backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း )


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကဘာလဲ။

နာတာရှည် ကျောက်ကပ်ရောဂါဟုလည်း ခေါ်သော နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးလာသော အခြေအနေ ကို ခေါ်ပါသည်။ ကျောက်ကပ်၏ လုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ပြီး ဆီးထဲမှ စွန့်ထုတ်ခြင်း ဖြစ်သည်။

နာတာရှည်ကျောက်ကပ် ရောဂါသည် တန်းမြင့်အဆင့်သို့ ရောက်ရှိလာသောအခါ ခန္ဓါကိုယ် ထဲတွင် အရည်များ လျှပ်လိုက်ပျော်ရည်များ နှင့် အညစ်အကြေးများ အန္တရာယ်ရှိသော ပမာဏ အထိ စုပုံလာပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ အစောပိုင်းတွင် ရောဂါလက္ခဏာ အနည်း ငယ်သာ ရှိပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ သည် ကျောက်ကပ်လုပ်ငန်း သိသာစွာ မထိခိုက်မခြင်း သိသာထင်ရှားခြင်း မရှိပါ။

နာတာရှည် ကျောက်ကပ်ရောဂါ၏ ကုသမှုများသည် ဖြစ်စေသော အကြောင်းရင်းကို ထိန်းချုပ်ခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုတိုးတက်ခြင်းကို နှေးကွေးစေပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးခြင်း မပြုလုပ်ပါက သေစေနိုင်သော နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်း အထိ တိုးတက် နိုင်ပါသည်။

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းသည် ကမ္ဘာ့လူဦးရေ၏ ၅-၁၀ ရာခိုင်နှုန်းကို ထိခိုက် စေသော အပြည်ပြည်ဆိုင်ရာ အသိမှတ်ပြုထားသော လူထု ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါ သည်။

အန္တရာယ် ရှိသော အချက်များကို လျော့ချခြင်း အားဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်ပျက်စီးမှုသည် နှေးကွေးစွာ ဖြစ်ပေါ်သောကြောင့် နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ၏ ရောဂါလက္ခဏာများသည် အချိန်အကြာအတွင်း တိုးတက်လာပါသည်။

  • ပျို့တက်ခြင်း
  • အော့အန်ခြင်း
  • အစာစားချိန်စိတ် နည်းပါးခြင်း
  • မောပန်းနွမ်းနယ်ခြင်း နှင့် အားနည်းခြင်း
  • အိပ်စက်ရာတွင် ခက်ခဲခြင်း
  • ဆီးသွားသည့် ပမာဏပြောင်းလဲခြင်း
  • စိတ်ပြတ်သားမှု နည်းပါးခြင်း
  • ကြွက်သားများတွန့်ခြင်း ကြွက်တက်ခြင်း
  • ခြေထောက်နှင့် ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း
  • ဆက်တိုက် အသားအရည် ယားယံခြင်း
  • နှလုံးအတွင်းသားတွင် အရည်များစုပြုံခြင်းကြောင့် ရင်ဘတ်နာခြင်း
  • အဆုတ်တွင် အရည်များ စုပြုံခြင်းကြောင့် အသက်ရှူ မြန်ခြင်း
  • သွေးပေါက်တက်ခြင်း ( ထိန်းချုပ်ရန်ခက်ခဲသော)

ကျောက်ကပ်ရောဂါ၏ ရောဂါလက္ခဏာများသည် တိတိကျကျသတ်မှတ် ထားခြင်း မရှိပါ။ ထို့ကြောင့် လက္ခဏာများ သည် အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ သင်၏ ကျောက်ကပ် သည် အလိုက်သင့်ပြောင်းလဲခြင်း မြင့်မားသောကြောင့် ရောဂါလက္ခဏာများသည် ပျက်စီးမှု ဆိုးရွှားမှသာ ပေါ်ပေါက်လာတတ်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေ ပို၍ဆိုးရွှားခြင်းကို ရပ်တန့် ပေးပြီး နောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သော အခြေအနေကို ကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း၏ အကြောင်းရင်း ကိုမသိရှိသေးပါ။ သို့သော် သွေးကြောများ နှင့် ကျောက်ကပ်အတွင်းမှ အခြား ဖွဲ့စည်းမှုများကို ထိခိုက်စေသော အခြေအနေ များ သို့မဟုတ် ရောဂါ များသည် ကျောက်ကပ်ရောဂါကို ဦးတည် ဖြစ်စေပါသည်။

အောက်ပါ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသောအကြောင်းရင်း များသည် အဖြစ်များသော အကြောင်းရင်းများဖြစ်ပါသည်။

  • ဆီးချိုသွေးချို။ ဆီးချိုကြောင့် သွေးတွင်း သကြားပမာဏများခြင်းသည် ကျောက်ကပ် အတွင်းမှ သွေးကြောများကို ပျက်စီးစေပါသည်။ သွေးတွင်း သကြားပမာဏသည် နှစ်များစွာ မြင့်တက်နေပါက ကျောက်ကပ်လုပ်ငန်းများကို ဖြည်းဖြည်းချင်း ထိခိုက် စေပါသည်။
  • သွေးပေါင်တက်ခြင်း (သွေးတိုးခြင်း) ။ မထိန်းနိုင်အောင် သွေးပေါင်တက်ခြင်းသည် သွေးကြောများကို ထိခိုက်စေပြီး ကျောက်ကပ်ကို ပျက်စီးစေပါသည်။ သွေးပေါင်ချိန် သည် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း တွင် မြင့်တက်နိုင်ပါသည်။ ထို့ကြောင့် အခြား အခြေအနေ တစ်ခုက ရောဂါကို စဖြစ်စေသော အခါ သွေးပေါင်တက်ခြင်းသည် ကျောက်ကပ် လုပ်ငန်းများကို ပို၍ ထိခိုက်စေပါသည်။

ကျောက်ကပ်ကိုထိခိုက်စေပြီး နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေသော အခြား အခြေအနေ များမှာ

  • Polycystic kidney disease, pyelonephritis, glomerulonephritis, မွေးရာပါ ကျောက်ကပ်ရောဂါ စသော ကျောက်ကပ်ရောဂါ နှင့်ရောဂါပိုးဝင်မှုများ
  • ကျောက်ကပ်သွေးလွှတ်ကြော ကျဉ်းခြင်း ပိတ်ခြင်း။ ကျောက်ကပ်သွေးလွှတ်ကြော သည် ကျောက်ကပ် သို့ သွေးများသယ်ဆောင်သည်။
  • ကျောက်ကပ်ကိုထိခိုက်စေသော ဆေးများ ကြာရှည်စွာ သုံးခြင်း။ ဥပမာ- celecoxib, ibuprofen စသော nonsteroidal anti-inflammatory drugs (NSAIDs) များနှင့် ပဋိဇီဝ ဆေးများ
  • ဆီးချိုသွေးချိုနှင့် သွေးပေါင်တက်ခြင်းသည် နာတာရှည် ကျောက်ကပ်ရောဂါ၏ အဖြစ်များဆုံး အကြောင်းရင်းများ ဖြစ်ပြီး ကျောက်ကပ် ပျက်စီးခြင်းကို ဦးတည်စေပါသည်။ ဆီးချိုသွေးချိုနှင့် သွေးပေါင်တက်ခြင်းသည် ရောဂါရှိပြီးသောသူများတွင် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း ကို မြန်စေပါသည်။

Risk factors

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါက နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။

  • ဆီးချိုသွေးချို
  • သွေးပေါက်တက်ခြင်း
  • နှလုံးနှင့် သွေးကြော ရောဂါများ
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • အာဖရိကန်-အမေရိကန် လူမျိုးဖြစ်ခြင်း၊ မူလအမေရိကန် သို့မဟုတ် အာရှ အမေရိကန် လူမျိုးများ
  • မိသားစုများတွင် ကျောက်ကပ်ရောဂါဖြစ်ခြင်း
  • အသက်ကြီးခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က သင့်တွင် ဤရောဂါရှိသည်ဟု သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ နှင့် အချို့ ဆေးစစ်ခြင်းများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပါ။ ရောဂါအဖြေရှာသော စစ်ဆေးမှုအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

    • Blood creatinine test သည် သွေးတွင်း creatinine ပမာဏအား တိုင်းတာပြီး glomerular စစ်ထုတ်နှုန်း (GFR) ကို ခန့်မှန်းနိုင်ပါသည်။ ဆရာဝန်သည် GFR ကို အသုံးပြု၍ ကျောက်ကပ်၏ အလုပ်လုပ်ခြင်း ကောင်းမွန်မှု နှင့် ကျောက်ကပ်ရောဂါ ၏ အဆင့်ကို စစ်ဆေးနိုင်ပါသည်။
    • Blood urea nitrogen (BUN) test သည် စွန့်ပစ်သော ဆီးများမှ ထွက်လာသော နိုက်ထရိုဂျင် များ သွေးထဲ မည်မျှပါသည်ကို တိုင်းတာပါသည်။ ကျောက်ကပ်သည် သွေးထဲမှ ဆီးများကို ကောင်းစွာ စွန့်ထုတ်ရန် မလုပ်နိုင်သောအါ BUN ပမာဏ များလာပါသည်။
    • Fasting blood glucose test သည်သွေးတွင်းသကြား ကိုတိုင်းတာရန် ပြုလုပ်ပါသည်။ သွေးတွင်း သကြားဓါတ်များခြင်းသည် ကျောက်ကပ်တွင်းမှ သွေးကြောများကို ပျက်စီးစေပါသည်။
    • သွေးစစ်ခြင်းသည် သွေးတွင်း အညစ်အကြေးများနှင့် လျှပ်လိုက်ပျော်ရည် ပမာဏကို တိုင်းတာပါသည်။ ထိုအရာများကို ကျောက်ကပ်မှ စွန့်ထုတ်ပစ်သင့်ပါသည်။
    • Parathyroid hormone (PTH) အတွက် သွေးစစ်ခြင်း သည် ကယ်ဆီယမ်နှင့် phosphorus ပမာဏများကို ထိန်းညိပေးသော PTH ပမာဏကို စစ်ဆေးပေးပါသည်။
    • Urinalysis (UA) နှင့် microalbumin အတွက်ဆီးစစ်ခြင်း သို့မဟုတ် အခြားဆီးစစ်ခြင်း များသည် ဆီးအတွင်းမှ ပရိုတိန်း ပမာဏကို တိုင်းတာပေးပါသည်။ ပုံမှန်အားဖြင့် ဆီးထဲတွင် ပရိုတိန်း နည်းနည်း သို့မဟုတ် လုံးဝ မပါဝင်ပါ။

    ကျောက်ကပ်သည် သွေးနီဥများ ပြုလုပ်ရန် လိုအပ်သော erythropoietin ဟော်မုန်း ကို လုံလောက်စွာ မထုတ်လုပ်နိုင်သောအခါ သွေးအားနည်း ရောဂါ ဖြစ်နိုင်ပါသည်။ သွေးအားနည်း ရောဂါကို စောင့်ကြည့်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

    • Complete blood test (CBC) သည် hematocrit နှင့် hemoglobin ပမာဏကို တိုင်းတာပေးပါသည်။
    • Reticulocyte count သည် ရိုးတွင်ခြင်ဆီ မှ သွေးနီဥ ဘယ်လောက်များများ ထုတ်သလဲ ဆိုတာပြသပါသည်။
    • Iron studies သည် erythropoietin အလုပ်လုပ်ရန်လိုအပ်သော သံဓါတ်ပမာဏကို ပြသပါသည်။
    • Serum ferritin test သည် သင့်ခန္ဓါကိုယ် အတွင်း သံဓါတ်နှင့် ပေါင်းနိုင်သော ပရိုတိန်း ကို တိုင်းတာပါသည်။

    Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကို ဘယ်လိုကုသပါသလဲ

    နာတာရှည်ကျောက်ကပ်ပျက်စီးမှုကုသခြင်း၏ ရည်ရွယ်ချက်သည် ထပ်မံ၍ ကျောက်ကပ် ပျက်စီးခြင်းကို နှေးစေရန် သို့မဟုတ် ကာကွယ်ရန် ဖြစ်ပါသည်။ ဆီးချို သို့မဟုတ် သွေးတိုး စသော အခြေအနေများသည်လည်း ကျောက်ကပ်ရောဂါကို ဖြစ်စေပါသည်။

    ထို့ကြောင့် ကျောက်ကပ် ရောဂါ ကို ဖြစ်စေသော အခြေအနေကို ဖော်ထုတ်ပြီး ထိန်းချုပ်ရန် အရေးကြီးပါသည်။ ရောဂါကို ကာကွယ်ရန်နှင့် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော သို့မဟုတ် ပို၍ဆိုးစေသော အခြေ အနေများကို ရှောင်ရှားရန် လည်းအရေးကြီးပါသည်။

    ကုသမှု၏ အရေးကြီးသော တစ်ပိုင်းမှာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေသော ရောဂါကို ထိန်းချုပ်ရန်ဖြစ်သည်။ ကျောက်ကပ်ပျက်စီးမှုကို နှေးစေရန် သင်နှင့်သင့်ဆရာဝန်သည် သင့်အခြေ အနေကို ထိန်းချုပ် ကုသနိုင်သော အစီအစဉ်တစ်ခုကို ဖန်တီးရပါမည်။

    ဆီးချိုသွေးချို ရှိပါက သွေးတွင်းသကြားပမာဏကို အစားအစာများ၊ လေ့ကျင့်ခန်းများ နှင့် ဆေးများအသုံးပြုခြင်း ဖြင့် ထိန်းသိမ်းရန် အရေးကြီးပါသည်။ သွေးတိုးရှိပါက သွေးပေါင်ချိန်ကို သတ်မှတ်ထားသော အပိုင်းအခြားအတွင်း ထိန်းသိမ်းရန် လိုအပ်ပါသည်။ ဥပမာ- ၁၃၀/၈၀ ထက်နည်းသော။

    ACE inhibitors သို့မဟုတ် angiotensin II receptor blocker (ARB) စသော သွေးဆေး များကို သောက်သုံးသင့်ပါသည်။ ဤဆေးများသည် သွေးတွင်းမှပရိုတိန်းများကို လျော့ချပြီး သွေးပေါင် တက်ခြင်း ကို ထိန်းသိမ်းပေးပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ပါ အကျိုးရှိသော နည်းလမ်းများသည် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း ကို ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။

    • ကျောက်ကပ်ကျန်းမာရေးကို ကောင်းစေသော အစားအစာများ စားပါ။
    • နေ့စဉ် ဘဝ လုပ်ရိုးလုပ်စဉ်များတွင် လေ့ကျင့်ခန်း ထည့်သွင်းလုပ်ပါ။
    • အရက်၊ ဆေးလိပ် အမျိုးအစားမျိုးစုံ သို့မဟုတ် တရားမဝင် ဆေးများ စသော ကျောက်ကပ် ကို ထိခိုက်စေသော ပစ္စည်းများ အသုံးမပြုပါနှင့်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement