မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှုဆိုသည်မှာ တင်ပဆုံအောက်နှင့် တင်ပါးနှစ်ခုကြားနေရာတွင် ဖြစ်ပွားသော နာကျင်ကိုက်ခဲနေမှုဖြစ်သည်။ ထိုနာကျင်မှုမှာ နာတာရှည်ဖြစ်ပြီး 6လ(သို့)ထို့ထက်ပို၍ကြာမြင့်နိုင်သည်။ အချို့သောအခြေအနေများတွင်ပေါ်၍ပျောက်သွားသော သိပ်မပြင်းထန်သည့် နာကျင်ကိုက်ခဲမှုသာဖြစ်တတ်သည်။ သို့သော်အခြားကိစ္စများတွင် နာကျင်မှုသည်တဖြည်းဖြည်းနှင့် ဆိုးဝါးလာပြီး အိပ်ရေး၊အလုပ်(သို့)နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာနိုင်ပါသည်။
နာတာရှည်တင်ပဆုံရိုးခွင်နာကျင်မှုတွင် အကြောင်းအရင်းများစွာရှိနိုင်ပါသည်။ အခြားရောဂါတခု၏ လက္ခဏာ(သို့)သူ့ဘာသာဖြစ်သောနာကျင်မှုတခုလည်း ဖြစ်နိုင်ပါသည်။ နောက်ထပ်ရောဂါတခုကြောင့် သင်၏ထိုနာကျင်မှုဖြစ်ပွားပါက ထိုရောဂါကို ကုသခြင်းဖြင့် သင်၏နာကျင်မှုကို ပျောက်သွားစေနိုင်ရန်လုံလောက်သည်။
ကံမကောင်းစွာဖြင့် ကိစ္စအများစုတွင် နာတာရှည်တင်ပဆုံရိုးခွေ နာကျင်မှု၏ တိကျသောအကြောင်းအရင်းကို မသိရချေ။ ထို့ကြောင့် ကုသမှု၏ ပန်းတိုင်မှာ သင်၏နာကျင်မှုနှင့် အခြားသော လက္ခဏာများ ကို သက်သာစေရန်ဖြစ်ပြီး သင်၏ဘဝနေထိုင်မှုအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
နာတာရှည်တင်ပဆုံရိုးခွေဝန်းကျင်နာကျင်ကိုက်ခဲမှုသည် ဖြစ်စေနိုင်သည့် အကြောင်းအရာများစွာရှိသော ရှူပ်ထွေးသည့် ရောဂါဖြစ်သည်။ တခါတရံတွင် ရောဂါတခုတည်းကိုသာ ဖြစ်ရသည့်အကြောင်းအရင်းအဖြစ်တွေ့ရှိရနိုင်သည်။ သို့သော်လည်း တဖက်မှ ကြည့်လျှင်နာကျင်ကိုက်ခဲမှုဟူသည် များပြားလှသောရောဂါများမှ ဖြစ်ပွားလာနိုင်သည်။ဥပမာ မိန်းမတစ်ယောက်သည် endometriosis နှင့် interstitial cystitis ရှိသော အခါ တင်ပဆုံရိုးခွေဝန်းကျင်တွင် နာကျင်ကိုက်ခဲလာနိုင်သည်။
အချို့သောတင်ပဆုံရိုးခွေဝန်းကျင်ရှိကိုက်ခဲမှုအားဖြစ်စေနိုင်သည့်အကြောင်းအရင်းများမှာ
လိုက်ဖြစ်သောအခါသင်၏သားအိမ်နံရံရှိတစ်ရှူးသည် သားအိမ်အပြင်ဘက်တွင် ကြီးထွားလာခြင်းပြီး
ထူထဲလာခြင်း၊ပျက်စီးကွာကျခြင်းနှင့်လစဉ်သွေးဆင်းနေခြင်းတို့ဖြစ်ပွားသည်။
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တင်ပဆုံဝန်းကျင်ကိုက်ခဲမှုအားအောက်ပါနည်းများဖြင့် အတည်ပြုနိုင်သည်။
တတ်သည်။ သင်၏ဆရာဝန်သည် သင့်ကိုယ်တွင်းရှိသွေးဆဲလ်များပမာဏနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရှိမရှိကိုသိရှိနိုင်ရန် သွေးစစ်ခြင်း၊ဆီးစစ်ခြင်းတို့ကိုလည်းပြုလုပ်
စေတတ်သည်။
သားအိမ်(သို့)မျိုးဥပြွန်များရှိအသားပို(သို့)အရည်အိတ်များကို စမ်းသပ်တွေ့ရှိနိုင်ရန်အသုံးပြုနိုင်သည်။
စစ်ဆေးခြင်းဖြင့် သင်၏ဆရာဝန်ကို သင်၏တင်ပဆုံရိုးခွင်ရှိအစိတ်အပိုင်းများနှင့် မူမမှန်သည့် တစ်ရှူးများ(သို့)ပိုးဝင်သည့်လက္ခဏာများကိုလည်းမြင်နိုင်စေသည်။ ထိုစစ်ဆေးမှုသည် endometriosis နှင့် နာတာရှည်တင်ပဆုံရိုးခွင်ရောင်ရမ်းသည့်ရောဂါတို့ကိုစမ်းသပ်တွေ့ရှိနိုင်ရန် အသုံးဝင်သည်။
နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှုကို
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။