backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကဘာလဲ။

ဘာအကြောင်းပြမှမရှိဘဲ တောက်လျောက် အပူလောင်နေခြင်းကို Burning Mouth Syndrome လို့ခေါ်ပါတယ်။ လျာ၊ သွားဖုံး၊ နှုတ်ခမ်း၊ ပါးစောင်၊ အာခေါင ဒါမှမဟုတ် ခံတွင်းတစ်ခုလုံးမှာ ဖြစ်နေနိုင်ပါတယ်။ ရေနွေးပူလောင်သလိုမျိုးလည်း ဆိုးဆိုးရွားရွားခံစားရနိုင်ပါတယ်။

ရေဂါလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်ပါတယ်။ ကံမကောင်းစွာဖြင့် ရောဂါအကြောင်းအရင်းကို မသိကြတာများပါတယ်။ ဒါပေမယ်လည်း ကျန်းမာရေးကျွမ်းကျင်တဲ့သူတွေမှာ သေသေချာချာစုပေါင်းလုပ်ဆောင်မယ်ဆိုရင် ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်ခံတွင်းကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ BMS ဟာ လူဦးရည်ရဲ့ ၂ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ စစ်ဆေးတွေ့ရှိရတာများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါတို့ပဲဖြစ်ပါတယ်။

လျာမှာဖြစ်တာများသော်လည်း နှုတ်ခမ်း၊ သွားဖုံး၊ အာခေါင်၊ လည်ချောင်း ဒါမှဟုတ် ခံတွင်းတစ်ခုလုံးမှာလည်း ဖြစ်နေနိုင်ပါတယ်။

အာခြောက်ပြီး ရေဆာနေခြင်း

ဘာစားစားခါးနေခြင်း၊ သတ္တုအရသာပေါက်နေခြင်း လိုမျိုး အရသာပြောင်းလဲခြင်း

ခံတွင်းပျက်ခြင်း

Burning Mouth Syndrome ကြောင့် ဖြစ်တဲ့ ဝေဒနာတွေဟာ ပုံစံအမျိုးမျိုးရှိပါတယ်။

အိပ်ရာထတဲ့အချိန်မှာ ဝေဒနာအနည်းငယ်သာပေးပြီး နေ့တိုင်းဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာပါတယ်။

အိပ်ရာထထချင်း ဝေဒနာခံစားရပြီး တစ်နေကုန်မပျောက်ပဲရှိနေပါတယ်။

ဖြစ်လိုက်ပျောက်လိုက်လည်း ရှိတတ်ပါတယ်။

ဘယ်လိုပုံစံတွေပဲဖြစ်ဖြစ် လတွေ၊နှစ်တွေထိ ကြာမှာပါ။ ရောဂါလက္ခဏာတွေ ရုတ်တရက်ပျောက်ကွယ်သွားတာမျိုး ဒါမှမဟုတ် ဖြစ်တဲ့အကြိမ်ရည်နည်းလာတာမျိုးလည်း ရှားရှားပါပါးရှိတတ်ပါတယ်။ အချို့ခံစားမှုတွေက အစာစားနေတဲ့အချိန်၊ ရေသောက်နေတဲ့အချိန်မှာလည်း ခဏတာသက်သာသွားနိုင်ပါတယ်။

Burning Mouth Syndrome ကြောင့် လျာတို့၊ ခံတွင်းတို့မှာ သိသိသာသာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေတော့ မရှိနိုင်ပါဘူး။

အထက်တွင် မဖေြာ်ပထားသော ရောဂါလက္ခဏာများလည်းရှိပါသေးတယ်။ မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကတော့ မူလနဲ့ ထပ်ဆင့်ရောဂါဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။

မူလခံတွင်းအပူလောင်ခြင်းရောဂါ

ကုသမှုပိုင်းဆိုင်ရာနဲ့ ဓါတ်ခွဲခန်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့ မူမမှန်တာတွေ မတွေ့ဘူးဆိုရင်တော့ မူလခံတွင်းအပူလောင်ခြင်းရောဂါ ဒါမှမဟုတ် အကြောင်းအရင်းမသိရောဂါလို့ ခေါင်းစဉ်တပ်နိုင်ပါတယ်။ တချို့ သုတေတီတွေဟာ အရသာပိုင်းဆိုင်ရာနဲ့ အာရုံကြောပိုင်းဆိုင်ရာချို့ယွင်းချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ပြောကြပါတယ်။

ထပ်ဆင့်ခံတွင်းအပူလောင်ခြင်းရောဂါ

တစ်ခါတစ်ရံ ခံတွင်းအပူလောင်ခြင်းဟာ ရှိပြီးသား ရောဂါအခံတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကို ထပ်ဆင့်ခံတွင်းအပူလောင်ခြင်းရောဂါလို့ သတ်မှတ်ကြပါတယ်။

ထိုရောဂါကို ဖြစ်စေတဲ့ ရှိပြီးသား ရောဂါအခံတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ခံတွင်းခြောက်ခြင်း (Xerostomia)။ ဆေးဝါးတွေ၊ ကျန်းမာရေးချို့ယွင်းမှုတွေ၊ တံတွေးဂလင်းပြဿနာတွေနဲ့ ကင်ဆာကုထုံးရဲ့ ဆိုးကျိုးတွေကြောင့် ရရှိနိုင်ပါတယ်။

ခံတွင်းမှိုရောဂါ (Oral thrush) ၊ oral lichen planus လို့ခေါ်တဲ့ ရောင်ရမ်းရောဂါတစ်မျိုး၊ လျာကမြေပုံနဲ့တူနေသောရောဂါ (Geographic tongue) တို့လိုမျိုး အခြားရောဂါတွေကလည်း အကြာင်းအရင်းဖြစ်နိုင်ပါတယ်။

အာဟာရချို့တဲ့ခြင်း။ ဥပမာ သံဓါတ်၊ ဇင့်၊ ဖောလိတ်(ဗီတာမင်ဘီ၉)၊ သိုင်ရာမင်(ဗီတာမင်ဘီ၁)၊ ရိုင်ဘိုဖလေဗင်(ဗီတာမင်ဘီ၂)၊ ပိုင်ရီဒေါက်ဆင်း(ဗီတာမင်ဘီ၆)နဲ့ ကိုဘလမင်း(ဗီတာမင်ဘီ၁၂) ချို့တဲ့ခြင်း

သွားတု၊ အံပုံများ။ အထူးသဖြင့် သွားဖုံးနဲ့မကိုက်ဘူးဆိုရင် တစ်ရှုးနဲ့ကြွက်သားတွေကို ထိခိုက်စေပါတယ် ဒါမှမဟုတ် ခံတွင်းတစ်ရှုးတွေကို မခံမရပ်နိုင်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အစားအစား၊ ဟင်းခတ်အမွှေးအကြိုင်၊ အခြားဖြည့်စွက်ပစ္စည်းတွေ၊ အနံ့တွေ၊ ဆိုးဆေးတွေနဲ့ သွားဘက်ဆိုင်ရာပစ္စည်းကိရိယာတွေကို ဓါတ်မတည့်ခြင်းကလည်း အကြောင်းအရင်းဖြစ်နိုင်ပါတယ်။

သွေးတိုးကျဆေးလိုမျိုး ဆေးဝါးများ

လျာထိုးခြင်း၊ လျာထိပ်ကိုက်ခြင်းနဲ့ သွားကြိတ်ခြင်းလိုမျိုး အမူအကျင့်များ

ဆီးချိုးသွေးချိုနဲ့ သွိုင်းရွိုက်ဟော်မုန်းနည်းခြင်းလိုမျိုး ဟော်မုန်းပြဿနာများ

ခံတွင်းကို အလွန်အကျွန်ကလိခြင်း။ ဥပမာ ကြမ်းတမ်းတဲ့သွားတိုက်ဆေးတွေနဲ့ သွားအရမ်းတိုက်ခြင်း၊ ခံတွင်းသန့်ဆေး အသုံးလွန်ခြင်းနှင့် အက်စစ်ပေါက်သောအရည်အသောက်များခြင်း

စိတ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်နဲ့ စိတ်ဖိစီးမှုလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဖြစ်နိုင်ခြေများ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါတို့ပဲဖြစ်ပါတယ်။

မိန်းမဖြစ်နေခြင်း

သွေးဆုံးခြင်း

အသက်၅၀၀န်းကျင်ဖြစ်နေခြင်း

သွားဘက်ပိုင်းဆိုင်ရာခွဲစိတ်မှုများပြုလုပ်ထားခြင်း

သွားတု၊အံပုံ ဝတ်ဆင်ထားခြင်း

အစားအစာများနဲ့ ဓါတ်မတည့်ခြင်း

ဆေးဝါးများ သောက်သုံးနေခြင်း

ထိခိုက်အနာတရများရခြင်း

စိတ်ဖိစီးမှုများခြင်း

စိတ်ပူပန်သောကရောက်ခြင်း

စိတ်ဓါတ်ကျခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စစ်ဆေးနိုင်မယ့် နည်းလမ်းမရှိပါဘူး။ အဲ့ဒီအစား ဆရာဝန်က အခြားရောဂါတွေကို ဖယ်ရှားစဉ်းစားတဲ့နည်းလမ်းဖြင့် စစ်ဆေးပါလိမ့်မယ်။

ဆေးမှတ်တမ်းတွေ၊ ရောဂါလက္ခဏာတွေ၊ ခံတွင်းနဲ့ပတ်သတ်တဲ့ အမူအကျင့်တွေနဲ့ ခံတွင်းကျန်းမာရေးထိန်းသိမ်းပုံတွေကို မေးမြန်းပါလိမ့်မယ်။ ဒါ့အပြင် ရေဘုယျစစ်ဆေးမှုတွေပြုလုပ်ပြီး အခြားရောဂါတွေရဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။

အောက်ပါစစ်ဆေးမှုတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

သွေးစစ်ခြင်း။ သွေးဆဲလ်အရည်အတွက်၊ ဂလူးကို့စ်ပမာဏ၊ သိုင်းရွိုက်စွမ်းရည်၊ အာဟာရအခြေအနေနဲ့ ကိုယ်ခံအားအခြေအနေတို့ကို သိရှိခြင်းအားဖြင့် သဲလွန်စရနိုင်ပါတယ်။

ခံတွင်းမှပိုးမွှားများကိုယူပြီး အကောင်မွေးခြင်းက ဘက်တီးရီယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါတို့ကို ဝေဖန်ပိုင်ခြားပေးနိုင်ပါတယ်။

တချို့အစားအစာတွေ၊ ဟင်းဟခတ်အမွှေးအကြိုင်တွေနဲ့ သွားတု၊အံပုံတွေကို ဓါတ်တည့်မှုရှိမရှိစမ်းသပ်နိုင်ပါတယ်။

Burning Mouth syndrome ကြောင့် အာခေါင်ခြောက်နိုင်ပါတယ်။ တံတွေးထုတ်လုပ်မှုနည်းလာဆိုတာကို တံတွေးတိုင်တာခြင်းနည်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။

Gastic reflux test ။ GERD ရှိကြောင်း စစ်ဆေးပေးနိုင်ပါတယ်။

အမ်အာအိုင်၊ စီတီစကင်နဲ့ အခြားပုံရိပ်ဖော်နည်းပညာတွေဖြင့်လည်း စစ်ဆေးနိုင်ပါတယ်။

ဆေးတွေကြောင့် ဖြစ်နေမယ်ဆိုရင် ဆေးသောက်တာကို ခဏရပ်ပြီး ပျောက်ကင်းသက်သာမှုရှိမရှိကို စောင့်ကြည့်ပါလိမ့်မယ်။ ဆေးဝါးသောက်သုံးမှုရပ်တန့်ခြင်းတွေက အန္တရယ်ရှိနိုင်တာကြောင့် ကိုယ့်ဘာသာမရပ်ပြစ်ပါနဲ့။

စိတ်ပိုင်းဆိုင်ရာမေးခွန်းများမေးခြင်း။ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်းနဲ့ အခြားစိတ်ရောဂါတွေရှိမရှိကို မေးခွန်းအချို့မေးမြန်ပြီး စစ်ဆေးပါလိမ့်မယ်။

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ထပ်ဆင့်ခံတွင်းအပူလောင်ခြင်းရောဂါအတွက် ရှိရင်းရောဂါရင်းမြစ်တွေကို အရင်ကုသရပါမယ်။

ဥပမာအားဖြင့် မတော်တဲ့ အံပုံ၊သွားတုတွေ အစားထိုးလဲလှယ်ခြင်း၊ ဗီတာမင်ချို့တဲ့မှုတွေအတွက် ဖြည့်စွက်အာဟာရတွေ စားပေးခြင်းက ရောဂါသက်သာစေနိုင်ပါတယ်။ ရှိရင်းရောဂါတွေ ပျောက်ကွင်းသွားတဲ့အခါမှာ ခံတွင်းအပူလောင်တာ သက်သာလာမှာပါ။

မူလခံတွင်းအပူလောင်ခြင်းရောဂါအတွက်တော့ တိကျတဲ့ကုသမှုတွေ မရှိသေးပါဘူး။ ထိုရောဂါအတွက် ထိရောက်တဲ့ သုတေသနတွေလည်း မပြုလုပ်ရသေးပါဘူး။ ကုသမှုကတော့ ရောဂါလက္ခဏာတွေ သက်သာစေဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက်သာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာသက်သာစေနိုင်မယ့် ကုသနည်း တစ်ခု ဒါမှမဟုတ် အစုအပေါင်းကို မတွေ့မချင်း ကုသနည်းပေါင်းများစွာ စမ်းသပ်အသုံးပြုနေရပါလိမ့်မယ်။

ကုသမှုရွေးချယ်စရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

တံတွေးအစားထိုးပစ္စည်းများပေးခြင်း

အထူးပြုလုပ်ထားသော ခံတွင်းသန့်ဆေးများ ဒါမှမဟုတ် lidocaine

ငရုတ်သီးမှလာသော အနာသက်သာဆေး Capsaicin

Clonazepam(Klonopin) လို့ခေါ်သော အတက်ရောဂါအတွက်ဆေးများ

စိတ်ကျရောဂါအတွက်ဆေးများ

အာရုံကြောနာကျင်မှုကိုပိတ်သော ဆေးများ

အပြုအမူပိုင်းဆိုင်ရာ ကုသမှုများ

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

ခံတွင်းအပူလောင်ခြင်းရောဂါကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ခံတွင်းအပူလောင်ခြင်းရောဂါကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

အာခေါင်ခြောက်ခြင်းကို သက်သာစေဖို့ ရေများများသောက်ပါ ဒါမှမဟုတ် ရေခဲပြားလေးတွေ စုပ်ပေးပါ။

ခရမ်းချဉ်သီး၊ လိမ္မော်သီး အချိုရည်များ၊ ဂတ်စ်ပါသော အချိုရည်များနဲ့ ကော်ဖီတို့လိုမျိုး အက်စစ်ပါသော အစားအသောက်များကို ရှောင်ပါ။

အရက်နဲ့ အရက်ဆက်စပ်ပစ္စည်းတွေဟာ ခံတွင်းအတွင်းနံရံတွေကို ကလိတာကြောင့် ရှောင်ကျဉ်ပေးပါ။

ဆေးရွက်ကြီး ဆက်စပ်ပစ္စည်းတွေ မသုံးပါနှင့်။

အပူအစပ်ရှောင်ပါ။

သစ်ကြမ်းပိုးခေါက်နဲ့ ပူရှိန်းသကြားလုံး ထုတ်ကုန်တွေကို ရှောင်ပါ။

Sensitive ဖြစ်သောသူများအတွက် သွားတိုက်ဆေး ဒါမှမဟုတ် ပူရှိန်း၊ သစ်ကြမ်းပိုးခေါက်မပါသော သွားတိုက်ဆေးလိုမျိုး ဘာအရသာမှမထည့်ထားသော သွားတိုက်ဆေးအပျော့စားများကို စမ်းသုံးကြည့်ပါ။

စိတ်ဖိစီးမှုတွေ လျော့ချဖို့ ကြိုးစားပါ။

မေးစရာတွေ ရှိမယ်ဆိုရင် အကောင်းဆုံဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement