ယနေ့ခေတ် အမျိုးသမီးတွေဟာ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။ အဲဒီသားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ် အမျိုးသမီးတွေဟာ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ သားအိမ်ခေါင်းကင်ဆာ အကြောင်း စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။ အဲဒီသားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အမေရိကန်ကင်ဆာလူမှုအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်မှာ ပျံ့နှံ့နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးပေါင်း ၁၂၉၉၀ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁၂၀ ဦးဟာ သားအိမ်ခေါင်းကင်ဆာကြောင့်ပဲ သေဆုံးနိုင်ခြေရှိပါတယ်။
၂။ သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတဝှမ်းလုံးမှာ ဒုတိယ ဖြစ်ပွားမှုအများဆုံး ကင်ဆာဖြစ်ပါတယ်။
၃။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြိုတင်ကာကွယ်ရေး နည်းဗျူဟာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း လျော့ကျနေပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတာ၊ သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးတာတွေက အထိရောက်ဆုံး နည်းလမ်း ၂ခုဖြစ်ပါတယ်။
၄။ ပုံမှန်အားဖြင့် သားအိမ်ခေါင်းကင်ဆာဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ကြီးထွားပြန့်ပွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။
သားအိမ်ခေါင်းအချွဲမြေး စစ်ဆေးခြင်း၊ Human papilloma ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိစစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းအားဖြင့် ကင်ဆာမဖြစ်မီ ပြောင်းလဲမှုတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေများသူတွေကို ရှာဖွေအတည်ပြုနိုင်ပါတယ်။
၅။ Human papilloma ဗိုင်းရပ်စ် ကူးစက်ခံရခြင်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနဲ့ အလွန်ဆက်စပ်လျက် ရှိပါတယ်။
၆။ Human papilloma ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေကို လျော့ချနိုင်တဲ့ ကာကွယ်ဆေးရှိပါတယ်။ အသက် ၉နှစ်ကနေ စပြီး ထိုးလို့ရနေပါပြီ။
၇။ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အလားအလာကို လျှော့ချဖို့ အောက်ဖော်ပြပါ လူနေမှုဘဝပုံစံပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။
၈။ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့
၉။ အမျိုးသမီးတိုင်း အသက် ၂၁နှစ်အရွယ်ကစတင်ပြီး သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။
အသက်၂၁-၂၉နှစ်ထိ ဆိုရင် သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်သင့်ပါတယ်။ အသက် ၃၀ကျော်လာရင်တော့ သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်တာ ဒါမှမဟုတ် HPV testကို ၅နှစ်တစ်ခါ သူ့ချည်းသက်သက် ဒါမှမဟုတ် သားအိမ်ခေါင်းအချွဲနဲ့ တွဲပြီး စစ်သင့်ပါတယ်။
2020 ACS guidelines မှာတော့ ၂၅နှစ်ကနေ ၆၅နှစ်ကြား အမျိုးသမီးတွေက HPV test ကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။ ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။ ဖြစ်နိုင်ခြေ များတဲ့သူတွေကလည်း ဒီအသက်ထက် စောပြီး စစ်ရပါမယ်။
ကာကွယ်ဆေး ထိုးထားလည်း စစ်ဆေးဖို့ လိုပါတယ်။ အသက် ၆၅နှစ်ကျော်ပြီး ရှေ့အဖြေတွေကောင်းတယ်ဆိုရင်တော့ ဆက်စစ်ဖို့ မလိုတော့ပါဘူး။
၁၀။ နိဂုံးချုပ်အနေနဲ့ ပြောရရင်
ဒီဆောင်းပါးမှာ ဖော်ပြခဲ့တာတွေကတော့ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ ယေဘုယျအကျဆုံး အချက်အလက်တွေပဲ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာအကြောင်း အသေးစိတ်သိရှိလိုပါက ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။