backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chlamydia (ကလက်မိုင်ဒီးယား)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chlamydia (ကလက်မိုင်ဒီးယား) ကဘာလဲ။

Chlamydia ဆိုတာလိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်နိုင်သောဘက်တီးရီးယားရောဂါပိုးဖြစ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုနှင့် လိင်ဆက်ဆံခြင်းတွေမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ မိခင်မှ တစ်ဆင့် ကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီဆိုရင် လူတော်တော်များများမှာ အစောပိုင်းဘာရောဂါ လက္ခဏာမှ မတွေ့ရတတ်ပါဘူး။ Chlamydia ရောဂါပိုးဝင်တာကို ကုသဖို့ မခက်ခဲပါဘူး။ ဒါပေမယ့် မကုဘဲထားရင်တော့ ပိုပြီးဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေဖြစ်စေနိုင်ပါတယ်။

Chlamydia (ကလက်မိုင်ဒီးယား) က ဘယ်လောက်အဖြစ်များသလဲ

Chlamydia ရောဂါပိုးဝင်တာက အလွန်အဖြစ်များပါတယ်။ လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်တတ်တဲ့ တဲ့ရောဂါတွေထဲမှာ Chlamydia ရောဂါပိုးဝင်တာက အဖြစ်အများဆုံးလို့တောင် သိရပါတယ်။ ယောက်ျားလေးတွေထက်စာရင် မိန်းကလေးတွေမှာပိုဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ Chlamydia ရောဂါပိုးဝင်တာကို အားပေးတဲ့ အချက်တွေကိုလျော့ချခြင်း ခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်လို့ရပါတယ်။ နောက်ထပ်အချက်အလက်များနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Chlamydia (ကလက်မိုင်ဒီးယား) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါစစဝင်ချင်း အစောပိုင်းမှာဘာလက္ခဏာမှ မပြပါဘူး။ Chlamydia ရောဂါပိုးဝင်ပြီး ၁ပတ်မှ ၃ပတ်အတွင်းမှာ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • ဆီးသွားရင် နာခြင်း
  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော၊အနံ့ရှိတဲ့ အရည်တွေဆင်းခြင်း
  • ယောက်ျားလိင်တံ မှ အရည်များထွက်ခြင်း
  • လိင်ဆက်ဆံလျှင် နာကျင်ခြင်း(မိန်းမများတွင်)
  • လိင်ဆက်ဆံပြီးရာသီချိန်မဟုတ်တဲ့ ကြားချိန်တွေမှာမိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ယောက်ျားများတွင် ဝှေးစေ့ နာကျင်ပြီးရောင်ရမ်း၊ ဖောင်းကားလာခြင်း
  • နာကျင်ခြင်းများအပြင် အဖျားဝင်ခြင်း
  • မိန်းမများတွင် မိန်မကိုယ်၊ ယောက်ျားများတွင် လိင်တံ အနားပတ်ဝန်းကျင် ယားယံခြင်း (သို့) အပူလောင်သလိုခံစားရခြင်း
  • Chlamydia ရောဂါပိုးဝင်တဲ့ မိခင်ကမွေးလာတဲ့ ကလေးအတွက် နေ့၊လ မစေ့ဘဲမွေးခြင်း၊ မျက်လုံးရောင်ခြင်း၊နမိုးနီးယား(အဆုတ်ရောင်ရောဂါ)ဖြစ်နိုင်ချေအခွင့်အရေးပိုများခြင်း နှင့် မိခင်တွင် မွေးပြီးနောက် သားအိမ်ရောင်ရမ်းခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

အပေါ်မှာပြထားတဲ့ လက္ခဏာတွေထဲမှာမပါတာတွေလည်း ဖြစ်တတ်ပါတယ်။ သင့်ရောဂါ လက္ခဏာနဲ့ပတ်သတ်ပြီးပိုသိချင် တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားတဲ့ အချက်တွေဖြစ်လာပြီဆိုရင် (သို့) မေးစရာရှိလာပါက ဆရာဝန်နဲ့ တွေ့ပြီးဆွေးနွေးသင့်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် သင့်အခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကို အမြဲတမ်း ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ကအကောင်းဆုံးဖြစ်ပါတယ်။

အကာအကွယ်မသုံးဘဲလိင်ဆက်ဆံထားတယ်ဆိုရင်(သို့) သင့် အဖော်ကChlamydia ရောဂါပိုးရှိနေတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ ဆွေးနွေးဖို့ကအလွန်အရေးကြီးပါတယ်။

အကြောင်းရင်းများ

Chlamydia (ကလက်မိုင်ဒီးယား) ကိုဘာတွေကဖြစ်စေသလဲ

Chlamydia ရောဂါပိုးဟာလူတစ်ယောက်မှ တစ်ယောက်သို့အောက်ပါနည်းလမ်းတွေနဲ့ ကူးစက်နိုင်ပါတယ်။

  • အကာအကွယ်မပါဘဲလိင်ဆက်ဆံခြင်း(ကွန်ဒုံးမသုံးခြင်း၊ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ မိန်းမအင်္ဂါ အတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း၊ စအိုပေါက်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း၊ စသည်။)
  • လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်ခြင်းကလည်း ဘက်တီးရီးယားပိုးကိုကူးစက်စေနိုင်ပါတယ်။
  • ကလေးမွေးစဉ် မိခင်မှ ကလေးသို့လည်းကူးစက်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chlamydia (ကလက်မိုင်ဒီးယား) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Chlamydia ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေကဘာတွေလဲ။

  • အသက် ၂၄ နှစ်အောက်ဖြစ်ခြင်း
  • လွန်ခဲ့တဲ့ နှစ်များအတွင်းလိင်ဆက်ဆံဖော် အများကြီးနဲ့ ဆက်ဆံခြင်း
  • လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးမပြုခြင်း(သို့) အသုံးပြုပုံမမှန်ကန်ခြင်း
  • လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ရောဂါကူးစက်ခံရဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chlamydia (ကလက်မိုင်ဒီးယား) ကို ဘယ်လိုအတည်ပြုပါသလဲ

Chlamydia ရောဂါပိုးဝင်တာကို ရှာဖွေ အတည်ပြုဖို့ စစ်ဆေးချက်များလုပ်ရပါတယ်။ အဲဒီစစ်ဆေးချက်တွေကတော့

  • Swab(အရည်ကိုဂွမ်းစဖြင့်ယူပြီးစစ်ဆေးခြင်း)။

    နမူနာကိုယောက်ျားလေးဆိုရင်ဆီးလမ်းကြောင်းမှ၊မိန်းကလေးဆိုရင်သားအိမ်ခေါင်းမှ ယူပြီးဘက်တီးရီးယားရှိ/ မရှိဘက်တီးရီးယားပိုးမွေးသောနည်းလမ်း(သို့) ဘက်တီးရီးယားမျိုးရိုးဗီဇများကိုရှာဖွေသောနည်းလမ်းများအသုံးပြုပြီးစစ်ဆေးနိုင်ပါတယ်။

  • ဆီးစစ်ခြင်း ။ ဆီးနမူနာကိုယူပြီးဘက်တီးရီးယားပိုးရှိ/မရှိစစ်ဆေးခြင်း။

    ပုံမှန်လုပ်ဆောင်ချက်အရဆိုရင်တော့ Chlamydia ရောဂါပိုးရှိ/ မရှိကို ဖြစ်နိုင်ချေများတဲ့ လူများတွင် ရောဂါအမည်ရှာဖွေ စစ်ဆေးဖို့ လုပ်ဆောင်ရပါတယ်။

  • လိင်ဆက်ဆံဖို့ အထိအတွေ့များတဲ့ အသက် ၂၅နှစ် (သို့) ၂၅နှစ်အောက် အရွယ်တွေ ဆိုရင် စစ်ဆေးမှုလုပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအုပ်စုတွေမှာ Chlamydia ရောဂါပိုးဝင်တာ အများဆုံးမို့လို့ပါ။ လိင်ဆက်ဆံအဖော်အသစ်ရှိလာရင်လည်းထိုဆက်ဆံဖော်ကိုပါ စစ်ဆေးမှုတွေလုပ်ခိုင်းသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်မိန်းမများ။ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ကိုယ်ဝန်စစချင်းလာအပ်ချိန်မှာ Chlamydia ရောဂါပိုးရှိ/ မရှိစစ်ပေးပါတယ်။ လိင်ဆက်ဆံဖော် ပြောင်းလဲသွားရင် ဖြစ်စေ၊ ပုံမှန်ဆက်ဆံနေကျသူကနေ ရောဂါပိုးဝင်ဖို့ အခွင့်အရေးများလာရင် ဖြစ်စေ၊နောက်တစ်ကြိမ် ထပ်စစ်ဆေးရပါတယ်။
  • ဖြစ်နိုင်ချေများတဲ့ အမျိုးသား၊ အမျိုးသမီးများ။
  • လိင်ဆက်ဆံဖော် အများကြီးနဲ့ ဆက်ဆံသူများ၊

လိင်ဆက်ဆံရာတွင် အကာအကွယ်မပါဘဲဆက်ဆံသူများ(ကွန်ဒုံးအသုံးမပြုခြင်း၊ အသုံးပြုပုံမမှန်ခြင်း။) (သို့) လိင်တူဆက်ဆံသူများ၊ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ရောဂါကူးစက်ခံရဖူးသူများအစရှိသူတို့ မှာ Chlamydia ရောဂါပိုးဝင်ဖို့ အခွင့်အရေးများသူများ ဖြစ်တဲ့အတွက် စစ်ဆေးရပါတယ်။

  • Chlamydia ရောဂါပိုးဝင်တာကို ကုသမှုခံယူနေသူတွေအတွက် ၃လကြာတိုင်း ပုံမှန်စစ်ဆေးချက် ပြန်လုပ်ရပါတယ်။
  • Chlamydia (ကလက်မိုင်ဒီးယား) ကို ဘယ်လိုကုသပါသလဲ

    Chlamydia ရောဂါပိုးဝင်ခြင်းကို ၁ပတ်၊၂ပတ်ခန့် ပိုးသတ်ဆေး (azithromycin၊ doxycycline) သောက်လိုက်ရင် အရှင်းပျောက်နိုင်ပါတယ်။ ဒါပေမယ့် ကုသနေစဉ်မှာသင့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးချက်လုပ်ထားသင့်ပြီးလိုအပ်ပါက တစ်ခါတည်းကုသမှု ခံယူသင့်ပါတယ်။

    မိန်းမတွေအနေနဲ့ ပြင်းထန်တဲ့ Chlamydia ရောဂါပိုးဝင်ခြင်းဆိုရင်တော့ ဆေးရုံတက်ဖို့ လိုပါလိမ့်မယ်။ အဲဒီလိုလူတွေအတွက်တော့ ပိုးသတ်ဆေးနဲ့ အနာသက်သာဆေးကိုညွှန်ကြားချက်အတိုင်း အကြောဆေးအနေနဲ့ ထိုးရမှာ ဖြစ်ပါတယ်။

    ကုသခံနေစဉ်(ပိုးသတ်ဆေးသောက်နေစဉ်) ၃လကြာတိုင်း စစ်ဆေးဖို့ အကြံပြုချင်တာကတော့ Chlamydia ရောဂါပိုးဝင်တာကို ကုသတာထိရောက်ကြောင်းသေချာအောင် စစ်ဆေးနိုင်အောင်လို့ ဖြစ်ပါတယ်။ သင့် လိင်ဆက်ဆံဖော် ကုသပြီးသွားရင်တောင် ဆေးစစ်ချက်တွေ ဆက်လက်လုပ်ဆောင် သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement