသူဟာ နှာစေးနေပြီး ထိုအညစ်အကြေးများကို မျက်နှာပြ်ုတစ်ခုသို့သုတ်မိရာမှထိုမျက်နှာပြင်ဟာရောဂါလက်ခံရာနေရာဖြစ်သွားပါတယ်။ အခြားတစ်ယောက်ဟာထိုမျက်နှာပြင်ကိုထိတွေ့ပြီးသူ့ရဲ့ပါးစပ် သို့ နှာခေါင်းကိုထိတွေ့မိတဲ့အခါရောဂါပိုးဟာ ကူးစက်ပါတော့တယ်။

မျက်လုံးကူးစက်ခံထားရသူများ( မျက်လုံးအမြှေးပါးရောင်နေသူများ) ဟာလည်း သူတို့ရဲ့မျက်လုံးကိုထိတွေ့ပြီး အခြညးလူများ သို့ မျက်နှာပြင်များကိုထိတွေ့ခြင်းဖြင့် ရောဂါပိုးဟာ ပျံ့နှံ့ပါတယ်။ မျက်လုံးအမြှေးပါးရောင်ရမ်းခြင်းဟာ လျင်လျင်မြန်မြန်ပျံ့နှံ့နိုင်ပြီး ဗိုင်းရပ်စ်နှင့်ထိတွေ့ပြီးတစ်ရက်အကြာမှာပင်ရေုဂါလက္ခဏာများပြနိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ မစင်ထဲသို့ကျလာပြီး ကလေးငယ်များအတွင်းအဓိကရောဂါကူးစက်ရာ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ အကယ်၍လက်ဟာ အညစ်အကြေးတွေနဲ့ကိုင်မိပြီး မဆေးကြောပဲ မျက်နှာကို ထိတွေ့မိလျှင်ရောဂါပိုးဟာ ကူးစက်ပါတယ်။ ဒီလိုကူးစက်ခြင်းဟာ ကလေးအညစ်အကြေးခံပစ္စည်းများနဲ့ထိတွေ့နေရတဲ့နေ့ပိုင်းစောင့်ရှောက်ရေးစင်တာများနှင့် သူနာပြုများအတွက်အထူးအရေးကြီးပါတယ်။ ဝမ်းလျှောခြင်းဟာ ဗိုင်းရပ်စ်ကူးစက်ခ့်ရခြင်းရဲ့အဖြစ်အများဆုံးလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဗိုင်းရပ်နှင့် ဘတ်တီးရီးယးကူးစက်မှုများသော နေရာများတွင်နေထိုင်ခြင်းဟာလည်း ရောဂါကူးစက်ခံရနိုင်ချေပိုများစေပါတယ်။ နေ့ပိုင်းစောင့်ရှောက်မှုစင်တာများရှိကလေးများ ၊ မူကြိုတက်နေသောကလေးများနှင့်ဂရမ်မာတက်နေသော ကလေးများဟာ သူတို့ကြားမှာရောဂါပိုးဟာ ကူးစက်ပျံ့ပွားနိုင်ပါတယ်။ မွေးကင်းစကလေးများဟာလည်း ကိုယ်ခံအားမကောင်းတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုလျှင်ဘနောက်ဆက်တွဲရောဂါများ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်ပါတယ်။ အသက်ကြီး၍ကိုယ်ခံအားနည်းနေသူများ ( ဥပမာ – cancer ကုသမှုခံယူနေသူများ) ဟာဆိုရင်လည်း ဗိုင်းရပ်စပ်ကူးစက်ခံရလျှင်နောက်ဆက်တွဲေရောဂါများဆိုးဆိုးဝါးဝါးဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အအေးမိပြီး အနီကွက်များသာဖြစ်ပေါ်သောလူများတွင်တော့ စမ်းသပ်စစ်ဆေးရန်မလိုအပ်ပါဘူး။ မျက်လုံးအမြှေးပါးရောင်တဲ့လူတွေမှာဆရာဝန်ဟာ မျက်လုံးကိုစစ်ဆေးသည့်မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးပြီး ရောဂါကိုအတည်ပြုပါလိမ့်မယ်။ လည်ချောင်းနာခြင်းပါရှိနေလျှင်တော့ ဆရာဝန်ဟာ တံတွေးနံမူနာယူ၍စစ်ဆေးပါလိမ့်မယ်။

ဦးနှောက်အမြှေးပါးရောင်သည့်သူများတွင်ဆရာဝန်ဟာ အာရုံကြောမကြီးအရည်နမူနာကိုယူ၍စစ်ဆေးပါလိမ့်မယ်။ဦးနှောက်အမြှေးပါးရောင်သည့်လူတော်တော်များများတွင်အာရုံကြောမကြီးအရည်ထဲတွင်ဆဲလ်အဖြူများများနေတတ်ပြီး သကြာပမာဏကတော့ပုံမှန်ပင်ဖြစ်ပြီးပရိုတိန်းပမာဏကတော့ ပုံမှန်ကနေ အနည်းငယ်များနေနိုင်ပါတယ်။ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ဦးနှောက်အမြှေးရောင်ခြင်းဆိုလျှင်တော့ ထိုသို့အာရုံကြောအရည်ထဲရှိပြောင်းလဲမှုများဟာ ပိုပြီးများနေတတ်ပါတယ်။ဦးနှောက်အာရုံကြောမကြီးရှိအရည်ကိုယူပြီးပိုးပေါက်မပေါက်စမ်းသပ်လို့လည်းရပါတယ်။ သို့သော်လည်းထိုသို့စမ်းသပ်ခြင်းဟာဈေးကြီးပြီးခက်ခဲသည့်အတွက်ဆေးရုံတော်တော်များများတွင်မလုပ်ကြပါဘူး။ ယခုလက်ရှိတွင်တော့ PCR ဟုခေါ်သည့်စစ်ဆေးမှုဖြင့် ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇကိုပါသိရှိနိုင်ပါတယ်။ PCRဟာ ကူးစက်မှုတွေရဲ့ ၆၆ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိခန့်မှန်းပေးနိုင်ပါတယ်။ နှလုံးအမြှေးပါးရောင်ခြင်းဟာလည်းပြင်းထန်သောနောက်ဆက်တွဲရောဂါတစ်ခုဖြစ်ပြီး ECG နှင့် နှလုံးကိုအယ်ထရာဆောင်းရိုက်ခြင်းနို့ဖြင့်အဖြေရှာရန်လိုအပ်ပါတယ်။ECG ဟာနှလုံးကြီးလို့ဖြစ်လာတဲ့စည်းချက်မမှန်ခြင်းနဲ့ရောင်နေတဲ့နှလုံးပတ်လည်မှာရှိတဲ့ အရည်အိတ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ အယ်ထရာဆောင်းရိုက်ခြင်းဟာတော့နှလုံးဘယ်လောက်ကြီးနေကြောင်း၊ နှလုံးဘယ်လောက်ထိသွေးများများကောင်းကောင်းညှစ်နိုင်ကြောင်း ၊ နှလုံးပတ်လည်မှာအရည်မည်မျှရှိကြောင်း..စသည်တို့ကိုဖော်ပြပေးပါတယ်။ အခြားအင်္ဂါမျညးထိခိုက်ခြင်းရှိမရှိသိရအောင် သွေးစစ်ခြင်းလည်းပြုလုပ်ဖို့လိုအပ်ပါတယ်။

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကို ဘယ်လိုကုသပါသလဲ

Coxsackie ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ဆေးဝါးကုသမှုများမရှိပါဘူး။ ခန္ဓါကိုယ်ရဲကိုယ်ခံအားစနစ်ဟာ ဗိုင်းရပ်စ်ကိုသတ်နိုင်စွမ်းရှိပါတယ်။ ပြင်းထန်သောကူးစက်မှုများတွင်တော့ဆရာဝန်များဟာ အကျိုးရှိနိုင်တဲ့ကုသမှုများကိုရွေးချယ်ကုသကြပါတယ်။ သို့သော်လည်းထိုကုသမှုများဟာ တစ်ကယ်အလုပ်ဖြစ်မဖြစ်စမ်းသပ်ထားခြင်းမရှိပါဘူး။ဥပမာအချို့လေ့လာချက်တွေအရ လူရဲ့သွေးရည်ကြည်မှပြုလုပ်ထားတဲ့ antibody ပါဝင်သည့် IG ကိုသွေးကြောမှတစ်ဆင့်ထိုးခြင်းဟာ အကျိုးရှိတယ်လို့ဆိုထားကြပါတယ်။ နှလုံးအမြှေးပါးရောင်ခြင်းအတွက်ကုသခြင်းဟာ အထောက်အပံ့ပေးရုံသာဖြစ်ပါတယ်။ နှလုံးဟာသူ့ဘာသာအရမ်းမညှစ်နိုင်တော့တဲ့အခါ သွေးပေါင်တက်စေမည့်ဆေးများပေးခြင်း..စသည်တို့ဖြစ်ပါတယ်။ ပြင်းထန်သောကိစ္စများတွင်တော့ နှလုံးအစားထိုးရန်အထိလိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုသမှုများ

ဘယ်လိုနေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့အိမ်တွင်းကုသမှုတွေက coxsackie ကူးစက်ခံရခြင်းမှသင်သာစေမလဲ။

နာကျင်မှုနဲ့ အဖျားကျစေဖို့ paracetamol , ibuprofen နဲ့အလားတူဆေးများကိုသောက်သုံးနိုင်ပါတယ်။Aspirin ကိုတော့ ကလေးများနှင့် ဆယ်ကျော်သက်များတွင်အသည်းထိခိုက်နိုင်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။

အလွယ်တစ်ကူရရှိနိုင်တဲ့ချောင်းဆိုးပျောက်ဆေး ၊နှာစေးပျောက်ဆေးများဟာလည်းရောဂါသက်သာမှုကို မလျင်မြနိစေသော်လည်း ရောဂါလက္ခဏာများကိုသင်သာစေပါတယ်။ မူးဝေခြင်းနှင့် ပါးစက်ခြောက်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။ ထိုဆေးများကိုတော့ FDA မှအသက် ၆ နှစ်အောက်ကလေးများကိုသောက်သုံးခွင့်ပေးမထားပါဘူး။ အလွယတစ်ကူရရှိနိုင်တဲ့ဆေးများဟာ အသက်ကြီးတဲ့ကလေးများတွင် အလုပ်လုပ်မလုပ်ကိုတော့စမ်းသပ်ထားခြင်းမရှိပါဘူး။.

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement