backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bronchial Cancer (လေပြွန်ကင်ဆာ)


Thin Myat Sandi Cho မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bronchial Cancer (လေပြွန်ကင်ဆာ) ကဘာလဲ။

တံတွေးဂလင်းနဲ့လေပြွန်တွေမှာ ဖြစ်တဲ့ တွေ့၇နည်းတဲ့ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လေပြွန်ကင်ဆာအများစုက အခြားအစိတ်အပိုင်းတွေကို ပြန့်နှံ့သွားတတ်ပါတယ်။ တဖြည်းဖြည်းရင့်သန်လာပြီး ကုသလို့ရတာကြောင့် သင့်မှာဖြစ်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်ကျန်သေးတယ်ဆိုတာ စိတ်ထဲထားပါ။

ဒီကင်ဆာအမျိုးအစးားကို ၃ခုခွဲထားပါတယ်။

ကင်ဆာကျိတ်- ဟော်မုန်းထုတ်ပေးတဲ့ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေကို သက်ရောက်ပါတယ်။ အဆုတ်၊ အစာအိမ်နဲ့ အူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

လည်ချောင်းပသိကင်ဆာကျိတ် – ပါးစပ်နဲ့လည်ချောင်းအတွင်းမှာရှိတဲ့ တံတွေးဂလင်းတွေမှာ စဖြစ်ပါတယ်။ လည်မျိုနဲ့ မျက်ရည်ဂလင်း၊ ချွေးဂလင်း၊ မိန်းမသားအိမ်၊ အမျိုးသမ်းအင်္ဂါနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အပေါ်ယံလွှာ ကင်ဆာကျိတ်- တံတွေးဂလင်းတွေမှာ ဖြစ်ပါတယ်။ ဒီအမျိုးအစားအများစုက နားအရှေ့မှာရှိတဲ့ပါးကျိတ် တွေကို သက်ရောက်ပါတယ်။

Bronchial Cancer (လေပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Bronchial Cancer (လေပြွန်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လေပြွန်ကင်ဆာ ဆိုတာဘာလဲရဲ့ လက္ခဏာတွေကတော့ အကျိတ်ရဲ့တည်နေရာ လေပြွန်အလယ်တည့်တည့်မှာရှိနေခြင်းလား၊ ဘေးဘက်ကပ်ပြီး ရှိနေချင်လားဆိုတာမှာ မူတည်ပါတယ်။ အလယ်တည့်တည့်မှာရှိတဲ့လူနာတွေမှာ ပိတ်ဆို့ခြင်းနဲ့ သွေးထွက်ခြင်းလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အသက်ရှူရခက်ခြင်း၊ လေပြွန်နဲ့လေပြွန်ကြီးတွေမှာ ပိတ်ဆို့သွားခြင်ကြောင့် ဖြစ်ပါယ်။

လေပြွန်ကြီးတွေရဲ့ ကျဉ်းနေတဲ့အပိုင်းကို လေတွေဖြတ်ခြင်းကြောင့် ပုံမှန်မဟုတ်တဲ့အသံများကြားရခြင်း- ဒီလက္ခဏာက လေပြွန်ကင်ဆာမှာ တွေါ့ရနိုင်ပါတယ်။

တရွီရွီမြည်ခြင်း- လေပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။

ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း – လေပြွာန်လုံးဝပိတ်သွားခြ်င်း၊ ကူးစက်ပိုးဝင်ခြင်း၊ ပိတ်ဆို့တဲ့နေရာနောက်ပိုင်းမှာ အဆုတ်တစ်ရှူးများပျက်စီးသွားခြင်း

သွေးချောင်းဆိုးခြင်း- အကျိတ်အပေါ် လေပြွန်နံရံပြဲသွားခြင်း၊ နဲ့ လေပြွန်ကင်ဆာတွေမှာ အတွေ့များပါတယ်။ သွေးချောင်းဆိုးခြင်းက အန္တရာယ်ပေးနိုင်ပြီး လေပြွန်ကင်ဆာ၊။ အခြားအဆုတ်ရောဂါစတဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုကို ညွှန်ပြနေပါတယ်။

လေပြွန်ဘေးဘက်ကပ်နေတဲ့အကျိတ်တွေနဲ့လူနာမှာ လက္ခဏာမပြတတ်ပါဘူး။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိစောစောကုခြင်းက အခြေအနေပိုမဆိုးသွားအောင်နဲ့ အရေးပေါ်အခြေနေတွေကနေ ကာကွယ်ပေးနိုငတာကြောင့် ဆရာဝန်နဲ့တတ်နိုင်သမျှ မြန်မြန်ပြသသင့်ပါတယ်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Bronchial Cancer (လေပြွန်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကို မသိသေးပါဘူး။ မျိုးရိုးဗီဇက ကင်ဆာအချို့မှာ အဓိကကျပါတယ်။ ဟော်မုန်းဆိုင်ရာအကျိတ်အမျိုးအစား၁လို့ခေါ်တဲ့

မျိုးရိုးလိုက်တဲ့ရောဂါသည်တွေမှာ ဒီရောဂါဖြစ်နိုင်ချေများပါတယ်။ ဥိးခေါင်းနဲ့လည်ပင်းကို ဓါတ်ရောင်ခြည်ပေးကုသခြင်းကလည်း အပေါ်ယံလွှာအကျိတ်ဖြစ်ခြင်းကို ဖြစ်နိုင်ချေကိုပိုများစေပါတယ်။

ဖြစ်နိုင်ခြေများ

Bronchial Cancer (လေပြွန်ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

health condition ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဆေးလိပ်သောက်ခြင်း – သင့်နေ့စဉ်သောက်တဲ့ဆေးလိပ်ပမာဏနဲ့ နှစ်အပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ချေများပါတယ်။ အသက်အရွယ်မရွေးဖြတ်လိုက်ခြင်းက လေပြွန်ကင်ဆာဖြစ်နိုင်ချေကို သိသိသာသာနည်းသွားစေပါတယ်။

ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း – ဆေးလိပ်မသေက်ဘူးဆိုရင်တောင် ဆေးလိပ်ငွေ့တွေရှူမိခြင်းက ကင်ဆာဖြစ်နိုင်ချေမျာေးစပါတယ်။

အက်စ်ဘတ်စ်တို နဲ့အခြားကင်ဆာဖြစ်စေတဲ့ပစ္စည်တွေနဲ့ ထိတွေ့ခြင်း– အလုပ်တွေမှာထိတွေ့ရခြင်းကြောင့် ကင်ဆာကိုဖြစ်စေနိင်ပါတယ်။ အာဆင်နစ်၊ ခရိုမီယမ်၊ နီကယ်စတာတွေကလေည်း လေပြွန်ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေမှာ ဖြစ်ပါတယ်။

လေပြွန်ကင်ဆာမိသားစုအတွင်း ဖြစ်ဖူးခြင်း – မိဘ၊ ဝမ်းကွဲမောင်နှမများနဲ့ ကလေးမှာ လေပြွန်ကင်ဆာရှိနေခြင်းက ရောဂါဖြစ်နိုင်ချေမျးစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bronchial Cancer (လေပြွန်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

လေပြွန်ကင်ဆာကို ဆရာဝန်ကသံသယရှိနေမယ်ဆိုရင် သသင့်ကိုရုပ်ပိုင်ဆးုင်ရာစစ်ဆေးခြင်းတွေနဲ့ အခြားစမ်းသပ်စစ်ဆေးနည်းတွေကို ဆောင်ရွက်ပေးပါလိမ့်မယ်။

  • အသားစထုတ်ခြင်း- ဆရာဝန်က တစ်ရှူးစသေးသေးကို ထုတ်ယူပါလိမ့်မယ်။ အထူးကုက ကင်ဆာဖြစ်နေလားကိုသိဖို့ အနုကြည့်မှန်ပြောင်းနဲ့ တစ်ရှူးနမူနာကို ကြည့်ပါလိမ့်မယ်။
  • ဓါတ်မှန်ရိုက်ခြင်း- ခန္ဓါကိုယ်အတွင်း အစိတ်အပိုင်းတွေကိုပုံဖော်မှန်းဆဖို့အတွက် ရောင်ခြည်အနည်းငယ်အသုံးပြုခြင်းဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းက လေပြွန်အတွင်းအကျိတ်ကို တွေ့နိုင်ပါတယ်။
  • အမ်အာအိုင်ရိုက်ခြင်း – သံလိုက်နဲ့ရေဒီယိုလှိုင်းတွေကိုအသုံးပြုပြီး ခန္ဓါကိုယ်တွင်းအစိတ်အပိုင်းတွေကို ပုံဖေြာ်ခင်းဖြစ်ပါတယ်။ အကျိတ်အရွယ်အစားကို သိနိုင်ပါတယ်။ စစ်ဆေးခြင်းမပြုခင် အရည်သောက်ရတာမျိုးဒါမှမဟုတ် အကြောအတွင်းထိုးရတာမျိုး လုပ်နိုင်ပါတယ်။ ဆိုးဆေးက ရှင်းလင်းတဲ့ပုံရိပ်ရအောင် ကူညီပေးပါတယ်။

ဆရာဝန်က အကျိတ်ကိုတွေ့ဖို့အတွက် နဲ့ ပျံ့နေခြင်းရှိမရှိသိဖို့ အခြားစမ်းသပ်နည်းတွေကိုလည်း သုံးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement