backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bruises (သွေးခြည်ဥခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bruises (သွေးခြည်ဥခြင်း) ကဘာလဲ။

သွေးခြည်ဥခြင်းဆိုတာအဖြစ်များတဲ့အရေပြားမှာအရောင်ပြောင်းခြင်းတစ်မျိုးဖြစ်ပြီး ၎င်းက ဒဏ်ရာတစ်ခုခုရပြီးတဲ့နောက် အရေပြားအောက်ကသွေးကြောသေးသေးလေးတွေပေါက်ခြင်းကြောင့်ဖြစ်ရတဲ့ ရလာဒ်ဖြစ်ပါတယ်။ အရေပြားအောက်ကပျက်စီးသွားတဲ့သွေးကြောတွေကနေသွေးတွေစုပြီးအရေပြားပေါ်မှာအမဲကွက် အပြာကွက်တွေမြင်လာရတာကိုဆိုလိုပါတယ်။ ဒီလိုအမှတ်တွေဟာသွေးနီဥတွေနဲ့သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေ အရောင်ပြောင်းခြင်းကြောင့်ရခြင်းဖြစ်ပါတယ်။

Bruises (သွေးခြည်ဥခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရမ်းကိုတွေ့ရများပါတယ်။ မည်သည့်အသက်အရွယ်မဆိုလူနာတိုင်းခံစားရနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်အချက်တွေကိုလျှော့ချခြင်းနဲ့ စီမံဆောင်ရွက်နိုင်ပါတယ်။

(အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။)

လက္ခဏာများ

Bruises (သွေးခြည်ဥခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

စစချင်းမှာတော့ လတ်လတ်ဆတ်ဆတ် သွေးခြည်ဥခြင်းမျိုးဟာအနီရောင်ကစဖြစ်ပါတယ်။ နောက်ပြီးတော့ နာရီအနည်းငယ်ကြာမှ အပြာရောင်နဲ့ ခရမ်းရောင်ရင့်ရင့်ကိုပြောင်းပါတယ်ပြီးရင် ရက်အနည်းငယ်ကြာလို့ အနာကျက်ခံနီးရင် အဝါရောင်ဒါမှမဟုတ် အစိမ်းရောင်အဖြစ်ပြောင်းပါတယ်။

-သွေးခြည်ဥခြင်းကများသောအားဖြင့် ထိရင်နာပါတယ် ပြီးတော့တစ်ခါတစ်လေအစောပိုင်းရက်တွေမှာတအားနာတတ်ပါတယ်။ ဒါပေမယ့် အရောင်ဖျော့လာတာနဲ့အမျှ နာကျင်တာကလည်း သက်သာသွားတတ်ပါတယ်။

-သွေးခြည်ဥခြင်းမှာအရေပြားပေါက်ပြဲခြင်းမရှိတဲ့အတွက် ပိုးဝင်နိုင်တဲ့အခြေအနေတော့မရှိတော့ပါဘူး။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်မှာပြောပြမယ့်အချက်တွေသင့်မှာရှိနေရင် သင့်ဆရာဝန်ကိုဆက်သွယ်သင့်ပါတယ်။

-အက်စ်ပရင်သောက်နေချိန် ဒါမှမဟုတ် အခြားသွေးကြဲဆေးတွေသောက်နေချိန် သွေးခြည်ဥခြင်းများဖြစ်ခဲ့လျှင်

-သွေးခြည်ဥတဲ့နေရာမှာ ယောင်ခြင်းနာကျင်ခြင်းများဖြစ်ခဲ့လျှင်

-ပြင်းပြင်းထန်ထန်ခိုက်မိခြင်း ဒါမှမဟုတ် လဲကျခြင်း တို့ကနေ သွေးခြည်ဥခြင်း

-အရိုးကျိုးတာကို သံသယရှိတဲ့ နေရာမှာ သွေးခြည်ဥခြင်း

-နှစ်ပတ်အတွင်းမှာ သွေးခြည်ဥခြင်း မသက်သာလျှင် ဒါမှမဟုတ် သုံးပတ် လေးပတ်ကြာပြီးနောက်မှာအရှင်းမပျောက်သေးလျှင်

-လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဖြစ်ပြီး နာကျင်နေတယ်ဆိုလျှင်

-သွေးခြည်ဥတာနဲ့တွဲပြိး သွားဖုံး နှာခေါင်းနှင့် ပါးစပ်မှသွေးယိုခြင်း

-သွေးခြည်ဥတာနဲ့တွဲပြီး ဆီး ဝမ်းထဲသွေးပါခြင်းနှင့် မျက်လုံးမှသွေးထွက်ခြင်း

-ဖြေရှင်းလို့မရတဲ့သွေးခြည်ဥခြင်းမျိုး ခဏခဏဖြစ်နေခဲ့လျှင်

-နာကျင်မှုမရှိတဲ့သွေးခြည်ဥခြင်း

-ထိခိုက်ဒဏ်ရာရထားခြင်းမရှိပဲ တစ်နေရာထဲမှာ ခဏခဏ သွေးခြည်ဥနေခြင်း

-သင်ခြေထောက်မှာ အမည်းရောင်သွေးခြည်ဥခြင်းမျိုးမဆိုရှိနေခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Bruises (သွေးခြည်ဥခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တစ်ချို့သောလူတွေဖြစ်တဲ့ အားကစားသမားတွေ၊ အလေးမတဲ့လူတွေမှာ ပြင်းပြင်းထန်ထန် အားကစားလုပ်ခြင်းကြောင့် သွေးခြည်ဥခြင်းဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုသွေးခြည်ဥခြင်းမျိုးဟာ အရေပြားအောက်မှ သွေးကြောသေးသေးလေးတွေပြဲခြင်း စုတ်ခြင်းကြောင့်ရရှိပါတယ်။

-လွယ်လွယ်ကူကူ ဖြစ်လေ့ရှိတဲ့ ရှင်းပြလို့မရတဲ့ သွေးခြည်ဥခြင်းမျိုး ဒါမှမဟုတ် မည်သည့်အကြောင်းပြချက်မှ ရေရေရာရာမရှိတဲ့သွေးခြည်ဥခြင်းတွေဖြစ်ခဲ့ရင် သွေးနဲ့ဆိုင်တဲ့ မူမမှန်တဲ့အခြေအနေတစ်ခုခုဖြစ်နေတယ်လို့ ညွှန်ပြနိုင်ပါတယ်။ တကယ်လို့ သွေးခြည်ဥခြင်း က နှာခေါင်းသွေးယိုခြင်းနဲ့ သွားဖုံးသွေးယိုခြင်းတွေနဲ့ တွဲပြီးဖြစ်ခဲ့မယ်ဆိုရင် သွေးရောဂါတစ်ခုခုနဲ့တွဲတယ်လို့ ညွှန်ပြခြင်းဖြစ်ပါတယ်။

-ဘယ်တုန်းကရထားတဲ့ဒဏ်ရာမှန်းမသိပဲပေါင်တို့ ခြေသလုံးတို့မှာဖြစ်တဲ့ သွေးခြည်ဥခြင်းများဟာ ကုတင်တိုင်နဲ့တိုက်မိလို့ ဒါမှမဟုတ် တစ်ခြားအရာတွေနဲ့တိုက်မိလို့ ဖြစ်ရပါတယ်။

-အသက်ကြီးရင့်တဲ့လူတွေရဲ့ အရေပြားဟာပိုပြီး သွေးခြည်ဥခြင်းဖြစ်တတ်ပါတယ် ဘာကြောင့်လဲဆိုတော့ အသက်ကြီးတာနဲ့အမျှ အရေပြားကပိုပြီးပါးလာလို့ပါ။

-သွေးကျဲဖို့အတွက်ဆေးသောက်ရတဲ့လူတွေမှာ သွေးခြည်ဥခြင်းတွေက အတွေ့ရများတတ်ပါတယ်။

-လက်ဖမိုးတွေနဲ့ လက်မောင်းနောက်တွေမှာ သွေးခြည်ဥခြင်းမျိုးဖြစ်ရခြင်းမှာ နေလောင်လို့ကြောင့်ဖြစ်စေ ဒါမှမဟုတ် အရေပြားပါးလို့ဖြစ်စေ ဖြစ်ရပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bruises (သွေးခြည်ဥခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးခြည်ဥခြင်းကို ဖြစ်စေတဲ့အန္တရာယ်ဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့

-လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့ တစ်ချို့လူတွေ ဥပမာ အားကစားသမားတွေနဲ့ အလေးမတဲ့သူတွေမှာ သွေးခြည်ဥခြင်းကိုဖြစ်စေပါတယ်။

-အသက်အရွယ်။ အသက်ကြီးရင့်တဲ့လူကြီးတွေဟာ အရေပြားက အသက်ကြီးလာတာနဲ့ ပါးလာတဲ့အတွက် ပိုပြီး သွေးခြည်ဥလွယ်ပါတယ်။ သွေးကြောတွေကို ထောက်ကူထားတဲ့ တစ်ရှုးတွေဟာလည်းအသက်ကြီးတာနဲ့အမျှ ပိုပြီးထိခိုက်လွယ်လာတတ်ပါတယ်။

-ဗီတာမင်စီ ချို့တဲ့ခြင်း (ascorbic acid ချို့တဲ့ခြင်း ဒါမှမဟုတ် သွားဖုံးသွေးယိုခြင်း)

-အရက်သောက်ခြင်း

-အချို့သော ကျန်းမာရေး အခြေအနေများ လူကီးမီးယား၊သွေးကျဲရောဂါ၊အသည်းရောဂါ၊ Cushingရောဂါ၊ မားဖန်း ဆင်ဒရုန်း၊ အယ်လာ ဒန်းလော့ ဆင်ဒရုန်း၊ သံဓါတ်ချ ို့တဲ့သော သွေးနီဥကျရောဂါ၊ aplastic anemia တို့ဟာ သွေးယိုခြင်းနဲ့ သွေးခြည်ဥခြင်းတို့ကို ဖြစ်စေပါသည်။

-အချို့သောဆေးဝါးများကိုသောက်နေတဲ့လူများမှာလည်း သွေးခြည်ဥခြင်း လွယ်လွယ်ကူကူဖြစ်စေပါတယ်။ ဒီဆေးတွေကတော့ စတီးရွိုက်မပါသော အယောင်ကျစေသောဆေးများ (aspirin ,ibuprofen)၊ သွေးကျဲဆေးများ (warfarin,clopidogrel, heparin) နှင့် ကင်ဆာကုသရာမှာသုံးတဲ့ ဆေးအချို့ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bruises (သွေးခြည်ဥခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့ထိခိုက်ဒဏ်ရာရခြင်းကနေသာ သွေးခြည်ဥခြင်းဖြစ်တယ်ဆိုတာသေချာရင် သင့်ဆရာဝန်က အရိုးကျိုးခြင်း ကိုသံသယမရှိဘူးဆိုရင် တစ်ခြားစမ်းသပ်မှုတွေ လုပ်လိမ့်မည်မဟုတ်ပါ။

-တကယ်လို့ အရမ်းနာတယ် ယောင်ရမ်းနေတယ်ဆိုရင် ဆရာဝန်က အဲ့နေရာကို ဓါတ်မှန်ရိုက်ကြည့်ပြီး အရိုးကျိုးခြင်းရှိမရှိရှာပါလိမ့်မယ်။

-တကယ်လို့ သွေးခြည်ဥခြင်းက ဘာအကြောင်းမှမရှိပဲဖြစ်ရင် မကြာခဏဖြစ်တတ်ရင် သင့်ဆရာဝန်က သွေးရောဂါတစ်ခုခုများဖြစ်နေမလားဆိုပြီးသွေးစစ်ကြည့်ပါလိမ့်မယ်။

-သွေးခြည်ဥခြင်းက ပုံစံမျိုးစံ အခြေအနေမျိုးစုံဖြစ်နေပြီး အနာကျက်လိုက် ဖြစ်လာလိုက်ဆိုပါက သင့်ဆရာဝန်က ကိုယ်ထိလက်ရောက် ပြ ုမူခြင်းများခံထားရမလားဆိုပြီး သတိထားပါလိမ့်မယ်။

Bruises (သွေးခြည်ဥခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်တွေမှာလည်း သွေးခြည်ဥခြင်းကိုကုသဖို့အထူး ကုသမှုမရှိကြပါဘူး အိမ်မှာလုပ်လို့ရတဲ့နည်းတွေဖြစ်တဲ့ရေခဲကပ်ခြင်း နှင့်နောက်ပိုင်းအပူကပ်ခြင်း၊အနာသက်သာစေတဲ့ဆေးများသောက်ခြင်း နှင့် တတ်နိုင်ပါက သွေးခြည်ဥတဲ့နေရာကို မြှောက်ထားခြင်းတို့ ပြ ုလုပ်ပေးနိုင်ပါတယ်။

အိမ်တွင်းအကြမ်းမှုခံရတယ်လို့သံသယရှိရင်တော့ လူမှုရေးစောင့်ရှောက်သူများထံ လွှဲအပ်ပေးပို့ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

သွေးခြည်ဥခြင်းကို စီမံနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများကဘာတွေလဲ။

ဒဏ်ရာရပြီးပြီးချင်း မှာ သွေးခြည်ဥတာက နီရဲနေတုန်းမှာ ကုသမှုပေးခြင်းကပဲ အထိရောက်ဆုံးအချိန်ဖြစ်ပါတယ်။

-အေးတဲ့ ရေခဲအိတ် ဒါမှမဟုတ် ခဲထားတဲ့ဟင်းသီးဟင်းရွက်အိတ်နဲ့ ဖြစ်တဲ့နေရာကို မိနစ် ၂၀မှ၃၀ထိဖိပေးထားခြင်းဖြင့် အနာကျက်တာကိုမြန်စေပြီး အယောင်ကျစေပါတယ်။ ရေခဲကို အရေပြားနဲ့တိုက်ရိုက်ထိပြီးမကပ်ပါနဲ့။ ရေခဲကို အရင်ဆုံး ပုဝါနဲ့ပတ်လိုက်ပါ။

-တကယ်လို့ ခြေထောက်တွေ ခြေချောင်းတွေရဲ့ နေရာတော်တော်များများမှာ သွေးခြည်ဥခြင်းဖြစ်ပါက ခြေထောက်ကို ဒဏ်ရာရပြီးပြီးချင်း ၂၄နာရီအတွင်းမှာ အပေါ်ကိုတင်နိုင်သမျှတင်ထားပါ။

-acetaminophen အနာသက်သာဆေးတွေကို အနာသက်သာစေဖို့ ဆေးဗူးပေါ်က အညွှန်းအတိုင်း သောက်ပါ။ အက်စ်ပရင် နှင့် ibuprofen သောက်ခြင်းကိုရှောင်ပါ ဘာလို့လဲဆိုတော့ သူတို့က သွေးခဲခြင်းကို နှေးစေတဲ့အတွက် သွေးထွက်ခြင်းကို ပိုကြာစေပါတယ်။

-၄၈နာရီကြာပြီးနောက်မှာ အဝတ်နွေးနွေးလေးနဲ့ သွေးခြည်ဥတဲ့နေရာကို ၁၀မိနစ်ခန့် ဒါမှမဟုတ် တစ်ရက်ကို ၂မိနစ် ၃မိနစ်ခန့် အပူကပ်ပေးခြင်းနဲ့ သွေးခြည်ဥတဲ့နေရာကိုသွေးလျှောက်တာများစေပြီး သက်သာစေပါတယ်။ သွေးခြည်ဥခြင်းမှ အရောင်လေးတွေဖျော့သွားပါလိမ့်မယ်။

(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement