backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cardiasthenia (နှလုံးအားနည်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cardiasthenia (နှလုံးအားနည်းခြင်း)

Cardiasthenia (နှလုံးအားနည်းခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cardiasthenia (နှလုံးအားနည်းခြင်း) ကဘာလဲ။

နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။

ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ် များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။

Cardiasthenia (နှလုံးအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။

သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

နှလုံးအားနည်းခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ

အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ

  • မောပန်းလွယ်ခြင်း
  • အသက်ရှုမဝခြင်း
  • ရင်တုန်ခြင်း
  • ချွေးပြန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မူးဝေခြင်း တို့ဖြစ်ပါသည်။

လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

နှလုံးအားနည်းခြင်းကို ဘာတွေကဖြစ်စေသလဲ

ထိုသို့ဖြစ်ခြင်းသည် စိုးရိမ်စိတ်များခြင်းကြောင့် ဖြစ်သော မူမမှန်ဖြစ်စဉ်တစ်ခုအနေဖြင့် ယေဘူယျအားခြင့် ယူဆရပါသည်။

ဖြစ်နိုင်ခြေများ

နှလုံးအားနည်းခြင်း ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးအားနည်းခြင်း ကို ဖြစ်နိုင်ခြေ များစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓါတ်ကျခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • ဆေးလိပ် အလွန်အကျွံသောက်ခြင်း
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    နှလုံးအားနည်းခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

    ထိုရောဂါလက္ခဏာများ ရှိကြောင်းဆရာဝန်အားပြောပြလျှင် သင့်ကို စစ်ဆေးခြင်း၊ ရောဂါ ရာဇဝင်များ မေးမြန်းခြင်းနှင့် သွေးစစ်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။

    နှလုံးအားနည်းခြင်းအတွက် စစ်ဆေးရမည့် အရာများမှာ သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် ရောဂါအမည်တပ်ရန် အဓိကအနေဖြင့် အရေးမပါလှပါ။

    Cardiasthenia (နှလုံးအားနည်းခြင်း)ကို ဘယ်လိုကုသပါသလဲ

    ယနေ့အချိန်အထိ ထိုရောဂါကို ကုသရန်ဆေးမရှိသေးပါ။ စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။

    လူနာသည် ဝေဒနာများခံစားလာရပါက ပွပွချောင်ချောင် အဝတ်အစားများဝတ်ခြင်း၊ ဘယ်ညာစောင်းခြင်း ဆောင့်ကြောင့်ထိုင်ခြင်းစသည့် အနေအထား ပြောင်းလဲမှုများကို ရှောင်ကျဉ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ လဲလျောင်းနေခြင်းက အကောင်းဆုံး ဖြစ်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်း ကုထုံးများသည် သင့်အတွက် အကူအညီ ဖြစ်နိုင်ပါသည်။

    • လေ့ကျင့်ခန်းကို တနေ့လျှင် အနည်းဆုံး မိနစ် ၃၀ မှန်မှန်လုပ်ခြင်း
    • အရက်ဖြတ်ခြင်း
    • ဆေးလိပ်ဖြတ်ခြင်း
    • တရား ထိုင်ခြင်း

    သင်သိလိုသည်များ ရှိသော် ဆရာဝန်နှင့် တိုင်ပင်ကာ ပိုမို ကောင်းမွန်သော အကြံဉာဏ်များ ရယူနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement