backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Clubfoot (ခြေခွင်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Clubfoot (ခြေခွင်ခြင်း) ကဘာလဲ။

ခြေခွင်ခြင်းဆိုတာဟာ မွေးရာပါ ခြေထောက်ပုံစံမူမှန်တာတစ်မျိုးဖြစ်ပြီး သင့်ကလေးခြေထောက်တွေဟာ ပုံစံအနေအထားတွေက လိမ်ပြီးအတွင်းကို ခွင်နေခြင်းကိုဆိုပါတယ်။ ဒီခြေခွင်ခြင်းမှာ အရိုးတွေကို လှမ်းဆက်သွယ်ထား

တဲ့ကြွက်သားတွေဟာ ပုံမှန်ထက်တိုနေသလိုဖြစ်နေတာပါ။ ခြေခွင်ခြင်းဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်ဖြစ်ပြီးသီးခြားတွေ့ရတဲ့ပြသနာတစ်ခုဖြစ်ပါတယ်။

ခြေခွင်ခြင်းဟာ သိပ်မဆိုးတာရယ် အရမ်းဆိုးတာရယ်ဆိုပြီးရှိပါတယ်။ ဒီခြေခွင်ခြင်းဖြစ်တဲ့ကလေးအများစုရဲ့တစ်ဝက်လောက်က ခြေထောက်နှစ်ဖက်စလုံးခွင်ကြပါတယ်။ ဒီလိုခြေခွင်တာရှိခဲ့ပါက သင့်ကလေးက ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ဖို့ခက်ခဲမှာပါ။ အဲ့ဒါကြောင့်သင့်ဆရာဝန်ကလည်း မွေးပြိးပြီးချင်းကုသမှုခံယူဖို့အကြံပေးမှာပါ။

ဆရာဝန်တွေက ဒီခြေခွင်ခြင်းကို ခွဲစိတ်မှုမပြ ုလုပ်ပဲ အောင်မြင်စွာကုသနိုင်ကြပါတယ်။ ဒါပေမယ့်လည်းတစ်ချို့ကလေးတွေမှာတော့ နောက်ပိုင်းမှာ ခွဲစိတ်ဖို့လိုတတ်ပါတယ်။

Clubfoot (ခြေခွင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခြေခွင်ခြင်းဆိုတာဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ အမေရိကားနိုင်ငံမှာ ၁၀၀၀မှာ၁ယောက်ကတော့ ဒီခြေခွင်ခြင်းမျိုးနဲ့မွေးလာတတ်ပါတယ်။

အခြားအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Clubfoot (ခြေခွင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

-ခြေထိပ်လေးက အောက်ဘက်နဲ့အတွင်းဘက်ကိုလိမ်နေပြီးခြေထောက်ကိုခုံးသလိုဖြစ်စေပြီး အတွင်းကိုလိမ်တဲ့ပုံရှိပါတယ်။

ခြေထောက်က တအားဆိုးတဲ့အနေအထားမျိုးမှာဆိုရင် ခြေထောက်ကို ဇောက်ထိုးထောင်ထားသလိုကိုဖြစ်နေတတ်ပါတယ်။

ခွင်တဲ့ဘက်က ခြေထောက် ဟာ များသောအားဖြင့် ခြေသလုံးကြွက်သားဖွံဖြိ ုးမှုသိပ်မရှိပါဘူး။

ဖြစ်တဲ့ဘက်ကခြေထောက်ဟာကောင်းတဲ့ခြေထောက်ထက်လက်မဝက်လောက်တိုနေပါမယ်။

ခြေထောက်က ပုံပျက်နေပေမယ့် ခြေခွင်ခြင်းကနေတော့ နာကျင်တာ ခံရခက်တာတွေမရှိတတ်ပါဘူး။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Clubfoot (ခြေခွင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တစ်ချို့သောအခြေအနေတွေကတော့ အမေရဲ့ဗိုက်ထဲမှာ ကြီးထွားမှုဖြစ်ကတည်းက ပုံစံမမှန်မှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။

အများအားဖြင့်တော့ မျိ ုးရုးဗီဇနဲ့ ပတ်ဝန်းကျင်ကသက်ရောက်တဲ့အချက်တွေကြောင့် ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ တကယ်လို့သင့်မိသားစုထဲမှာ ခြေခွင်တဲ့လူတစ်ယောက်ရှိပါက သင့်မွေးကင်းစကလေးမှာလည်း ဖြစ်နိုင်

ပါတယ်။ တကယ်လို့ သင့်မိသားစုထဲမှာ ကလေးတစ်ယောက်ကခြေခွင်ခြင်းနဲ့မွေးလာပါကလည်း နောက်တစ်ယောက်ထပ်မွေးမယ့် ကလေးမှာ ခြေခွင်ခြင်းဖြစ်ဖို့ အလားအလာများပါတယ်။

မွေးကင်းစမှာ ခြေခွင်ခြင်းပါလာပါက တစ်ခြားကျန်းမာရေးပြသနာတွေပါဖြစ်နိုင်တယ်ဆိုတာကိုညွှန်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြေခွင်ခြင်းဟာ ကျောရိုးနာ့ဗ်ကြောမနဲ့ အဖုံးလွှာတို့ရဲ့ မွေးရာပါချ ို့ယွင်းချက်နဲ့ တွဲနေတတ်လို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကလေးတစ်ယောက်က ခြေခွင်ခြင်းနဲ့မွေးဖွားလာပါက တစ်ခြားကျန်းမာရေးပြသနာတွေပါရှိနေမလားဆိုတာ သေချာစမ်းသပ်ရပါမယ်။ ခြေခွင်ခြင်းဆိုတာဟာ အာရုံကြော၊ကြွက်သားနဲ့အရိုးစနစ်တွေကို ထိခိုက်မိခြင်းများဖြစ်တဲ့ လေဖြန်းခြင်း ဦးနှောက်ဒဏ်ရာရခြင်းတွေရဲ့ ပြသနာ ရလာဒ်တွေအဖြစ်လည်း ဖြစ်နေတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Clubfoot (ခြေခွင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ခြေခွင်ခြင်းကိုဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့

မိသားစုနောက်ကြောင်းရာဇဝင်။တကယ်လို့မိဘတွေမှာသို့မဟုတ် သူတို့ကမွေးတဲ့ကလေးတွေမှာ ခြေခွင်ခြင်းရှိပါကကလေးမှာလည်း ရှိနိုင်ပါတယ်။

-မွေးရာပါချိ ု့ယွင်းချက်ရှိသောအခြေအနေများ။တစ်ချို့သောအခြေအနေတွေမှာ ခြေခွင်ခြင်းဟာ အရိုးစုရဲ့ပုံမမှန်မှု၊မွေးတဲ့အခါ ကြောရိုးမကြီးမှာပြသနာရှိမှုတွေ၊ ကျောရိုးနာ့ဗ်ကြောမနှင့် အဖုံးလွှာတို့ ပွင့်နေတဲ့ မွေးရာပါချိ ု့ယွင်းချက်ရှိသောအခြေအနေတွေမှာပိုဖြစ်နိုင်ပါတယ်။

-တကယ်လို့ မိခင်က ခြေခွင်ခြင်းရှိတဲ့ မိသားစုကလာပြီးကိုယ်ဝန်ဆောင်စဉ်မှာဆေးလိပ်သောက်မယ်ဆိုပါက သူမွေးလာမယ့်ကလေးဟာ ဆေးလိပ်မသောက်တဲ့မိခင်ရဲ့ကလေးထက် အန္တရာယ်နှစ်ဆပိုများသွားပါမယ်။

ဆေးသုံးခြင်းများ ၊ဒါမှမဟုတ်ကိုယ်ဝန်ဆောင်ချိန်ပိုးဝင်ခြင်းများရှိခဲ့ပါကလည်း ခြေခွင်ခြင်းဖြစ်ဖို့ ပိုဖြစ်နိုင်ပါတယ်။

-ကိုယ်ဝန်ဆောင်ချိန် ရေမွှာရည်နည်းခြင်းကလည်း ဗိုက်ထဲက ကလေးကို ခြေခွင်ခြင်းပိုဖြစ်စေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Clubfoot (ခြေခွင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကလေးကိုဗိုက်ထဲမှာရှိချိန် တီဗီဓါတ်မှန်ရိုက်ကြည့်ရင်းနဲ့လည်း ခြေခွင်ခြင်းကို ရှာတွေ့တတ်ပါတယ်။ များသောအားဖြင့်ကတော့ကလေးမွေးလာပြီးမှ ကလေးရဲ့ခြေတွေခြေချောင်းတွေကို စမ်းသပ်စစ်ဆေးပြီးမှ သင့်ဆရာဝန်က ရောဂါ ရှာနိုင်တာပါ။ တစ်ချု့ိအခြေအနေတွေမှာတော့ ခြေခွင်ခြင်းက ဗိုက်ထဲမှာအနေကြပ်လို့ ဖြစ်တာမျိုးဆိုပါက ခြေထောက်က ပုံမှန်အနေအထားလောက်အထိ ဆန့်လို့ကွေးလို့ရတာမျိုးတွေရှိပါတယ်။ တစ်ချိ ု့အခြေအနေတွေမှာတော့ ခြေထောက်ကမာနေ တောင့်နေပြီး ခြေသလုံးကြွက်သားတွေကလည်း တောင့်တင်းနေတာကို တွေ့ရတတ်ပါတယ်။

ဓါတ်မှန်ရိုက်ခြင်းကတော့ ရောဂါရှာရာမှာ သိပ်ပြီးအထောက်အကူမပြ ုနိုင်ပါဘူး။ ကလေးလေးတွေရဲ့ခြေထောက်တွေ ခြေကျင်းဝတ်တွေဟာ အရိုးတွေဟာ အကုန်အပြည့်အစုံမဖြစ်သေးတာကြောင့် ဓါတ်မှန်မှာလည်းသေချာမပြနိုင်သေးပါဘူး။

Clubfoot (ခြေခွင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်မွေးကာစကလေးရဲ့အရိုးတွေ အဆစ်တွေနဲ့ အရွတ်တွေဟာ ပျော့ပျောင်းနေသေးတာမို့ ခြေခွင်ခြင်းကုသမှုကို မွေးပြီးပထမပတ် သို့မဟုတ် ဒုတိယပတ်ထဲမှာကုသသင့်ပါတယ်။ ကုသမှုရဲ့ ပန်းတိုင်ကတော့ သင့်ကလေးခြေထောက်တွေကြည့်ကောင်းအောင်ရယ် သူလမ်းမလျှောက်ခင်မှာ ခြေထောက်တွေ ကောင်းကောင်းအလုပ်လုပ်အောင်ရယ် နောက်ဆက်တွဲ ပြသနာတွေမဖြစ်အောင်ရယ်ဖြစ်ပါတယ်။

ကုသမှုနည်းလမ်းတွေကတော့

-ဆွဲဆန့်ခြင်းနဲ့ ကျောက်ပတ်တီးစည်းခြင်း(Ponseti method)

-ခွဲစိတ်ခြင်း။

ဆွဲဆန့်ခြင်းနဲ့ ကျောက်ပတ်တီးစည်းခြင်း (Ponseti method)

ဒီနည်းလမ်းကတော့ခြေခွင်ခြင်းအတွက်အသုံးများဆုံးနည်းလမ်းဖြစ်ပါတယ်။

သင့်ဆရာဝန်က သင့်ကလေးခြေထောက်ကို ပုံမှန်အနေအထားရောက်အောင်ရွှေ့ပြီး အဲ့နေရာအတိုင်း ကျောက်ပတ်တီးစီးပေးထားမှာဖြစ်ပါတယ်။

-တစ်ပတ် သို့မဟုတ် နှစ်ပတ်တစ်ခါလောက် ပြန်ပြန်ပြီး နေရာရွှေ့ပြီးပြန်စည်းခြင်းကို လများစွာလုပ်ရပါမယ်။

-အာခိလိအရွတ်ကို ရှည်လာစေဖို့အတွက် အသေးစားခွဲစိတ်မှုမျိုးလုပ်ရပါမယ်။

-သင့်ကလေးရဲ့ခြေထောက်က ပုံစံအတည့်အတိုင်းပြန်ဖြစ်သွားပြီဆိုပါက အဲ့အတည့်အတိုင်းဖြစ်နေစေဖို့ အောက်ကပြောထားတဲ့ဟာတွေကိုလိုက်လုပ်ပေးရပါမယ်။

-ကလေးကို ဆွဲဆန့်စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးခြင်း

-ကလေးကို အထူးပြ ုလုပ်ထားတဲ့ဖိနပ်တွေ အစွပ်တွေစီးစေခြင်း၊ကလေးက ဒီလိုဖိနပ်တွေကို အချိန်ပြည့်ဝတ်စေဖို့ရယ်၃လထိအချိန်ပြည့်ဝတ်ဖို့ရယ်နောက်ပြီး ၃နှစ်အထိ ညတွေမှာအမြဲဝတ်ထားခိုင်းရပါမယ။်

တကယ်လို့ဒီနည်းလမ်းကမအောင်မြင်ခဲ့ဘူးဆိုပါက သင်ကသင့်ဆရာဝန်ညွှန်ကြားသလို ခြေစွပ်လိုမျိုးတပ်ပြီး ခြေခွင်ခြင်းဆက်မဖြစ်စေဖို့ လုပ်ရမှာပါ။ ဒီနည်းလမ်းနဲ့အလုပ်မဖြစ်ဘူးဆိုတာက ဒီလိုအစွပ်မျိုးတွေကို တောက်လျှောက်တပ်ဆင်ထားခြင်းမရှိတာကြောင့်ပဲဖြစ်ပါတယ်။

ခွဲစိတ်ခြင်း

တကယ်လို့သင့်ကလေးက ခွဲစိတ်မှုမဟုတ်တဲ့ကုသမှု ကို တုံ့ပြန်မှုမရှိပါက ခြေခွင်ခြင်းက အရမ်းဆိုးပါက ခွဲစိတ်မှုလုပ်ပြီးကုသဖို့လိုပါတယ်။ အရိုးဆရာဝန်ကနေပြီး အရွတ်တွေကိုဆွဲဆန့်သလို့လုပ်ပြီး ပိုကောင်းတဲ့အနေအထားရဖို့ကုူညီပါမယ်။ ခွဲစိတ်ပြီးတဲ့အခါ သင့်ကလေးဟာ ကျောက်ပတ်တီးနဲ့နှစ်လလောက်နေရပါမယ်။ ပြိးရင်တော့ ခြေစွပ်ကို တစ်နှစ်လောက်ထိစွပ်ပေးခြင်းနဲ့ ခြေခွင်ခြင်းပြန်မဖြစ်လာအောင် တားပေးရမှာပါ။

ကုသမှုတွေပြ ုလုပ်တာတောင် ခြေခွင်ခြင်းကို အကုန်လုံးအကောင်းအတိုင်းဖြစ်အောင်တော့လုပ်လို့မရပါဘူး။ ကလေးတော်တော်များများကတော့ ပုံမှန်ရှုးဖိနပ်တွေပြန်စီးနိုင်ခြင်း၊ ပုံမှန်ဘဝတွေကိုတော့ ရနိုင်ကြပါတယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

ခြေခွင်ခြင်းကိုသက်သာအောင်ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့်အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

ဆရာဝန်များက ခြေခွင်ခြင်းဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိနိုင်သေးတာကြောင့် သင်က ကြိုတင်ကာကွယ်လို့တော့ မရနိုင်ပါဘူး။ သို့သော် သင်ကကိုယ်ဝန်ရှိကတည်းက ကလေးမှာချ ို့ယွင်းချက်တွေပါမလာစေဖို့ လုပ်နိုင်တာတွေကတော့

  • -ဆေးလိပ်မသောက်ဖို့ သို့မဟုတ် ဆေးလိပ်သောက်သူတွေနားကပ်မနေမိဖို့
  • -အရက်မသောက်ဖို့
  • -သင်ဆရာဝန်က မညွှန်တဲ့ဆေးတွေကို မသောက်မိဖို့

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement