backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Coagulating Factors Concentration (ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ပစ္စည်း ပမာဏတိုင်းတာခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံကို သိခြင်း

ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ ပစ္စည်းပမာဏ ဆိုတာဘာလဲ

သွေးခဲစေတဲ့ ပစ္စည်းပမာဏဆိုတာဟာ ခန္ဓါကိုယ်ထဲမှာ သွေးခဲဖို့ လုပ်ဆောင်နိုင်မှု ဘယ်လောက်ရှိတယ်၊ သွေးခဲတဲ့ ဖြစ်စဉ် ဘယ်လောက်ကြာတယ် ဆိုတာ တွက်ချက်နိုင်ဖို့ ဆရာဝန်တွေကို ကူညီပေးနိုင်ပါတယ်။

သင့် ခန္ဓါကိုယ်က ဒဏ်ရာ ရပြီး သွေးအလွန် ထွက်နေတဲ့အခါ (ဥပမာ – လက်မှာ ပြတ်ရှခြင်း) မှာ သွေးခဲစေတဲ့ ဖြစ်စဉ်က သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန် သွေးကြောတွေမှာ သွေးခဲသွားပြီ ဆိုရင်တော့ အန္တရာယ် အရမ်းများပါတယ်။

ဘာကြောင့်လဲဆိုတော့ နှလုံး၊ အဆုတ်၊ ဦးနှောက် စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သွေးမရောက်နိုင်တော့တဲ့ အတွက် နှလုံး ရုတ်တရက် အမောဖောက်ခြင်းနဲ့ လေဖြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

သွေးခဲစေတဲ့ ပစ္စည်းပမာဏ တိုင်းတာနိုင်တဲ့ ကျေးဇူးကြောင့်သာ သင့်ဆရာဝန်အနေနဲ့ သင်ဒဏ်ရာရ လာတဲ့အခါ သွေးအရမ်း ထွက်တာတွေ ဖြစ်နိုင်ခြေ၊ သို့မဟုတ် လေဖြန်း၊ နှလုံးအမောဖောက် ဖြစ်နိုင်ခြေတွေကို သိနိုင်တာပါ။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

သွေးခဲစေတဲ့ ပစ္စည်းပမာဏကို ဘာကြောင့် တိုင်းတာရသလဲ

အောက်မှာ ဖော်ပြမယ့် အခြေအနေတွေ သင့်မှာရှိနေရင် ဆရာဝန်က သွေးခဲစေတဲ့ ပစ္စည်းပမာဏကို တိုင်းတာတဲ့ စစ်ဆေးချက် ပြုလုပ်ပါလိမ့်မယ်။

  • ဆရာဝန်က သင့်မှာ ဘာကြောင့် သွေးမတိတ်သေးတယ် ဆိုတာ သိဖို့ လိုအပ်လာရင်၊ သို့မဟုတ် သင့် ကိုယ်ပေါ်မှာ ညိုမဲ ဒဏ်ရာတွေ ပုံမမှန်ဘဲ ဖြစ်နေရင်။
  • Warfarin တွေ သောက်နေရရင် သင့်လျော်တဲ့ ဆေးပမာဏကို ဆုံးဖြတ်ဖို့ စစ်ဆေးချက်တွေ လုပ်ဖို့လိုပါတယ်။
  • Hemophilia (မျိုးရိုးနဲ့ ဆိုင်သော သွေးရောဂါ တစ်မျိုး) ကဲ့သို့ မျိုးရိုးလိုက် ရောဂါတွေကို ရောဂါအမည် သတ်မှတ်ဖို့ လိုအပ်လာရင်။
  • ဗိုက်တာမင် K ရှိ၊ မရှိ စစ်ဆေးရန်။ ဗိုက်တာမင် K ဟာ သွေးခဲစေနိုင်တဲ့ ပစ္စည်းတွေ ထုတ်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။
  • ခွဲစိတ်မှု မပြုလုပ်ခင်မှာ ခွဲစိတ်မှုခံယူဖို့ အဆင်ပြေ၊ မပြေ စစ်ဆေးရန်။
  • သင့် အသည်းက လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်နိုင်၊ မလုပ်နိုင် စစ်ဆေးရန်။ အသည်းဟာ သွေးခဲစေတဲ့ ပစ္စည်းတွေကို ခန္ဓါကိုယ်ထဲမှာ ထုတ်ပေးနိုင်ပါတယ်။
  • နှလုံး အမောဖောက်တာတွေ၊ လေဖြန်းတာတွေကို ဖြစ်စေနိုင်တဲ့ သွေးခဲလေးတွေ ခန္ဓါကိုယ်ထဲမှာ အများကြီး ထုတ်နေ၊ မနေ သိရှိရန်။

ကြိုတင်ပြင်ဆင်ခြင်း။

သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးဖို့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ

ဒီစစ်ဆေးချက် မလုပ်ခင်မှာ သေသေချာချာ ကြိုတင်ပြင်ဆင် လုပ်ဆောင်စရာတွေတော့ မရှိပါဘူး။

စစ်ဆေးချက် အဖြေကို ပြောင်းလဲစေနိုင်တဲ့ ဆေးတချို့တော့ ရှိပါတယ်။ ဒါ့ကြောင့် မစစ်ဆေးခင်မှာ သင့်ဆရာဝန်ကို ဖြည့်တင်းစာ၊ ဆေးဝါးတွေ အပါအဝင် သင့်ကို ညွှန်ကြားထားလို့ သောက်နေရတဲ့ ဆေးတွေရော၊ မညွှန်ကြားဘဲ သောက်နေတာတွေကိုပါ ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။

သူနာပြုတွေ သွေးဖောက်ရာမှာ လွယ်ကူအောင် အင်္ကျီလက်အတို ဝတ်ထားသင့်ပါတယ်။

သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးရာမှာ ဘာတွေ ဖြစ်နိုင်သလဲ ?

စစ်ဆေးချက်လုပ်တဲ့ အခါ ဆရာဝန်က –

  • သွေးယိုတာ ရပ်အောင်လို့ လက်မောင်းပတ်လည်မှာ အဝတ်တစ်ခု ပတ်ထားပါမယ်။
  • သွေးဖောက်မယ့် နေရာကို အရက်ပြန်နဲ့ ပိုးသတ်ပါမယ်။
  • အပ်ကို သွေးပြန်ကြောထဲကို ထိုးထည့်ပါမယ်။ လိုအပ်ရင် တစ်ကြိမ်ထက်ပိုပြီး ထိုးရပါမယ်။
  • သွေးထည့်ထားဖို့ အတွက်ပြွန်တစ်ခုနဲ့ ဆက်ထားပါမယ်။
  • သွေး လုံလုံလောက်လောက်ရပြီးပြီ ဆိုရင်တော့ လက်မောင်းမှာ ပတ်ထားတဲ့ အပတ်ကို ဖယ်ပါမယ်။
  • ဆေးထိုးထားတဲ့ နေရာကို ရေခဲ၊ သို့မဟုတ် ဂွမ်းလေးနဲ့ အုပ်ထားပေးပါမယ်။
  • ဆေးထိုးထားတဲ့ နေရာမှာ ပလာစတာ တစ်ခု ကပ်ထားပေးပါမယ်။

ဖြစ်နိုင်ခြေကို မြင့်မားစေသော အရာများ

သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးချက် လုပ်ဆောင်ပြီး ဘာတွေ ဖြစ်နိုင်သလဲ

ဆရာဝန်၊ သို့မဟုတ် သူနာပြုက သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးဖို့အတွက် သွေးဖောက်ယူပါလိမ့်မယ်။ သွေးဖောက်တဲ့ အတွက် သူနာပြုရဲ့ ကျွမ်းကျင်မှု၊ သင့် သွေးကြော အခြေအနေ၊ နာကျင်တာကို ခံနိုင်ရည် ရှိမှုတွေအပေါ် မူတည်ပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။

သွေးဖောက်ပြီးတဲ့အခါ သွေးတိတ်အောင် ပလာစတာ (ကပ်ခွာ) တစ်ခုခု ကပ်ထားဖို့ လိုအပ်ပါတယ်။ စစ်ဆေးချက် လုပ်ပြီးတဲ့အခါ ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာတွေကို ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထပ်ပြီး မေးစရာ အချက်အလက်တွေ ရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

စစ်ဆေးချက် အဖြေအကြောင်း နားလည်ခြင်း

စစ်ဆေးချက် အဖြေက ဘာကို ဆိုလိုသလဲ

စစ်ဆေးချက် ပုံမှန်အဖြေများ

သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းအမည် (factor) ။ ပုံမှန်ပါဝင်သော ပမာဏ

II ၈၀-၁၂၀ ။ V ၅၀-၁၅၀ ။VII ၆၅-၁၄၀ ။VIII ၅၅-၁၄၅ ။ IX ၆၀-၁၄၀ ။ X ၄၅-၁၅၅ ။ XI ၆၅-၁၃၅ ။ XII ၅၀-၁၅၀

ပုံမှန် မဟုတ်သော စစ်ဆေးချက် အဖြေများ

သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်း အမည် (factor) ။ သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းပမာဏ များနေနိုင်သော အခြေအနေများ။

I (Fibrinogen)

ခဏတာ ယောင်ယမ်းခြင်း။

ထိခိုက်ဒဏ်ရာရခြင်း။

နှလုံး သွေးကြော ရောဂါများ။

ဆေးလိပ်သောက်ခြင်း။

II (Prothrombin)အဖြစ်များသော ရောဂါ မရှိပါ။

V (Procaccelerin)အဖြစ်များသော ရောဂါ မရှိပါ။

VII (Proconvertin [stable factor])အဖြစ်များသော ရောဂါ မရှိပါ။

VIII (anti-clogging factor)

ခဏတာ ယောင်ယမ်းခြင်း။

စိတ်ဖိစီးခြင်း၊ ထိခိုက်မိခြင်း။

ကိုယ်ဝန်ဆောင်ခြင်း။

ကလေးမရအောင် တားဆေးတွေ သောက်သုံးနေခြင်း။

von Willebrandအဖြစ်များသော ရောဂါ မရှိပါ။IX (Christmas factor)အဖြစ်များသော ရောဂါ မရှိပါ။X (Stuart factor)အဖြစ်များသော ရောဂါ မရှိပါ။XII (Hageman factor)အဖြစ်များသော ရောဂါ မရှိပါ။

DIC: တစ်ကိုယ်လုံး ရှိသွေးကြော အတွင်းမှာ သွေးခဲသောရောဂါ။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံ အမျိုးအစားအပေါ် မူတည်ပြီး သွေးခဲစေနိုင်တဲ့ ပစ္စည်းပမာဏ အတွက် ပုံမှန် အခြေအနေက အနည်းငယ် ကွာဟနိုင်ပါတယ်။ စစ်ဆေးချက်အဖြေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိလာပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ရပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement