backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cervical Spondylosis လည်ပင်းကျီးပေါင်းတက်ခြင်း


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

လည်ပင်းကျီးပေါင်းတက်ခြင်း (cervical spondylosis) ဆိုတာဘာလဲ

လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အဆစ်တွေနဲ့ လည်ပင်းအဆစ်ကြား အချပ်ပြားတွေကိုထိခိုက်စေတဲ့ဝေဒနာတစ်ခုပါ။ လည်ပင်း (ဂုတ်) မှာအဖြစ်များပါတယ်။ လည်ပင်းအရိုးအဆစ်ရောင်ရမ်းတာလို့လည်းခေါ်ကြပါတယ်။ အရိုးနုနဲ့အရိုးတွေ ထိခိုက်ပျက်စီးမှုကြောင့် လည်ပင်ကျီးပေါင်းဖြစ်လာရတာပါ။

အသက် ၆၀ နှစ်နဲ့အထက်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်မှာ အရိုးကျီးပေါင်းဝေဒနာခံစားကြရတယ်၊ လို့လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ နာတာရှည် နာကျင်ကိုက်ခဲမှုကိုပြင်းပြင်းထန်ထန်ခံစားရတာ၊ လည်ပင်းကတောင့်တောင့်ကြီးဖြစ်နေတာမျိုးခံစားရလေ့ရှိပေမယ့်တော်တော်များများကတော့ ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဆောင်နေနိုင်ကြပါတယ်။

လက္ခဏာများ

လည်ပင်းကျီးပေါင်း (cervical spondylosis) ရဲ့လက္ခဏာတွေက ဘာတွေလဲ

လည်ပင်းကျီးပေါင်းခံစားနေရသူတော်တော်များများမှာရောဂါလက္ခဏာတွေမပြတတ်ကြပါဘူး။ရောဂါလက္ခဏာပြတဲ့အခါမျိုးမှာလည်း လည်ပင်း (ဂုတ်) ကနာကျင်တာ၊တောင့်တောင့်ကြီးဖြစ်နေတာမျိုးကိုခံစားရနိုင်ပါတယ်။

အရိုးကျီးပေါင်းကပြင်းထန်လာတဲ့အခါမျိုးမှာတော့ –

  • လက်မောင်း၊လက်၊ခြေထောက် နဲ့ခြေဖျားတို့မှာ ထုံကျဉ်ကျဉ်ဖြစ်နေတာ
  • ဟန်ချက်ထိန်းရခက်ပြီး လမ်းလျှောက်ရခက်ခဲတာ
  • ဆီးတွေဝမ်းတွေမထိန်းနိုင်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲ

တကယ်လို့သင့်အနေနဲ့ ပခုံး၊လက်မောင်း နဲ့ခြေထောက်တွေ ထုံကျဉ်ပြီး ထိလို့ထိမှန်းမသိတော့တာမျိုး၊ ဆီးတွေ၊ဝမ်းတွေ မထိန်းနိုင်တာမျိုးဖြစ်မယ်ဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါကအရေးပေါ်အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။

နာကျင်မှုကနေ့စဉ်လုပ်ဆောင်မှုတွေကိုပါ မလုပ်ဆောင်နိုင်အောင်ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုပါမယ်။

အကြောင်းအရင်းများ

လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဖြစ်စေရတဲ့အကြောင်းအရင်းများ
အသက်အရွယ်ရလာတာနဲ့အမျှကျောရိုး နဲ့ လည်ပင်းရိုးတို့မှာပါဝင်ဖွဲ့စည်းထားတဲ့ အရိုးအဆစ်တွေနဲ့ အရိုးနုတွေက တဖြည်းဖြည်းချင်း ထိခိုက်ပျက်စီးလာပါတော့တယ်။ ဒီလိုဖြစ်ပျက်မှုတွေကြောင့် အရိုးကျီးပေါင်းဖြစ်တာတွေဖြစ်လာရတာပဲဖြစ်ပါတယ်။
အရိုးအချပ်ပြားတွေကြားက အဆီတွေခမ်းခြောက်လာတာ – အရိုးအချပ်ပြားတွေကကျောရိုးအဆစ်တွေကြားမှာ ကူရှင်သဖွယ်လုပ်ဆောင်ပေးနေကြပါတယ်။ အသက် ၄၀လောက်ရောက်လာတဲ့အခါ လူအများစုမှာကျောရိုးအဆစ်တွေကြားက အဆီတွေက တဖြည်းဖြည်းချင်း နည်းလာပြီးကျောရိုးဆစ်တွေကြားက အရိုးတွေက တစ်ခုနဲ့တစ်ခု ထိခိုက်မိလာပါတော့တယ်။
အရိုးအချပ်ပြားတွေကျွံတာ – အသက်အရွယ်ရလာတဲ့အခါကျောရိုးအချပ်ပြားတွေရဲ့ အပြင်ဘက်ပိုင်းက ထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ အရိုးအဆစ်တွေ တိုက်ရိုက်ထိတွေ့မိတဲ့အခါ အရိုးဘေးဘက်တွေမှာ ကျီးပေါင်းလို့ခေါ်တဲ့ အဖုငယ်လေးတွေထွက်လာပါတော့တယ်။
အရိုးအတက်ထွက်တာ -ကျောရိုးမကြီးကို အားဖြည့်ပေးဖို့အတွက်ကျောရိုးမကြီးရဲ့ အရိုးပမာဏကို အလွန်အကျွံ ထုတ်လုပ်မိရာကနေ အရိုးအတက်ထွက်တာတွေဖြစ်လာတတ်ပါတယ်။ အဆိုပါအရိုးအတက်တွေကကျောရိုးနဗ်ကြောနဲ့ အာရုံကြောတွေဆုံတဲ့နေရာကို ဖိမိတာမျိုးဖြစ်နိုင်ပါတယ်။
အရွတ်တွေမာကျောလာတာ – အရွတ်တွေက အရိုးအချင်းချင်းကို တွယ်ဆက်ပေးတဲ့ တစ်ရှုးတွေပါ။ကျောရိုးက အဆစ်တွေကိုတွယ်ဆက်ပေးထားတဲ့ အရွတ်တွေက အသက်အရွယ်ရလာတာနဲ့အမျှ မာကျောလာကြပါတယ်။

Risk factors

လည်ပင်းကျီးပေါင်း (cervical spondylosis)ဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေ

လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေကိုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကတော့ –

  • အသက်အရွယ်ကြီးရင့်လာတာ
  • လည်ပင်းလှုပ်ရှားမှုများတဲ့ အလုပ်တွေလုပ်ရတာ၊ လည်ပင်းအရိုးကို ဝန်ပိစေတဲ့ ကိုယ်နေဟန်ထားမျိုးနေတာ၊ အလေးအပင်တွေရွက်တာ
  • လည်ပင်းရိုးမှာ ထိခိုက်ဒဏ်ရာရတာ။ လည်ပင်းအရိုးမှာထိခိုက်ဒဏ်ရာရထားသူတွေမှာ အရိုးကျီးပေါင်းဝေဒနာဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။
  • မျိုးရိုးရှိနေတာ
  • ဆေးလိပ်သောက်သုံးတာတွေကြောင့် လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့်ကုသမှု

လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုအတည်ပြုသလဲ

အရိုးတွေက အထိမခံနိုင်အောင်နာနေတဲ့အခါ ဆရာဝန်ဆီသွားပြရင် ဆရာဝန်က အရင်ဆုံး ဘယ်လို လက္ခဏာတွေခံစားနေရလဲဆိုတာကိုမေးပါလိမ့်မယ်။ အရင်ဆုံး physical examတွေလုပ်ခိုင်းပါလိမ့်မယ်။ ဂုတ်၊ကျောကုန်း၊ ပခုံးတွေမျာနာနေလားဆိုတာမျိုးပေါ့။ လက်မောင်းတွေ၊ လက်ဖျား၊ခြေဖျားတွေမှာ ထုံကျဉ်တာတွေဖြစ်နေလားဆိုတာကို စစ်ဆေးမယ်။ လမ်းလျှောက်တာကိုကြည့်တာမျိုးလုပ်ပါလိမ့်မယ်။

နေက်ထပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ X-rays၊computed tomography (CT) နဲ့ magnetic resonance imaging (MRI) တို့ကို အသုံးပြုပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။ MRI ကတော့ပုံရိပ်တွေကို အကောင်းဆုံးဖော်ပြပေးနိုင်ပါတယ်။

လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဘယ်လိုကုသသလဲ

လည်ပင်းကျီးပေါင်းကို ကုသတဲ့အခါ –

  • အနားယူတာ
  • nonsteroidal anti-inflammatory drugs (NSAIDs) လိုမျိုး အရောင်ကျဆေး ဒါမှမဟုတ်ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ နီကိုတင်းမပါဝင်တဲ့ဆေးတွေကိုသောက်သုံးတာ
  • နာတာရှည်ရောင်ရမ်းနာကျင်မှုကို ကုသတဲ့ ကုထုံးကိုအသုံးပြုတာ
  • လည်ပင်းအရိုးလှုပ်ရှားမှုကို ထိန်းညှိပေးနိုင်စေဖို့ ကျီးပေါင်းသမားတွေဝတ်ရတဲ့ လည်ပင်းပတ်တာကိုဝတ်ဆင်ပေးတာ
  • အပူကုထုံး၊ အအေးကုထုံးတွေကို ခံယူတာ
  • အဆစ်ထဲကိုဆေးထိုးတာမျိုးတွေလုပ်ဆောင်လို့ရပါတယ်။

တကယ်လို့ လည်ပင်းကျီးပေါင်းဖြစ်နေတာက အချိန်အတော်ကြာနေပြီဆိုရင်တော့ လိုအပ်ရင်ခွဲစိတ်ကုသတာမျိုး လုပ်ဆောင်ရနိုင်ပါတယ်။ ကျီးပေါင်းကို ခွဲစိတ်ကုသမှုခံရတာက ရှားတော့ရှားပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ

လည်ပင်းကျီးပေါင်း (cervical spondylosis)ကြောင့်နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ

လည်ပင်းကျီးပေါင်းကြောင့် ပင်မအာရုံကြောတွေကို သွားဖိမိတာမျိုးရှိလာနိုင်ပါတယ်။ ဒီအခြေအနေက အချိန်ကြာလာတဲ့အခါ ခန္ဓါကိုယ်မှာနာတာရှည် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။

အိမ်တွင်းကုသမှုများ

လည်ပင်းကျီးပေါင်း (cervical spondylosis) ကိုသက်သာစေနိုင်မယ့် အိမ်းတွင်းကုထုံးအချို့
တကယ်လို့များ လည်ပင်းကျီးပေါင်းက သိပ်မပြင်းထန်ဘူးဆိုရင် မိမိနေအိမ်မှာပဲ သက်သာအောင်လုပ်လို့ရတဲ့နည်းလေးတွေရှိပါတယ်။ ဒါတွေကတော့ –
  • ibuprofen နဲ့naproxen sodium တို့လိုမျိုး အကိုက်အခဲသက်သာစေတဲ့ဆေးတွေသောက်သုံးလို့ရပါတယ်။
  • ကြွက်သားတွေနာကျင်တာ၊ ကျီးပေါင်းကြောင့်နာကျင်တာကို သက်သာစေဖို့ နာကျင်ကိုက်ခဲတဲ့နေရာကိုရေနွေးအိတ်ကပ်ပေးတာ၊ရေခဲဝတ်ကပ်ပေးတာမျိုးတွေလုပ်ပေးလို့ရပါတယ်။
  • ကျီးပေါင်းသက်သာလာအောင်လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။
  • နာကျင်မှုယာယီသက်သာစေဖို့ ကျီးပေါင်းသမားတွေပတ်ရတဲ့ လည်ပင်းပတ်တာကို ဝတ်ဆင်ပေးလို့ရပါတယ်။ ဒီလည်ပတ်ကိုရေရှည်ဝတ်ဆင်ဖို့တော့မသင့်ပါဘူး။ ကြွက်သားတွေကို အားနည်းစေနိုင်တာကြောင့်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement