backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

broken toe (ခြေချောင်းလေးတွေကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကဘာလဲ။

လေးပင်တဲ့အရာတစ်ခုခုခြေထောက်ပေါ်ပြုတ်ကျသွားတဲ့အခါ ခြေချောင်းလေးတွေကျိုးသွားတတ်တယ်။

များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းကို ဘေးဘက်ကခြေချောင်းနဲ့ ပူးတွဲချည်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျိုးတာက ပြင်းထန်နေမယ်ဆိုရင် ဒါမှမဟုတ် ခြေမဖြစ်နေမယ်ဆိုရင်တော့ ကျောက်ပတ်တီးကိုင်ဖို့ လိုနိုင်ပြီး ကောင်းကောင်းအနာကျက်ဖို့အတွက် ခွဲစိတ်ဖို့တောင် လိုကောင်းလိုနိုင်ပါတယ်။

များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းလေးတွေက လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ကောင်းကောင်းပြန်ကျက်ကြပါတယ်။ ဒါပေမယ့် ကျိုးသွားတဲ့နေရာနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ရောဂါပိုးဝင်ခြင်း သို့ နောင်တစ်ချိန်မှာ အရိုးအဆစ်ရောင်နိုင်ချေများခြင်း တို့ဖြစ်နိုင်ပါတယ်။

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဖစ်တတ်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်။

လက္ခဏာများ

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • နာကျင်ခြင်း
  • ရောင်ရမ်းခြင်း
  • အရောင်ပြောင်းခြင်း

ဖော်ပြထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့်ကတော့ လေးလံတဲ့အရာတစ်ခုခု ခြေထောက်ပေါ်ပြုတ်ကျ၍ဖြစ်စေ၊ ပြင်းပြင်းထန်ထန်တိုက်မိတဲ့အခါဖြစ်စေ ကျိုးတတ်ပါတယ။်

ခြေချောင်းကျိုးခြင်းကိုအားပေးနိုင်တဲ့အခြေအနေများ

အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ဘယ်လိုထိခိုက်သလဲနဲ့ပတ်သတ်ပြီး မေးခွန်းအနည်းငယ်မေးပါလိမ့်မယ်။ ထို့နောက် ထိခိုက်သော ခြေချောင်းကို ကျိုးခြင်းရှိမရှိစစ်ဆေးပါလိမ့်မယ်။

သင့်လျော်တဲ့ကုသမှုနဲ့ ကောင်းမွန်စွာအနာကျက်စေဖို့ ထိခိုက်ပြီး ချက်ခြင်းဆေးကုသမှုခံယူတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ခြေချောင်းကျိုးခြင်းကို စမ်းဖို့အတွက် ဓါတ်မှန်ရိုက်ဖို့လည်း လိုပါလိမ့်မယ်။

ဒါပေမယ့်အမြဲတမ်းဓါတ်မှန်ရိုက်ဖို့တော့ မလိုပါဘူး။ အထူးသဖြင့် ကျိုးသွားတဲ့ခြေချောင်းက သေးငယ်ရင်ပိုတောင်မလိုပါဘူး။

broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေချောင်းကျိုးခြင်းကြောင့်ရတဲ့ နာကျင်မှုကို သာမန်အားဖြင့် အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေး ibuprofen (Advil, Motrin IB, others), naproxen sodium (Aleve) သို့ acetaminophen (Tylenol) စသည်တို့နဲ့ သက်သာစေနိုင်ပါတယ်။ ပိုပြင်းထန်ပါက ပိုအားကောင်းတဲ့ အကိုက်အခဲပျောက်ဆေးမှီဝဲနိုင်တယ်။

နေရာတကျပြန်ထားခြင်း

ကျိုးသွားတဲ့အပိုင်းအစလေးတွေက မူလနေရာကိုပြန်မတည့်ပါက ဆရာဝန်က ထိုအပိုင်းအစလေးတွေ နေရာတကျပြန်ထားဖု့ိလိုပါလိမ့်မယ်။ များသောအားဖြင့်တော့ ခွဲစိတ်စရာမလိုပဲပြုပြင်နိုင်ပါတယ်။ ခြေချောင်းလေးထုံသွားရင် ရေခဲ သို့ ထုံဆေးတော့သုံးဖို့လိုလိမ့်မယ်။

မလှုပ်ရှားစေခြင်း

ပြန်ကောင်းနိုင်ဖို့အတွက် ကျိုးသွားတဲ့အရိုးကို မလှုပ်ရှားနိုင်အောင် ထိန်းထားရမယ်-

ကျိုးသွားတဲ့ခြေချောင်းကသေးငယ်တယ်ဆိုရင်တော့ ဘေးကခြေချောင်းနဲ့ပူးချည်ပြီး ငြိမ်အောင်ထားလို့ရပါတယ်။ မချည်ခင်မှာ အရေပြားအချင်းချင်းပွတ်တိုက်မှုမဖြစ်အောင် ခြေချောင်းနှစ်ချောင်းကြား တစ်ခုခုခံထားဖို့တော့လိုပါလိမ့်မယ်။

ဆရာဝန်က ခွဲစိတ်ပြီးစီးထားရတတ်တဲ့ ဖိနပ်တစ်မျိုးလည်းညွှန်းကောင်းညွှန်းနိုင်ပါတယ။် အောက်ခံပြားခိုင်မာတောင့်တင်းပြီး ကြိုးများနဲ့တွယ်ဆက်ထိန်းထားတဲ့ ဖိနပ်တစ်မျိုးဖြစ်တယ်။ ခြေချောင်းများကွေးခြင်းကို တားဆီးပြီး နေရာကျယ်ကျယ်ရှိခြင်းကြောင့် ရောင်ရမ်းခြင်းအတွက်လည်း အဆင်ပြေပါတယ်။

ကျောက်ပတ်တီး

ကျိုးသွားသော အပိုင်းအစလေးတွေ နေရာတကျနေဖို့ခက်နေပါက ကျောက်ပတ်တီးစည်းထားဖို့ လိုပါလိမ့်မယ်။

ခွဲစိတ်ခြင်း

တချို့အခြေအနေတွေမှာ အရိုးဆက်နေစဉ် နေရာတကျရှိဖို့အတွက် ခွဲစိတ်ပြီး တွယ်ဆက်ပစ္စည်းတချို့နဲ့ ငြိမ်အောင်ထိန်းထားဖို့လိုပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ရောင်ရမ်းနာကျင်ခြင်းအတွက် ရေခဲအသုံးပြုခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ဖြစ်နိုင်ပါက ဒဏ်ရာရနေသော ခြေထောက်ကို နှလုံးအထက်ရောက်အောင် ခြေထောက်မြှောက်ထားပေးပါ။

ရေခဲသုံးပါက အရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင် အဝတ်နဲ့အရင်ပတ်ပါ၊ မိနစ် ၂၀ လောက်သာသုံးပါ။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement